Government Technical Institue Mohnyin. GTI Mohnyin

Government Technical Institue Mohnyin. GTI Mohnyin TVET education

04/11/2023
  ဝင်ခွင့်လျှောက်လို့ရပါပြီ ယနေ့မှစ၍ ၂၀ ရက်နေ့ ထိ
01/11/2023

ဝင်ခွင့်လျှောက်လို့ရပါပြီ
ယနေ့မှစ၍ ၂၀ ရက်နေ့ ထိ

ရွှေသာလျောင်း နှင့် နန့်ပုတ်
29/10/2023

ရွှေသာလျောင်း နှင့် နန့်ပုတ်

29/10/2023

ဆီမီးထွန်းချိန်

သီတင်းကျွတ်
29/10/2023

သီတင်းကျွတ်

အလုပ်ခေါ်
16/10/2023

အလုပ်ခေါ်

Ministry of Science and Technology နှစ်ပတ်လည်နေ့ အောက်တိုဘာလ (၂)ရက်ဖွဲ့စည်းဖြစ်ပေါ်လာပုံနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပ...
01/10/2023

Ministry of Science and Technology နှစ်ပတ်လည်နေ့ အောက်တိုဘာလ (၂)ရက်

ဖွဲ့စည်းဖြစ်ပေါ်လာပုံ
နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဤကဏ္ဍဆိုင်ရာ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့သည် အရေးပါသော အခြေခံအချက်များဖြစ်သဖြင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနကို ၁၉၉၆ ခုနှစ်၊ အောက်တိုဘာလ (၂) ရက်နေ့တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ အမိန့်အမှတ် (၃၆/၉၆)ဖြင့် စတင်ဖွဲ့စည်းခဲ့ ပါသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ပညာရေးဝန်ကြီးဌာနနှင့်ပေါင်းစည်းခဲ့ပြီး၊ ၂၀၂၁ ခုနှစ် ဇွန်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၃၈/၂၀၂၁)ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။

သိပ္ပံနှင့်နည်းပညာကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်သို့ ရောက်ရှိနေသော နည်းပညာတက္ကသိုလ် (၃၃)ခုနှင့် ကွန်ပျူတာတက္ကသိုလ် (၂၇)ခုတို့ကို ယခင်ကာလများနည်းတူ အဆင့်မြင့်သိပ္ပံနှင့် နည်းပညာဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ နိုင်ငံတော်အတွက် ကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနိုင်ရေးအတွက် သက်မွေးသင်တန်းကျောင်း(၇)ခု၊ နည်းပညာအထက်တန်းကျောင်း (၃၅)ခု၊ အစိုးရစက်မှုလက်မှုသိပ္ပံ(၂၅)ခု၊ အစိုးရနည်းပညာကောလိပ်(၃)ခုတို့ကို နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာန၏ ကွပ်ကဲမှုဖြင့်လည်းကောင်း၊ သုတေသန ဖွံ့ဖြိုးတိုးတက်ရေးနှင့် နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ဖြန့်ဝေပေးနိုင်ရေး၊ ဆောင်ရွက်နိုင်ရေးတို့အတွက် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ နိုင်ငံပိုင်စက်ရုံများနှင့် ပုဂ္ဂလိကပိုင် စက်မှုလုပ်ငန်းများအတွက် လိုအပ်သော စက်ပစ္စည်း၊ ဒီဇိုင်း၊ နည်းပညာထောက်ပံ့ပေးနိုင်ရေးအတွက် နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ ဆောင်ရွက်မှုများဖြင့်လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ကျန်းမာရေးဆိုင်ရာနှင့် ဇီဝနည်းပညာဆိုင်ရာ အထောက်အပံ့များ ဆောင်ရွက်နိုင်ရေးအတွက် ဇီဝနည်းပညာသုတေသနဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ စက်ရုံအလုပ်ရုံများနှင့် ကုသရေးစင်တာများတွင် ဓာတ်ရောင်ခြည် အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် အဏုမြူစွမ်းအင်ဦးစီးဌာန၏ အစီအမံများဖြင့် လည်းကောင်း၊ ဝန်ကြီးဌာနတစ်ခုလုံးအတွက် အရည်အသွေးအာမခံမှုနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေတ်ကာလအရ မဖြစ်မနေလိုအပ်မှုအား လေ့လာဆန်းစစ် အကဲဖြတ်ရေးဦးစီးဌာန၏ လေ့လာဆန်းစစ်မှုများဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာန(၇)ခုတို့ဖြင့် စုဖွဲ့ဆောင်ရွက်လျက်ရှိ ပါသည်။

မျှော်မှန်းချက်(Vision)

မြန်မာနိုင်ငံအနေဖြင့် လက်ရှိဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့် တိုးမြှင့်ဆောင်ရွက်၍ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဆင့်သို့ ရောက်ရှိစေရန်အတွက် သိပ္ပံနှင့်နည်းပညာ လူသားအရင်းအမြစ်များကို အစွမ်းကုန်ပြုစု ပျိုးထောင်ရေးနှင့် သုတေ သနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်ရန်



ရည်မှန်းချက်(Mission)

နိုင်ငံတော်အတွင်း မြို့ပြ-ကျေးရွာ ပြည်တွင်း၊ ပြည်ပ မခွဲခြားဘဲ တစ်ပြေးညီဖြစ်ထွန်းလာစေရန်
နိုင်ငံတကာအဆင့်မီ အရည်အချင်းပြည့်ဝသော သုတေသီများ ပေါ်ထွက်လာစေရန်
သိပ္ပံနှင့်နည်းပညာနယ်ပယ်မှ မွေးထုတ်ပေးသည့် အရည်အချင်းပြည့်ဝသော လူ့စွမ်းအားအရင်းအမြစ်များဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အစွမ်းကုန်ဆောင်ရွက်ရန်


ရည်ရွယ်ချက်

အမျိုးသားလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေမည့် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ရေးအတွက် သိပ္ပံ၊ နည်းပညာ နှင့်ဆန်းသစ်တီထွင်မှုလုပ်ငန်းများ၊ သုတေသနလုပ်ငန်းများ အရှိန်အဟုန် မြှင့်ဆောင်ရွက်ရန်
သဘာဝအရင်းအမြစ်များကို သိပ္ပံနှင့်နည်းပညာအသုံးပြု၍ နိုင်ငံတော် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ချမ်းသာ ကြွယ်ဝလာစေရေးအတွက် ဆောင်ရွက်ရန်
ပြည်တွင်းကုန်ထုတ်လုပ်မှုနှင့် အရည်အသွေးများ တိုးတက်မြင့်မားပြီး နိုင်ငံတကာဈေးကွက်တွင် ရင်ဘောင်တန်း ယှဉ်ပြိုင်နိုင်ရေးအတွက် သုတေသနရလဒ်များမှ နည်းပညာဖြန့်ဝေခြင်းနှင့် နည်းပညာလွှဲပြောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်
ကုန်ကြမ်းများ၊ ထုတ်ကုန်ချောများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ အရည်အသွေးထိန်းသိမ်းမှုနှင့် စံချိန်စံညွှန်းသတ် မှတ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်
သိပ္ပံ၊ နည်းပညာနှင့်ဆန်းသစ်တီထွင်မှုလုပ်ငန်းနယ်ပယ်များတွင် လိုအပ်သော ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်း အမြစ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင်လေ့ကျင့်မွေးထုတ်ပေးရန်
နျူကလီးယားနှင့် ဓာတ်ရောင်ခြည်အသုံးချဆောင်ရွက်လျက်ရှိသော ကဏ္ဍအသီးသီးတွင် ဘေးအန္တရာယ်ကင်းရှင်း စွာ အသုံးပြုနိုင်ရေးနှင့် နျူကလီးယားနည်းပညာအား ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် အသုံးပြုနိုင်ရေး ဖွံ့ဖြိုးတိုး တက်လာစေ၍ ပြည်သူလူထု၏ လူမှုစီးပွားဘဝ မြှင့်တင်ပေးရန်


မူဝါဒ

သဘာဝအရင်းအမြစ်များကို အသုံးပြုပြီး နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ချမ်းသာကြွယ်ဝလာ စေရန်
အမျိုးသားစီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် လယ်ယာ၊ စက်မှု၊ လေကြောင်းနှင့် အာကာသပညာ အစရှိသည့် ကဏ္ဍများတွင် သုတေသနဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ကုန်ထုတ်လုပ်မှုကို အထောက် အကူပြုစေရန်
ကုန်ကြမ်းများ၊ ကုန်ချောများကို ဓာတ်ခွဲစမ်းသပ်ပေးခြင်း၊ ဂုဏ်သတ္တိများ တိုင်းတာခြင်း၊ အရည်အသွေး ထိန်းသိမ်း ပေးခြင်းနှင့် စံချိန်စံညွှန်း သတ်မှတ်ပေးခြင်းများကို မြှင့်တင်ရန်
ဒေသတွင်း သိပ္ပံနှင့်နည်းပညာသင်ယူနိုင်မှု အခွင့်အလမ်းများ တိုးတက်ရရှိလာခြင်းဖြင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အခွင့်အလမ်း ပိုမိုမြင့်မားလာပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုစေရန်
နိုင်ငံတော်အတွက် တိုးတက်ပြောင်းလဲလာသည့် သိပ္ပံနှင့်နည်းပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ ပြုစု ပျိုးထောင်ရန်
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာ စေရန်
နျူကလီးယားနည်းပညာအား နားလည်တတ်မြောက်စေရန်နှင့် လက်တွေ့အသုံးချနိုင်ရေးအတွက် သုတေသန လုပ်ငန်းဆောင်ရွက်ရန်
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှ ချမှတ်ထားသော ထောင်စုနှစ် ရည်မှန်းချက်များနှင့်အညီ ၂၀၂၁ ခုနှစ်တွင် ကမ္ဘာ့နိုင်ငံများ ပေါင်းစည်းအကောင်အထည်ဖော် ဆောင်ရွက်သည့်အချိန်တွင် လိုအပ်လာမည့် နည်းပညာရှင်၊ အတတ်ပညာရှင် များ လေ့ကျင့်ဆောင်ရွက်ရန်


လုပ်ငန်းတာဝန်များ

နည်းပညာ၊ သက်မွေးပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ပညာရပ်များအား သင်ယူလိုသူတိုင်း လွယ်လင့်တကူ သင်ယူနိုင်၍ နိုင်ငံအကျိုးပြု လုပ်ငန်းခွင်များအတွက် ကျွမ်းကျင်သူများ ဖြည့်ဆည်းပေးနိုင်ရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရေး ဆောင်ရွက်ခြင်း
သင်ယူလိုသူတိုင်း အဆင့်မြင့်သိပ္ပံနှင့်နည်းပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ တိုးမြှင့်ရရှိစေရေး၊ နိုင်ငံသား တို့၏ အလုပ်အကိုင်ရရှိမှုနှင့် တစ်ဦးချင်းဝင်ငွေမြင့်မားရေးကို အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဖြင့် အထောက်အကူပြုနိုင်စေရေး အရည်အသွေးပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်များ ပြုစုပျိုးထောင်ခြင်း
သိပ္ပံနှင့်နည်းပညာဆိုင်ရာ ထိုးထွင်းကြံဆမှုနှင့် တီထွင်ဖန်တီးမှုလုပ်ငန်းများ စွမ်းဆောင်နိုင်သူများ ပေါ်ထွန်းလာ စေရေးအတွက် စီမံချက်များ ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံ့အကျိုးအတွက် တိုက်ရိုက်အကျိုးပြုမည့် သုတေသနလုပ်ငန်းများ ဦးစားပေးဆောင်ရွက်ခြင်း
သုတေသနဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများတွင် ပြည်တွင်း/ပြည်ပတက္ကသိုလ် ကောလိပ်များ၊ သုတေသနအဖွဲ့အစည်း များ၊ ပုဂ္ဂလိကလုပ်ငန်းအားလုံးနှင့် နိုင်ငံတော်အတွက် အကျိုးပြုမည့် သုတေသနနယ်ပယ်အသီးသီးတွင် အတူလက်တွဲ ဆောင်ရွက်ခြင်းများကို ပိုမိုတိုးတက်စေရေး ဆောင်ရွက်ခြင်း
ဒြပ်ပစ္စည်းသုတေသနလုပ်ငန်းများ၊ မော်တော်ယာဉ်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ သတင်းအချက် အလက်နည်းပညာဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့်ပြန့်ပွားရေးအတွက် လိုအပ်သော အစီအမံများချမှတ် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း
နိုင်ငံ့အကျိုးပြု၊ လူသားအကျိုးပြု ဇီဝနည်းပညာသုတေသနဆိုင်ရာလုပ်ငန်းများ ဖွံ့ဖြိုးရေးအစီအမံများ ချမှတ် ဆောင်ရွက်ခြင်း
နျူကလီးယားနည်းပညာအသုံးပြု၍ မြန်မာနိုင်ငံရှိ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ စက်မှုလုပ်ငန်းနှင့် သုတေသန လုပ်ငန်းနယ်ပယ်များတွင် အန္တရာယ်ကင်းရှင်းရေး၊ တိကျသော ဓာတ်ရောင်ခြည်ပမာဏရရှိရေး၊ ဓာတ်ရောင်ခြည် လုပ်ငန်းခွင်သုံး ပစ္စည်းကိရိယာတို့အား စံကိုက်ညှိပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနလုပ်ငန်းများ၊ ရလဒ်များ၊ လူ့အင်အား အရင်းအမြစ်ပြုစုပျိုးထောင်မှုများ၊ နည်းပညာဆိုင်ရာ ဖြန့်ဝေမှုများအား စဉ်ဆက်မပြတ် လေ့လာဆန်းစစ်အကဲဖြတ်ခြင်းများ ဆောင်ရွက်၍ သုံးသပ် ပြုပြင်ခြင်းများ ဆောင်ရွက်ခြင်း


Website လိပ်စာ

www.most.edu.mm

www.most.gov.mm

နောက်ဆုံးရသတင်းများ (Latest News) တင်ဒါခေါ်ယူခြင်းများ (Call for Tenders) ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ (Public Services)

https://youtu.be/OcD98D2mph0?si=S1RY_tOCte5K_B8T
26/09/2023

https://youtu.be/OcD98D2mph0?si=S1RY_tOCte5K_B8T

အခြေခံပညာအလယ်တန်းအဆင့်မှသည် အင်ဂျင်နီယာနှင့် နည်းပညာရှင်များအဖြစ်သို့ လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းမ.....

AGTI တွေ အလုပ်ခေါ်
25/09/2023

AGTI တွေ အလုပ်ခေါ်

Address

Mohnyin

Opening Hours

Monday 09:00 - 16:00
Tuesday 09:00 - 16:00
Wednesday 09:00 - 16:00
Thursday 09:00 - 16:00
Friday 09:00 - 16:00

Telephone

+959400017998

Alerts

Be the first to know and let us send you an email when Government Technical Institue Mohnyin. GTI Mohnyin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Government Technical Institue Mohnyin. GTI Mohnyin:

Shortcuts

Share

Category