မိုးညှင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့

  • Home
  • Myanmar
  • Mohnyin
  • မိုးညှင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့

မိုးညှင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ CDMs' Education Page

လိုဂိုတွင် ရေးသားထားသော စာသားစကားလုံး ပြောင်းလဲ ပြင်ဆင်မှုအား အသိပေးအကြောင်းကြားခြင်း။▪️ထောက်ပို့ထီ၏ အမှတ်အသားဖြစ်သော လိ...
02/12/2024

လိုဂိုတွင် ရေးသားထားသော စာသားစကားလုံး ပြောင်းလဲ ပြင်ဆင်မှုအား အသိပေးအကြောင်းကြားခြင်း။

▪️ထောက်ပို့ထီ၏ အမှတ်အသားဖြစ်သော လိုဂိုတွင် ယခင်က “SPRING REVOLUTION SUPPORT LOTTERY “ဟု ရေးသားထည့်သွင်းခဲ့သော စာသားအား “ဖက်ဒရယ်ခေတ်ဆီ မျှော်မှန်းရည် တွဲလက်ညီညီ ထောက်ပို့ထီ”ဟူ၍ ပြောင်းလဲပြင်ဆင်လိုက်ပြီဖြစ််ပါကြောင်း တော်လှန်မိဘပြည်သူညီကိုမောင်နှမများအား လေးစားစွာဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။

▪️ထိုသို့ပြောင်းလဲခြင်းကို (၁၂)ကြိမ်မြောက်
ထောက်ပို့ထီလက်မှတ်မှ စတင်ပြီး ပြောင်းလဲအသုံးပြုသွားမည်ဖြစ်သည်။

#ဖက်ဒရယ်ခေတ်ဆီမျှော်မှန်းရည်တွဲလက်ညီညီထောက်ပို့ထီ
#ထောက်ပို့ထီ
#သိန်း၅၀၀

Lighting For Future Online School ကျောင်းတော်ကြီးဟာ...ယခုဆိုရင်  Batch 4 ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။ Middle ( Grade.6, 7,...
08/05/2024

Lighting For Future Online School ကျောင်းတော်ကြီးဟာ...ယခုဆိုရင် Batch 4 ထိ ရောက်ရှိလာပြီဖြစ်ပါတယ်။

Middle ( Grade.6, 7,8,9) အတွက် ကျောင်းလက်ခံနေပါပြီနော်။ မိဘ တွေကို ရှင်းပြချင်တာလေးတွေရှိပါတယ်။ Middle. အလယ်တန်းဆိုဒ်မှာ ဘာသာရပ်ကြီး ၆ ခု....မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ သိပ္ပံ တို့အပြင်

လူကောင်း၊ လူတော်တွေဖြစ်ဖို့နဲ့...ဘဝအတွက်လိုအပ်တဲ့သင်ခန်းစာများဖြစ်တဲ့

Life Skills( လူငယ်တွေအတွက်..ဆောင်ရန်ရှောင်ရန်များ)

Moral ( နိုင်ငံ့ သားကောင်းပီသစေဖို့..စာရိတ္တ)

Enviromental( ကမ္ဘာကြီးကိုကာကွယ်ရဦးမယ့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးတွေ)

Yoga(စိတ်ကိုတည်ငြိမ်စွာ...ထားတတ်ဖို့၊ ကျန်းမာရေးအသိရှိဖို့)

စာကြည့်တိုက် စာဖတ်ချိန် စသည်တို့ပါဝင်ပါတယ်။

စာသင်ချိန်ကတော့ တနင်္လါ မှ သောကြာ/ တစ်ရက် ၅ချိန်

တစ်ချိန်ကို ၄၅ မိနစ်

နံနက် ၈နာရီ ၁၅ မိနစ်ကနေ နေ့လယ် ၁၂နာရီခွဲ ထိဖြစ်ပါတယ်။

ကြားထဲမှာ...၁၅မိနစ်နားချိန်ရှိပါမယ်။

စာသင်ကာလ. ...၇ လဖြစ်ပါတယ်။

အပ်နှံမယ်ဆိုရင်တော့ 📌အောက်မှာ ပေးထားတဲ့ Channel Link ကိုဝင်ရောက်အပ်နှံရမှာဖြစ်ပါတယ်။ 📌

အပ်နှံကာလ သည်......ယနေ့ မေလ ၈ရက်မှ ၂၀ ရက်နေ့ထိဖြစ်ပါတယ်။

https://t.me/+oXV4Uj8-ITU3Yjk1

"စိတ်ရှည်၊ စေတနာကောင်းပြီး...ချောမောတဲ့တီချယ်တွေကစောင့်ကြိုနေပါတယ်"

အမှန်တရားဘက်ကရပ်တည်ရင်း ပညာဖြင့်  ‌တော်လှန်နေကြသော CDMကျောင်းသား၊ကျောင်းသူ‌များနှင့် မိဘပြည်သူများခင်ဗျာ.......📢📢📢Lighti...
06/05/2024

အမှန်တရားဘက်ကရပ်တည်ရင်း ပညာဖြင့် ‌တော်လှန်နေကြသော CDMကျောင်းသား၊ကျောင်းသူ‌များနှင့် မိဘပြည်သူများခင်ဗျာ.......📢📢📢

Lighting for future (LFF) Online School ၏ Batch-4(အပတ်စဉ်-၄) စာသင်ကာလကို ၂၀၂၄ခုနှစ် Juneလ (၁)ရက်နေ့မှာစတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ် လက်ခံခြင်းကို မေလ (၆)ရက်နေ့တွင်စတင်လက်ခံမှာဖြစ်ပါတယ်ခင်ဗျာ။

ကျောင်းဆက်တက်ကြမည့် သားသားမီးမီးတို့ နှင့် အသစ်အပ်ကြမည့်သားသားမီးမီးတို့အားလုံး ကျောင်း Pageလေးကို like &Shareလေးပြုလုပ်ထားပေးကြပါရန်လေးစားစွာ အသိပေးဖြန့်ဝေပါတယ်ခင်ဗျာ။

အသေးစိတ်သိလိုပါက ကျောင်းPage CBတွင် မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Lighting For Future Online School
Admin Team

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနhttps://moe.nugmyanmar.orgကြေညာချက်အမှတ် (၁၀/၂၀...
03/05/2024

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
အမျိုးသားညီညွတ်ရေးအစိုးရ
ပညာရေးဝန်ကြီးဌာန
https://moe.nugmyanmar.org
ကြေညာချက်အမှတ် (၁၀/၂၀၂၄)
၁၃၈၆ ခုနှစ်၊ ဦးတန်ခူးလဆုတ် ၉ ရက်
(၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်)
ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်းများအဖြစ်
အသိအမှတ်ပြု သက်တမ်းတိုးခွင့်ရသည့် ကျောင်းများစာရင်း ကြေညာချက်

၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနသည် ကြားကာလတွင် ပညာသင်ယူခွင့် ဆုံးရှုံးနေသော ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရန်အတွက် မြေပြင် ပြည်သူ့ပညာရေးကျောင်းများ၊ Online ကျောင်းများနှင့် ဆက်သွယ်ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါသည်။
၂။ ပညာရေးဝန်ကြီးဌာနသို့ အသိအမှတ်ပြု သက်တမ်းတိုးရန် လျှောက်လွှာတင်ထားသည့် ကျောင်းများအား ပညာရေးဝန်ကြီးဌာန လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာနမှ ကျောင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လေ့လာဆန်းစစ်အကဲဖြတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
၃။ လေ့လာဆန်းစစ်အကဲဖြတ်ရေးဌာန၏ သဘောထားမှတ်ချက်အရ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြုမူဝါဒ (၁၁) ချက်နှင့် Information and Technology Security Guidelines များကို လိုက်နာဆောင်ရွက်ပါမည်ဟု ဝန်ခံကတိပြုထားသည့်အပေါ် ကျေနပ်ဖွယ်ရာ ဆောင်ရွက်ထားကြသည်ကိုတွေ့ရှိရသည့် အောက်ဖော်ပြပါ Online ပြည်သူ့ပညာရေး ကျောင်းများကို “ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း” အဖြစ် အသိအမှတ်ပြု သက်တမ်း တိုးပေးလိုက်သည်။



https://moe.nugmyanmar.org/announcements/10-24/

🌟🌟🌟Page messenger ကနေ စာမေးကြလွန်းလို့ သင်ခန်းစာနဲ့ ပတ်သက်လို့ သိလိုလျှင် သက်ဆိုင်ရာအတန်း telegram channel တွေကို joinထာ...
14/02/2024

🌟🌟🌟Page messenger ကနေ စာမေးကြလွန်းလို့ သင်ခန်းစာနဲ့ ပတ်သက်လို့ သိလိုလျှင် သက်ဆိုင်ရာအတန်း telegram channel တွေကို joinထားပီး လေ့လာနိုင်ပါကြောင်း။ pageကလည်း ဒီထဲက downloadဆွဲပီး တင်ထားသာဖြစ်ပါတယ်။

https://www.facebook.com/share/p/dM7KUC4ukMDWwEs9/?mibextid=Nif5oz

https://www.facebook.com/100076062932206/posts/335049552373807/ယခုချိန်ထိ မဲလက်မှတ်များကို ဆက်လက်ရောင်းချနေဆဲပါခင်ဗျာ 📝အ...
06/12/2023

https://www.facebook.com/100076062932206/posts/335049552373807/
ယခုချိန်ထိ မဲလက်မှတ်များကို ဆက်လက်ရောင်းချနေဆဲပါခင်ဗျာ 📝
အမေစုကျောက်ပန်းချီပုံများလည်း ပိုင်ရှင်များရှာနေပါကြောင်းနှင့် ကံစမ်းပါဝင်ပေးကြဖို့ နိုးဆော်ပါရစေခင်ဗျာ🕊️🕊️🕊️

03/12/2023
အမှန်တရားကိုချစ်မြတ်နိုးကြသော မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးဘဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ🙏ယခုကတော့ ဒုတိယအကြ...
19/10/2023

အမှန်တရားကိုချစ်မြတ်နိုးကြသော မိဘပြည်သူညီအစ်ကိုမောင်နှမများအားလုံးဘဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေ🙏

ယခုကတော့ ဒုတိယအကြိမ်အဖြစ် မိုးညှင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့မှ ရန်ပုံငွေရှာဖွေခြင်းအစီအစဥ်ဖြစ်ပါတယ်💸

ဤအစီအစဥ်တွင် ပြည်သူ့အချစ်တော့ အမေစုပုံကျောက်ပန်းချီ ၅ချပ်ကို ဆုမဲအနေဖြင့် ပြန်လည်ချီးမြှင့် မဲဖောက်ပေးသွားမှာပါ🎖️🎖️🎖️

ကံစမ်းမဲအနေဖြင့် ၁စောင်လျှင် မြန်မာငွေ ၅၀၀၀ကျပ်ဖြစ်ပါတယ်💰

``အလုပ်စွန့်တော်လှန်CDM ဖေးကူကြစို့ဝိုင်းဝန်းလို့´´ ဆောင်ပုဒ်အတိုင်း အလုပ်စွန့်ကာ ပညာဖြင့် အမှန်တရားအတွက် တိုက်ပွဲဝင်နေကြသော CDMဆရာ/မများကို ကူညီရင်း CDM ပညာရေးကို အားကျိုးမာန်တက် သင်ယူနေကြသော CDM ကလေးများအတွက် အားကိုးအားထားရာ Online School ၏ Zoom ဖိုးများ သင်ကြားရေးဆရာ/မများ၏ Data ဖိုးနှင့် ကျန်းမာရေး၊လူမှုရေးအရ ခက်ခဲနေကြသော CDMများကို ကူညီရာရောက်မည့် ဤအစီအစဥ်တွင် ပါဝင်ကံစမ်းရင်း ဖေးကူပေးကြပါအုံးခင်ဗျာ🙏

ကံစမ်းမဲပုံ နမူနာကိုတော့ Commentမှာ ပြထားပါတယ် 20.10.2023မှ စတင်၍ ဝယ်ယူနိုင်ပါပြီခင်ဗျာ🗓️

30/05/2023
ကူညီကြပါအုန်း👉
20/04/2023

ကူညီကြပါအုန်း👉

Address

Mohnyin
01162

Website

Alerts

Be the first to know and let us send you an email when မိုးညှင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to မိုးညှင်းမြို့နယ်ပညာရေးဘုတ်အဖွဲ့:

Shortcuts

Share

Category