12/01/2024
ဘယ်စိတ်ခံစားချက်( emotions) တွေကို
မွေးမြူကြမလဲ ❤️💙💜💛❤️
--------------------------------------------------
ကောင်းတဲ့၊ ဆိုးတဲ့ စိတ်ခံစားချက် (emotion) မျိုးစုံဟာ ကျွန်မတို့လူသားတိုင်းမှာနေ့စဉ် ရှိကြပါတယ်။ ပျော်ရွှင်တာ၊ ဝမ်းနည်းတာ၊ ဒေါသထွက်တာ၊ စိတ်ရှုပ်တာ၊ စိတ်လှုပ်ရှားတာ၊ ဂုဏ်ယူတာ၊ အချစ်ခံရတယ်လို့ခံစားရတာ၊ သနားကြင်နာတတ်တာ တွေဟာ လူတစ်ယောက်ရဲ့ နေ့စဉ်အောင်မြင်မှုတွေအတွက် ခွန်အားဖြစ်နိုင်သလို ကျရှူံးမှုအတွက် တွန်းအားဖြစ်သွားတတ်ပါတယ်။
ဒါကြောင့် အောင်မြင်မှုအတွက် ခွန်အားဖြစ်စေတဲ့ မှန်ကန်တဲ့ စိတ်ခံစားချက်ထားရှိခြင်းကို ဘယ်လိုများများလုပ်ယူသင့်သလဲ ဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
Rule of success ဖြစ်တဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ စိတ်ခံစားချက် (၃)ချက်ရှိပါတယ်။
၁) သနားဂရုဏာရှိမှု (empathy)
တခြားသူတစ်ယောက်အပေါ် နားလည်ပေးခြင်း၊ စာနာတတ်ခြင်း၊ ပျော်ရွှင်ခြင်း၊၊ အောင်မြင်ခြင်းတွေကို ထပ်တူခံစားပေးနိုင်ခြင်း တွေကို သနားဂရုဏာရှိခြင်း (empathy) လို့ဆိုကြပါတယ်။ တခြားသူတစ်ယောက်ရဲ့ ရှူထောင့်ကနေကြည့်ပေးနိုင်ပြီး နားလည်ပေးနိုင်တဲ့သူကသာ တခြားသူတွေကို ဝမ်းနည်းနေတဲ့အချိန်၊ ခက်ခဲနေတဲ့အချိန်တွေကနေ ကျော်လွှားနိုင်အောင် ကူညီပေးနိုင်မယ်။ ရှေ့ဆောင်လမ်းပြပေးနိုင်မယ်လို့ Daniel Goleman(Emotional intelligence expertပညာရှင်ကပြောထားပါတယ်။
နောက်တစ်ချက်က ကြင်နာသနားတတ်တဲ့သူတွေဟာ မတူညီတဲ့အရာတွေကို တန်းတူညီတူဖြစ်အောင် စွမ်းဆောင်ချင်ကြတယ်။ လူတွေရဲ့ မတူညီမှုတွေကို အဲဒီလူရှုထောင့်ကနေ ကြည့်ပေးနိုင်ပြီး နားလည်ပေးနိုင်တာကြောင့် တခြားသူတွေ စိတ်ရှုပ်၊ စိတ်မကောင်းဖြစ်နေတဲ့အချိန်မှာ ပတ်ဝန်းကျင်အခြေအနေကို ရိပ်စားမိတတ်ကြတယ်။ ဒါကြောင့် သက်ဆိုင်ခြင်းမရှိတဲ့ စကားလုံးတွေနဲ့ ဒေါသကိုဆွစေတဲ့အရာမျိုးတွေကို ရှောင်ရှားနိုင်ပြီး လူမှုဆက်ဆံရေးကောင်းစေလို့ အောင်မြင်ခြင်းလမ်းစကို လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။
၂) စိတ်ဓာတ်တက်ကြွမှုရှိခြင်း( motivation)
Motivation ရှိတဲ့သူတွေဟာ ကိုယ့်ရည်မှန်းကို အာရုံစိုက် (stay focus) ထားနိုင်ပြီး ကိုယ်သွားမယ့်လမ်းတလျှောက် အခက်အခဲဘယ်လောက်ရှိပါစေ ရှေ့ဆက်သွားနိုင်ကြတယ်။ ဒါဟာ အောင်မြင်ခြင်းအတွက် လိုအပ်တဲ့ စိတ်ခံစားချက်ဖြစ်ပါတယ်။
Motivation သာ မရှိခဲ့ရင် ကိုယ့်ကိုယ်ကိုယ် သံသယဝင်ပြီး ဘဝကိုလွယ်လွယ်အရှူံးပေးတတ်ကြတယ်။ ကိုယ်တိုင် ကိုယ့်ဘဝကို ကြိုးစားရမဲ့အစား တခြားသူရဲ့အကူအညီကို စောင့်နေတတ်ကြတယ်။ နောက်ဆုံးမှာ တခြားသူတွေရဲ့ကြိုးဆွဲရာကကြရတဲ့ အနေအထားကို ရောက်သွားတတ်ကြပါတယ်။လူတစ်ယောက်ကို motivate ဖြစ်စေတဲ့ အရာနဲ့ အခြားသူတစ်ရောက်ရဲ့ motivate ဖြစ်စေတဲ့ အရာကတော့ တူချင်မှတူနိုင်ပါမယ်။ ဥပမာ- ကျွန်မသာ ကလေးအမေတစ်ယောက်မဖြစ်ခဲ့ရင် အခြားမိဘတွေနဲ့ ကလေးတွေကိုကူညီဖို့ motivate ဖြစ်ချင်မှဖြစ်မယ်။ ဒီတော့ ကျွန်မရဲ့ ကလေးတွေက ကျွန်မကို ဒီအလုပ်ဆက်လုပ်ဖို. motivate ဖြစ်စေတယ် လို့ပြောနိုင်တယ်။ နောက်တခါ ကိုယ့်ရဲ့ vision အနာဂတ် အမြင်ကလည်း ကိုယ့်ကို motivate လုပ်နိုင်လိမ့်မယ်။ လကမ္ဘာကို သွားချင်တဲ့ သူက သူ့ရဲ့ အခန်းကို space ship တွေ လကမ္ဘာပေါ်အခြေချခဲ့တဲ့ သူတွေရဲ့ အကြောင်းတွေ ပုံတွေက သူ့ကို motivate ဖြစ်စေလိမ့်မယ်။ လကမ္ဘာကို မသွားချင်တဲ့ လူအတွက်ဒါက တန်ဖိုးမရှိတဲ့ အမှိုက်ဖြစ်ကောင်းဖြစ်မယ်။ ကိုယ့် vision ကို ရောက်ပြီးသားသူတွေအကြောင်းကို လေ့လာတာ သွားနေတဲ့ သူတွေနဲ့ မိမိကိုယ်ကိုယ် ၀န်းရံထားတာက ကိုယ်ဆက်သွားဖို့ စိတ်ခွန်အားဖြစ်စေပါတယ်။ ဉပမာ positive parenting လမ်းကိုသွားနေတဲ့မိဘ တွေ အနေနဲ. တူရာsupport group တွေမှာ၀င် နေပါ။
ဒါကြောင့် ဘဝအောင်မြင်ခြင်းအတွက် အရေးပါတဲ့ motivation ရှိဖို့ဆိုရင် ကိုယ့်ရဲ့ရည်ရွယ်ချက်ကို သိအောင်အရင်ကြိုးစားရပါမယ်။ ပြီးရင် ကိုယ့်ရဲ့ ရည်ရွယ်ချက်နဲ့ align ဖြစ်တဲ့ ပတ်ဝန်းကျင်ကိုတည်ဆောက် ထားရှိရပါမယ်။ ဒါမှသာ ရည်မှန်းချက်တွေကို တဖြည်းဖြည်းနဲ့ နီးကပ်လာအောင် ဆက်သွားဖို့အတွက် တွန်းအားဖြစ်စေပါတယ်။
၃) စိတ်ရှည်ခြင်း (patience)
စားမြန်မြန်၊ သွားမြန်မြန် ခေတ်ကိုရောက်ရှိလာတဲ့ technology ခေတ်မှာ စိတ်ရှည်ခြင်းဆိုတာ တကယ်ကိုလိုအပ်တဲ့ စိတ်ခံစားချက်ဖြစ်ပါတယ်။ အရာရာကို မြန်ဆန်တိကျတာကို ဦးစားပေးလာတဲ့အခါ စိတ်မရှည်ခြင်းကို အစပျိုးရာရောက်စေပါတယ်။ အထူးသဖြင့် အနောက်တိုင်းယဉ်ကျေးမှုတွေမှာ ပိုဆိုးလာကြပြီး ဖြည်းဖြည်းနဲ့ အေးဆေးလုပ်တတ်တဲ့ လူမျိုးဆိုရင် တစ်ခုခုမှားယွင်းနေတယ်လို့အထင်ရောက်သွားစေပါတယ်။
တကယ်တော့ လူသားတွေ သတိမေ့နေတဲ့အရာတစ်ခုရှိပါတယ်။ အဲဒါက ဒီနေ့အလုပ်လုပ် နောက်နေ့မှာ ချက်ချင်းသူဌေးဖြစ်လာကြမှာမဟုတ်ပါဘူး။ အခုရေတွင်းတူးအခုရေကြည်သောက်ဖို. မဖြစ်နိုင်ပါဘူး။ Get rich quick scheme တွေကြည့်ရင်များသောအားဖြင့် အလိမ်အညာများ ရေရှည်မတည်မြဲတာများပါတယ်။
ဒီဘက်ခေတ် social media မှာဆိုရင်နေ့ချင်းညချင်း followers တွေတိုးလာဖို့အတွက် knowledgeရှိတဲ့ အကြောင်းအရာတွေ entertain ဖြစ်တာတွေဖန်တီးမျှဝေရမယ့်အစား လူ အကြည့်များဖို့ အတွက် လူအဆဲခံရတဲ့အကြောင်းအရာ ဖန်တီးတာမျိုး တွေ လုပ်ဆောင်နေကြတာလည်း မကြာခဏစိတ်မ ကောင်းစရာ တွေ့ရတတ်ပါတယ်။ ဒီလို အရာတွေရဲ့ အောင်မြင်မှုဆိုတာကလည်း ခဏသာပဲဖြစ်လာကြတာ သတိထားမိကြမှာပါ။ Follower တွေရှိနေသေးတယ်ဆိုရင်တောင် ဝုန်းကနဲ ထ နာမည်ကြီးလာပြီး အခု ဘာတွေဆက်လုပ်ဆောင်နေကြလဲ ဆိုတာ သေချာကြည့်ရင် မြင်တွေ့နိုင်ပါလိမ့်မယ်။
လူတစ်ယောက်အတွက် အောင်မြင်ခြင်းကို တစ်လကို ဝင်ငွေဘယ်လောက်ထိရလဲ၊ followers တွေ ဘယ်လောက်များလဲ။ ဘာတွေပိုင်ဆိုင်နေလဲ ဆိုတာတွေနဲ့ တိုင်းတာတာမဟုတ်ပါဘူး။
ဖြည်းဖြည်းနဲ့ မှန်မှန် စိတ်ရှည်တတ်တဲ့သူတွေဟာ ကိုယ့်ရည်မှန်းချက်ပန်းတိုင်အတွက် ရည်ရှည်ကိုကြည့်တတ်ကြတယ်။ Delayed gratification လို့ခေါ်ပါတယ်။ အဓိကက စိတ်ရှည်ပြီး consistency ရှိကာ ကိုယ့်ရည်ရွယ်ချက်အတိုင်း ရည်ရှည်ထိန်းသိမ်းနိုင်စွမ်းရှိသူတွေကသာ တကယ့်အောင်မြင်ခြင်းလမ်းကြောင်းမှန်ကို လျှောက်နိုင်ကြတာဖြစ်ပါတယ်။
ရေရှည်ရပ်တည်ဖို့ဆိုတာ ဟန်ဆောင်ပန်ဆောင်မလုပ်ခြင်း ကိုယ်မှာတကယ်ရှိနေတဲ့အရာကိုသာ တန်ဖိုးထားထိန်းသိမ်းထားခြင်း integrity ဆိုတာက အရေးကြီးပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ကလေးတွေရဲ့ စံပြကောင်းဖြစ်ဖို့ဆိုရင် ကျွန်မတို့ကိုယ်တိုင်ကြိုးစားပြီးဒီခံစားချက်တွေကို မွေးမြူဖို့လိုအပ်ပါတယ်။
Ref: Emotional intelligence , the 21 day mental makeover to master your emotions improve your social skills, and achieve better happier relationships
Burmese American Home
Fully Credit To Original Uploader🥰❤️