18/06/2020
ပညာ့အားမာန်ကိုယုံကြည်စွာအပ်နှံထားသောမိဘများသို့ အသိပေးပန်ကြားခြင်း။
ကျေးဇူးရှင်မိဘများခင်ဗျာ။
ကမ္ဘာတစ်ဝှမ်းလုံး၌ ကျရောက်ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါCOVID -19၏ ဂယက်ကြောင့် ၂၀၂၀-၂၀၂၁ပညာသင်နှစ်တွင် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများမှာ မည်သည့်နေ့ရက် မည်သည့်အချိန်တွင် ဖွင့်လှစ်ရမည်ဟူသော တရားဝင် ခွင့်ပြုသည့် ခွင့်ပြုချက်ညွှန်ကြားချက်မထွက်ရှိသေးပါ။
အစိုးရကျောင်းများဖွင့်သော်ငြား နယ်က ကျောင်းသားကျောင်းသူများမှာ အစိုးရကျောင်းတက်ရန် ကျောင်းအပ်လိုက်ပြီဆိုပါစို့။နေစရာ အခက်အခဲ ရှိလာပါပြီ။မည်သည့်နေရာမှာနေပြီး မည်သို့ ကျောင်းသွားကြမည်နည်း။အိမ်ကနေလည်း နေ့ချင်းပြန်တက်မရ။မြို့ပေါ်မှာလည်း အဖိုးအဖွားအိမ် ဦးလေးအဒေါ်အိမ် မရှိ။ကိုယ်ပိုင်ကျောင်းတက်ရန်လည်း မတတ်နိုင်။တတ်နိုင်စေကာမူ ကလေးက ကိုယ်ပိုင်ကျောင်းမနေချင်။
ဤသို့ဆိုလျှင် မိမိရင်သွေးပညာရေးအတွက် ရင်လေးစိတ်ပူနေကြသော မိဘများမှာ ပိုမိုသောကပွားစရာသာရှိသည်။
ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများကို ဖွင့်ခွင့်ပြုမှသာလျှင် နယ်ကကျောင်းသားကျောင်းသူလေးများပညာသင်ယူရန်မှာ အဆင်ပြေမှာဖြစ်ပါသည်။
ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းများဖွင့်ခွင့်ရပြီ ဖွင့်ကြပြီဆိုသည်နှင့် ချက်ချင်းဖွင့်လှစ်သင်ကြားမည်ဖြစ်ပါကြောင်း ကျေးဇူးရှင်မိဘများကို အသိပေး ပန်ကြားအပ်ပါသည်။
တစ်စုံတစ်ရာ သိရှိလိုသည်များ ရှိပါက ကျွန်တော်တို့ ပညာ့အားမာန် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းမိသားစုထံ တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါသည်ခင်ဗျာ။
ပညာ့အားမာန် - ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း
ကျပ်ပြင်မြို့မရပ်
အထကကျပ်ပြင် အရှေ့ဘက် အဆင်းလမ်း။ ကြီးကြီးစန်း ကုန်စုံဆိုင် နောက်ကျော။
၀၉ ၂၅၉၄ ၆၄ ၃၁၁
၀၉ ၄၄၀ ၄၂ ၁၈၂၀
၀၉ ၄၀၀ ၈၈ ၇၀ ၄၄