Chan Myae Nunnery School

Chan Myae Nunnery School I work charity and teach poor children.

27/11/2022

မိဘ 💜

27/11/2022

ပျော်ရွှင်မှရမယ့် ကလေးဘဝ
-----------------------------
ကလေးငယ်လေးတွေက ကိစ္စသေးသေးလေးတွေကိုတောင် ဟက်ဟက်ပက်ပက် ရယ်တတ်ကြတာ သတိထားမိလား။ ပစ္စည်းလေးတွေလဲကျလို့ အသံမြည်သွားရင်လည်း ရယ်တတ်တယ်။ အရုပ်ကလေးတွေကြည့်ပြီးလည်းရယ်တတ်တယ်။ သူများရယ်တာမြင်ရင်လည်း ရယ်နိုင်တယ်။

ကျွန်မတို့လူကြီးတွေကျတော့ ကိစ္စတော်တော်များများမှာ မရယ်နိုင်၊မပြုံးနိုင်ကြဘူးလေ။ တွေးစရာတွေ၊ စိတ်ပူစရာတွေနဲ့ စိုးရိမ်စရာတွေများတဲ့ ဘဝကြီးမှာ ရယ်ဖို့ထက် အသက်ရှင်ဖို့ကို မနည်းရုန်းကန်နေရတာ မဟုတ်လား။

တခါတခါ ပြန်စဉ်းစားကြည့်ရင် ကလေးတွေရဲ့ အပြုသဘောခံစားချက်တွေ၊ ပျော်ရွှင်စရာအချိန်တွေက အမှန်တကယ် တန်ဖိုးရှိတာ။

ဒါပေမယ့် ကျွန်မတို့ လူကြီးတွေက ကလေး ငယ်သေးတယ်။ ဒီအချိန်မှာ စာပဲ လုပ်ရမယ်။ ဘာအပျော်မက်နေတာလဲ။ နောက်ကျ ပျော်ရွှင်အောင် အခုကတည်းက ပညာသင်ထားမှ .. ဆိုတဲ့ ဆုံးမမှုတွေနဲ့ ကလေးတွေရဲ့ ပျော်စရာအချိန်တွေကို လုယူတတ်ကြတယ်။

ကျွန်မကလေ .. ကလေးတွေဆိုတာ လွတ်လပ်ပျော်ရွှင်မှုကို ခံစားရသင့်တယ်။ ဒီအချိန်မှာ သေချာ မလွတ်လပ်၊ မပျော်ရွှင်ရရင် ဘယ်အချိန်မှာ လွတ်လပ်ပျော်ရွှင်မယ်ထင်လို့လဲ။

ပျော်ရွှင်တဲ့ကလေးဟာ ပိုပြီး သင်ယူနိုင်စွမ်းရှိတယ်ဆိုတာ သိပါသလား။ မပျော်ရွှင်တဲ့၊ စိတ်ဖိစီးမှုတွေနဲ့ ကလေးဟာ သင်ယူနိုင်သင့်သလောက် မသင်ယူဘူး။

ပျော်ရွှင်တဲ့ ကလေးဟာ ပိုပြီး စိတ်စွမ်းရည်မြင့်တယ်ဆိုတာရော သိပါသလား။

ကလေးတွေရဲ့ ပျော်ရွှင်ခြင်းဟာ သူတို့ရဲ့ ရပိုင်ခွင့်တစ်ခုပဲ။

ဒါပေမယ့် ကလေးတွေရဲ့ လွတ်လပ်မှုနဲ့ ပျော်ရွှင်ခြင်းဟာ လုယူခံရတဲ့ အရာတွေထဲမှာ ပါဝင်တာလည်း ဟုတ်တယ်။

ကျွန်မတို့ရဲ့ ကလေးပြုစုပျိုးထောင်ခြင်းနဲ့ ပညာသင်ကြားခြင်းမှာ ကလေးတွေကို ပျော်အောင်ဘယ်လိုလုပ်မလဲဆိုတာကို ဉီးတည်ပြီး စဉ်းစားဖို့လိုတယ်။ ကောင်းမွန်သော အရာမှာ ပျော်မွေ့အောင်၊ ပျော်ရွှင်ခြင်းရဲ့ အနှစ်သာရကို သိအောင်၊ ပျော်ရွှင်စွာ ပညာသင်ယူနိုင်အောင် စဉ်းစားပြီး ပြင်ဆင်ရမှာ ကျွန်မတို့ မိဘတွေ။ ဆရာ။မတွေရဲ့ တာဝန်လို့ထင်တယ်။

ကျွန်မ အရမ်းကြောက်တာရှိတယ်။ ကလေးတွေ ပျော်ရွှင်ခြင်းအဓိပ္ပါယ်နားမလည်ဘဲ ရှင်သန်ကြီးပြင်းရမှာကိုပဲ။

ပြန်မရနိုင်မယ့် အပူပင်ကင်းမဲ့တဲ့ ပျော်ရွှင်ခြင်းတွေ ကလေးတွေဆီမှာ ကြာကြာရှိနေအောင် ကျွန်မတို့ ကြိုးစားရအောင်လေ။

သူတို့တွေပျော်ရွှင်စွာ သင်ယူခွင့်ရရင်.... သင်ယူမှုမှာ ပျော်ရွှင်လာမယ်။ သင်ယူမှုမှာ ပျော်ရွှင်လာရင် ပိုကောင်းတဲ့ အသိုက်အဝန်းလေးကို ရနိုင်မယ်လို့ ယုံတယ်။

အတူတူ ကြိုးစား ပံ့ပိုးကြရအောင်လေ။

မေတ္တာဖြင့်...

Sayarma-ဆရာမ

07/11/2022

စာကြောက်တဲ့ ကလေးတွေ
---------------
သုတေသနစာတမ်းတွေအရ ကလေးတွေရဲ့ စာပေနဲ့ ထိတွေ့တဲ့ အစောဆုံးအတွေ့အကြုံတွေက ကလေးတွေဟာ စာပေသင်ယူတဲ့အခါ အခက်အခဲများမလား၊ နည်းမလားဆိုတာကို ဆုံးဖြတ်ပါတယ်တဲ့။

စာရေး၊စာဖတ်သင်တဲ့အခါ ခက်ခဲတဲ့ ကလေးတွေ (စာညံ့တယ်လို့ ပြောခံရတဲ့ကလေးတွေ) ကို လေ့လာတဲ့အခါ သူတို့ရဲ့ အစောပိုင်း စာပေနဲ့ ထိတွေ့တဲ့ အတွေ့အကြုံတွေက မကောင်းကြသလို စာကြောက်တဲ့ ကလေးတွေ ဖြစ်တတ်ကြတယ်တဲ့။ စာတွေနဲ့ စတင်ထိတွေ့ချိန်မှာ ဆရာ၊မတွေ၊ မိဘတွေက ဆူငေါက်နေတာတွေ၊ အပြစ်တင်ပြောဆိုခံနေရတာတွေ၊ အသုံးမကျဘူးလို့ ပြောခံရတာတွေ၊ အရှက်ကွဲတယ်လို့ ခံစားရတာတွေနဲ့ ဝမ်းနည်းဖွယ်အဖြစ်အပျက်တွေကို အများစုက မှတ်မိကြတယ်။

အပြုသဘောအားဖြင့် တိုက်တွန်းအားပေးခြင်းမခံခဲ့ရတဲ့ ကလေးတွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှု လျော့နည်းလာကြတယ်။ သူတို့က စာဖတ်ရတော့မယ်၊ ရေးရတော့မယ်ဆိုရင် အကြောင်းအမျိုးမျိုးပြတာတို့၊ အားငယ်တာတို့၊ ရှက်ရွံံတာတို့၊ ကြောက်တာတို့ ဖြစ်ကြတယ်။ သူတို့က ယုံကြည်မှုမရှိလေလေ၊ သူတို့ တတ်သင်တဲ့ စာပေဆိုင်ရာ စွမ်းရည်တွေက မရလေလေ ဖြစ်လာပြန်ရော။

ဒါကြောင့် စာကြောက်တဲ့ကလေးတွေရှိရင် သူတို့ကို သေချာလေး နားလည်အောင် လုပ်ပြီး တိုက်တွန်းအားပေးဖို့လိုတယ်။ မှားသွားရင်တောင် ပိုမှန်လာအောင် ဘယ်လိုလုပ်နိုင်မလဲဆိုတာ ပျက်ရယ်ပြုခြင်းမရှိဘဲ အပြုသဘော အကြံပြုဖို့ လိုအပ်ပါတယ်။

ကိုယ့်သားသမီး၊ ကိုယ့်ကျောင်းသားက စာကြောက်တယ်ဆိုရင် -

၁) ကျောင်းစာတွေနဲ့ လက်တွေ့ဘဝချိတ်ဆက်ပေးပါ။ လက်တွေ့ဘဝအတွက် အသုံးမဝင်ဘူးထင်ရတဲ့ စာတွေထပ် လက်တွေ့ဘဝက အဖြစ်အပျက်တွေနဲ့ ချိတ်ဆက်နေတဲ့ စာပေတွေက ကလေးတွေအတွက် ပိုစိတ်ဝင်စားစေပါတယ်။

၂) နည်းပညာကို သုံးပါ။ နည်းပညာကိုအသုံးပြုပြီး သင်ပေးရမယ့် စာပေကို စိတ်ဝင်စားအောင် သင်နိုင်ပါတယ်။ အွန်လိုင်းကနေ ကလေးတွေအတွက် စိတ်ဝင်စားစေမယ့် (ဘာသာရပ်နဲ့ ကိုက်ညီတဲ့) ကစားနည်းတွေ၊ စာတွေ ရှာဖွေပေးတာမျိုးက ကလေးတွေကို ကိုယ်သင်မယ့် စာပေကို ပိုပြီး စိတ်ဝင်စားစေပါတယ်။

၃) လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါ။ စာဖတ်သင်တဲ့အခါ ကလေးက ဝေါဟာရမကြွယ်တာလား၊ နားလည်မှုစွမ်းရည်နည်းတာလား၊ အသံမထွက်တတ်တာလား စတဲ့ သူတို့ မလုပ်နိုင်တဲ့အရာတွေကိုလည်း သိအောင်လုပ်ပြီး သူတို့ ရဲ့ အားသာချက်ကိုလည်း သိအောင်လုပ်ပါ။ သူတို့ရဲ့ လုပ်နိုင်မယ့် အရာတွေနဲ့ လုပ်နိုင်စွမ်းထပ် အနည်းငယ် စိန်ခေါ်မှုပေးမယ့် လုပ်ငန်းမျိုးတွေ ကိုပေးပြီး သူတို့ရဲ့ လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပါ။

၄) အားပေးဂုဏ်ပြုပေးပါ။ သူတို့ရဲ့ ရှားပါးလှတဲ့ ယုံကြည်မှုကို အားပေးရင်း၊ အသိမှတ်ပြုရင်း မြှင့်တင်ပေးဖို့လိုပါတယ်။ သူတို့လုပ်နိုင်တယ်ဆိုတာ သူတို့ သိမှ ပိုပြီး ကြိုးစား သင်ယူလိုစိတ်မြင့်တက်လာမှာ ဖြစ်ပါတယ်။

၅) မိဘ၊ဆရာမတွေက မှန်ကန်တဲ့ အမြင်ရှိဖို့လိုပါတယ်။ ကလေးတွေကို စာချစ်တတ်အောင် လူကြီးတွေကလည်း ကူညီပေးရမှာပါ။ ဘေးထိုင်ဘုပြောတာက အသုံးမဝင်ပါဘူး။ ကလေးတွေရဲ့ တိုးတက်မှု၊ သင်ယူမှုနဲ့ လိုအပ်နေတဲ့ ပံ့ပိုးမှုတွေကို အမြဲမပြတ် ကြည့်ပြီး ကူညီဖို့ အသင့်ပါပဲဆိုတဲ့ အနေနဲ့ နေဖို့လိုပါတယ်။

ကိုယ့်ကလေးတွေ စာပေချစ်မြတ်နိုးဖို့၊ တန်ဖိုးထားဖို့၊ ပျော်ရွှင်စွာ သင်ယူနိုင်ဖို့ လုပ်ဆောင်တဲ့အခါ ထည့်သွင်းစဉ်းစားရတဲ့ အကြောင်းအရာတွေ အများကြီးရှိပါတယ်။ ဒီနေ့ မျှဝေပေးတဲ့ အချက်အနည်းငယ်က အတွေးသစ်တွေပေါ်ပြီး ကိုယ့်အနီးက ကလေးတွေကို ပိုကူညီနိုင်မယ်ဆို ကျွန်မ စာတွေဖတ်ပြီး မျှဝေရကျိုးနပ်ပါပြီ။

ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။

မေတ္တာဖြင့်...

Sayarma-ဆရာမ

12/11/2021
အပင်​တွေနဲ့လှပ​နေတဲ့Chan Myae Nunnery School
12/11/2021

အပင်​တွေနဲ့လှပ​နေတဲ့
Chan Myae Nunnery School

18/11/2020
မိုး​​သောက်​ရောင်ခြည်မှစာကြည့်တိုက်အတွက်စာအုပ်များလှူဒါန်းမှု
23/07/2020

မိုး​​သောက်​ရောင်ခြည်မှစာကြည့်တိုက်အတွက်စာအုပ်များလှူဒါန်းမှု

ချမ်း​မြေ့​ကျောင်းတွင်ကျင်းပ​​သောစာဖတ်ခြင်းပြန်လည်​ပြောပြ​ဆွေး​​နွေးခြင်း
14/06/2020

ချမ်း​မြေ့​ကျောင်းတွင်ကျင်းပ​​သောစာဖတ်ခြင်းပြန်လည်​ပြောပြ​ဆွေး​​နွေးခြင်း

Address

Myawaddy
Monywa

Telephone

+959799786879

Website

Alerts

Be the first to know and let us send you an email when Chan Myae Nunnery School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Chan Myae Nunnery School:

Shortcuts

Share

Category