30/10/2021
``Conditional Sentences(C.S)´´
*Conditional sentence ဆိုတာ အကြောင်း တစ်ခုခုကို အခြေခံပြီး ဆိုတဲ့ ဝါကျတွေပါ။
Conditional Sentence ပုံစံ သုံးမျိုးရှိပါတယ်။ 1.If…present…,……will/shall+V1……….
ဥပမာ. If you want to have this book, you should buy it. (မင်းဒီစာအုပ်ကို လိုချင်တယ်ဆိုရင် ဝယ်သင့်တယ်။) လိုချင်ရင်ဆိုတဲ့ အကြောင်း (condition)ကို အကြောင်းပြုပြီး ဖြစ်လာတဲ့ ဝါကျမို့ပါ။အဲလို ဝါကျမျိုးကို C.Sလို့ ခေါ်တယ်။
If you do not work hard,you will fail. (မင်းမကြိုးစားရင် ကျမှာပဲ)။If not အစား Unless နဲ့ ရေးနိုင်ပါတယ်။ Unless you work hard, you will fail. အထက်ပါ ဝါကျတွေဟာ C.S တွေပါ။ သူတို့ဟာ သာမာန်သဘောမျှသာရှိလို့ သဒ္ဒါလို Open Condition လို့ခေါ်ပါတယ်။ Future-Possible Condition လို့လည်း ခေါ်ကြတယ်။
(will/shall+V1 နေရာမှာ V1/Imperative sentence များနဲ့ ရေးလို့ရပါသေးတယ်။)
2.If……past.…,……would/should+V1……
*မဖြစ်နိုင်တာ/မလုပ်နိုင်တာတွေကို ဖြစ်နိုင်/ လုပ်နိုင်သလို (စိတ်ကူးယဉ်/တင်စား) ပြောတဲ့ ဝါကျတွေပါ။ဥပမာ…If I were you, I would not go to that place.(ငါသာ မင်း ဆိုလို့ကတော့ အဲနေရာကို မသွားဘူး)။ အဲနေရာကို မသွားစေလိုတဲ့ သဘောနဲ့ ပြောလိုက်တာပါ။ တစ်ချို့ကျ ဖြစ်ဖို့အကြောင်းတော့ သိပ်မရှိဘူး။ ဖြစ်ခဲ့ရင်ဆိုတဲ့ စိတ်ဆန္ဒကို ဖော်ပြတဲ့အခါလည်း သုံးတယ်။ E.g If I won a lottery prize,I would buy a car.(ငါသာ ထီပေါက်ရင် ကားဝယ်မှာပဲ။)ထီပေါက်ဖို့ အတော်ခက်တယ်။ (ပေါက်ခဲ့ရင်/ပေါက်ချင်တဲ့ ဆန္ဒကို ဖော်ပြတာ)။
အထက်ပါ ဝါကျများတွင် If နောက်မှာ V2 တွေချည်းပဲ။ဒါပေမယ့် ရိုးရိုး အတိတ်ကာလ မဟုတ်ဘူး။စိတ်ကူးယဉ်/တင်စား/မှန်းဆ ပြောတဲ့သဘော(ခဲ့ရင်) ဆိုတာလေးကြောင့် V2ပုံစံရေးထားတာပါ။ဘာသာပြန်တဲ့အခါ ၄င်းခဲ့ရင်ဆိုတာကို မြုပ်ထားတတ်ကြတယ်။ တကယ်တော့ ပစ္စုပ္ပန်ကာပဲ ရှိပါသေးတယ်။ ဥပမာ အခုနေ ငါ့မှာ ငွေအများကြီးရှိ(ခဲ့ရင်) ငါးတစ်စီးဝယ်မယ်။အခုလောလောဆယ် ငွေမရှိ။ ကားလည်း မဝယ်နိုင်ပါ။ရှိခဲ့ရင် ဆိုပြီး မှန်းဆပြောတဲ့သဘော။အတိတ်ကာလ စစ်စစ်မဟုတ်ပါ။ အဲလိုဝါကျမျိုးတွေကို အခုနောက်ပိုင်း Present Unreal Condition လို့ခေါ်သလို နောက်ထပ် Improbable or Imaginary Condition လို့လည်းခေါ်တယ်။
3.If…had+V3…,……should/would have+V3……
*တကယ့်ကိုဖြစ်ခဲ့ဘူး။အဲလိုပြီးခဲ့တာကို ပြန်ပြီး နောက်တရသလို ပြောဆိုတဲ့ ဝါကျမျိုးတွေပါ။
E.g If I had worked hard,I would have passed the examination. ငါသာ ကြိုးစားခဲ့ရင် ငါစာမေးပွဲ အောင်ခဲ့မှာ။ (တကယ်တော့ မကြိုးစားခဲ့ဘူး။မအောင်ခဲ့ဘူး။) ဆိုလိုတာက စာမေးပွဲကျခဲ့တယ်။ အဲဒါကို နောင်တရလို့ ပြန်ပြောတဲ့သဘော။ E.g If you had come to me for help,I would have given you the money you needed. မင်းငါ့ဆီလာပြီး အကူညီတောင်းခဲ့ရင် ငါ မင်းလိုတဲ့ငွေကို ပေးလိုက်မှာပေါ့။ တကယ်တမ်းကျ အကူညီလာမတောင်းလို့ ငွေ မပေးလိုက်ရပါဘူး။ ပြီးခဲ့တာကို မချင့်မရဲ (ဖြစ်ရလေ)ဆိုတဲ့ သဘောမျိုးပြောလိုတဲ့ ဝါကျတွေပါ။ သူတို့ကို Unfullfilled Condition လို့ခေါ်သလို Past Unreal Condition လို့လည်းခေါ်ကြတယ်။
```Summary´´´
1.နောင်မှာ ဒါလုပ်ရင် ဒါဖြစ်မယ် လို့ ပြောချင်ရင် If……present……,……will/shall+V1…
2.အခုလောလောဆယ် မဖြစ်နိုင်တာကို/ဖြစ်နိုင်ဖို့ခက်တာကို စိတ်ကူးယဉ်မှန်းဆ ပြောချင်ရင်
If……past…,…would/should+V1…
3.အတိတ်ကာလမှာ မဖြစ်ခဲ့/ မအောင်မြင်ခဲ့တာကို နောင်တရပြောဆိုတဲ့အခါ ဖြစ်ရလေဆိုပြီး မချင့်မရဲ ပြောတဲ့အခါ
If…had+V3…,…would/should have+V3…
အားလုံးသော ချစ်မိတ်ဆွေ အပေါင်း
စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာဆန္ဒပြည့်ဝပါစေ။ အားလုံး သတ္တဝါ ဘေးရန်ကွာ ကျန်းမာကြပါစေ။သတ္တဝါ ဟူသရွေ့တရားတွေ့ ငြိမ်းအေးကြပါစေ။
ဝေဖန်အကြံပြုချက်များကို ကြိုဆိုလျှက်ပါ။
Nyein Min Soe
(To err is human.)``Conditional Sentences(C.S)´´

(To err is human.)