15/05/2022
[English Below]
Microplastics on Fruits and Vegetables 🥬🍎
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေ အသုံးပြုနေတဲ့ အသုံးဆောင်ပစ္စည်းတွေထဲမှာ ပလတ်စတစ် အမှုန်လေးတွေမပါဝင်ဘူးဆိုတာက အခုရောက်ရှိနေတဲ့ ကာလမှာတော့ မရှိသလောက်ရှားပါတယ်။ ပလတ်စတစ်ထုပ်ပိုးမှုတွေ၊ မဆင်မခြင်စွန့်ပစ်မှုတွေနဲ့၊ မှန်ကန်တဲ့ အမှိုက်စီမံခန့်ခွဲမှု မရှိခြင်းတို့ကြောင့် ကျွန်မတို့ရဲ့ ပတ်ဝန်းကျင်မှာ ပလတ်စတစ်ကထွက်တဲ့ ဘေးထွက်ဆိုးကျိုးတွေနဲ့ပြည့်နှက်လို့နေပါတယ်။
အခုဆိုရင်လည်း အရင်က လတ်လတ်ဆတ်ဆတ်စားရတဲ့ ဂေါ်ဖီ၊ မုန်လာဥနီ၊ ပန်းသီး၊ ပန်းသစ်တော်သီးအစရှိတဲ့ အသီးအနှံ ဟင်းသီးဟင်းရွက်တွေမှာပါ မိုက်ခရိုပလတ်စတစ်တွေကို တွေ့နေရပြီဖြစ်ပါတယ်။ ဒီကြားထဲကမှ ပန်းသီးကတော့ မိုက်ခရိုပလတ်စတစ် အမှုန်အပါဝင်ဆုံး အသီးအနှံအဖြစ် စိုးရိမ်ဖွယ်တွေ့ရပါတယ်။ ပျမ်းမျှအားဖြင့် ပန်းသီး တစ်ဂရမ်မှာ မိုက်ခရိုပလတ်စတစ်အမှုန်ပေါင်း ၁၉၅၅၀၀ ကိုတွေ့ရပြီး ပန်းသစ်တော်သီး တစ်ဂရမ်မှာဆိုရင်တော့ မိုက်ခရိုပလတ်စတစ် အမှုန်ပေါင်း ၁၈၉၅၀၀ ကိုတွေ့ရတယ်လို့ ဆိုပါတယ်။
လေ့လာတွေ့ရှိချက်တွေအရဆိုရင် မိမိတို့မဆင်မခြင်လွှတ်ပစ်လိုက်တဲ့ ပလတ်စတစ်တွေကနေ မြေကြီးထဲရောက်ပြီး မိုက်ခရိုပလတ်စတစ်တွေက အပင်တွေရဲ့အမြစ်ကိုထိုးဖောက်တွယ်ကပ်တော့တာပါပဲ။ သစ်ပင်ရဲ့ အမြစ်တွေက အစာချက်ဖို့ မြေဆီလွှာကနေ ရေနဲ့ မြေဩဇာကိုစုပ်ယူတဲ့အခါ ဒီမိုက်ခရိုပလတ်စတစ်တွေကနေတစ်ဆင့် အလွန်သေးငယ်လွန်းလှတဲ့ နာနို-ပလတ်စတစ် (nano-plastics) တွေကိုပါ အပင်အတွင်းကို စုပ်ယူမိတော့တာပါပဲ။ ဒီအချက်ကြောင့် ကျွန်မတို့စားသုံးနေတဲ့ အသီးအနှံတွေ ဟင်းသီးဟင်းရွက်တွေမှာ မိုက်ခရိုပလတ်စတစ်ပါဝင်နှုန်းများပြားလာတော့တာပါပဲ။
ဒီလို ရေထု၊ လေထု နဲ့ မြေထု သုံးခုစလုံးမှာ ပလတ်စတစ်ပါဝင်နှုန်းက လူသားမျိုးနွယ်နဲ့ သဘာဝပတ်ဝန်းကျင်ကြီးရဲ့ ရေရှည်တည်တံ့မှုကို ခြိမ်းခြောက်လို့နေပါပြီ။ အဲ့တာကြောင့် မိမိကိုယ်တိုင်ကစပြီး မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နောက်ဆက်တွဲပြဿနာတွေကို မကြုံရစေဖို့အတွက် ပလတ်စတစ်အသုံးပြုမှုကို အတတ်နိုင်ဆုံးလျှော့ချလိုက်ကြပါစို့လားနော်။
Fruits and vegetables can accumulate microplastics through uptake from microplastic-contaminated water or soil. Researchers at the University of Catania, Italy, discovered tiny plastic particles in fruit and vegetables like carrots, lettuce, apples, and pears. Apples had one of the highest microplastic counts in fruit, with an average of 195,500 plastic particles per gram, while pears averaged around 189,500 plastic particles per gram. Broccoli and carrots were shown to be the most contaminated vegetables, averaging more than 100,000 plastic particles per gram. Two studies published earlier found that microplastics pe*****te the roots of lettuce and wheat plants, and plant roots absorb nano plastics.
Content & visual by Prevent Plastics Myanmar