English 4 Skills by Kjunior

English 4 Skills by Kjunior Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from English 4 Skills by Kjunior, Language school, no 51 sagawarpin Street kyee myin dine yangon, Mogaung.

12/06/2025

Check out Kjunior Kta’s video.

မြန်မာ ဘာသာမှာ ဝါစင်က ၈ မျိူး ရှိသလိုEnglish မှာ လည်း Parts of speech ၈ မျိူး ရှိပါတယ်.grammar သဘော သဘာဝ အရ ခင်ဆင်ဆင် ဖြ...
07/05/2024

မြန်မာ ဘာသာမှာ ဝါစင်က ၈ မျိူး ရှိသလို
English မှာ လည်း Parts of speech ၈ မျိူး ရှိပါတယ်.
grammar သဘော သဘာဝ အရ ခင်ဆင်ဆင် ဖြစ်ပေမယ့်
တချို့ နေရာ တွေမှာ လုံးလုံး မတူတာ တွေ ရှိပါတယ်..
အခြေခံ ကျကျ grammar ကို လေ့လာချင်ရင်တော့
eight parts of speech ကနေ စပြီး လေ့လာရမှာပါ..
လေ့လာပုံ နည်း လမ်း တော့ မှန်စေချင်ပါတယ်..
မဟုတ်ရင် grammar တောထဲ လည် နေပြီး ခရီး မပေါက်ဖြစ်တတ်လို့ပါ..
speech ၈ မျိူး ထဲ မှာ ဆရာ အကျ ဆုံး က တော့
verb နဲ့ preposition ပဲ ဖြစ်ပါတယ်...
verb က သူ့ဟာ သူ ဆို သိပ် မရှုပ်ထွေး ပေမယ့်..
Tenses တွေ ပါ လာရင်တော့ နည်းနည်း ရှုပ်ထွေး စေတတ်ပါတယ်... tenses ကို နိုင် နင်း မှ verb ရဲ့ သဘော တရား ကို နားလည် မှာပါ...
tenses ကို အလွယ် အကျဥ်း ဆို ၄ မျိူး အကျယ် ဆို ၁၂မျိူး ဆို ပြီး မှတ်ယူ နိုင်ပါတယ်...( Tenses အကြောင်း အလျင်းသင့် သလို ဖော်ပြပါ့မယ်)...
Parts of speech အကြောင်း ပြန် ဆက် ပါရစေ..
သူတို့ အထဲ မှာ အကျယ်ပြန့်ဆုံး က preposition ပဲဖြစ်ပါတယ်....
Phrasal verb. ကို သိကြမှာပါ..
verb နဲ့ preposition ပေါင်းစပ် ပြီး အတွဲ ဖြစ်နေတဲ့ စကားလုံး တွဲ များကို ဆို လိုတာပါ..
ဥပမာ... look at... break up....turn on...ect.........
အတော် လည်း အသုံးများပါတယ်....သူ့ ကို သေချာ သုံးတတ် ရင် ဝါကျ က လှပ ကျစ်လစ် လာမှာ ဖြစ်သလို ထိရောက်မှု လည်း အတော် ကို ရှိစေမှာပါ.....
grammer ကို selfstudy လုပ်ချင်ရင် Higher grammar စာအုပ် နဲ့ စနစ်တကျ လေ့ကျင် ဖို့ အတွက်ဆို essential
grammar in use... ဆို တဲ့ စာအုပ် ၂ အုပ် ကို ညွှန်းချင်ပါတယ်.....
လေ့လာသူ အပေါင်း တိုးတက် ကြပါစေ....
Kjunior...

07/05/2024

English စာလုံး စာကြောင်းများကို အသံ ထွက် ရာတွင်
မြန်မာ ကျောင်း သား များ အဓိက လိုက်နာ သင့်တဲ့
အချက် အနည်းငယ် ကို ပြောပြချင်ပါတယ်..
ဆရာကြီး ဦးသန်းဖေ ဧည့်လမ်းညွှန် ပြောဖူးထားတာ ကနေ ကောက်နှုတ် ပြောပြ တာပါ... ဆရာကြီးအား အစဥ်
ဦးညွတ် လျှက်ပါ...
ပထဆုံး ကျွန်တော်တို့ မြန်မာ ကျောင်းသား တွေ မေ့ကျန် တတ်တာ Final consonant sounds လို့ ခေါ်တဲ့ နောက်ပိတ် ဗျည်း သံ ပဲ ဖြစ်ပါတယ်. book. boat
cook coat. စတဲ့ အသံဆင်တူ စကားလုံး များ ကို နောက်ပိတ် သံ မပါ ပဲ ထွက် ရင် အသံက ရောသွားတတ်ကြောင်း သတိ ပြုမိကြမှာ ပါ..
အဲတာကြောင့် နောက် ပိတ် သံ final consonant sounds
ကို သတိထားပြီး ထွက် ရင် အသံထွက် ပိုကောင်းမွန် လာမှာပါ.....
အကြမ်း သဘော အားဖြင့် T နဲ့ ဆုံးရင် ထ /တ အသံ လေးနဲ့ ပိတ်ပြီးထွက် မယ် K နဲ့ ဆုံးရင် က/ခ အသံ နဲ့ ပိတ်ပြီး ထွက်မယ် စသည်ဖြင့် သတိလေး နဲ့ ထွက်ရင် ပို ပြီး မှန်လာမှာ ဖြစ်ပါတယ်...
နောက်တခု intonation လို့ ခေါ်တဲ့ အသံ အနိမ့် အမြင့်
အပြောင်း အလဲ ဖြစ်ပါတယ်....
တသံတည်း ထွက် တဲ့ one syllable words တွေ မှာ သိပ် မသိသာပေမယ့် တသံ ထက် များတဲ့ စကားလုံးတွေ စာကြောင်းတွေမှာ ဆိုရင် တော့ တော်တော် လေး သတိထားနိုင် မှ မှန်ကန်စွာ အသံထွက်နိုင် မှာ ဖြစ်ပါတယ်.
ဥပမာ ၂ သံ ထွက်တဲ့ စကားလုံး hotel ဆိုပါတော့
ဒီအတိုင်း ပဲ ဟိုတယ် လို့ ထွက်ကြတာ ပါပဲ...
အမှန် က ho-' tel နောက်ဆုံးအသံ တလ် မှာ ဖိပြီး ထွက် မှ မှန်မှာပါ..
ipa ပါတဲ့ dictionary တိုင်းမှာ stress ပုံလေး နဲ့ ပြထားပေးတတ်ပါတယ်.... အဲတာ ကို လည်း သတိ ချပ် ပြီး ထွက်ရင်
မိမိ ရဲ့ အသံထွက် ကောင်းမွန် တိုးတက်လာပါလိမ့်မယ်...
ဆက်ရန်ရှိပါသေးတယ်......
English စာ လေ့လာ သူ အကုန်လုံး
အသံထွက် မှန်ကန် တိုးတက်ကြပါစေ....
K junior.

Address

No 51 Sagawarpin Street Kyee Myin Dine Yangon
Mogaung

Website

Alerts

Be the first to know and let us send you an email when English 4 Skills by Kjunior posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share