NPKS

NPKS NPKS page of all the education for update.

24/05/2026
 #အသိပေးကြေညာချက်များ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းမ...
20/05/2026

#အသိပေးကြေညာချက်များ
၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှစ၍ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိနေသော အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိကကျောင်းများနှင့် ဘုန်းတော်ကြီး သင်ပညာရေးကျောင်းများမှ အခြေခံပညာမူလတန်း(Grade 2 မှ Grade 5)နှင့် အလယ်တန်းဆင့် (Grade 6 မှ Grade 9)ကျောင်းနေအရွယ်ကလေးများအား အသက်အရွယ်အရ သတ်မှတ် ထားသည့် အတန်းများသို့ ဝင်ရောက်ပညာသင်ယူနိုင်ရေးအတွက် အထူးအစီအစဉ်အနေဖြင့် Placement Test ကို ၁၅-၆-၂၀၂၆ ရက်နေ့မှ ၂၀-၆-၂၀၂၆ ရက်နေ့အတွင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

အဆိုပါ Placement Test(အထူးအစီအစဉ်)ကို အောက်ပါလုပ်ငန်းစဉ်များအတိုင်း စာမေးပွဲ ကြီးကြပ်မှုကော်မတီများဖွဲ့စည်း၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန် ဖြစ်ပါသည်-

(က) မြို့နယ်ပညာရေးမှူးများက သတ်မှတ်ချက်နှင့်ကိုက်ညီပြီး အထောက်အထား ပြည့်စုံမှုရှိသော လျှောက်လွှာများကို စိစစ်လက်ခံရန် (၂၂-၅-၂၀၂၆ မှ ၅-၆-၂၀၂၆ ရက်နေ့အထိ)၊

(ခ) တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးများက မေးခွန်းပြုစု၍ (၂၆-၅-၂၀၂၆ မှ ၅-၆-၂ဝ၂၆ ရက်နေ့ထိ)၊

(ဂ) ခရိုင်ပညာရေးမှူးရုံးများက မေးခွန်းလှိမ့်ပွား ဖြန့်ဝေရန် (၆-၆-၂၀၂၆ မှ ၁၂-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဃ) မြို့နယ်အလိုက် ဖြေဆိုသူစာရင်း ပြုစုရန်၊ ခုံအမှတ် ထုတ်ပြန်ကြေညာရန်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ် ပညာရေးမှူးရုံးနှင့် အခြေခံပညာဦးစီးဌာန(ရုံးချုပ်)သို့ စာဖြေသူစာရင်း တင်ပြရန် (၆-၆-၂၀၂၆ မှ ၁၁-၆-၂၀၂၆ ရက်နေ့ထိ)၊

(င) မြို့နယ်ပညာရေးမှူးရုံးစိုက်ရာ မြို့များတွင် စာစစ်ဌာနသတ်မှတ်၍ စာမေးပွဲ ကျင်းပရန် (၁၅-၆-၂၀၂၆ မှ ၂၀-၆-၂၀၂၆ ရက်နေ့ထိ)၊

(စ) ခရိုင်ပညာရေးမှူးရုံးများတွင် အဖြေလွှာများစစ်ဆေးရန်၊ အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ပြုစုရန် (၂၂-၆-၂၀၂၆ မှ ၂၈-၆-၂၀၂၆ ရက်နေ့ထိ)၊

(ဆ) အတန်းတက်ရောက်ခွင့် ရရှိသူများစာရင်း(မူကြမ်း)ကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်ပညာရေးမှူးရုံးများသို့ တင်ပြ၍ အတည်ပြုချက်ရယူရန် (၂၉-၆-၂ဝ၂၆ မှ ၃၀-၆-၂၀၂၆ ရက်နေ့အထိ)

(ဇ) မြို့နယ်ပညာရေးမှူးရုံးများက အတန်းတက်ရောက်ခွင့်ရရှိသူများစာရင်းကို ၁-၇-၂၀၂၆ ရက်နေ့တွင် တစ်နိုင်ငံလုံး တစ်ပြိုင်တည်း ထုတ်ပြန်ကြေညာရန်နှင့် အတန်း တက်ရောက်ခွင့်ရရှိသူများအား ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ အခြေခံပညာ ကျောင်းများတွင်သာ တက်ရောက်ပညာသင်ယူစေရန်။
၄။ သို့ဖြစ်ပါ၍ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများက မိမိခရိုင်၊ မြို့နယ်အတွင်းရှိကျောင်းများအထိ ဆက်လက်အသိပေး ဆောင်ရွက်ပြီး အထက်ပါ ညွှန်ကြားချက်များအား သိရှိလိုက်နာ ဆောင်ရွက်ရန် အကြောင်းကြားပါသည်။

✍✍ M-Nawkey✍✍✍

ကျောင်းအပ်လက်ခံ မည့်နေ့များတွင်===========================မိမိကျောင်းကနေ အခြားကျောင်းသို့ ပြောင်းရွှေ့မည့်ကလေးများနဲ့အတူ...
18/05/2026

ကျောင်းအပ်လက်ခံ မည့်နေ့များတွင်
===========================
မိမိကျောင်းကနေ အခြားကျောင်းသို့ ပြောင်းရွှေ့မည့်ကလေးများနဲ့အတူ ပေးလိုက်ရမည့်စာရွက်စာတမ်းမူရင်း များ.....

ထိုကလေး၏...
၁။ TC ( မြိုနယ်ပြောင်း ဖြစ်ပါက ပညာရေးမှူးလက်မှတ်ပါရမည်။ မြို့နယ်တွင်းမှားကြားချက်ရှိပါကလည်း TEO လက်မှတ်လိုပါသည်။)
၂။ CCPR အသစ်
၃။ CCPR အဟောင်း ​နှင့် အတူ
၄။ ကျောင်းပြောင်းသည့်ထောက်ခံစာ (ပညာရေးမှူးလက်မှတ်ပါရမည်။ ဒီထောက်ခံစာသည် ပညာရေးမှူးရုံး၏ ပြောင်းရွှေ့မှတ်တမ်းတွင် မှတ်တမ်းတင်ခြင်းမျိုးဖြစ်သည်။)
၅။ အောင်စာရင်း မိတ္တူ
၆။ CCPR အသစ်တွင် ထည့်သွင်းမူမှားယွင်းသဖြင့်ပြင်ရာဖျက်ရာပါရှိပါက ကျောင်းအုပ်ကြီးကိုယ်တိုင် ဘာကြောင့်ဆိုသည့်ဖြေရှင်းချက်မျိုး အပေါ်စာရေးသားထားခြင်း ပုံစံကို နံပါတ် ၁..၂..၃ အချက်များနဲ့အတူ စာအိတ်ထဲတွင်ထည့်သွင်းပေးလိုက်ရပါမည်)

~~~~~~~~~~

ထိုသို့ထုတ်ပေးလိုက်သည်နှင့် ကျောင်းအုပ်ကြီးသည် မိမိကျောင်းစာရင်းဇယားမှတ်တမ်းဖိုင် ဖြစ်သော TC အထွက်စာရင်းဖိုင် တွင် TCနံပါတ်အပါအဝင် မှတ်တမ်းထားခြင်းအပြင် CCPR အထွက်မှတ်တမ်းဖိုင်တွင်လည်း ထုတ်ပေးလိုက်သော CCPR နံပါတ်အပါအဝင် မှတ်တမ်း ရေးသွင်းရပေမည်။ ထို့ပြင် TCမိတ္တူ၊ CCPRအသစ် အဟောင်း မိတ္တူ တို့ကို သိမ်းဆည်းမှတ်တမ်းဖိုင်တွင်ထားရှိပေးရပါမည်။

ထို့ပြင် ထို စာရွက်စာတမ်း ၅ ခုဖြင့် မိမိကျောင်းသို့ အခြားကျောင်းက ဝင်လာသော ကျောင်းသားကျောင်းသူများအတွက်တွင်လည်း TC အဝင်မှတ်တမ်းဖိုင်၊ CCPR အသစ် အဝင်မှတ်တမ်းဖိုင်တို့တွင် အချက်အလက်များအတိုင်းရေးသွင်း၍ ယူဆောင်လာသော စာရွက်စာတမ်းများကို အဝင်မှတ်တမ်းသိမ်းဆည်းဖိုင်တွင်ထားရှိရပါမည်။ မသိမ်းဆည်းမီ ပါဝင်သောအချက်အလက်များရေးသွင်းထားခြင်းနှင့်အတူ မွေးသက္ကရာဇ်ကို မွေးစာရင်းမိတ္တူပါတောင်း၍ စစ်ဆေးအတည်ပြုရန်၊ အောင်မြင်ခဲ့သောအတန်း နှင့် အသက်ကိုက်ညီမူရှိ
မရှိ စစ်ဆေး ဖို့လည်းအထူးလိုအပ်ပါတယ်ခင်ဗျာ။အကယ်၍ မှားယွင်းနေပါက မူရင်းကျောင်းသို့ပြန်ပြုပြင်ပေးပါရန် အပေါ်စာရေး၍ ပြန်လည်ပေးအပ်ရပါမည်။ မှန်ကန်သွားမှသာ စာရင်းရေးသွင်းလျှင်လည်းရပါတယ်ခင်ဗျာ။

#မှတ်ချက်
CCPR မှားယွင်းစွာဖြည့်သွင်းမူကို အမှန် ပြန်လည်ပြင်ဆင်ထားကြောင်း ထောက်ခံစာပုံစံကို
ပူးတွဲဖော်ပြလိုက်ရပါတယ်ခင်ဗျာ။

ဦးစစ်နိုင်(ပညာရေး နတ်တလင်း)

G-12 ရောက်ခါမှ သိန်းရာချီအကုန်ခံ ထားလိုက်တော့မယ်မျိုး မလုပ်စေချင်ဘူး။ပံ့ပိုးပေးရင်  ငယ်တည်းကပံ့ပိုးပေးပါ။လုံးလုံးကြီး မပ...
16/05/2026

G-12 ရောက်ခါမှ သိန်းရာချီအကုန်ခံ ထားလိုက်တော့မယ်မျိုး မလုပ်စေချင်ဘူး။

ပံ့ပိုးပေးရင် ငယ်တည်းကပံ့ပိုးပေးပါ။

လုံးလုံးကြီး မပံ့ပိုးပေးထားတာထက်စာရင်
အင်္ဂလိပ် သင်္ချာကောင်းအောင်တော့ အခြေခံ ပါအောင်
ထားသင့်တာ အပ်သင့်တာ အပ်ပေးစေချင်တယ်

Solid Foundation လို့ခေါ်တဲ့ အရေး အဖတ် အတွက် တော့ နိုင်နေမှ
မဟုတ်ရင် ကလေးက ၅/၆ တန်းရောက်နေပြီ
မရေးတတ်ဘူး

မိဘက ထားပေးတယ် လက်ရေးမကောင်း စာလည်းမနိုင်ဆို
တစ်ခုခုလွဲနေတာပါ။

၅/၆ တန်းကနေစလွဲနေရင်
၇/၈/၉ ပိုဆိုးလာတော့မယ်။

ကလေးနည်းနည်းနဲ့ ထိရောက်တဲ့ ကျူရှင်လောက်မှာ ထားပါ။

ကလေးနည်းတော့ ဘာရေးနေတာ ဘာလုပ်နေတာက အစ
ဆရာမက မြင်တယ်။

၉/၁၀ တန်းထိ အားတာနဲ့ ဖုန်းကြည့်တာမရပ်ရင်
အာ့အရွယ် သင်ရအရမ်းခက်သွားပြီ
ပြောစကားနားမထောင်တော့ဘူး။

မိဘကပြောမရရင် ဆရာလည်းပြောမရပါဘူး။

ကလေးကို ငယ်တည်းက ပံ့ပိုးပေးပါ supports ပေးတာ
ကလေးလိုချင်တာ ဝယ်ပေးတာ ပံ့ပိုးတယ်မခေါ်ပါဘူး။

သူ့အရွယ်နဲ့သူ ကျောင်းပြီးရင် ကျူရှင်
အချိန်မလပ်အောင်သာ လုပ်ပေးနေရမှာ
ခုက အချိန်လပ်တာနဲ့ ဖုန်းတန်ကိုင်ကြတာ
စာအုပ်မကိုင်ဘူး။

အိမ်မှာ စာမကြည့်ဘူး။

ဖြေခါနီး မှ မိဘကလိုက်ကျက်ပေးရတဲ့ခေတ်။

အာ့တော့ စာကစာ ကျန်တဲ့ free time အချိန်ကအချိန်ဆိုတာမျိုး

ကလေးကိုခွဲခြားသိနေအောင် train သင့်တယ်လို့ အကြံပေးပါရစေ။

ကျေးဇူးတင်ပါတယ်။

ရေးသားသူ Tr Phyu Phyu Chawအားလေးစားလျက်ပါ
ားတော်သမီးတော်များအလွမ်းပြေပုံလေး

16/05/2026

“ဆရာကောင်း” ဆိုတာ
အသံကျယ်ကျယ်နဲ့ အုပ်ချုပ်နိုင်တဲ့သူ မဟုတ်ဘူး။
ကလေးတစ်ယောက် မကြောက်ဘဲ မေးရဲအောင် လုပ်ပေးနိုင်တဲ့သူပါ။ 📚

ကလေးတွေ “နားလည်ပါတယ်” လို့ ပြောတိုင်း
သူတို့တကယ်နားလည်နေတာ မဟုတ်ဘူး။

အချို့က
ဆရာကို အားနာလို့…။
အချို့က
ကြောက်လို့…။

မသိတာကို မမေးရဲကြတော့တာ။

ဒါပေမဲ့
အကြောက်တရားရှိနေတဲ့ စာသင်ခန်းမှာ
စူးစမ်းချင်စိတ်တွေ မရှင်သန်နိုင်ဘူး။

စာသင်ကောင်းတဲ့ဆရာဆိုတာ
ကလေးတွေကို ငြိမ်အောင်လုပ်နိုင်တဲ့သူမဟုတ်ဘူး။
သူတို့ရဲ့ မျက်လုံးတွေ တောက်ပလာအောင်
သင်ပေးနိုင်တဲ့သူပါ။ ✨

စာသင်နေချိန်မှာ
ကလေးတွေရဲ့မျက်လုံးတွေက
အသက်ဝင်နေသလား…
ပျော်ရွှင်နေသလား…
မေးချင်စိတ်တွေ ပြည့်နေလား…။

အဲဒါက
ဆရာတစ်ယောက်ရဲ့ အဖြေမှန်ပဲ။

ကျမတို့ NPKS ရဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမအကြိမ် မိဘဆရာစုံညီအစည်းအဝေးပွဲ မှာ တက်ရောက်လာကြတဲ့ မိဘများ ၊ မိတ်ဆွေများအာ...
13/05/2026

ကျမတို့ NPKS ရဲ့ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ပထမအကြိမ် မိဘဆရာစုံညီအစည်းအဝေးပွဲ မှာ တက်ရောက်လာကြတဲ့ မိဘများ ၊ မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ရှင့်
အလုပ်မအားကြလို့မတက်ရောက်နေကြပေမဲ့ တီချယ်ကြီးကိုယုံကြည်ပြီးသားဆိုတဲ့ မိဘများကိုလဲ ကျေးဇူးတင်ပါတယ်ရှင့်🙏🙏🙏

NPKS ကိုယ်ပိုင်ကျောင်း မှ ကျောင်းသူ၊ကျောင်းသားဟောင်းများ၊ မိဘများ ၊NPKS ကိုယ်ပိုင်ကျောင်း ၏ စွမ်းဆောင်ရည်များကိုစိတ်ဝင်စ...
27/04/2026

NPKS ကိုယ်ပိုင်ကျောင်း မှ ကျောင်းသူ၊ကျောင်းသားဟောင်းများ၊ မိဘများ ၊
NPKS ကိုယ်ပိုင်ကျောင်း ၏ စွမ်းဆောင်ရည်များကိုစိတ်ဝင်စားသော ပြင်ပမှ မိဘများ ၊ မိတ်ဆွေရောင်းရင်းများ နှင့် ပညာရေးစိတ်ဝင်စားသူတိုင်း လာရောက်လေ့လာဖို့ဖိတ်ခေါ်ပါတယ်ရှင်🙏🙏🙏

မူကြိုကိုမူကြိုကိုထားခဲ့တဲ့အခါ စပြီး သားသားမီးမီးတို့ကို ထားတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့သားသားမီးမီးတွေကိုထားမယ့်ကျေ...
26/04/2026

မူကြိုကို
မူကြိုကိုထားခဲ့တဲ့အခါ စပြီး သားသားမီးမီးတို့ကို ထားတော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ရဲ့သားသားမီးမီးတွေကိုထားမယ့်ကျောင်းက ဆရာမတွေအပေါ်မှာ ယုံကြည်ပေးပါ.....

မူကြိုစထားတာနဲ့ တချို့ကလေးလေးတွေ
ငိုကြတယ် တချို့၃ရက်လောက်ငိုတယ် တချို့တပတ်ကြာတယ်... တချို့က စစချင်းမှာမငိုပဲနဲ့ နောက်နေ့တွေမှာ မူကြိုပျင်းပြီး ငိုတတ်ကြပါသေးတယ်...
ပုံစံအမျိုးမျိုးပေါ့နော်...
ဒီလိုကလေးမျိုးလေးတွေနဲ့ ကျွန်မတို့မူကြိုဆရာမတွေက အမြဲကြုံတွေ့နေရတဲ့ အရာပါပဲ.....

မိဘက ငိုယိုနေတဲ့ ကိုယ့်ရဲ့သားသမီးကို အမြဲတမ်းငိုနေမှာလား အဆင်ပြေပါ့မလား ဆိုတဲ့ လားပေါင်းများစွာနဲ့ စိတ်မချကြပါဘူး....မိဘကသာ တယောက်ထဲမွေးထားတော့ ကလေးတယောက်ပဲကြုံရတော့ မိမိကလေးပဲ အဲ့လိုငိုယိုတယ် ထင်နေကြတာပေါ့...

တကယ်တော့ မူကြိုစပို့ပို့ချင်း ကလေးတွေမှာ ၁၀ယောက်လောက်ဆို ၃လောက်က အမြဲငိုပါတယ်...ဒါက အမြဲဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတခုပါ...

ငါ့သားလေးငိုတာ ၃ရက်ရှိပြီ
ငါ့သမီးလေးငိုတာ တပတ်ရှိပြီဆိုပြီး ငါ့သားငါ့သမီးငိုတာ မကြည့်ရက်ဘူးဆိုပြီး မူကြိုကိုဆက်မပို့ကြပဲ ဇွဲလျော့သွားတဲ့မိဘတွေလဲ ကြုံဘူးပါတယ်...ဘယ်လောက်ငိုငို မူကြိုရောက်ရင် ဆရာမက ချော့မှာပဲဆိုပြီး စိတ်ချလက်ချထားခဲ့ကြတဲ့ မိဘတွေလဲ အများကြီးပါ....

ငိုလို့မူကြိုနားလိုက်
သူများကလေးတွေမငိုပါဘူးဆိုပြီး ပြန်လာထားလိုက် တက်လိုက် ပျက်လိုက်ဆိုရင် အစကနေ ကလေးမငိုအောင် ချော့ရတာမို့လို့ ကလေးနဲ့ ဆရာမတွေမှာ နှစ်ဆပင်ပန်းပါတယ် မိဘတို့လဲ ပင်ပန်းပါတယ်....

မိဘရင်ခွင်ကနေ တစိမ်းရင်ခွင်မှာရုတ်တရက် နေခဲ့ရတော့ သူတို့လေးတွေအတွက်လဲ ပင်ပန်းမှာပါ.... ပင်ပန်းမှာကြောက်လို့ မထားဘူးဆိုလဲ သူ့အရွယ်နဲ့သူ သင်ကြားမှု ရရှိတော့မှာ မဟုတ်တော့ဘူးပေါ့...ဒါကြောင့် သူတို့လေးတွေရဲ့ ပတ်ဝန်းကျင်သစ် နေရာသစ် မိသားစုအသစ်မှာ နေသားကျဖို့ရာအတွက် သူတို့လေးတွေကို ကလေးသဘာဝ ငိုဖို့ အချိန်ပေးလိုက်ပါ....အချိန်တခုပေးလိုက်ရင် ဝန်းကျင်အသစ်မှာ ပြောင်းလဲလာတဲ့ လူသားလေးတယောက်ဖြစ်လာမှာဆိုတာ အသေချာပါပဲ...

မူကြိုမှာထမင်းစားချိန် မုန့်စားချိန် ကစားချိန် စာသင်ချိန် အပေါ့အလေးသွားချိန်တွေကို သင်ကြားမှုအချိန်ဇယားထဲမှာ တခါထဲထည့်ပြီး သင်ကြားပေးရတာဖြစ်လို့ သူ့အချိန် သူ့စည်းကမ်းလေးတွေနဲ့ နေထိုင်တတ်အောင် အချိန်တခုတော့ပေးရပါတယ်...အပေါ့အလေးသွားချင်ရင် ဆရာမကို ပြောပြရဲအောင် ပြောပြတတ်အောင် အသေးစိတ်ကအစ တယောက်ချင်းသင်ကြားရပါတယ်...
အချိန်နဲ့သင်ကြားပေမဲ့ စာသင်နေချိန် အပေါ့အလေးသွားချင်တယ်ဆို တာဝန်ကျဆရာမ အမြဲလိုက်ပို့ပါတယ်...ကလေးတယောက်ထဲအမြဲမလွတ်ပါ....
အချိန်နဲ့သင်ကြားပေးရတဲ့ ထမင်းစားချိန် မုန့်စားချိန် တွေကိုတော့ ကျောင်းက သတ်မှတ်ထားတဲ့အချိန်မှာ စားဖို့လေ့ကျင့်ပေးထားပါတယ်ရှင်...ဒါကြောင့် သားတို့သမီးတို့က မုန့်စားချိန်မဟုတ်ပဲ မုန့်လာဖောက်ခိုင်းရင် စားချိန်မရောက်သေးတဲ့အကြောင်း သေချာရှင်းပြပြီး သူ့အချိန်သူ့စည်းကမ်းတွေနဲ့ နေထိုင်တတ်အောင် ဂရုတစိုက်သင်ကြားပေးရပါတယ်.....

နောက်ပြီး
မူကြိုမသွားချင်တဲ့ ကလေးလေးတွေက အိမ်ရောက်တဲ့အခါ ဒီလိုစကားလေးတွေနဲ့လဲ ပြောတတ်ကြပါတယ်...
ဥပမာ...
ဆရာမကရိုက်လို့
သူငယ်ချင်းကလုပ်လို့ အရုပ်ပေးမဆော့လို့
မုန့်မစားရလို့
မကစားရလို့ဆိုတဲ့ ဆင်ခြေလေးတွေနဲ့ ပြောတတ်ကြပါတယ်.... ဒါကို မိဘများအနေနဲ့ သိရှိထားပြီး သက်ဆိုင်ရာဆရာမနဲ့ဆွေးနွေးကာ မူကြိုကို ငိုလဲရောက်အောင်ပို့ပေးဖို့လိုပါတယ်.....

မူကြိုကို သားသားမီးမီးတို့ကိုရောက်အောင်ပို့ရမှာက ဖေဖေမေမေတို့အလုပ်ပါ...မူကြိုကိုရောက်ရင်ပျော်ရွှင် သူငယ်ချင်းတွေနဲ့ ကစားတတ်အောင် လုပ်ပေးမှာက ကျွန်မတို့မူကြိုဆရာမတွေရဲ့တာဝန်ပါ....

ဒါကြောင့်... ငိုလဲ.... မူကြိုရောက်အောင်ပို့ပါ...

ချစ်ခြင်းများစွာဖြင့်

crd

24/04/2026

Today activity in NPKS PRE & MONTESSORI SCHOOL 😘

Address

Mohnyin Township, PanYaNant Street, Near BEHS 2
Mohnyin
01111

Telephone

+959402125526

Website

Alerts

Be the first to know and let us send you an email when NPKS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to NPKS:

Shortcuts

Share