Better Future English Centre - Hopin, Mohnyin

Better Future English Centre - Hopin, Mohnyin A quality English language centre founded in 2020.

✍️ KET Writing မှာ တချို့ကလေးတွေ ဘာကြောင့် အမှတ်အပြည့်မရတာလဲ?“Grammar မှန်တယ်၊ အကြောင်းအရာလည်း မမှားဘူး… ဒါပေမယ့် Writin...
22/08/2026

✍️ KET Writing မှာ တချို့ကလေးတွေ ဘာကြောင့် အမှတ်အပြည့်မရတာလဲ?

“Grammar မှန်တယ်၊ အကြောင်းအရာလည်း မမှားဘူး… ဒါပေမယ့် Writing မှာ အမှတ်အပြည့်မရဘူး။ ဘာကြောင့်လဲ?”

KET Writing မှာ စာကြောင်းမှန်ရုံနဲ့ မလုံလောက်ပါဘူး။
ကလေးက သူသိထားတဲ့ Language ကို ဘယ်လောက်အထိ variety ရှိရှိ၊ သဘာဝကျကျ လက်တွေ့အသုံးချနိုင်လဲ ဆိုတာလည်း အရေးကြီးပါတယ်။

ဥပမာ—

I saw a monster with two heads. ✅

လို့ရေးတာက မှန်ပါတယ်။

ဒါပေမယ့်—

I saw a two-headed monster. ✅✅✅

လို့ရေးနိုင်ရင် compound adjective (two-headed) ကို context မှန်မှန်နဲ့ အသုံးချနိုင်တယ်ဆိုတာ ပြသနိုင်ပါတယ်။

နောက်တစ်ခု—

Ben is ten years old. ✅

ဒါလည်း မှန်ပါတယ်။

ဒါပေမယ့်—

Ben is a ten-year-old boy who lives next door. ✅✅✅

လို့ရေးနိုင်ရင်
👉 ten-year-old ဆိုတဲ့ (compound adjective)
👉 who lives next door ဆိုတဲ့ (relative clause)

တွေကို Writing ထဲမှာ သင့်တော်တဲ့နေရာမှာ ထည့်သုံးနိုင်တယ်ဆိုတာ ပြသနေပါတယ်။

ဒီနေရာမှာ အရေးကြီးတာက ခက်တဲ့ Grammar တွေကို အတင်းထည့်ရေးဖို့ မဟုတ်ပါဘူး။

ကလေးက သိထားတဲ့ Grammar နဲ့ Vocabulary ကို အခြေအနေအလိုက် သင့်တော်စွာ ရွေးချယ်အသုံးချနိုင်ဖို့ ပါ။

Writing ဟာ “ငါ Grammar ဘယ်လောက်သိလဲ” ဆိုတာကို စာရင်းပြရတဲ့ skill မဟုတ်ပါဘူး။

“ငါသိထားတာတွေကို လက်တွေ့ရေးသားရာမှာ ဘယ်လောက်ကောင်းကောင်း အသုံးချနိုင်ပြီလဲ” ဆိုတာကို သက်သေပြရတဲ့ skill ပါ။

ဒါကြောင့် KET Writing သင်တဲ့အခါ
❌ Grammar exercise တွေကိုပဲ အများကြီးလုပ်စေခြင်း
❌ Model answer ကို အလွတ်ကျက်စေခြင်း

ထက်

✅ Tense variety
✅ Sentence variety
✅ Vocabulary range
✅ Different sentence structures
✅ Grammar ကို context ထဲမှာ အသုံးချနိုင်မှု

တွေကိုပါ လေ့ကျင့်ပေးဖို့ လိုပါတယ်။

ကလေးတစ်ယောက် Writing မှာ အမှတ်ကောင်းကောင်းရဖို့ဆိုတာ “စာကြောင်းမှန်အောင်ရေးတတ်တာ” က အစပဲရှိပါသေးတယ်။

သိထားတဲ့ Language ကို ရွေးချယ်ပြီး၊ ပြောင်းလဲအသုံးချပြီး၊ ကိုယ်ပိုင်အတွေးကို သဘာဝကျကျ ရေးပြနိုင်တဲ့အဆင့် ကို ရောက်လာမှ Writing skill က တကယ်တိုးတက်လာတာပါ။ 📚✍️

Writing is not just about writing correctly.
It is about showing what you can actually use.








18/08/2026

ကလေးပညာရေးကို ဦးစားပေးတယ်ဆိုတာ… ကျောင်းကောင်းတစ်ကျောင်း ရွေးပေးလိုက်ရုံနဲ့ မပြီးပါဘူး။

ကိုယ်တိုင် နှစ်တွေကြာကြာ စာသင်လာရင်း မြင်တွေ့ခဲ့ရတာတွေ၊ သတိထားမိတာတွေကို မိဘတွေနဲ့ မျှဝေချင်တာလေး ရေးပါအုံးမယ်။

“လက်ဦးဆရာ မည်ထိုက်စွာ” ဆိုသလို ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ မိဘရဲ့အခန်းကဏ္ဍက အရမ်းအရေးကြီးပါတယ်။

ကလေးကို International School ထားနိုင်မှ၊ expensive school တက်နိုင်မှ ပညာရေးကောင်းမယ်ဆိုတာ မဟုတ်ပါဘူး။

အရေးကြီးတာက

မိဘက ကိုယ့်ကလေးရဲ့ ပညာရေးကို တကယ်စိတ်ဝင်စားပြီး monitor လုပ်ပေးနေတာလား။

ဘာတွေသင်နေလဲ။
ဘယ်နေရာမှာ အားနည်းနေလဲ။
ဘယ်နေရာမှာ တိုးတက်လာလဲ။
ဆရာက ဘာတွေလိုအပ်တယ်လို့ ပြောလဲ။
အိမ်မှာ ဘယ်လိုဆက်ပြီး support လုပ်ပေးရမလဲ။

ဒါတွေကို မိဘက သိနေဖို့လိုပါတယ်။

ကျောင်းအပ်လိုက်ရုံနဲ့ ပညာရေးတာဝန်ပြီးသွားတာ မဟုတ်ပါဘူး။

တချို့မိဘတွေက—

“ကလေးကို ကျောင်းအပ်ပြီးပြီ။
စာတတ်အောင် သင်ပေးဖို့က ဆရာ့တာဝန်ပဲ”

လို့ ယူဆတတ်ကြပါတယ်။

တကယ်တော့ Teacher က လမ်းညွှန်ပေးသူပါ။
Learning process ထဲမှာ ကလေးနဲ့ မိဘကလည်း ပါဝင်ဖို့လိုပါတယ်။

ဆရာက ဘယ်လောက်ကောင်းကောင်း သင်ပေးနေပါစေ၊
ကလေးက မလိုက်နိုင်ဘူး၊ မလေ့ကျင့်ဘူး၊ အိမ်မှာ support မရဘူးဆိုရင် ကလေးရဲ့ progress က အကန့်အသတ်ရှိပါတယ်။

အိမ်က Learning Environment ကလည်း အရေးကြီးပါတယ်။

အထူးသဖြင့် Online Learning ဖြစ်ရင် ပိုသိသာပါတယ်။

ကလေးစာသင်နေတဲ့အချိန်မှာ

ဘေးနားက လူကြီးတွေ စကားဝိုင်းဖွဲ့ပြောနေတယ်။
TV ဖွင့်ထားတယ်။
ဖုန်းနဲ့ Game ဆော့နေတယ်။
တစ်ယောက်ယောက်က ခဏခဏ လာခေါ်တယ်။

ဒီလိုအခြေအနေမှာ ကလေးကို

“စာမကြိုးစားဘူး”
“အာရုံမစိုက်ဘူး”

လို့ပဲ အပြစ်တင်လို့မရပါဘူး။

စာသင်တယ်ဆိုတာ ဦးနှောက်ကို အာရုံစူးစိုက်ပြီး အလုပ်လုပ်ခိုင်းနေရတာ ဖြစ်ပါတယ်။

ဒါကြောင့် ကလေးစာသင်နေချိန်မှာ တတ်နိုင်သလောက်

“သား/သမီး စာသင်နေတယ်။ ခဏလေး မနှောင့်ယှက်ကြနဲ့နော်”

ဆိုပြီး မိသားစုကပါ Learning Environment ကို ကူညီပေးနိုင်ရင် ကလေးအတွက် အရမ်းကောင်းပါတယ်။

အဲဒီလိုလုပ်ပေးခြင်းကလည်း

“ငါ့ပညာရေးကို မိဘက အရေးကြီးတယ်လို့ သတ်မှတ်ထားတယ်”

ဆိုတဲ့ message ကို ကလေးစိတ်ထဲ ပေးနေခြင်းပါပဲ။

Game / Screen Time ရှိတဲ့ကလေးတွေမှာတော့ ပိုပြီး သတိထားဖို့လိုပါတယ်။

စာသင်နေတဲ့အချိန်မှာ Game ဆော့နေသလား၊
Class ကို တကယ်လိုက်နားထောင်နေသလား၊
Assignment တွေ လုပ်ရဲ့လား

မိဘက လိုအပ်သလောက် monitor လုပ်ပေးဖို့လိုပါတယ်။

Monitor လုပ်တယ်ဆိုတာ ကလေးကို တစ်ချိန်လုံး ဖိအားပေးတာမဟုတ်ပါဘူး။

ကလေးရဲ့ Learning Routine ကို တည်ငြိမ်အောင် ကူညီပေးတာပါ။

ကျောင်းကို ခဏခဏပြောင်းတာကလည်း အဖြေမဟုတ်ပါဘူး။

တချို့ကလေးတွေမှာ—

ကျောင်းတစ်ကျောင်း မကြိုက်ဘူးဆို ပြောင်းတယ်။
Teacher မကြိုက်ဘူးဆို ပြောင်းတယ်။
စာခက်လာရင် ပြောင်းတယ်။

ဒီလိုနဲ့ ကျောင်းတွေ တစ်ကျောင်းပြီးတစ်ကျောင်း ပြောင်းလာပေမယ့်—

“ပိုးသာကုန် မောင်ပုံ စောင်းမတတ်”

ဖြစ်သွားတာမျိုးလည်း ရှိပါတယ်။

ကျောင်းပြောင်းရမယ့် အခြေအနေတွေ ရှိပါတယ်။
ဒါပေမယ့် ကလေးရဲ့ ခဏတာမကြိုက်မှုတိုင်းကို အခြေခံပြီး ဆုံးဖြတ်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

ကလေးရဲ့ အခက်အခဲကို နားလည်ဖို့၊
ကျောင်းနဲ့ ဆွေးနွေးဖို့၊
လိုအပ်ရင် Teaching Approach ပြောင်းဖို့—

Parent + Teacher ပူးပေါင်းဆွေးနွေးမှုက ပထမဆုံးအဆင့် ဖြစ်သင့်ပါတယ်။



ဆုတံဆိပ်နဲ့ စာတတ်မှုကိုလဲ မရောထွေးစေချင်ပါဘူး။

ကလေးတစ်ယောက်ရဲ့ တကယ့် Learning Progress ကို School Exam တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။

Marks, Certificates, Awards တွေက motivation ပေးနိုင်ပါတယ်။

ဒါပေမယ့် မိဘအနေနဲ့ ပိုသိချင်သင့်တာက—

“ငါ့ကလေး တကယ်တတ်လာပြီလား?”

ဆိုတာပါ။

သင်ယူထားတာကို အသုံးချနိုင်လား။
နားလည်ပြီး ကိုယ်ပိုင်စကားနဲ့ ပြန်ပြောနိုင်လား။
Problem အသစ်တွေကို ဖြေရှင်းနိုင်လား။
Reading, Writing, Listening, Speaking စတဲ့ skills တွေ တကယ်တိုးတက်လာလား။

ဒါတွေကိုပါ ကြည့်ဖို့လိုပါတယ်။



ကလေးပညာရေးက ကျောင်းတစ်ခုတည်းရဲ့ တာဝန်မဟုတ်ပါဘူး။

School က လမ်းပြပေးတယ်။
Teacher က သင်ကြားပေးတယ်။
Parent က support ပေးတယ်။
Child က ကိုယ်တိုင် ကြိုးစားတယ်။

ဒီလေးခု ပေါင်းစပ်တဲ့အခါမှ Learning က ပိုပြီး အားကောင်းလာပါတယ်။

ကျွန်မတို့ Better Future မှာလည်း ကလေးတိုင်းကို သေချာဂရုစိုက်နိုင်ဖို့ Class Size ကို အများကြီးမထားဘဲ လက်ခံသင်ကြားပေးဖို့ အာရုံစိုက်ထားပါတယ်။

ကလေးတစ်ယောက် ကျောင်းမတက်တာ၊ ကျောင်းပျက်တာမျိုးကအစ မိဘကို အကြောင်းကြားပေးပါတယ်။

ဘာကြောင့်လဲဆိုတော့—

ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ School နဲ့ Parent က တစ်ဖက်စီ ရပ်နေဖို့မဟုတ်ဘဲ တစ်ဖက်နဲ့တစ်ဖက် လက်တွဲထားဖို့လိုလို့ပါ။ 🤝

ကလေးတစ်ယောက် အောင်မြင်ဖို့ဆိုတာ ကျောင်းကောင်းတစ်ကျောင်း ရွေးပေးလိုက်တာထက်၊ သူ့ပညာရေးကို အတူတူ တာဝန်ယူပေးနိုင်တဲ့ လူကြီးတွေ ရှိနေတာက ပိုအရေးကြီးပါတယ်။ 🌱

Better Future English Centre

YLE ကို မြန်မြန်ပြီးဖို့ထက်… ခိုင်ခိုင်မာမာ တက်သွားဖို့က ပိုအရေးကြီးပါတယ်။ 🌱မြန်မာကျောင်းတက်နေတဲ့ ကလေးတွေ English ကို Ca...
11/08/2026

YLE ကို မြန်မြန်ပြီးဖို့ထက်… ခိုင်ခိုင်မာမာ တက်သွားဖို့က ပိုအရေးကြီးပါတယ်။ 🌱

မြန်မာကျောင်းတက်နေတဲ့ ကလေးတွေ English ကို Cambridge pathway နဲ့ ဆက်လက်လေ့လာမယ်ဆိုရင် တချို့မိဘတွေအနေနဲ့ မကြာခဏ စိုးရိမ်တတ်ကြတာတစ်ခုရှိပါတယ်။

“သူများက အသက် ၉ နှစ်နဲ့ KET ရောက်နေပြီ။ ကိုယ့်ကလေးက ဘာလို့ မရောက်သေးတာလဲ?”

“အသက်ငယ်ငယ်နဲ့ PET/FCE ရောက်မှ ကောင်းတာမဟုတ်ဘူးလား?”

တကယ်တော့ Language Learning မှာ မြန်မြန်ရောက်တာနဲ့ အကောင်းဆုံးဖြစ်တာ မတူပါဘူး။

အထူးသဖြင့် မြန်မာကျောင်းရဲ့ ပုံမှန်ပညာရေးနဲ့အတူ English ကို ထပ်မံလေ့လာနေတဲ့ ကလေးတွေအတွက်တော့ အရှိန်ထက် Balance နဲ့ Foundation က ပိုအရေးကြီးပါတယ်။

YLE ဆိုတာ Level တွေကို အမြန်ကျော်ဖို့အတွက် မဟုတ်ပါဘူး။

Starters → Movers → Flyers ဆိုတဲ့ YLE pathway မှာ ကလေးတွေရဲ့ အသက်၊ အတွေ့အကြုံနဲ့ Language Development ကို တဖြည်းဖြည်း တည်ဆောက်ပေးနိုင်ဖို့ အရေးကြီးပါတယ်။

ဒီအဆင့်တွေမှာ—

👂 Listening
🗣️ Speaking
📖 Reading
✍️ Writing
📚 Vocabulary
🔤 Grammar & Accuracy

တွေကို တစ်ဆင့်ချင်း ခိုင်မာအောင် တည်ဆောက်ပေးရပါတယ်။

တစ်ဆင့်ကို ကျော်တက်သွားတာထက် တစ်ဆင့်ချင်းစီမှာ ရှိသင့်တဲ့ Language Skills တွေ ပြည့်ပြည့်ဝဝ ရှိလာတာက ပိုအရေးကြီးပါတယ်။

အသက် ၉ နှစ်မှာ KET ပြီးတာ မကောင်းဘူးလား?

မဟုတ်ပါဘူး။

ကလေးရဲ့ Language Ability က အဲဒီအဆင့်အတွက် တကယ်အဆင်သင့်ဖြစ်ပြီး၊ Reading, Writing, Speaking, Listening အားလုံးကို သဘာဝကျကျ အသုံးချနိုင်တယ်ဆိုရင် အရမ်းကောင်းပါတယ်။

ဒါပေမယ့်…

Exam Level ကို အမြန်ရောက်ဖို့အတွက် ကလေးရဲ့ Language Foundation ကို ကျော်ပြီး တွန်းတင်တာမျိုးတော့ မဖြစ်သင့်ပါဘူး။

ဘာကြောင့်လဲဆိုတော့…

KET ကနေ PET၊ PET ကနေ FCE၊ FCE ကနေ CAE တက်လာတဲ့အခါ Language Demand က တဖြည်းဖြည်း မြင့်လာပါတယ်။

Vocabulary ပိုနက်လာတယ်။

Reading Text တွေ ပိုရှုပ်ထွေးလာတယ်။

Writing မှာ Accuracy နဲ့ Organisation ပိုလိုလာတယ်။

Speaking မှာ Ideas ကို Develop လုပ်နိုင်ဖို့ လိုလာတယ်။

Critical Thinking နဲ့ Abstract Ideas တွေကိုပါ ကိုင်တွယ်လာရပါတယ်။

အဲဒီအချိန်မှာ Foundation မခိုင်ဘဲ Level ကိုသာ အမြန်တက်လာခဲ့တဲ့ ကလေးတွေက ရုတ်တရက် အခက်အခဲတွေ့လာနိုင်ပါတယ်။

“လှေကားကို မြန်မြန်တက်ဖို့ထက် ခြေလှမ်းတိုင်းကို ခိုင်ခိုင်မာမာ နင်းဖို့လိုပါတယ်။”

မြန်မာကျောင်းတက်ရင်း English ကို Cambridge pathway နဲ့ လေ့လာနေတဲ့ ကလေးတွေအတွက်—

Slow doesn’t mean behind.

Steady doesn’t mean weak.

တဖြည်းဖြည်းနဲ့ မှန်မှန်တက်လာတာဟာ နောက်ကျနေတာ မဟုတ်ပါဘူး။

တကယ်တော့ Grade 12 မတိုင်ခင် FCE Level အထိ ရောက်ပြီး English ကို Academic နဲ့ Real-life Communication နှစ်ခုလုံးမှာ အသုံးချနိုင်နေပြီဆိုရင် အလွန်ကောင်းမွန်တဲ့ Foundation တစ်ခု ဖြစ်နေပါပြီ။

နောက်ပိုင်းမှာ IELTS, CAE, University English နဲ့ Academic Writing တွေကို ဆက်တက်ဖို့လည်း အထောက်အကူအများကြီး ဖြစ်စေပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့…

“ဘယ်အသက်မှာ ဘယ် Level ရောက်ရမလဲ?” ဆိုတာထက်

“အခုရောက်နေတဲ့ Level ကို တကယ်ပိုင်နိုင်ပြီလား?”

“English ကို တကယ်အသုံးချနိုင်ပြီလား?”

“Reading, Writing, Listening, Speaking လေးခုလုံး Balance ဖြစ်ရဲ့လား?”

ဆိုတာကို ပိုကြည့်စေချင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ English Learning Journey ကို တခြားကလေးနဲ့ ယှဉ်ပြီး အရှိန်မြှင့်ဖို့ မလိုပါဘူး။

သူ့အသက်၊ သူ့အခြေအနေ၊ သူ့ကျောင်းပညာရေးနဲ့ သူ့ရဲ့ Language Ability ကိုကြည့်ပြီး မှန်ကန်တဲ့ Pace နဲ့ သွားနိုင်ဖို့က ပိုအရေးကြီးပါတယ်။

Our goal is not to get children to the next level as early as possible.

Our goal is to make them ready for the next level. 🌱

အမြန်ရောက်ဖို့ထက် ခိုင်မာစွာရောက်ဖို့။
Certificate ရဖို့ထက် Language Skill ရဖို့။
Level ကျော်ဖို့ထက် Foundation ခိုင်ဖို့။

ဒါက ရေရှည်မှာ ကလေးတွေအတွက် ပိုတန်ဖိုးရှိတဲ့ English Education ဖြစ်ပါတယ်။ 💙

Better Future English Centre
Building Strong Foundations for Better Futures.

📣📣 အတန်းပုံမှန်တက်ရောက်ရေးနှင့် ခွင့်တိုင်ကြားခြင်းဆိုင်ရာ မိဘများအား မေတ္တာရပ်ခံခြင်းဖေဖေ၊ မေမေတို့ရှင့်…ကလေးများရဲ့ သင...
09/08/2026

📣📣 အတန်းပုံမှန်တက်ရောက်ရေးနှင့် ခွင့်တိုင်ကြားခြင်းဆိုင်ရာ မိဘများအား မေတ္တာရပ်ခံခြင်း

ဖေဖေ၊ မေမေတို့ရှင့်…

ကလေးများရဲ့ သင်ယူမှုတိုးတက်ရေးအတွက် အတန်းပုံမှန်တက်ရောက်ခြင်းက အလွန်အရေးကြီးတာကြောင့် မိဘများအနေနဲ့ အတန်းပျက်ရက်များကို အထူးဂရုပြုပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ကလေးနေမကောင်းဖြစ်ခြင်း၊ ကျန်းမာရေးအခြေအနေကြောင့် မဖြစ်မနေ အတန်းပျက်ရခြင်းမျိုးကို ကျွန်မတို့အနေနဲ့ အပြည့်အဝ နားလည်ပေးပါတယ်။

သို့သော် ကျန်းမာရေးနှင့် မသက်ဆိုင်ဘဲ အကြောင်းအမျိုးမျိုးကြောင့် မကြာခဏ အတန်းပျက်ခြင်း၊ ခွင့်ကြိုတင်မတိုင်ကြားခြင်း များကိုတော့ သင်ကြားရေးအတွက် အခက်အခဲဖြစ်စေပါတယ်။

အထူးသဖြင့် ကလေးအတန်းမလာတဲ့အခါ မိဘဘက်မှ ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ Teacher ကိုယ်တိုင်က “ဘာကြောင့်မလာတာလဲ” ဟု လိုက်လံမေးမြန်းနေရခြင်း မျိုး မဖြစ်စေလိုပါ။

တစ်ခါတစ်ရံမှာလည်း—

“မေ့သွားလို့ အဘွားအိမ်မှာ Game ဆော့နေတာပါ။”

“အပြင်သွားလိုက်လို့ မလာဖြစ်တာပါ။”

စသဖြင့် အတန်းတက်ရောက်ခြင်းကို အရေးမကြီးသလို သဘောထားမိတဲ့ အခြေအနေများကိုလည်း တွေ့ရပါတယ်။

ကလေးတစ်ယောက်ကို စည်းကမ်းရှိရှိ နေထိုင်တတ်အောင် သင်ပေးခြင်းဟာ ပညာရေးရဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။

ကျွန်မတို့ဘက်ကတော့ ကလေးတွေ စာမလွတ်စေချင်တဲ့ စေတနာနဲ့ အတန်းပျက်သွားတဲ့အခါ လွတ်သွားတဲ့စာတွေကို ပြန်လည်ရှင်းပြပေးခြင်း၊ လေ့ကျင့်ခန်းတွေ ပြန်လုပ်ပေးခြင်း တွေကို အမြဲတမ်း တတ်နိုင်သမျှ ကူညီပေးခဲ့ပါတယ်။

ဒါပေမယ့် အတန်းပုံမှန်တက်ရောက်ပြီး စည်းကမ်းလိုက်နာနေတဲ့ ကလေးများအပေါ်မှာလည်း တရားမျှတမှုရှိဖို့ လိုအပ်ပါတယ်။

ထို့ကြောင့် ယခုမှစ၍—

🔹 အကြောင်းပြချက်မရှိဘဲ မကြာခဏ အတန်းပျက်ခြင်း

🔹 အတန်းပျက်မည်ကို ကြိုတင်ခွင့်မတိုင်ကြားခြင်း

🔹 Teacher ဘက်မှ အတန်းပျက်ခြင်းအကြောင်း လိုက်လံမေးမြန်းနေရခြင်း

စသည့် အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေပါက ပျက်သွားသောအတန်းများအတွက် လွတ်သွားသည့်စာများကို တစ်ဦးချင်း ပြန်လည်သင်ကြားပေးနိုင်တော့မည် မဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။

ထို့အပြင် ကြိုတင်ခွင့်မတိုင်ဘဲ အတန်းပျက်ခြင်း ၃ ကြိမ်ထက် ကျော်လွန်ပါက သင်တန်းစည်းကမ်းအရ ကျောင်းသား/သူအား သင်တန်းမှ ရပ်နား/ထုတ်ပယ်ရမည့် အခြေအနေရှိနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။

ဒါဟာ ကလေးတွေကို မုန်းလို့၊ အပြစ်ပေးချင်လို့ ပြောတာ မဟုတ်ပါဘူး။

ကလေးတွေ စာပုံမှန်တက်၊ စာပုံမှန်လုပ်ပြီး တကယ်နားလည်တတ်မြောက်စေချင်တဲ့ စေတနာနဲ့ သင်ကြားရေးအရ လိုအပ်လို့ သတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။

တစ်ရက်အတန်းပျက်တိုင်း သင်ခန်းစာတစ်ခု လွတ်သွားနိုင်သလို၊ အဲဒီလွတ်သွားတဲ့ အကြောင်းအရာက နောက်သင်ခန်းစာတွေအတွက်ပါ အခက်အခဲဖြစ်လာနိုင်ပါတယ်။

ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ မိဘ၊ ဆရာ/ဆရာမနဲ့ ကလေး — သုံးဦးလုံး ပူးပေါင်းမှသာ အကောင်းဆုံးရလဒ်ကို ရနိုင်မှာ ဖြစ်ပါတယ်။ 💙

ထို့ကြောင့် ဖေဖေ၊ မေမေတို့အနေနဲ့ အတန်းပုံမှန်တက်ရောက်ခြင်းနှင့် ခွင့်ကြိုတင်တိုင်ကြားခြင်း တို့ကို အထူးဂရုပြုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

နားလည်ပေးပြီး ပူးပေါင်းပေးကြမယ့် ဖေဖေ၊ မေမေတိုင်းကို အထူးကျေးဇူးတင်ပါတယ်။ 🙏💙

Better Future English Centre

Learning with Discipline
Growing with Confidence.

🏆 “ဆုရရင် ဝယ်ပေးမယ်…” ဆိုတဲ့ စကားက ကလေးကို တကယ်ပဲ ပိုကြိုးစားစေသလား?“စာမေးပွဲမှာ အမှတ်ကောင်းရရင် ဖုန်းဝယ်ပေးမယ်။”“ဆုရရင်...
30/07/2026

🏆 “ဆုရရင် ဝယ်ပေးမယ်…” ဆိုတဲ့ စကားက ကလေးကို တကယ်ပဲ ပိုကြိုးစားစေသလား?

“စာမေးပွဲမှာ အမှတ်ကောင်းရရင် ဖုန်းဝယ်ပေးမယ်။”
“ဆုရရင် အရုပ်ဝယ်ပေးမယ်။”
“ပထမရရင် ခရီးထွက်ပေးမယ်။”

ဒီလို စကားတွေကို မိဘတော်တော်များများ ပြောဖူးကြမှာပါ။

ဆုချတာ မမှားပါဘူး။
ဒါပေမယ့်…
ကလေးက “ဆု” အတွက်ပဲ ကြိုးစားတဲ့အလေ့အကျင့် ဖြစ်သွားရင်တော့ သတိထားဖို့ လိုပါတယ်။

🧠 ပညာရေးနဲ့ စိတ်ပညာသုတေသနတွေက Motivation ကို နှစ်မျိုးခွဲထားပါတယ်။

📌 Extrinsic Motivation
အပြင်က ဆု၊ ချီးကျူးမှု၊ လက်ဆောင်ကြောင့် လုပ်တာ။

📌 Intrinsic Motivation
သိချင်လို့…
တိုးတက်ချင်လို့…
လုပ်ရတာ ပျော်လို့…
ကိုယ်တိုင် သင်ယူချင်လို့ လုပ်တာ။

ရေရှည်အောင်မြင်တဲ့ ကလေးတွေမှာ အရေးကြီးတာက Intrinsic Motivation ပါ။

ကလေးက ဆုရတဲ့အခါ ဦးနှောက်က ပျော်ရွှင်စေတဲ့ dopamine ကို ထုတ်ပေးပါတယ်။
ဒါပေမယ့် ဆုနဲ့ပဲ အမြဲလှုံ့ဆော်ခံရတဲ့ ကလေး က တဖြည်းဖြည်း…
“ဆုမရှိရင် ဘာလို့ လုပ်ရမှာလဲ?”
ဆိုတဲ့ အတွေးမျိုး ရလာနိုင်ပါတယ်။

အဲဒီအခါ…
❌ ဆုမရှိရင် မကြိုးစားတော့ဘူး။
❌ ချီးကျူးမှုမရှိရင် စိတ်မဝင်စားတော့ဘူး။
❌ ရလဒ်ကိုပဲ ချစ်ပြီး သင်ယူခြင်းကို မချစ်တော့ဘူး။

💙 Early Childhood မှာ ကျွန်မတို့ အလိုချင်ဆုံးက…
“Love of Learning”
ကလေးက…
📚 စာဖတ်ရတာကို ချစ်ရမယ်။
❓ မေးခွန်းမေးရတာကို ပျော်ရမယ်။
🔍 အသစ်တွေကို ရှာဖွေချင်ရမယ်။
🌱 အမှားကနေ သင်ယူနိုင်ရမယ်။

ဒီစိတ်ဓာတ်တွေက ဘဝတစ်လျှောက် အတူလိုက်ပါမယ့် စွမ်းရည်တွေပါ။

ဒါဆို ဆုမပေးရဘူးလား?
ပေးလို့ရပါတယ်။
ဒါပေမယ့် ဆုကို အဓိက မလုပ်ပါနဲ့။

အဲ့ဒါအစား…
✅ “မနေ့ကထက် ပိုကြိုးစားခဲ့တာကို သဘောကျတယ်။”
✅ “အဖြေမှားပေမယ့် လက်မလျှော့ဘဲ ဆက်စဉ်းစားခဲ့တာ အရမ်းကောင်းတယ်။”
✅ “သိချင်စိတ်လေးက အရမ်းကောင်းတယ်။”
လို့ ကြိုးစားမှု၊ ဇွဲ၊ သိချင်စိတ်နဲ့ တိုးတက်မှုကို အသိအမှတ်ပြုပေးပါ။

ကျွန်မတို့ ပျိုးထောင်ချင်တာက…
🏆 ဆုကို လိုက်တဲ့ကလေး မဟုတ်ဘူး။
❤️ သင်ယူခြင်းကို ချစ်တဲ့ ကလေးပါ။

အဲဒီကလေးကပဲ ဆုရှိရှိ၊ မရှိရှိ ဘဝတစ်လျှောက် ဆက်လေ့လာမယ်၊ ဆက်ကြိုးစားမယ်၊ ဆက်တိုးတက်မယ်။

အဲဒါက ကလေးကို ပေးနိုင်တဲ့ အဖိုးတန်ဆုံး လက်ဆောင်ပါ။ 🌱💙

🏆 Outstanding Cambridge English Movers Results 2026 🏆⭐ Movers ဝင်ရောက်ဖြေဆိုသူ 21 ယောက်တွင်🥇 Full Shields (15/15) - 17 ယ...
25/07/2026

🏆 Outstanding Cambridge English Movers Results 2026 🏆

⭐ Movers ဝင်ရောက်ဖြေဆိုသူ 21 ယောက်တွင်

🥇 Full Shields (15/15) - 17 ယောက်
🥈 14 Shields (14/15) - 4 ယောက်
ဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ကြပါသည်။

🌟 Cambridge English Movers Examination 2026 တွင် Full Shields (15/15) အပြည့်ဖြင့် အောင်မြင်ခဲ့ကြတဲ့ သားသား မီးမီးများရော (14 shields) ရခဲ့ကြသော သားသား မီးမီးများရောအားလုံးကို အထူးဂုဏ်ပြုပါတယ်။ 👏🎉

Better Future English Centre မှာတော့ စာမေးပွဲရလဒ်ကောင်းတွေ ရရှိစေရုံသာမက၊ အင်္ဂလိပ်ဘာသာစကားကို ယုံကြည်မှုရှိရှိ အသုံးချနိုင်ပြီး Cambridge အဆင့်မြင့်တန်းများ (Flyers, KET, PET) အထိ ဆက်လက်တက်လှမ်းနိုင်မယ့် Strong Foundation ကို တည်ဆောက်ပေးနေပါတယ်။

💙 Congratulations to our Full Shields Movers students!

Every shield is a reward for effort, and every achievement is a step toward a brighter future. 🌟

🏆 Outstanding Cambridge English Starters Results 2026 🏆⭐ Starters ဝင်ရောက်ဖြေဆိုသူ 22 ယောက်တွင်🥇 Full Shields (15/15) - ...
25/07/2026

🏆 Outstanding Cambridge English Starters Results 2026 🏆

⭐ Starters ဝင်ရောက်ဖြေဆိုသူ 22 ယောက်တွင်

🥇 Full Shields (15/15) - 20 ယောက်
🥈 14 Shields (14/15) - 2 ယောက်
ဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ခဲ့ကြပါသည်။

ဒီရလဒ်ဟာ ကလေးတွေရဲ့ ကြိုးစားအားထုတ်မှု၊ မိဘများရဲ့ ယုံကြည်အားပေးမှုနဲ့ ဆရာမများရဲ့ စနစ်တကျ သင်ကြားလေ့ကျင့်ပေးမှုတို့ရဲ့ အကောင်းဆုံး အကျိုးရလဒ် ဖြစ်ပါတယ်။

Better Future English Centre မှာတော့ စာမေးပွဲအတွက်သာ မဟုတ်ဘဲ English ကို နားလည်စွာ အသုံးချနိုင်ပြီး အဆင့်မြင့် Cambridge Exams တွေအထိ ဆက်လက်တက်လှမ်းနိုင်မယ့် ခိုင်မာတဲ့ Foundation ကို တည်ဆောက်ပေးနေပါတယ်။

ဒီနေ့ရဲ့ 5 Shields ဟာ အဆုံးမဟုတ်ပါဘူး။
ဒါဟာ Movers, Flyers, KET, PET နဲ့ အနာဂတ် Academic Success တွေအတွက် ခိုင်မာတဲ့ ပထမခြေလှမ်းပဲ ဖြစ်ပါတယ်။

🌟 Congratulations to all our Starters candidates on achieving Full Shields (15/15)!
We are incredibly proud of your hard work and success.

မိဘများ၏ ယုံကြည်မှုအတွက် အထူးကျေးဇူးတင်ရှိပြီး ကလေးများ၏ အနာဂတ်အောင်မြင်မှုများအတွက် Better Future English Centre က အမြဲတမ်း အကောင်းဆုံး လက်တွဲပံ့ပိုးပေးသွားပါမည်။ 💙

“အထက်တန်းရောက်မှ English စသင်မယ်ဆိုတာ… အိမ်ဆောက်ပြီးမှ အုတ်မြစ်လောင်းမယ်ဆိုတာနဲ့ တူပါတယ်။”အဆောက်အဦးတစ်လုံး ဆောက်တဲ့အခါ အ...
24/07/2026

“အထက်တန်းရောက်မှ English စသင်မယ်ဆိုတာ… အိမ်ဆောက်ပြီးမှ အုတ်မြစ်လောင်းမယ်ဆိုတာနဲ့ တူပါတယ်။”

အဆောက်အဦးတစ်လုံး ဆောက်တဲ့အခါ အပေါ်ထပ်တွေထက် အုတ်မြစ်က ပိုအရေးကြီးသလို၊ ကလေးတစ်ယောက်ရဲ့ ပညာရေးမှာလည်း Early Years က အရေးအကြီးဆုံး အခြေခံအုတ်မြစ်ပါ။

အသက် 0–5 နှစ် အတွင်းမှာ ဦးနှောက်ဖွံ့ဖြိုးမှုက အလွန်လျင်မြန်ပါတယ်။

ဒီအချိန်မှာ ကလေးတွေ သင်ယူနေတာက…

📚 စာရေး၊ စာဖတ် သက်သက် မဟုတ်ပါဘူး။

သူတို့ သင်ယူနေတာက…

🧠 အာရုံစူးစိုက်တတ်ခြင်း

🗣️ ဘာသာစကားအသုံးပြုခြင်း

🤝 လူမှုဆက်ဆံရေး

💛 စိတ်ခံစားချက်ထိန်းညှိခြင်း

🎯 ပြဿနာဖြေရှင်းတတ်ခြင်း

✨ သိချင်စိတ်နဲ့ သင်ယူချင်စိတ်

ဒီစွမ်းရည်တွေက နောင် Grade 1၊ Grade 5၊ Grade 12 နဲ့ တက္ကသိုလ်အထိ ဆက်လက်အသုံးဝင်နေမယ့် အခြေခံစွမ်းရည်တွေ ဖြစ်ပါတယ်။

ဒါကြောင့်…

အထက်တန်းရောက်မှ ကျောင်းကောင်းထားတာထက်၊ Early Years ကတည်းက မှန်ကန်တဲ့ သင်ယူမှုပတ်ဝန်းကျင်၊ ကောင်းမွန်တဲ့ အလေ့အကျင့်နဲ့ ခိုင်မာတဲ့ Foundation ကို တည်ဆောက်ပေးတာက ပိုအရေးကြီးပါတယ်။

Foundation ကောင်းတဲ့အိမ်က အပေါ်ထပ်တွေကို ပိုလုံခြုံအောင် ဆောက်လို့ရသလို…

Foundation ကောင်းတဲ့ ကလေးကလည်း နောက်ပိုင်း သင်ယူမှုအသစ်တွေကို ပိုလွယ်ကူစွာ လက်ခံနိုင်ပါတယ်။

ထိုနည်းတူ ခိုင်မာတဲ့ English Foundation ကလဲ Early Years ကတည်းက စတင်တည်ဆောက်ရပါတယ်။ 💙

Early Years ဟာ ဘဝတစ်လျှောက် သင်ယူနိုင်စွမ်းကို တည်ဆောက်ပေးတဲ့ အရေးကြီးဆုံးအချိန်ပါ။

Better Future English Centre မှာတော့ ကျွန်မတို့ ယုံကြည်တာက…

“Strong Foundations Build Bright Futures.”
“English is not just a school subject. It’s a language.”

ဒါကြောင့် English ကို စာမေးပွဲအတွက် မဟုတ်ဘဲ၊ ဘဝတစ်လျှောက် အသုံးချနိုင်တဲ့ ဘာသာစကားတစ်ခုအဖြစ် တည်ဆောက်ပေးနေပါတယ်။


“Writing သင်တာက Grammar သင်တာထက် ပိုခက်ပါတယ်။” ✍️တကယ်တော့…Writing ဟာ Language Skills (4 Skills) ထဲမှာ သင်ရ၊ သင်ယူရ အခက်ခ...
21/07/2026

“Writing သင်တာက Grammar သင်တာထက် ပိုခက်ပါတယ်။” ✍️

တကယ်တော့…
Writing ဟာ Language Skills (4 Skills) ထဲမှာ သင်ရ၊ သင်ယူရ အခက်ခဲဆုံး Skill တစ်ခုပါ။

ဘာကြောင့်လဲ?
Writing က Speaking ကို စာရေးချလိုက်တာ မဟုတ်ပါဘူး။

စကားပြောတဲ့အခါ…
လက်ဟန်၊ မျက်နှာအမူအရာ၊ အသံအနိမ့်အမြင့်၊ Context တွေက အဓိပ္ပာယ်ကို ကူညီပေးပါတယ်။

ဒါပေမယ့်…
စာရေးတဲ့အခါတော့…
စာလုံးတွေပဲ ရှိပါတယ်။

ဒါကြောင့်…
✅ Grammar မှန်ရမယ်။
✅ Vocabulary သင့်တော်ရမယ်။
✅ Sentence Structure ရှင်းရမယ်။
✅ Ideas တွေကို Logical Order နဲ့ တည်ဆောက်တတ်ရမယ်။
✅ Audience နဲ့ Writing Purpose ကို နားလည်ရမယ်။

ဒီအရာတွေ အားလုံးကို တစ်ပြိုင်တည်း အသုံးချနိုင်မှ Writing ကောင်းတစ်ပုဒ် ဖြစ်လာပါတယ်။

ခုခေတ်ကလေးတွေမှာ တွေ့ရတဲ့ Writing Challenge တစ်ခု…

YouTube၊ TikTok၊ Cartoons နဲ့ Short Videos တွေကို အများကြီး ကြည့်လာတဲ့အတွက်…

ကလေးတွေက Dialogue Style ကို ပိုရင်းနှီးလာကြပါတယ်။

ဥပမာ…
“Hey! Come here!”
“Really?”
“Let’s go!”

ဒီလို Spoken Language တွေကို Writing ထဲမှာ တိုက်ရိုက်ထည့်ရေးလာတာတွေ တွေ့ရပါတယ်။

ဒါပေမယ့်…
Narrative Writing၊ Descriptive Writing၊ Exam Writing တွေမှာတော့…

စာရေးတဲ့ပုံစံ (Written Language) နဲ့ ရေးတတ်ဖို့ လိုပါတယ်။ (Spoken Language) နဲ့ရေးလို့မရပါဘူး။

ဒါကြောင့် ဆရာ၊ ဆရာမတွေက…

“ဒီစာကြောင်းမှားတယ်” လို့ ပြင်ပေးတာ မဟုတ်ဘဲ…

Spoken English နဲ့ Written English ရဲ့ ကွာခြားချက်ကိုပါ သင်ပေးနေရတာ ဖြစ်ပါတယ်။

Writing ကို သင်ဖို့ အရေးကြီးဆုံးက…
စာမသင်ခင် ကလေးကို သိဖို့ပါ။

ကလေးတိုင်းကို တူညီတဲ့ Teaching Method နဲ့ မသင်နိုင်ပါဘူး။

တချို့က…
📚 စာဖတ်တာ များတဲ့ကလေး။

တချို့က…
🎥 Video ကြည့်တာ များတဲ့ကလေး။

တချို့က…
💬 စကားပြောကောင်းပေမယ့် စာမရေးတတ်သေးတဲ့ကလေး။

တချို့က…
💭 Idea ကောင်းပေမယ့် Sentence မတည်ဆောက်တတ်သေးတဲ့ကလေး။

ဒီကွာခြားချက်တွေကို နားလည်မှ…

သင့်တော်တဲ့ Teaching Approach ကို ရွေးချယ်နိုင်မှာပါ။

ကျွန်မရဲ့စာသင်နှစ် 11နှစ်ကျော် အတွေ့အကြုံအရ Flyers ကနေ KET ကို ကူးတဲ့အချိန်က Writing မှာ အခက်ခဲဆုံး Transition ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Guided Writing ကနေ Independent Writing ကို ပြောင်းသွားပြီး၊ Accuracy၊ Organization နဲ့ Idea Development ကို တစ်ပြိုင်တည်း အသုံးချရလို့ ဖြစ်ပါတယ်။

Better Future မှာ ကျွန်မတို့ သင်တဲ့အခါ

ဥပမာ KET Writing မှာ 100 words ရေးရမယ်ဆိုရင်…

* 100 words ရေးပြီးမှားတာများတဲ့ essay ထက်
* 90–100 words လောက်ပဲ ဖြစ်ပေမယ့် Grammar၊ Vocabulary၊ Spelling၊ Punctuation မှန်တဲ့ essay က ပိုကောင်းပါတယ်။

ဒါကြောင့် ကလေးတွေကို

“အရင်ဆုံး မှန်အောင်ရေး၊ ပြီးမှ ရှည်အောင်ရေး”

ဆိုတဲ့ အလေ့အကျင့်ကို တည်ဆောက်ပေးသင့်ပါတယ်။

“Writing isn’t about writing more. It’s about writing accurately.”

Writing က အလွတ်ကျက်လို့ မရတဲ့ Skill ပါ။

အချိန်၊ လေ့ကျင့်မှု၊ Feedback နဲ့ မှန်ကန်တဲ့ Teaching Approach တွေ ပေါင်းစပ်မှသာ တကယ်တိုးတက်လာနိုင်မှာပါ။ 💙

📚 Better Future English Centre မှာ Attendance ကို ဘာကြောင့် အလေးထားရတာလဲ?Better Future English Centre မှာ ကျောင်းသား/သူတ...
17/07/2026

📚 Better Future English Centre မှာ Attendance ကို ဘာကြောင့် အလေးထားရတာလဲ?

Better Future English Centre မှာ ကျောင်းသား/သူတိုင်းကို စာတကယ်တတ်မြောက်စေချင်တဲ့ စေတနာ နဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။

ဒါကြောင့် Attendance, Homework နဲ့ Learning Progress ကို ဆရာမတွေက မလွတ်တမ်း စနစ်တကျ စောင့်ကြည့်ပေးပါတယ်။

📌 ကျွန်မတို့ရဲ့ စည်းကမ်းတစ်ခုရှိပါတယ်။

ကျောင်းသားတစ်ယောက်က

▪️ ခွင့်မဲ့ အတန်းပျက်တာ
▪️ အိမ်စာမလုပ်တာ

တွေ ဖြစ်လာရင် တစ်ခါတည်း အရေးယူတာမဟုတ်ပါဘူး။

ပထမအကြိမ် သတိပေးပါတယ်။
ဒုတိယအကြိမ် ထပ်မံဆက်သွယ်ပါတယ်။
တတိယအကြိမ်အထိ မိဘနဲ့ ကျောင်းသားကို အကြောင်းကြားပြီး လိုအပ်တဲ့ အကူအညီကိုလည်း ပေးဖို့ ကြိုးစားပါတယ်။

သို့သော် အကြောင်းကြားခြင်းမရှိဘဲ စည်းကမ်းကို ဆက်လက်မလိုက်နာပါက သင်တန်းမှ ရပ်နားပေးရပါမည်။

ဒီစည်းကမ်းက အပြစ်ပေးဖို့ မဟုတ်ပါဘူး။

📖 အတန်းတစ်ချိန် လွတ်သွားတာက နောက်သင်ခန်းစာတွေကို နားလည်ဖို့ ခက်ခဲစေပါတယ်။

📝 အိမ်စာကို ပုံမှန်မလုပ်တဲ့အခါ သင်ယူထားတာကို မလေ့ကျင့်ရတဲ့အတွက် စာမေးပွဲနဲ့ Assessment တွေမှာ ရလဒ်ကျဆင်းလာနိုင်ပါတယ်။

ကျွန်မတို့ မဖြစ်စေချင်တာက…

“သင်တန်းတက်နေတယ်… ဒါပေမယ့် စာမတိုးတက်ဘူး။”

ဆိုတဲ့ အခြေအနေပါ။

📌 သင်တန်းကို ဆက်မတက်နိုင်တော့ဘူးဆိုရင်လည်း အကြောင်းကြားပေးဖို့ပဲ မေတ္တာရပ်ခံပါတယ်။

အကြောင်းပြချက်တောင် မတောင်းပါ။

တစ်ဖက်လူရဲ့ အချိန်နဲ့ တာဝန်ကို အပြန်အလှန် လေးစားပေးခြင်းက ယုံကြည်မှုတစ်ခုကို တည်ဆောက်ပေးပါတယ်။

သို့သော်…

အကြောင်းမကြားဘဲ အတန်းရပ်နားခြင်း၊ စည်းကမ်းကို ထပ်ခါတလဲလဲ မလိုက်နာခြင်းများ ရှိပါက နောက်တစ်ကြိမ် သင်တန်းအပ်နှံလိုသော်လည်း လက်ခံပေးနိုင်မည် မဟုတ်ပါ။

ဒါက

ကျွန်မတို့ရဲ့ စည်းကမ်း၊ အချိန်နဲ့ ပညာရေးအပေါ်ထားတဲ့ တန်ဖိုးကို လေးစားပြီး ကာကွယ်ချင်လို့ပါ။

Better Future English Centre မှာ တက်ရောက်တဲ့ ကျောင်းသားတိုင်းအတွက် မျှတတဲ့ စည်းကမ်းနဲ့ အရည်အသွေးရှိတဲ့ သင်ယူမှုပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်ဖို့ ဒီစည်းမျဉ်းကို အလေးအနက်ထား လိုက်နာဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။ 💙

Better Future English Centre က သင်တန်းချည်းပဲ မဟုတ်ပါဘူး။
ကလေးတစ်ယောက်ချင်းစီရဲ့ တိုးတက်မှုကို တာဝန်ယူပြီး လမ်းပြပေးတဲ့ Learning Community တစ်ခု ဖြစ်ချင်ပါတယ်။

ကျွန်မတို့ရဲ့ စနစ်နဲ့ စေတနာကို ယုံကြည်ပြီး အမြဲပူးပေါင်းပေးကြတဲ့ မိဘများနှင့် ကျောင်းသား/သူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ 💙

Together, we build better learners for a better future.

Address

Mohnyin
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+95943102145

Website

Alerts

Be the first to know and let us send you an email when Better Future English Centre - Hopin, Mohnyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share