ပန်းပျိုးအိမ် - ရာထူးဝင်ခွင့် သင်တန်းကျောင်း - မုံရွာမြို့

  • Home
  • Myanmar
  • Monywa
  • ပန်းပျိုးအိမ် - ရာထူးဝင်ခွင့် သင်တန်းကျောင်း - မုံရွာမြို့

ပန်းပျိုးအိမ် - ရာထူးဝင်ခွင့် သင်တန်းကျောင်း - မုံရွာမြို့ Nothing is more important than a sense of what must be done in time of need.

ဖြေဆိုတိုင်း အောင်မြင်ပြီး ဘယ်ဌာန ဘယ်နေရာမဆို ရောက်အောင် ပို့ပေးမယ့်ရာထူးဝင်ခွင့် သင်တန်း "ပန်းပျိုးအိမ်" - မုံရွာ

03/11/2025

#သင်တန်းချိန်ညှိပြီးသော သင်တန်းသူ/သားများအနေဖြင့် အချိန် ပြန်ညှိလို့ မရတော့ပါ။ ပေးထားသော အချိန်ဇယားအတိုင်း တက်ရောက်ရမည်။

#သင်တန်းအသစ်အပ်လိုသူများအနေဖြင့် မိမိတို့ ကြိုက်နှစ်သက်ရာ အတန်းအား ရွေးချယ် အပ်နှံနိုင်ပါသည်။

#သင်တန်းသားလက်ခံ မပိတ်သေးပါ။

************************************

💙 Online Zoom Class 💙

💙 Zoom & Telegram တွဲပါမယ်။💙

English Languageကို စိတ်ဝင်စားပြီး၊ ကြိုးစားသလောက် ဖြစ်မလာဘူးလို့ ထင်နေကြသူများအတွက် အထူးရည်ရွယ်ပါတယ်။

(Level တစ်ခု ပြီးတိုင်း စာမကျေလို့၊ ၎င်း Level အား ပြန်တက်လိုပါက သင်တန်းကြေး မယူပါ။)

💛သင်တန်းအားလုံး စဖွင့်ရက်💛 November 5

💙Speaking & Listening (Level 1)

( A) Mon, Tue, Wed, Thu,➡️ 1:00 p.m. to 2:00 p.m.

(B) Mon, Tue ➡️ 6:00 p.m. to 7:30p.m.

💙 Speaking & Listening (Level 2)

Fri, Sat, Sun, ➡️ 9:00 a.m. to 10:20 a.m.

(ထိုက်သင့်သော Grammar ပါပါမယ်။ Reading မပါ။)

💙ကြာချိန် 4 လ။

💙သင်တန်းကြေး (အပြီးအစီး)

နှစ်သိန်းခွဲကျပ်။ (နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

💙Classတစ်ခု 10 ယောက်သာ လက်ခံပါမယ်။

♥️ Grammar & Writing (Level 1)

(A) Fri, Sat, Sun,➡️ 1:00 p.m. to 2:20 p.m.

(B) Mon, Fri ➡️3:00 p.m. to 5:00 p.m.

♥️ Grammar & Writing (Level 2)

(A) Mon, Tue, Wed, Thu, ➡️ 9:00 a.m. to 10:00 a.m.

(B) Wed, Fri ➡️ 6:00 p.m. to 8:00 p.m.

(C) Thu, Sat, Sun ➡️6:00 p.m. to 7:20 p.m.

(D) Mon, Tue, Sat➡️7:30 p.m. to 8:50 p.m.

(General Writing to Academic Writing ဖြစ်ပါတယ်။)

(Reading & Speaking အထိုက်လျောက် ပါပါမယ်။)

♥️သင်တန်းကြေး (အပြီးအစီး)

အပြီး နှစ်သိန်းခွဲကျပ်။ (နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

♥️Class တစ်ခု 10ယောက်သာလက်ခံပါမယ်။

♥️ အတန်းအားလုံး အတွက် သင်တန်းချိန်အား တိုင်ပင်ညှိနှိုင်းနိုင်ပါသည်။

♥️ အတန်း အားလုံး အတွက် -♥️
သင်တန်းကာလ လေးလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်။ အတတ်နိုင်ဆုံး အချိန်မှန်မှန် တက်ရောက်ရပါမည်။ ခွင့်မဲ့ ပျက်ကွက်ခွင့် မရှိပါ။

💙စာရင်းသွင်းရန်💙

Messenger တွင်ဖြစ်စေ၊

Viber/Telegram တွင်ဖြစ်စေ၊

စာရင်းသွင်းနိုင်ပါပြီ။

Viber/ Telegram No. 09955551533

Nyan Hlaing

♥️Batch 2 လာပြီ♥️Level 1 အတွက် Batch 2 ဖြစ်ပြီး၊ Level 2 အတွက် Batch1 ဖြစ်တဲ့ English Language သင်တန်းလေးတွေပါ။💙 Online ...
14/09/2025

♥️Batch 2 လာပြီ♥️

Level 1 အတွက် Batch 2 ဖြစ်ပြီး၊ Level 2 အတွက် Batch1 ဖြစ်တဲ့ English Language သင်တန်းလေးတွေပါ။

💙 Online Zoom Class ဒုတိယအသုတ် ဖွင့်ပါမယ်။💙

💙 Zoom & Telegram တွဲပါမယ်။💙

English Languageကို စိတ်ဝင်စားပြီး၊ ကြိုးစားသလောက် ဖြစ်မလာဘူးလို့ ထင်နေကြသူများအတွက် အထူးရည်ရွယ်ပါတယ်။

(Level တစ်ခု ပြီးတိုင်း စာမကျေလို့၊ ၎င်း Level အား ပြန်တက်လိုပါက သင်တန်းကြေး မယူပါ။)

💛သင်တန်းစဖွင့်ရက်💛 October 1, စတင်ပါမယ်။

💙Speaking & Listening Level 1

💙 Speaking & Listening Level 2

(ထိုက်သင့်သော Grammar ပါပါမယ်။ Reading မပါ။)

💙ကြာချိန် 4 လ။

💙သင်တန်းကြေး
နှစ်သိန်းခွဲကျပ်။ (နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

💙Classတစ်ခု 15ယောက်သာ လက်ခံပါမယ်။

♥️ Grammar & Writing Level 1

♥️ Grammar & Writing Level 2

(General Writing to Academic Writing)

(Reading & Speaking အထိုက်လျောက် ပါပါမယ်။)

♥️သင်တန်းကြေး

အပြီး နှစ်သိန်းခွဲကျပ်။ (နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

♥️Class တစ်ခု 15ယောက်သာလက်ခံပါမယ်။

သင်တန်းအားလုံးအတွက် -

Daily Class များအပြင်၊ အလုပ်မအားသူများအတွက်
Weekends တန်းများ/ ညပိုင်းအတန်းများ ထားရှိပါမည်။

♥️သင်တန်းချိန်အား တိုင်ပင်ညှိနှိုင်းနိုင်ပါသည်။

♥️သင်တန်းချိန်အား အနီးကပ် ထပ်မံပြောပေးပါမည်။
( တစ်ပတ် လေးရက် ဖြစ်ပါမယ်။)

Batch 1/Level 1 မှ သင်တန်းသူ/သားများ Level 2 တက်လိုပါကလည်း အဆင်ပြေအောင် ဆောင်ရွက်ပေးပါမည်။

သင်တန်းကာလ လေးလ ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမည်။ တကယ်သင် တကယ်တတ်ရမည်။ သင်တန်းပြီးလို့ တကယ် မတတ်ပါက သင်တန်းကြေးငွေ ပြန်ပေးမည်။ အတတ်နိုင်ဆုံး အချိန်မှန်မှန် တက်ရောက်ရပါမည်။

💙စာရင်းသွင်းရန်💙

Page Messenger တွင်ဖြစ်စေ၊

Viber/Telegram တွင်ဖြစ်စေ၊

စာရင်းသွင်းနိုင်ပါပြီ။

Viber/ Telegram No. 09955551533

တကယ်ကြိုးစားတက်ရောက်လိုသူများအား အထူး ကြိုဆိုပါတယ်။ သင်တန်း ပြီးဆုံးသည်အထိ တက်ရောက်နိုင်ရပါမည်။

UNH - PPE

25/08/2025

English Language (5 skills)ပထမအသုတ် ပြီးတော့ပါမယ်။ Level 1တန်းခွဲသစ်များနှင့်

Level 2တန်းများအား October လထဲ စပါမယ်။ ကြိုတင် စာရင်းသွင်းနိုင်ပါပြီ။

Page messenger သို့လာပါရန်။

PPE

27/05/2025

💙 Speaking & Listening 💙 Level 1💙အတွက်

💙အတန်းချိန်များ 💙

💙Weekday Classes (Daily Classes)💙

💙သင်တန်းချိန်💙
Mon/Tue/Wed/Thu
9:00 a.m. to 10:00 a.m.

💙စတင်ရက်💙 2-6-2025 (Monday)

*******************************

💙 Weekend Classes 💙

💙သင်တန်းချိန်💙
Sat, Sun
9:00 a.m. to 11:00 a.m.

💙စတင်ရက်💙 1-6-2025 (Sunday )

*********************************

💙 Evening Classes 💙

💙သင်တန်းချိန်💙
Wed, Thu, Friday
8:00 p.m. to 9:20 p.m

💙စတင်ရက်💙 4-6-2025 (Wednesday)

*************************************
♥️ Grammar & Writing ♥️ Level 1♥️အတွက်

♥️အတန်းချိန်များ♥️

♥️ Weekday Classes (Daily Classes)♥️

♥️သင်တန်းချိန်♥️
Mon, Tue, Wed, Thu
1:00 p.m. to 2:00 p.m.

♥️သင်တန်းစရက်♥️2-6-2025 (Monday)

***********************************

♥️ Weekend Classes ♥️

♥️သင်တန်းချိန်♥️
Sat, Sun
2:30 p.m. to 4:30

♥️စတင်ရက်♥️1-6-2025 (Sunday)

***************************************

♥️ Evening Classes ♥️

♥️သင်တန်းချိန်♥️
Mon, Tue, Sat,
7:30 p.m. to 8:50 p.m.

♥️စတင်ရက်♥️ 2-6-2025 (Monday)

*******************************************

သင်တန်းသူ/သားများ မိမိတို့ အတန်းချိန်အား မှတ်ထားကြပါနော်။
Telegram Gpအား 30ရက်နေ့ ဖွဲ့ပါမည်။
Zoom အား Telegram GP မှာ Link ပေးပါမည်။

Nyan Hlaing

19/05/2025

💙 Online Zoom Class စဖွင့်ပါမယ်။💙

💙 Telegram ပါ တွဲပါမယ်။💙

English Languageကို စိတ်ဝင်စားပြီး၊ ကြိုးစားသလောက် ဖြစ်မလာဘူးလို့ ထင်နေကြသူများအတွက် အထူးရည်ရွယ်ပါတယ်။

💙Speaking & Listening (Level 1)

(ထိုက်သင့်သော Grammar ပါပါမယ်။ Reading မပါ။)

💙ကြာချိန် 4 လ။

💙သင်တန်းကြေး နှစ်သိန်းခွဲကျပ်။ (နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

💙သင်တန်းစရက် 1-6-2025 (Sun) Weekend Classes

💙သင်တန်းစတင်ရက် 2-6-2025(Mon) Daily Classes

💙Monday to Friday အတန်း၊
9:00 a.m to 10:00 a.m (Mon, Tue, Wed, Thu)

💙Weekends အတန်း၊
9:00 a.m. to 11:00 a.m (Sat, Sun)

💙Classတစ်ခု 15ယောက်သာ လက်ခံပါမယ်။

♥️ Grammar & Writing (Level 1)
(General Writing to Academic Writing)

(Reading မဖြစ်မနေပါမယ်။ Speakingအထိုက်လျောက် ပါပါမယ်။)

♥️ကြာချိန် - 4လ။

♥️သင်တန်းကြေး အပြီး နှစ်သိန်းခွဲကျပ်။
(နှစ်ရစ်ခွဲသွင်းလို့ရပါတယ်။)

♥️သင်တန်းစရက် - 1-6-2025 (Sun) Weekend Classes

♥️သင်တန်းစတင်ရက် 2-6-2025(Mon) Daily Classes

♥️ Monday to Friday အတန်း
1:00 p.m to 2:00 p.m (Mon, Tue, Wed, Thu)

♥️ Weekends အတန်း
2:30 p.m to 4:30 p.m (Sat, Sun)

♥️Class တစ်ခု 15ယောက်သာလက်ခံပါမယ်။

♥️💙အထူးအစီစဉ်အနေဖြင့် *

* Level တစ်ခု တက်ပြီး၍ စာမကျေပါက တက်ခဲ့ပြီးသော Level အား အခဲ့ပြန်လည် တက်ရောက်နိုင်ပါတယ်။

* သင်တန်းကြေးအား တစ်လချင်း ကြိုသွင်းစနစ်ဖြင့် သွင်းလိုပါက 65000 MMKဖြင့် လက်ခံပေးပါမယ်။

*Level တစ်ခုပြီးမြောက်တိုင်း Test စစ်ပြီး၊ အကောင်းဆုံး တစ်ယောက်အား သင်တန်းကြေး၏ 50% အား ဆုအဖြစ် ပြန်လည်ချီးမြှင့်သွားပါမယ်။

💙စာရင်းသွင်းရန်💙

Page Messenger တွင်ဖြစ်စေ၊
Viberတွင်ဖြစ်စေ၊
စာရင်းသွင်းပြီး Link လာယူပါ။
Viber No. 09955551533

တကယ်ကြိုးစားတက်ရောက်လိုသူများအား အထူး ကြိုဆိုပါတယ်။

PPE

ကျနော် ထင်တယ်။အင်္ဂလိပ်ဘာသာစကားကို အတော်အတန်လောက်မှ မပြောတတ်၊ မရေးတတ်ရင် လူရာမဝင်တဲ့ခေတ် ရောက်လာပြီ။အတန်းပညာတွေ ဘွဲ့တွေ ...
11/05/2024

ကျနော် ထင်တယ်။

အင်္ဂလိပ်ဘာသာစကားကို အတော်အတန်လောက်မှ မပြောတတ်၊ မရေးတတ်ရင် လူရာမဝင်တဲ့ခေတ် ရောက်လာပြီ။

အတန်းပညာတွေ ဘွဲ့တွေ ရခဲ့ပေမယ့် အင်္ဂလိပ်ဘာသာစကားကို အတော်အတန် မပြောတတ် မရေးတတ်တာ ဘာကြောင့်ပါလဲ။ အဖြေက ရှင်းပါတယ်။ အင်္ဂလိပ် ဘာသာစကားကို အတန်းအောင်ဖို့အတွက် "စာ"လို့ လေ့လာခဲ့ကြ သင်ကြားခဲ့ကြလို့ပါ။ ဘာသာစကားလို မလေ့လာ မသင်ကြားခဲ့ရခြင်းရဲ့ ဆိုးကျိုးတစ်ခုပေါ့။
ငယ်ငယ်ကတည်းက အင်္ဂလိပ်စာကို သင်ကြားခဲ့ရပေမယ့် တကယ်မတတ်ရခြင်းဟာ ဘာသာစကားတစ်ခုကို စာ လို သင်ကြား/သင်ယူခဲ့ကြလို့ပါ။

အသက်ကြီးမှ ဘာသာစကားအနေနဲ့ ပြန်လေ့လာလို့ရလား လို့ မေးထားကြသူများအနေနဲ့ ဖြေပေးချင်တာက -
သင်တို့ မှတ်ဉာဏ်ထဲမှာ အင်္ဂလိပ်စာ အကျိုးအပဲ့တွေ ပြည့်နှက်နေပါတယ်။ အဲဒီ အကျိုးအပဲ့တွေကို အသုံးချတတ်အောင် (မှန်ကန်တဲ့ နည်းစနစ်နဲ့ - 5 skillsနဲ့) နည်းစနစ်တကျ ချိတ်ဆက် ပြန်လည် လေ့ကျင့်သင်ကြားမယ်ဆိုရင် ဘာသာစကားအနေနဲ့ ပြောတတ် ရေးတတ်သွားပါလိမ့်မယ်နော်။
တတ်ချင်စိတ်နဲ့ လေ့ကျင့်လိုစိတ်ပဲ လိုပါတယ်။

အဲဒီအတွက် သုံးလနဲ့ အတတ် ကူညီလေ့ကျင့်သင်ကြားပေးနေပါပြီ။
Input power ဖြစ်တဲ့ Reading & Listening နဲ့အတူ၊ output power ဖြစ်တဲ့ Speaking & Writing လှလှလေးတွေ ထွက်လာဖို့ အချိန် သုံးလပဲ လိုပါတယ်။ လူငယ်တွေအတွက်လည်း ဘာပဲရေးရေး၊ ဘာပဲ ဖြေရဖြေရ အဆင်ပြေသွားစေသလို၊ နိုင်ငံတကာမှာ လုပ်ငန်းခွင်ဝင်နေကြတဲ့ လူငယ်မောင်မယ်များ အတွက်လည်း မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ပြောရဲဆိုရဲ ရေးရဲ လာစေမှာပါ။

English Language (5 skills) အခြေခံအဆင့် သုံးလပြတ် Online course လေးကို ဒီ page messenger ကနေ ဆက်သွယ် သင်ယူနိုင်ပါပြီနော်။

လေ့ကျင့်ဖို့Video Lessons များနဲ့အတူ ဆရာကိုယ်တိုင် လေ့ကျင့်သင်ကြားပေးနေပါပြီ။

သင်တန်းကြေး အနေနဲ့ သုံးလပြတ် 75000ကျပ်ပါ။
နှစ်ရစ် ခွဲသွင်းနိုင်ပါတယ်။

ဒီpost လေးဟာ ကြော်ငြာ မဟုတ်သော ကြေညာလို့သာ သတ်မှတ်လိုက်ပါတော့။

♥️အားလုံးကို အထူးကျေးဇူးတင်ပါတယ်။♥️

ပန်းပျိုးအိမ်

29/03/2023

မြန်မာနိုင်ငံ၏ပထမဆုံးသော ပုဂ္ဂိုလ်များ
---------------------------
ပထမဆုံး ဗုဒ္ဓဘာသာ ထွန်းကားစေသူ အနော်ရထာမင်း
ပထမဆုံးမင်း တကောင်းအဘိရာဇာ
မြို့တော် ပုဂံ (အေဒီ ၁၀၄၄)
ပထမဆုံး ဝန်ကြီးချုပ် ဦးနု
ပထမဆုံး သမ္မတ စဝ်ရွှေသိုက်
ပထမဆုံး အာဇာနည်နေ့ အခမ်းအနားဦးဆောင်ကျင်းပသူ မြို့မ ဦးသန်းကြွယ်
ပထမဆုံး သိပ္ပံစာပေပြုစုသူ ယောမင်းကြီးဦးဘိုးလှိုင်
ပထမဆုံး အင်္ဂလိပ် မြန်မာ
အဘိဓာန် ရေးသားသူများ မက္ခရာမင်းသား (မောင်ပျိုး) နှင့် မစ္စတာ ချားစလိန်း
(ဒေါက်တာ ဆင်မျူရယ် ဂျွန်ဆင်၏
အင်္ဂလိပ် အဘိဓာန်ကို ပြန်ဆို)
ပထမဆုံး အလင်္ကာကျော်စွာဘွဲ့ရ သခင်ကိုယ်တော်မှိုင်း
ပထမဆုံး အနောက်တိုင်းဆေးဆရာ ဒေါက်တာရှောလူး
ပထမဆုံး အမျိုးသားကောလိပ်မှ ဝိဇ္ဇာဘွဲ့ ရသူ ဆရာကြီး ဦးရာဇာတ်
ပထမဆုံး အင်ဂျင်နီယာ ဖန်ချက်ဝန် ဦးရွှေအိုး
ပထမဆုံး နိုင်ငံရေးသမား အကျဉ်းကျခံရသူ ဆရာတော် ဦးဥတ္တမ
ပထမဆုံး လူမှုဝန်ထမ်း အမျိုးသမီး ဒေါ်ဦးဇွန်း
ပထမဆုံး အမျိုးသမီးသံအမတ် ဒေါ်ခင်ကြည်
ပထမဆုံး ဘဏ်လုပ်ငန်းတည်ထောင်သူ ဦးရဲကျော်သူ
ပထမဆုံး ပန်းကန်စက်ပိုင်ရှင် ဦးသော်
ပထမဆူံးကျောက်စာဝန် တော်စိန်ခို
ပထမဆုံး ပြည်ထဲရေးဝန်ကြီး ဆာဦးခင်
ပထမဆုံး ရုပ်ရှင်သရုပ်ဆောင် ဦးညီပု
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူထောင်သူနှင့် ဒါရိုတ်တာ
လန်ဒန်အတ် ဦးအုန်းမောင်
ပထမဆုံး မြန်မာ့ရုပ်ရှင် ထူချွန်ဆုရ မင်းသား ကျော်ဝင်း
ပထမဆုံး ရုပ်ရှင်ထူချွန်ဆုရမင်းသမီး ကြည်ကြည်ဌေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ကလေးသရုပ်ဆောင် အောင်ထွန်းလေး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ
ဇာတ်ပို့ ဆု အမျိုးသား ဦးကျောက်လုံး
ပထမဆုံး ရုပ်ရှင်ထူးချွန်ဆုရ ဇာတ်ပို့ဆု ဒေါ်မေနွဲ့
ပထမဆုံး ရုပ်ရှင် ဒါရိုက်တာ ထူးချွန်ဆု ဦးသုခ
ပထမဆုံး နိုင်ငံခြားရောက်ဆိုင်းဆရာ စိန်ဗေဒါ
ပထမဆုံး သတင်းစာ ဆရာမ အင့်ဒီပင်ဒင့်ဒေါ်စန်း
ပထမဆုံး ရန်ကုန်တက္ကသိုလ်
အင်္ဂလိပ်စာကထိက ဒေါက်တာဘမော်
ပထမဆုံး အမျိုးသမီးမြန်မာစာပါမေက္ခ ဆရာမကြီးဒေါ်သန်းဆွေ
ပထမဆုံး ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး
ပါမောက္ခ ဦးဖေမောင်တင်
ပထမဆုံး ဥပဒေပါမေက္ခ ဦး​ေမအောင်
ပထမဆုံးမဟာဝိဇ္ဇာဘွဲ့ Dr. တီးသံပြာ
ပထမဆုံး အိန္ဒိယ ပဋိညာဉ်ခံဝန်ထမ်း ( ICS) ရာထူးရသူဦးတင်ထွဋ်
ပထမဆုံး သမိုင်းကော်မရှင် ပညာမင်းကြီး စည်သူဦးကောင်း
ပထမဦးဆုံး အမျိုးသမီးဆရာဝန် ဒေါ်စောဆ
ပထမဆုံး ကာလပေါ်ဝတ္ထုစာရေးဆရာ ဂျိမ်းစ်လှကျော်
(မောင်ရင်မောင် မမယ်မဝတ္ထု)
ပထမဆုံး မြန်မာ့ကာတွန်းရှပ်ရှင်ဆရာ ဦးဘဂျမ်း
ပထမဆုံး စတီရီယို အဆိုတော် ထွန်းနောင်
ပထမဆုံး လေသူရဲ မီးပုံးပျံ ဦးကျော်ရင်
ပထမဆုံး စက်ရုပ်တီထွင်သူ ဦးကြည်
ပထမဆုံး နယ်လှည့် ဇာတ်သဘင် ဦးဖိုးစိန်
ပထမဆုံး မြန်မာလူမျိုး ဟိုက်ကုတ်တရား ဝန်ကြီးချုပ်
ဒေါက်တာ ဆာမြဘူး (၁၈၈၅ _ ၁၈၈၆)
ပထမဆုံး မြန်မာပါရဂူ ဒေါက်တာဘဟန် (၁၈၉၀_၁၉၆၉)
(ပြင်သစ်နှင့်ဂျာမနီပြန်)
ပထမဆုံး ညွှန်ကြားရေးမှူးချုပ်နှင့် အဏုမြူစွမ်းအင် ဦးစီးဌာန တည်ထောင်သူ ဒေါက်တာတင်လှိုင်
ပထမဆုံး မြန်မာကာတွန်းဆရာ ဦးဘကလေး (ဦးရွှေတလေး)
ပထမဆုံး မြန်မာနိုင်ငံ သမိုင်းကော်မရှင် ဥက္ကဋ္ဌ
ပညာမင်းကြီး စည်သူဦးကောင်း
ပထမဆုံး ကွန်ပျူတာ တက္ကသိုလ် ပါမောက္ခချုပ်
ဒေါက်တာ တင်မောင်
ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားများ သမဂ္ဂ (ဗ က သ) ဥက္ကဋ္ဌ ဦးးရာရှစ်
ပထမဆုံး ကျားကစားနည်း စာအုပ်ရေးသားသူ
စာရေးဆရာ ချစ်ဦးညို (၁၉၂၄_၁၉၈၇)
ပထမဆုံး လူမှုထူးချွန်ဆု ပထမဆင့် ရရှိသူ အမျိုးသမီး
ဟာဂျီမ ပျဉ်းမနား ဒေါ်ပု
ပထမဆုံး ဖလောရင့် နိုက်တင်ဂေး ဆုရရှိသူ ဒေါ်ခင်အုန်းမြ(ခ) စာရေးဆရာမ မြမာလာ
ပထမဆုံး မြန်မာ ကိုယ်ခန္ဓာအလှူရှင် ဦးဝင်းမြင့်(မန္တလေး)
ပထမဆုံး မြန်မာကုလသမဂ္ဂအတွင်း ရေးမှုး ဦးသန့်
ပထမဆုံး အဂ္ဂမဟာသီရိသုဓမ္မာသိဂီဘွဲ့ရ နဂါးဒေါ်ဦး
နိုင်ငံရေး ပုဒ်မဖြင့်ထောင်အကျခံခဲ့ရသည့် အမျိုးသမီးကြီး သခင်မကြီးဒေါ်သိန်းတင်

မြန်မာ မှတ်စရာများ

၄ ။ မြန်မာနိုင်ငံ၏ပထမဆုံးသော ရာဇဝင်ကျမ်း
ရှင်မဟာသီလဝံသ ၏ ရာဇဝင်ကျော်ကျမ်း

၉။မြန်မာနိုင်ငံအတွင်း စတင်ခဲ့သော ရှေးခေတ်မြိူ့ပြများ
(က) တကောင်း
(ခ) ဗီဿနိူး
(ဂ) ဟန်လင်း
(ဃ) သရေခေတ္တရာ
(င) ဝေသာလီ
(စ) သုဝဏ္ဏဘုမ္မိ

၁၀။ မြန်မာမင်းဆက်များ ။
(1) ပထမ တစ်ကောင်း (၃၃) ဆက်
(2) ဒုတိယ တစ်ကောင်း (၁၇ ) ဆက်
(3) သရေခေတ္တရာ မင်းဆက် (၂၇) ဆက်
(4) ပုဂံ မင်းဆက် ( ၅၅) ဆက်
(5) ပင်းယ မင်းဆက် ( ၆ ) ဆက်
(6) စစ်ကိုင်းမင်းဆက် (၇) ဆက်
(7) အင်းဝ မင်းဆက် ( ၁၇ )ဆက်
(8)တောင်ငူမင်းဆက် (၄) ဆက်
(9) ဟံသာဝတီ မင်းဆက် (၁၁)ဆက်
(10) ညောင်ရမ်းမင်းဆက် ( ၁၁) ဆက်
(11) ကုန်းဘောင်မင်းဆက် ( ၁၁ ) ဆက်

၁၁။မြန်မာနိုင်ငံ ပထဆုံးမင်း တကောင်းအဘိရာဇာ
၁၂။ ရုပ်ပွားတော်အများဆုံးရှိသော စေတီ
မိုးညှင်း​သ​မ္ဗုဒေ ( ၅၈၂၂၅၇ )
၁၃။မြန်မာ ပထမ ဆုံးသော မြို့တော် ။
ပုဂံ (A.D.1044) တွင် အနော်ရထာ တည်ထောင်
၁၄။ မြန်မာ့ ပထဦးဆုံး အနောက်တိုင်းဆေးဆရာဝန်
မွန်လူမျိုး ဒေါက်တာ ရှောလူး (1839-1929)
၁၅။ မြန်မာ နန်းရင်းဝန်များ ။
(က) ဂဠုန်ဦးစော
(ခ) ဦးပု
(ဂ) ဒေါက်တာဘမော်
(ဃ) ဆာဂျေအေမောင်ကြီး

၁၆။မြန်မာနိုင်ငံ၏ အမြင့်ဆုံးတောင်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ
၁၇။စစ်တောင်းတူးမြောင်း၏ အရှည် ( ၃၈)မိုင်
၁၈။တွံတေးတူးမြောင်း (၂၁) မိုင်

၁၉။မြန်မာ့ ပထမဦးဆုံး ကုလသမဂ္ဂအတွင်းရေးမှူး
ဦးသန့် (1909- Jan-2) တွင်ပန်းတနော်တွင် မွေးဖွား
(1974-Nov-25) တွင် ကွယ်လွန်

၂၀။မြန်မာ့ ပထမဦးဆုံး ဘဏ်သူဋ္ဌေး
ရခိုင်လူမျိုး ဦးရဲကျော်သူ (1833-1910)

၂၁။မြန်မာ့ ပထမဆုံးသော ခရစ်ယာန် သာသနာပြု
ယုဒဿန် (ဂျက်ဆင်) (1788-Aug-9) U.S.A. နိူင်ငံ့
မက်ဆာချူးဆက်ပြည်နယ် မော်ဒန် မြိုတွင်မွေးဖွား
(12-April-1850) အမေရိကန် ကိုအပြန် သဘေ်ာင်္ပေါ်တွင် ကွယ်လွန်

၂၁။မြန်မာ ပထမ ဦးဆုံးသော ခရစ်ယာန်ဘာသာဝင်
ဦးနော (1919-Jun-27)
၂၂။မြန်မာပြည်၏ ထင်ပေါ်ကျော်ကြားသော တင် သုံးတင်
(က) နန်းတော်ရှင် ဆရာတင်
(ခ) သဟာယ ဆရာတင်
(ဂ) ဝိုင်အမ်ဘီ ဆရာတင်
၂၃။မြန်မာ ပထမဦးဆုံး ကာလပေါ်ဝတ္တုရေးသူ
ဂျိမ်းစ်လှကျော် (1866-Jun-21)မှ(Nov-17-1919)
ဝတ္တုအမည် ။ မောင်ရင်မောင် မမယ်မ
၂၄။မြန်မာ ပထမဦးဆုံး အမျိုးသမီး ပါဠိပါမောက္ခ
MA ဒေါ်အုန်း
၂၅။ မြန်မာ နိုင်ငံနဲ နယ်နိမိတ် ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ
၂၆။ မြန်မာနိုင်ံအတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်
၂၇။ မြန်မာနိုင်ငံ၏ အကြီးဆုံးရေအိုင်
အင်းတော်ကြီးအိုင် (ကချင်ပြည်နယ် )

၂၈။ မြန်မာ့ မြို့ရွာ များ၏ ရှေးဟောင်းအမည်/ အခေါ်

ရတနာသိင်္ခ/ရတနာသိင်္ဃ ။ ရွှေဘို
ဝေဘာရာ ဝေပုလ္လ ။ ကျောက်ဆည်အရှေ့ရိုး
ဝေသာလီ ။ မြောက်ဦးအနီး
ဝိမဏု ။ ဗိဿနိုး၊ တောင်တွင်းကြီးအရှေ့
သလ္လဝတီ ။ ချင်းတွင်းမြစ်
သာကေတ ။ ရန်ကုန်
သာဂရ ။ ဆွာအနီး
သာယာဝတီ ။ သုံးဆယ်အနီး
သိရီခေတ္တရာ ။ မော်ဇာ
သိရီပစ္စရာ ။ ပုဂံအနီး
သိင်္ဂုတ္တရ ။ ရွှေတိဂုံကုန်းတော်
သုနာပရန္တ ။ ဧရာဝတီမြစ်မြောက်ဘက်
သုဓမ္မဝတီ ။ သထုံ
သုဝဏ္ဏဘူမိ ။ တိုက်ကုလား၊ အရက်သမ၊ ဝင်က
သင်္ဃဿနာဂရ ။ တကောင်း
ဟရိပုဉ္စ ။ မွန်ပြည်နယ်/ ထိုင်း
ဟံသာဝတီ ။ ပဲခူး
အမရပူရ ။ တောင်မြို့
အရိမဒ္ဒနပူရ ။ ပုဂံ
အသီတဉ္စန ။ ရန်ကုန်
အလ္လကပ္ပ ။ စစ်ကိုင်းအနီး
အာဠာဝတီ ။ မြစ်ကြီး
သွရဿိ ။ ပဲခူး
ဥက္ကလာပ ။ ရန်ကုန်
ကန်တရဝတီ ။ ကယား
ကမ္ဘောဇ ။ ရှမ်း
ကုသိမနာဂရ ။ ပုသိမ်
ကေတုမတီ ။တောင်ငူ
ကေလာသတောင် ။ ကျိုက်ထိုဘီးလင်းတောင်ဘက်
ကောသမ္ဘီ ။ ကြို့ပင်၊ ညောင်ရွှေမြောက်ဘက်
ခေမရဋ္ဌ ။ ကျိုင်းတုံ
ခေါသန္တီ ။ မြင်းမြေ၊ ရွှေဘိုအနီး
ခတ္တိယ ။ ဧရာဝတီမြစ်ဝကျွန်းပေါ်
ဂန္ဓာရ ။ စိန့်၊ ကချင်ပြည်နယ်
စေတုတ္တရာ ။ စလင်းအနောက်ဘက်
စိနရဋ္ဌ ။ ကချင်ပြည်နယ်
စန္ဒပူရ ။ မဏိပူရဘက်နယ်စပ်
စမ္ပာနဂရ ။ သပိတ်ကျင်းမြောက်ဘက်
ဇေယဝဍ်ဎန ။ တောင်ငူနယ်
ဇေယျပူရ ။ စစ်ကိုင်း
ဇောတိနုဂရ ။ ကျိုင်းရုံးကြီး စစ်စွမ် ပန္နား လူး ၁၂ နယ်
တတ္ထဒေသ ။ ခန်းခြောက်မြေ၊ ပုဂံနယ်
တမ္ပဒီပ ။ ဧရာဝတီမြောက်ပိုင်း
ဓညဝတီ ။မြောက်ဦး
ဒုတ္ထဝတီ/ဒုဋ္ဌဝတီ ။ မြစ်ငယ်
ဒွာရာဝတီ ။သံတွဲ
နဂရာဇာ ။ နဂရစ်
ပဉ္စာလရာဇ် ။တကောင်း
ပဌမနဂရ ။ မကွေးတောင်ဘက်
ပေါက္ကရဝတီ ။ ရန်ကုန်
မဟာနဂရ ။ မွန်ငယ်
မစ္ဆဂီရိ ။ ချင်းတောင်တန်း
မေဃဝတီ ။ မာန်အောင်
မိတ်ထီလာ ။ မိတ်ထီလာ
ယက်ခပုရ ။ သထုံ
ယောနက ။ ယော
ရတနပုရ ။ အင်းဝ
ရတနာပုံ ။ မန္တလေး
ရာဇဂြီဟ ။ ကလေးအနီး
ရာမညဒေဝ. ။ မွန်ပြည်နယ်
ရမ်မာဝတီ ။ ရမ်းဗြဲ

၂၉။ မြန်မာနိုင်ငံအရှည်ဆုံးမြစ် ( ဧရာဝတီ )
၃၀။ မြန်မာနိုင်ငံ အတိုဆုံးမြစ် {စစ်တောင်း)
၃၁။ အင်္ဂလိပ်လက်အောက် မကျခဲ့သောပြည်နယ် (ကယားပြည်နယ် )
၃၂။ မြန်မာနိုင်ငံ ၏ဒုတိယ အကြီးဆုံးရေအိုင်
အင်းလေးအိုင် (ရှမ်းပြည် )
၃၃။ မြန်မာနိုင်ငံ ၏အစွန်ကျဆုံးသော မြစ်များ
(က) အရှေဘက် မဲခေါင်မြစ်
(ခ) အနောက်ဘက် နတ်မြစ်
(ဂ)တောင်ဘက် ပါချန်မြစ်
(ဃ)မြောက်ဘက် မေခမလိခ မြစ်
၃၄။မြန်မာနိုင်ငံ၏ အမြင်ဆုံးသောမြို့ [ချင်းပြည်နယ်ဖလမ်းမြို့]
၃၅။ မြန်မာနိုင်ငံ၏အကြီးဆုံးဆည် [ သဖန်းဆိပ်ဆည် ]
၃၆။ မြန်မာ့နိူင်ငံ၏ ၂၀၁၄သန်းခေါင်စာရင်းအရ လက်ရှီလူဦးရေ အရေအတွက် [ ၅၁.၄၉ ] သန်း

၃၇။ မြန်မာနိုင်ငံ လူဦးရေအထူထပ်ဆုံးသော တိုင်း
ရန်ကုန်တိုင်း (၁၂)သန်း
၃၈။ မြန်မာနိုင်ငံ ၏ လူဦးရေ အနည်းဆုံးသော ပြည်နယ်
ကယားပြည်နယ် ( ၄ )သိန်း
၃၉။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးပြည်နယ် (ရှမ်းပြည်နယ်)
၄၀။မြန်မာနိုင်ငံ၏ အကျဉ်းဆုံးပြည်နယ် (ကယားပြည်နယ်)
၄၁။ မြန်မာနိုင်ငံ၏ အကျယ်ဝန်းဆုံးတိုင်း ( စစ်ကိုင်းတိုင်း)
၄၂။ လူဦးရေအများဆုံးတိုင်းဒေသ ကြီး (ဧရာဝတီတိုင်း)
၄၃။ လူဦးရေ အများဆုံးပြည်နယ် (ရှမ်းပြည်နယ်)
၄၄။ မြန်မာနိုင်ငံတွင်းပညာရေးဒီကရီကောလိပ် အရေအတွက် ( 20)

၄၅။ မြန်မာနိုင်ငံ၏ အကျယ်အဝန်းသည်( ၂၆၁၂၂၈ )မိုင်
၄၆။ မြိုတော်မှာ ယခင် ရန်ကုန် ယခု နေပြည်တော်
၄၇။ မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်
ခါကာဘိုရာဇီ ( 19296) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။
၄၈။ မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ
၄၉။ မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် [ 1385 ]
၅၀။ မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် ပန်းနန်းဒင် မြို့
(ခ)တောင်ဘက် ကော့သောင်း
(ဂ)အရှေ့ဘက် မိုင်းယောင်း
(ဃ) အနောက်ဘက် မောင်းတော

၅၁။ မြန်မာပထမ ဦးဆုံးဝန်ကြီးချုပ် ( ဦးနု )
၅၂။ မြန်မာ ပထမဦးဆုံး အမျိုးသမီးလေယဉ်ပိုင်းလော့
နှင်းဦးဝေ

၅၃။ မြန်မာ နိုင်ငံ ဘာသာပေါင်းစုံ ဦးရေ
[က ] ထေရဝါဒ ။ ၅၃၄၂၅၈၀၃
[ ခ ] ခရစ်ယာန် ။ ၂၉၈၁၂၉၁
[ ဂ ] အစ္ဓလာမ် ။ ၂၂၇၆၈၈၀
[ဃ ] ဟိန္ဓူ ။ ၃၀၅၇၆၅
[ င ] နတ် နဲ ဘာသာမဲ့ ။ ၇၉၀၅၈၀

၅၄ ။မြန်မာနိုင်ငံ၏ အလယ်ဗဟို ။
ကျောက်ဆည်ခရိုင် မြစ်သားမြိုနယ်
မြသုခ ကျေးရွာ ပြက္ခရွှေတောင်ပေါ်
တိုင်းတာသူ ။ ဘိုးတော် ဦးဝိုင်း

၅၅။ မြန်မာနိုင်ငံ၏ ရေမိုင် 1247.77 ကျွန်စုပေါင်း 1212
၅၆။ မြန်မာတိုင်ငံတွင်း တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅ မျိုး
ရခိုင် ၇ မျိုး
ရှမ်း ၃၃ မျိုး
ကချင် ၁၂ မျိုး
ကယား ၉ မျိုး
ကရင် ၁၁ မျိုး
ချင်း ၅၃ မျိုး
ဗမာ ၉ မျိုး
မွန် ၁ မျိုး
၅၇။မြန်မာ နိူင်ငံတစ်ဝန်းကျေး ရွာပေါင်း ( ၆၄၉၁၇ )
၅၈။မြန်မာနိုင်ငံတစ်ဝန်း မြို့ ပေါင်း ( ၃၆၆ )
၅၉။မြန်မာနိုင်ငံတစ်ဝန်းဘုန်ကြီးကျောင်းပေါင်း ( ၆၁၃၀၂ )
၆၀။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင်ကျောင်းပေါင်း[ ၃၈၈၁ ]
၆၁။ မြန်မာနိုင်ငံတစ်ဝန်း ရဟန်းပေါင်း [ ၂၇၂၉၂၇ ]
၆၂။ မြန်မာနိုင်ငံတစ်ဝန်းရှင်သာမဏေ ပေါင်း [ ၂၈၇၈၁၈ ]
၆၃။ မြန်မာနိုင်ငံတစ်ဝန်းသီလရှင် ပေါင်း [ ၅၀၅၅၃ ]

၆၄။ မြန်မာထီ့(1938) ခုနှစ်တွင် အိန္ဒိယရူးပီးဖြင့်စတင်
၆၅။ မြန်မာပထမဆုံးလေကြောင်းတိုက်ပွဲ့
( 1961-Feb-13) ရွှေတြိဂံ နယ်မြေမှာဖြစ်
၆၆။ ရန်ကုန်မြိုလယ်ကောင် ဆူးလေစေတီကို ဖြိုဖျက်ရန်စီစဉ်သောအခါ ကာကွယ်သူ ( ဦးချန်ထွန်း )
၆၇။ ပြည်လမ်း၏ အဆုံးသတ်နေရာ ( ဗဟိုစာတိုက်ကြီး) ယခု ခုတင် ၅၀၀ အထူးကုဆေးရုံ အထိပဲရှိ
၆၈။ မြန်မာ့ဆိုက်ကားကို စွန့်ဦးတီထွင်သူ
မန္တလေးမြို့မှ ကားဘော်ဒီဆရာ
ဆရာညို (1938) တွင်စတင်တီထွင်
၆၉။မြန်မာပထမဦးဆုံး ရုပ်မြင်သံကြားထုတ်လွှင့်ရက်စွဲ
(1980-June -3)
၇၀။မြန်မာ့ ပထမဆုံး Robbot တီထွင်သူ ( ဦးကြည် )

၇၁။မြန်မာနိုင်ငံတွင်း ပထမဦးဆုံး ဗုဒ္ဓသာသနာကိုထွန်းကားစေသူ (အနော်ရထာ )
၇၂။ ကိုလိုနီခတ် စေတီကျောင်းကန် သာသနာနယ်မြေအတွင်း
မျက်နှာဖြူအပါအဝင် မည်သူမျှ ဖိနပ်မစီးရ ဆိုင်းဘုတ်ထောင်ခဲ့သူ ဖိနပ် ဦးသိမ်းမောင် (1890-1975)
၇၃။မြန်မာပထမ ဦးဆုံး အမျိုးသမီးသတင်းစာ ဆရာမ
အင်ဒီပင့်ဒန့် ဒေါ်စန်း [ 1886-1950)
၇၄။ကိုလိုနီခေတ် တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းခွင့်
သင်ကြားခွင့်ရအောင် ဆောင်ရွက်ခဲ့သူ
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်
ဦးဖေမောင်တင် [1888 မှ 1973 ]
၇၅။မြန်မာ့ပထမဆုံး ဥပဒေပညာ ရှင် အမျိုးသမီး
မဖွားအုန်း (1927)
၇၆။မြန်မာပထမဆုံးလေတပ်ဦးစီးချုပ်စောဆင်မြူရယ်ရီရှီး
၇၇။မြန်မာပထမဆုံး သတင်းထောက်ဟူသော ဝေါဟာရအား
စတင်တီထွင်အသုံးပြုခဲ့သောသူ
သတင်းစာဆရာ လွယ်အိတ်ကြီး ဦးဘလှိူင် [1930) ဝန်းကျင်
၇၈။မြန်မာပထမဦးဆုံး နိူင်ငံရေးအစYMBA [1906]
၇၉။မြန်မာနိူင်ငံတော် သီချင်းကိုရေးစပ်သူ
ဝိုင်အမ်ဘီ ဆရာတင် (1930-July-20]
ရွှေတိဂုံဘုရားရာဟုထောင့်တွင် ပထမဆုံး ကိုမျိုးချစ် (ရွှေညာမောင်) ကသီဆို
၈၀။မြို့တော်ခန်းမ၏ ဗီသုကာပညာရှင် စည်သူဦးတင်
၈၁။ဝဏ္ဏကျော်ထင်ဘွဲရ သရုပ်ဆောင် ဖိုးပါကြီး
၈၂။မြန်မာပထမဦးဆုံး အင်္ဂလန်သိုသွားရောက်ခဲ့သည် သံအဖွဲ့
(က) ဦးဘေဖ
(ခ)ဦးပု
(ဂ)ဦးထွန်းရှိန်
၈၃။မြန်မာ့ ဗုဒ္ဓဝင် အဋ္ဌာကထာကို မြန်မာလို ပထမဦးဆုံး
ဘာသာပြန်ရေးသားသော ပုဂ္ဂိုလ်
အရှင်ဗုဒ္ဓဒ္ဒတ္တ သီဟိုဠ် ရဟန်းတော်
၈၄။အဋ္ဌကထါ အား ပထမဆုံး ကျမ်းအဖြစ်ပြုစုခဲ့သူ့
ကျီးသဲလေးထပ်ဆရာတော် အရှင်မုနိန္ဒာဘိဓဇ (ဇိနတ္တပကာသနီကျမ်း)

၈၅။ပုဂံ ပြည်၏ နောက်ဆုံးသောမင့့့်း(စောမွန်နစ်)
၈၆။တောင်ငူနောက်ဆုံးမင်းဆက် [ နတ်သျှင်နောင် ]
၈၇။ကုန်းဘောင်နောက်ဆုံးမင်းဆက် [သီပေါမင်း ]
၈၈။ ပုဂံပထမဆုံးမင်း [ သမုဒရာဇ် ]
၈၉။ တောင်ငူပထမဆုံးမင်း [ မင်းကြီးညို ]
၉၀။ကုန်းဘောင်ပထမဆုံးမင်း [အလောင်းဘုရား]

၉၁။ မြန်မာ့ပထမဆုံး သတင်းစာ[ မြန်မာအဆွေ ]
၉၂။မြန်မာပထမဆုံးသော အဂ်လိပ်ဘုရင်ခံ[လော့ဒပ်ဖရင်]
၉၂။ ဒုတိယဘုရင်ခံ [ ဂရက်ဒေါက် ]
၉၃။ နောက်ဆုံးဘုရင်ခံ [ ဆာဟူးဘတ်ရင့်စ်]

၉၄။ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ
စစ်ကိုင်းမင်းလက်ထက် (1824) ကုန်းဘောင်ခေတ်
၉၅။ဒုတိယ အင်္ဂလိပ်မြန်မာစစ်ပွဲ အစ
ပုဂံမင်းလက်ထက် [ 1852 ]
၉၆။ တတိယ အင်္ဂလိပ်မြန်မာစစ်ပွဲအစ
[၁၈၈၅] နိုဝင်ဘာ 14 သီပေါဘုရင်လက်ထက်
သူ့ကျွန်လုံးလုံးဖြစ်

၉၇။ မြန်မာ့ အကြီးဆုံး ကျွန်း [ ရမ်းဗြဲကျွန်း ]
၉၈။မြန်မာ့ ပထမဆုံး ကမ္ဘာအသိအမှတ်ပြု သိပ္ပံပညာရှင်
[ ဘိုးတော်ဘုရားသားတော် မက္ခရာမင်းသား မောင်ပျိုး]
၉၉။မြန်မာ့ပထမဦးဆုံး ထိုးကွင်းမှင်ကြောင်ကိုစတင်သူ
ဘိုးတော်ဘုရား(ဗဒုံမင်း)လက်ထက်
[ထောင်မင်းကြီးသား မောင်ကံ ]
၁၀၀။Burma ဟူသော English အမည်မှ
Myanmar ဟူသော English အမည်ကို
[1998-June -18] မှာစတင်ပြောင်းလဲခေါ်ဆို
၁၀၁။ ပုဂံခေတ် တရုတ်ပြည်ကိုဦးဆောင်သွားခဲ့တဲ့
သံအဖွဲ့ခေါင်းဆောင် [ ရှင်ဒိသာပါမောက် ]
ရန်ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး ဦးဖေမောင်တင်
၁၀၂။မြန်မာ့ ပထမဆုံး စတန့်မင်းသား
စာရေးဆရာ ပန်းချီငို [1923-May] လ မှာ
နဖူးစာရွာလည် အမည်ရှိတဲ့ ဇတ်ကားနဲ
ယခုစကော့ဈေး(ဗိုလ်ချုပ်အောင်ဆန်းဈေး) နေရာတွင်ရှိသော
စီနီမာဒီပဲရစ် ရုံတွင် ပြသခဲ့
၁၀၃။ [27-1-1947] မှာချုပ်ဆိုခဲ့တဲ့
အောင်ဆန်းအက်တလီ စာချုပ်မှာ လက်မှတ်ထိုးဖို
ငြင်းဆိုခဲ့သူ နှစ်ဦး (ဂဠုန်ဦးစော နဲ သခင်ဗစိန် )
၁၀၃။ကမ္ဘာကျော်နိုဗယ်ဆုရှင် ကဗျာဆရာ ရော်ဘင်ဒြာနတ်တဂိုး မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့
ခုနှစ်တွေကတော့[ 1916-May-7မှ9] ထိတစ်ကြိမ်
[1923-March-23မှ27] ထိတစ်ကြိမ်
၁၀၄။မြန်မာ့ပထမဆုံး အဂ်လိပ်မြန်မာ အဘိဓါန်ပြုစုသူ
[ မက္ခရာမင်းသား မောင်ပျိုး ]
၁၀၅။မြန်မာ ပထမဆုံး အင်္ဂလိပ် Dictionary ကို
1755 မှာ စရေးခဲ့
၁၀၆။မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးသော ကိုလိုနီခေတ် မြန်မာနိုင်ငံသား ဘုရင်ခံ [ဆာဂျေအေမောင်ကြီး]
၁၀၇။မြန်မာ ပထမဦးဆုံး ရေနက်ဆိပ်ကမ်းရုံးစိုက်ရာမြို့
[ထားဝယ် မြို့ ]
၁၀၈။မြန်မာနိုင်ငံ၏ အထင်ရှားဆုံးဘုရင်မ(ရှင်စောပု)
၁၀၉။မြန်မာနိုင်ငံ၏ ရှင်ဘုရင်လက်ထက် မင်းဆက်သုံးဆက်တိုင်အောင် မိဖုရားမြောက်ခံရသူ့
[ မိဖုရား ဖွာစော ]
၁၁၀။ မင်းငါးဆက် မိဖုရားမြောက်ခံရသူ{ရှင်ဘို့မယ် )

၁၁၁။ မြန်မာနိုင်ငံတွင်းရှိ မြို့အရေအတွက်
2010ပြည့်နှစ်စစ်တမ်းအရ မြန်မာနိုင်ငံအတွင်းတွင့့်
မြို့ပေါင်း [ 366 ] ရှိပြီးတော့
Capital (မြို့တော်အဆင့် ) က သုံးမြို့သာရှိပြီး
ရုံးစိုက်ရာ [ 282] မြို့ နဲ အထွေထွေ
ရုံးစိုက်ရာ [ 81] တိုဖြစ်တယ်

၁၁၂။ ကမ္ဘာက သတ်မှတ်ထားတဲ့ အတော်ဆုံးသိပ္ပံပညာရှင်
အယောက် (100) စာရင်းမှာ မြန်မာနိုင်ငံသား နာနိုပညာရှင်
ဒေါက်တာစောလှဝေလည်း ပါဝင်

၁၁၃။ ဟစ်တလာ လာ ကြည့်ခဲ့တဲ့ ပွဲမှာ
ယှဉ်ပြိုင်ခဲ့ရတဲ့ မြန်မာနိုင်ငံသား
ကိုလိုနီခေတ် အိန္ဒိယ နိုင်ငံ ကိုယ်စားပြု အနေနဲ
ဂျာမနီ နိုင်ငံမှာကျင်းပတဲ့ အိုလံပစ်ပြိုင်ပွဲမှာ
ပါဝင်ယှဉ်ပြိုင်ခဲ့ရတဲ့ လူသန်ကြီးဦးဇော်ဝိတ်ပဲဖြစ်ပါတယ်

၁၁၄။ကိုလိုနီခေတ် အင်္ဂလိပ်လက်ဝှေ့သမားကို အင်္ဂလန်မှာ
အသေထိုပြီး အနိူင်ယူခဲ့သည့် မြန်မာနိုင်ငံသာ့း
မောင်သောင်း [1917-Dec-16]
၁၁၅။၁၃၀၀ ပြည့် ရေနံမြေသပိတ်ကို ဦးဆောင်ခဲသူ
[ အာဠာဝက သခင်ဖိုးလှကြီး ]

၁၁၆။ တက္ကသိုလ် ဟူသော စကားလုံးအပြင် ကျောင်းတော် ။
သိပ္ပံ ။ ဓါတု ။ ဇီဝ ။ ရူပ ။ ဝီဇ္စာ ဆိုတဲ့ စကားလုံးများနဲ
တိရိစ္ဆာန် အမည်အတော်များများကိုပင် မြန်မာ စကားအဖြစ် တီထွင်ဖန်တီးပေးသွားခဲ့သူ ကတော့
ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းအုပ်ကြီးဖြစ်တဲ့အပြင်
ပထမဆုံးသော မြန်မာပါမောက္ခ ဖြစ်တဲ့
[ ဆရာကြီး ဦးဖေမောင်တင် ပဲဖြစ်ပါတယ်]

၁၁၇။ မြန်မာနိုင်ငံ၏ ပထမဆုံးသော ပြည်ပတွင်
သွားရောက်ဖျော်ဖြေခဲ့ရသည့် ဆိုင်းပညာရှင်
[ နေမျိုးဗလကျော်သူဘွဲရ စိန်ဗေဒါ ]

၁၁၈။ မြန်မာ ပထမ ဦးဆုံးသော သက်ကြီးရွယ်အို လူအိုရုံများကို စတင်ဖွင့်လှစ်ကာ ဘိုးဘွားရိပ်သာ မျိုးစေ့ကို
စတင်စိုက်ပျိုးခဲ့သူ့[ ဒေါ်ဦးဇွန်း ]

၁၁၉။ ၁၃၀၀ ပြည့်အရေးတော်ပုံတွင်ကျဆုံးခဲ့သည် ကျောင်းသားခေါင်းဆောင် [ ဗိုလ်အောင်ကျော် ]

၁၂၀။ ရွှေတိဂုံဘုရားရှိ သိဂုင်္တ္တရ ပန်းခြံနေရာအား လှူဒါန်းခဲ့သော အမျိုးသမီး
စမ်းချောင်းမြိုနယ် ယခု မကြီးကြီးလမ်း
အမည်ပိုင်ရှင် ဒေါ်ကြီးကြီး ဖြစ်တယ်

၁၂၁။ဂျူဗလီဟော ဘယ်မှာ
အာဇာနည် ကိုးဦးရဲ့ ဈာပနကိုကျင်းပခဲ့တဲ့ ဂျူဗလီဟော ဆိုတာ
ဝိတိုရိယ ဘုရင်မ ကြီးနန်းသက် (60) ပြည့် အထိမ်းအမှတ်နဲ
မဟာဝန်ရှင်တော်မင်းကြီးမက်ကင်ဇီက အုတ်မြစ်ချကာ
1895 မှာ တည်ဆောက်ကာ 1897 မှာပြီးစီးခဲ့တဲ့
အဆောက်အဦးပဲဖြစ်ပါတယ့့်
ဂျူဗလီဟော ဟာ အလံပြဘုရားလမ်းနဲ
ဦးဝိစာရ လမ်းကြား စိန်ရောင်ခြည် ဘုရားနဲ မျက်နှာချင်းဆိုင်
ယခု စစ်သမိုင်းပြတိုက် တည်ဆောက်ထားတဲ့
နေရာမှာ ရှိခဲ့တာပါ

မြန်မာနိုင်ငံ
အရှည်ဆုံးထင်ရှားသော မြစ်များ
(က) ဧရာဝတီမြစ် ( ၁၂၃၈ မိုင် )
( ခ ) သံလွင် ( ၇၉၆ မိုင် )
( ဂ ) ချင်းတွင်း ( ၆၉၁ )
(ဃ) စစ်တောင်း ( ၁၈၆ )

ဧရာဝတီမြစ် ၏
မြစ်လက်တက်ခွဲများ
(က) ပုသိမ်မြစ်
(ခ) ရွေးမြစ်
(ဂ) ဖျာပုံမြစ်
(ဃ)သက်ကယ်သောင်မြစ်
(င) ပြန်မလော့မြစ်
(စ) ဘိုကလေးမြစ်
(ဆ)တိုးမြစ်
(ဇ) သံဒိမြစ်
(ဈ) ပြင်စလူမြစ်

ချင်းတွင်းမြစ်၏ မြစ်လက်တက်ခွဲများ
(က)မြစ်သာမြစ်
(ခ) ယူးမြစ်
(ဂ) ဥရုမြစ်

စစ်တောင်းမြစ်အတွင်းစီးဝင်သော ချောင်းများ
(က)ခပေါင်းချောင်းမြစ်
(ခ)ရွှေကျင်မြစ်
(ဂ) ရဲနွယ်ချောင်း
(ဃ) ငလိုက်ချောင်း
(င) ဆင်သေချောင်း
(စ)ရေဆင်းချောင်း

ရုပ်ပွားတော်အများဆုံးရှိသော စေတီ
မိုးညှင်းသံမ္မုဒ္ဓေ ( ၅၈၂၂၅၇ )

မြန်မာ နိုင်ငံ၏ အမြင့်ဆုံးတောင်
ခါကာဘိုရာဇီတောင် ( ၁၉၂၉၆ ) ပေ

စစ်တောင်းတူးမြောင်း၏
အရှည် ( ၃၈)မိုင်
တွံတေးတူးမြောင်း အရှည် (၂၁) မိုင်

မြန်မာနိုင်ငံနှင့် နယ်နိမိတ်
ထိစပ်နေသော သမုဒ္ဒရာ
အိန္ဒိယ သမုဒ္ဒရာ

မြန်မာနိုင်အတွင်းတောင်မှမြောက်စီးဆင်းသောမြစ်များ
(က) သောင်းရင်းမြစ်
(ခ) ဂျိုင်းမြစ်
(ဂ) အတ္တရံမြစ်
(ဃ) မြစ်သာမြစ်
(င) ဇော်ဂျီမြစ်
(စ) အတ္တရံမြစ်

မြန်မာနိုင်ငံ၏ အကျယ်အဝန်း
( ၂၆၁၂၂၈ )စတုရရန်းမိုင်

မြန်မာနိုင်ငံတွင်းအမြင့်ဆုံးတောင်
ခါကာဘိုရာဇီ (၁၉၂၉၆) ပေ ရှိကာ ကချင်ပြည်နယ် နောင်မွန်းတွင်တည်ရှိသည်။

မြန်မာနိုင်ငံတွင်း ရိုးမများ
(က) ပဲခူးရိုးမ
(ခ) ရခိုင်ရိုးမ
(ဂ) ရှမ်းရိုးမ
(ဃ) တနင်္လာရီ ရိုးမ

မြန်မာနိုင်ငံ ကမ်းရိုးတန်းမိုင် [ ၁၃၈၅ ] မိုင်

မြန်မာနိုင်ငံ အစွန်ဆုံးမြို့များ
(က)မြောက်ဘက် နောင်မွန်း
(ခ)တောင်ဘက် ကော့သောင်း
(ဂ)အရှေ့ဘက် မိုင်းယောင်း
(ဃ) အနောက်ဘက် မောင်းတော

သင့်အတွက် ဗဟုသု
=================

၁။ မြန်မာနိုင်ငံမှာ ပထမဆုံးဒေါက်တာဘွဲ့ဆက်ကပ်ခြင်းခံရသော ဆရာတော်ကြီးမှာ ကျေးဇူးတော်ရှင် လယ်တီဆရာတော်ဘုရားဖြစ်ပါတယ် ။

၂။ ရန်ကုန်တက္ကသိုလ်အား ၁၉၂၀ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ် ။

၃။ သင်္ကြန်အခါတွင် မဏ္ဍပ်များဆောက်၍ ရေကစားခြင်းသည် ပုဂံခေတ် နရသီဟကတေ့မင်း လက်ထက်ကစတင်ခဲ့တာပါ ။

၄။ရန်ကုန်ကောလိပ်မှ ပထမဆုံး သိပ္ပံဘွဲ့ရရှိခဲ့သူမှာ ဒဗလျူမာတင်ဖြစ်ပါတယ် ။

၅။ ကြေးမုံသတင်းစာကို ၁၉၅၇ ဧပြီလ ၁ ရက်နေမှာ စတင်ထုတ်ဝေခဲ့တာ ဖြစ်ပါတယ် ။

၆။ ရန်ကုန်မြို့အား အလောင်းမင်းတရားကြီးက ၁၇၅၅ ခုနှစ် မေလ ၂ ရက်နေ့မှာ စတင်တည်ထောင်ခဲ့ပါတယ် ။

၇။ မြန်မာအက္ခရာနှင့် ကြေးနန်းရိုက်နည်းကို ယောမင်းကြီးဦးဘိုးလှိုင်က စတင်တီထွင်ခဲ့ပါတယ် ။

၈။ မြန်မာနိုင်ငံတွင် ဆည်ရေသောက်စပါးကို အနော်ရထာမင်းလက်ထက်က ကျေက်ဆည်ခရိုင် တွင် စတင်စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ် ။

၉။ မြန်မာနိုင်ငံအတွင်းသို့ဝင်ရောက်ခဲ့သော အနောက်နိုင်းငံမှ နယ်ချဲ့များကို ပထမဆုံးချေမူန်းခဲ့သူမှာ အနောက်ဘက်လွန်မင်း
ဖြစ်ပါတယ် ။

၁၀။ ဒဂုံတက္ကသိုလ်ကို ၁၉၉၃ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့တာပါ။

၁၁။ မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံးရောက်ရှိလာခဲ့သော ဥရောပတိုက်သားမှာ
အီတလီလူမျိုး ဗင်းနစ်မြို့သား နီကိုဒီကွန်တီ ဖြစ်ပါတယ် ။

၁၂။ မြန်မာ့ပထမဆုံးလွှတ်တော်သည်
သက္ကရဇ် ၅၇၃ ခုနှစ် ဇေယျာသင်္ခမင်းလက်ထက်တွင်ပေါ်ပေါက်ခဲ့တာပါ ။

၁၃။ ဆူးလေစေတီကို သာသနာတော်နှစ်
၂၃၅ ခုနှစ်က တည်ခဲ့တာပါ ။

၁၄။ မြန်မာနိုင်ငံမှာ ပါဠိပထမပြန်စာမေးပွဲကို ၁၈၇၅ခုနှစ် ဇွန်လ ၁၁ ရက်နေ့မှာ စတင်ကျင်းပခဲ့တာဖြစ်ပါတယ် ။

၁၅။ မြန်မာ့ပထမဆုံးသူနာပြုသင်တန်းကျောင်းကို ရန်ကုန်ဆေးရုံကြီးတွင် ၁၈၇၇ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာပါ ။

၁၆။ မြန်မာနိုင်ငံတွင် ရုပ်ရှင်အကယ်ဒမီ
ရွှေစင်ဆုကို ၁၉၅၂ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

၁၇။ လေယာဉ်ပြန်စီးပြီးရိုက်ကူးသည့်
မြန်မာ့ပထမဆုံးရုပ်ရှင်မှာ" လူစွမ်းကောင်း"ဖြစ်ပါတယ်။

၁၈။ မြန်မာ့ပထမဆုံးကသံလွှင့်ဇတ်(Radio Player )မှာ ဆရာဇော်ဂျီ၏
" စိန်တစ်လုံး ဇတ်လမ်းဖြစ်ပါတယ် ။

၁၉။ မြန်မာ့ပထမဆုံး မီးခြစ်စက်ရုံကို
ဒုတိယကမ္ဘာစစ်မဖြစ်မီက တွံတေးမြို့နယ် ခနောင်တိုကျေးရွာမှာ တည်ထောင်ခဲ့တာပါ ။

၂၀။ မြန်မာ့ပထမဆုံးမြို့တော်မှာ အနော်ရထာမင်း ( ၁၀၄၄ အေဒီ) က တည်ထောင်ခဲ့သော ပုဂံမြို့ဖြစ်ပါတယ် ။

၂၁။ မြန်မာ့ပထမဆုံးယက်ကန်းကျောင်းမှာ အမရပူရမှ " ဆောင်းဒါးစ် " ယက်ကန်းကျောင်းဖြစ်ပါတယ် ။

၂၂။ Mary Chapman နားမကြားခလေးများကျောင်း၏ ပထမဆုံး ကျောင်းသားမှာ ဟင်္သာတမြို့မှ ၇ နှစ်သားလေး "မောင်ဘိုဘို " ဖြစ်ပါတယ် ။

၂၃ ။ စန္ဒယားကို မြန်မာသံစဉ်ဖြင့် ပထမဆုံးတီခတ်သူမှာ ဆရာညွှန့် ဖြစ်ပြီး
၁၉၁၀ ပြည့်နှစ်တွင် စတင်တီးခတ်ခဲ့သည် ။

၂၄။ ဆရာကြီးပီမိုးနင်း၏ ပထမဆုံး ဝတ္ထုမှာ ဘီအေမောင်မောင်တင့် နှင့် ကချေသည်မယ်မြင့်ဖြစ်ပြီး ၁၉၁၅ ခုနှစ် ဧပြီလကထုတ်ဝေခဲ့တာပါ ။

၂၅။ အမည်တစ်လုံးတည်းပါဝင်သော ပထမဆုံးမြန်မာ့ရုပ်ရှင်မှာ ၁၉၄၇ ခုနှစ်က ဆွေဗမာဖလင်မှ ရိုက်ကူးသည်း " အား " ဖြစ်ပါတယ်။

၂၆။ မြန်မာနိုင်ငံတွင် လက်ဗွေပုံစံယူခြင်းစနစ်ကို ၁၉၀၀ ပြည့်နှစ်မှ စတင်အသုံးပြုခဲ့သည် ။

၂၇။ ပထမဆုံးမြန်မာ့ ရုပ်ရှင်မင်းသားမှာ ဦးညီပုဖြစ်ပြီး ပထမဆုံးရုပ်ရှင် မင်းသမီးမှာ အ​မေပု ဖြစ်ပါတယ်။

၂၈။ ပထမဆုံးမြန်မာဇတ်ညွှန်းမှာ philip မိုးနင်း ( ပီမိုးနင်း ) ဖြစ်ပြီး ပထမဆုံးမြန်မာဒါရိုက်တာမှာ ဦးတုတ်ကြီး ဖြစ်ပါတယ် ။

၂၉။ မင်္ဂလာဒုံအပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၁၉၅၇ ဇန်နဝါရီ ၈ ရက်နေ့က သမ္မတ ဒေါက်တာဘဦးက ဖွင့်လှစ်ခဲ့တာပါ ။

၃၀။ ပထမဆုံး ကာတွန်းရုပ်ရှင်မှာ " ကြက်တောင်ကွ " 1934 ဖြစ်တယ်တဲ့။

၃၁။ပထမဆုံးနိုင်ငံခြားတွင်ရိုက်ကူးသော မြန်မာ့ရုပ်ရှင်မှာ " ဂျပန်ရင်သွေး "
1936 ဂျပန်နိုင်ငံမှာ ရိုက်ကူးတာပါ

၃၂။ ပထမဆုံး နှစ်ကိုယ်ခွဲသရုပ်ဆောင်မှာ ကိုဘတင့် " ခင်ခင့်မှာပုံတော် 1920
ဖြစ်ပါတယ် ။

၃၃။ မြန်မာ့ပထမဆုံးရုပ်ရှင်ရုံ တည်ထောင်သူမှာ ဆရာဦးသွင်ပါ ။

၃၄ ။ မြန်မာ့ပထမဆုံး အကယ်ဒမီရမင်းသားမှာ ဦးကျော်ဝင်း ချစ်သက်ဝေဇတ်ကား ၁၉၄၅ ဖြစ်ပြီး အကယ်ဒမီရမင်းသမီးမှာ ဒေါ်ကြည်ကြည်ဌေး ချစ်သက်ဝေဖြစ်ပါတယ် ။

၃၅။ ပထမဆုံးမြန်မာ တာဇံကားမှာ
ရဂုံမြိုင် " ဒါရိုက်တာ ဆရာမြင့်ဖြစ်ပါတယ် ။

၃၆။ မြန်မာနိုင်ငံမှာ ပထမဆုံး Camera woman မှာ
ဒေါ်ခင်ခင်ပါ ။

၃၇။ ပထမဆုံးရုပ်ရှင်ဟာသသရုပ်ဆောင်မှာ " ပေါစံကြီးဖြစ်ပါတယ် ။

၃၈။ ပထမဆုံး မြန်မာ့ DVD ဇတ်ကားမှာ
ဒါရိုက်တာမီးပွားရိုက်တဲ့ " အချစ်၏ တန်ခိုးများ " ဖြစ်ပါတယ် ။

၃၉။ မင်း ၃ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ "မိဖုရားဖွားစော" ဖြစ်ပါတယ်

၄၀။ မင်း ၅ ဆက်တိုင်မိဖုရားအမြှောက်ခံရသူမှာ " ရှင်ဘို့မယ် " ဖြစ်ပါတယ် ။

၄၁။ မြန်မာနိုင်ငံရဲ့ ပထမဆုံးသတင်းစာမှာ " မြန်မာ့အဆွေ" သတင်းစာဖြစ်ပါတယ် ။

၄၂။ တောင်ငူမင်းနောက်ဆုံးမင်းမှာ " နတ်သျှင်နောင် " ဖြစ်ပါတယ် ။

၄၃။ မြစေတီကျောက်စာ ရေးထိုးသောခုနှစ်မှာ "ခရစ်နှစ် ၁၀၇၇ ဖြစ်ပါတယ်။

၄၄ ။ ပြည်သူ့အရေးတော်ပုံ ပါတီခေါင်းဆောင်များမှာ " သခင်မြ ၊ သခင်အောင်ဆန်း တို့ဖြစ်ပါတယ် ။

၄၅။ ပထမဆုံးသွားတိုက်တံကို ၁၄၉၈ ခုနှစ်မှာ တီထွင်ခဲ့တာပါ ။

၄၆ ။ ပထမဆုံး အင်္ဂလိပ် ဒေရှင်နရီ ကို

၁၇၅၅ ခုနှစ်တွင် ရေးသားခဲ့တာတဲ့ ။

၄၇။ ဗိုလ်ချုပ်အောင်ဆန်းအား အင်္ဂလိပ်တွေပေးသော သင်္ဘောအမည်မှာ "စစ်ရေယာဉ်မေယု " ဖြစ်ပါတယ် ။

၄၈ ။ ဂျပန်ကမြန်မာနိုင်ငံအား လွတ်လပ်ရေးပေးသောနေ့မှာ "1-8-1943 ဖြစ်ပါတယ် ။
၄၉။ ရဲဘော်သုံးကျိပ်တွင် စစ်ပညာမသင်ပဲ
အုပ်ချုရေးပညာသာသင်သူမှာ " သခင်ထွန်းအုပ် " ဖြစ်ပါတယ် ။

၅၀။ နောင်ရိုးတိုက်ပွဲမှာ ဘုရင့်နောင်နှင့်တိုက်ခဲ့သော မွန်ဘုရင် အမည်မှာ " သုရှင်တကာရွတ်ပိ" ဖြစ်ပါတယ် ။

သုတအဖြာဖြာ ( ၂)


၁။ နာမည်ကျော်သီချင်နှစ်ပုဒ်ဖြစ်သော
" နဂါးနီ နှင့် လွတ်လပ်ရေး ဟူသောသီချင်းနှစ်ပုစ်၏စာသားကိုရေးခဲ့သူမှာ နိုင်ငံတော် ဝန်ကြီးချုပ်ဟောင်း ဦးနု " ဖြစ်ပါတယ်။

၂။ စာပေလောကထဲမှ ပထမဆုံး မြန်မာ စတန့်မင်းသားဟာ စာရေးဆရာကြီး
" ဦးပဂျီငို "ဖြစ်ပြီး " နဖူးစာရွာလည် "စတန့်ဇတ်ကြမ်းကို ၁၉၂၃ ခုနှစ် မေလအတွင်း( ယခုဗိုလ်ချုပ်အောင်ဆန်းဈေး နေရာ)
"စီနီမာဒီပဲရစ်"ရုပ်ရှင်ရုံတွင်ပြသခဲ့တာတဲ့ ။

၃။ အောင်ဆန်းအက်တလီစာချုပ် ၂၇-၁-၁၉၄၇ ခုနှစ်မှာ လက်မှတ်ရေးထိုးစဉ်က မြန်မာကိုယ်စားလှယ် နှစ်ဦးက
လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တယ်တဲ့
အဲ့ဒီနှစ်ဦးဟာ "ဂဠုန်ဦးစော နဲ့ သခင်ဘစိန်" တို့ဖြစ်ပါတယ်။

၄။ မြန်မာနိုင်ငံ၏ ဗဟိုချက်ဟာ မြစ်သားမြို့နယ်၊ကူမဲမြို့ အရှေ့တောင်ဘက် ပြက္ခရွှေတောင်ပေါ်မှာဖြစ်ပါတယ် " မြန်မာနိုင်ငံ၏အလယ်ဗဟိုချက်ကျောက်တိုင်" ကို မြန်မာနိုင် ငံမြေတိုင်းအဖွဲ့မှ စိုက်ထူထားပါတယ်တဲ့ ။

၅။ ထိုင်းဘုရင် ဗြနရဇ်(ခရစ်နှစ် ၁၅၅၅-၁၆၀၅) ဟာ ဘုရင့်နောင်နဲ့ယောက်ဖတော်စပ်တယ်တဲ့ ဗြနရဇ်၏ အစ်မတော်"အမျိုးရုံမင်းသမီး"သည် ဘုရင့်နောင်၏ မိဖုရားဖြစ်တယ်တဲ့ ။

၆။ နာမည်ကျော်ကဗျာဆရာကြီး ရာဘင်ဒြာ နာ့သ်တဂိုး ဟာ မြန်မာနိုင်ငံကို နှစ်ကြိမ် လာရောက်ခဲ့တယ်တဲ့ (၁၉၁၆ခုနှစ်၊ မေလ ၊၇ ရက်မှ ၉ ရက်ထိ တစ်ကြိမ် ) (၁၉၂၃ ခုနှစ်၊ မတ်လ ၂၄ရက်မှ ၂၇ ရက်နေထိ ) တစ်ကြိမ်

၇။ အင်္ဂလိပ်အမည်နဲ့ ပုဂံဘုရားတစ်ဆူရှိပါတယ် ပုဂံဓမ္မာရုံကြီး လမ်းခွဲအနီးမှာ "စကိုဗယ် ပေါ်တော်မူ" ဘုရားဖြစ်ပါတယ် ။

၈။ သိပ္ပံမောင်ဝ ( အမည်ရင်း -ဦးစိန်တင်)၏ ကလောင်ခွဲဟာ ၅၁ ခုရှိတယ်တဲ့ ။

၉။ အမရပူရနန်းတည် ဘိုးတော်ဘုရားလက်ထက်တွင် အင်္ဂလန်မှ ဒင်္ဂါးသွန်းစက်ကြီးကို မှာယူပြီး မြန်မာသက္ကရဇ် ၁၁၄၆ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက်နေ့မှာ ပြည်တွင်းသုံး ငွေဒင်္ဂါးအဖြစ် ထုတ်ပြန်ကြေငြာသုံးစွဲခဲ့ပါတယ်တဲ့ ။

၁၀။ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတမှာ ရှမ်းလူမျိုး စဝ်ရွှေသိုက် (၁၈၈၆- ၁၉၆၂ ) ဖြစ်သည်။

၁၁။ မြန်မာ့ထိုးကွင်းမင်ကြောင်ကို ဘိုးတော်ဘုရားလက်ထက် ထောင်းမင်းကြီးသား မောင်ကံ ဆိုသူက စထွင်ခဲ့တာပါတဲ့ ။

၁၂။ မြန်မာနိုင်ငံအား " ဗားမား" ဟူသောအင်္ဂလိပ်အမည်မှ"မြန်မာ" ဟူသော အင်္ဂလိပ်အမည်သစ်သို့၁၉၈၉ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ စတင်ပြောင်းလဲ ခေါ်ဝေါ် ခဲ့ပါတယ်တဲ့။

၁၃။ မြန်မာနိုင်ငံတော် သီချင်းကို
ဝိုင်-အမ်-ဘီ ဆရာတင်ကရေးစပ်ပြီး
၁၉၃၀ ပြည့်နှစ် ဇူလိုင်လ ၂၀ ရက်နေ့

Credit 🙏🙏🙏

Address

Phonesoe, Myat Lay Street
Monywa

Alerts

Be the first to know and let us send you an email when ပန်းပျိုးအိမ် - ရာထူးဝင်ခွင့် သင်တန်းကျောင်း - မုံရွာမြို့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to ပန်းပျိုးအိမ် - ရာထူးဝင်ခွင့် သင်တန်းကျောင်း - မုံရွာမြို့:

Shortcuts

Share