World Robot Olympiad Myanmar

World Robot Olympiad Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Robot Olympiad Myanmar, Education, Shophouse No. 215, TimesCity, Kamayut, Yangon, Mogaung.

Robotics စသင်မယ့်ကလေးက Coding အရင်တတ်ထားဖို့ လိုအပ်လား? 🤖“ကလေးက Coding မတတ်သေးဘူး… Robotics သင်လို့ရပါ့မလား?” ကလေးကို Ro...
21/08/2026

Robotics စသင်မယ့်ကလေးက Coding အရင်တတ်ထားဖို့ လိုအပ်လား? 🤖

“ကလေးက Coding မတတ်သေးဘူး… Robotics သင်လို့ရပါ့မလား?”
ကလေးကို Robotics အခုမှစပြီး သင်ပေးချင်တဲ့မိဘတွေအနေနဲ့ ဒီလိုမျိုး စိုးရိမ်ပြီး မေးတတ်ကြပါတယ်။

တကယ်တော့ Robotics ကို စသင်တဲ့အချိန်မှာ Coding အရင်တတ်ထားရင် ပိုကောင်းပေမယ့် Coding မတတ်ထားလည်း ကလေးက Robotics ကို စပြီးသင်လို့ရပါတယ်။

မသိ၊ မတတ်သေးတဲ့ ကလေးတစ်ယောက်အတွက်တော့ Robotics Learning ဆိုတာ အားလပ်ချိန်မှာ အကျိုးရှိရှိ ကုန်ဆုံးရင်း လေ့လာရင်းနဲ့ စသင့်တဲ့ အခြေခံအဆင့်ပါ။

ကလေးတစ်ယောက်က Robotics Learning ကိုစပြီး စိတ်ဝင်စားလာပြီဆိုရင် Lego အတုံးလေးကို ကိုယ်တိုင်တည်ဆောက်ကြည့်ရင်း “ဒါကို ဒီလိုလုပ်ရင် ဘာဖြစ်မလဲ?” ဆိုပြီး စမ်းကြည့်လာမယ်။

စမ်းကြည့်ရင်းနဲ့
“ဪ… ဒီအပိုင်းက ဒီလိုအလုပ်လုပ်တာပဲ” ဆိုပြီး နားလည်လာမယ်။

နားလည်လာတဲ့အခါမှာတော့
“ဒါဆို ငါလိုချင်တဲ့အတိုင်း Robot ကို ဘယ်လိုလုပ်ခိုင်းရမလဲ?” ဆိုတဲ့မေးခွန်းကနေ Coding ကို သူဆက်ပြီး စိတ်ဝင်စားလာပါလိမ့်မယ်။

အဲ့ဒီအချိန်မှာ Coding က ကလေးအတွက် သင်ရမယ့် သင်ခန်းစာတစ်ခုလိုမဟုတ်တော့ဘဲ ကိုယ်တိုင်ဖန်တီးထားတဲ့အရာကို အလုပ်လုပ်အောင်လုပ်ဖို့ အသုံးချရတဲ့ Tool တစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် Robotics ကို စသင်ဖို့ Coding တတ်တဲ့အထိ စောင့်နေဖို့မလိုပါဘူး။

ကလေးတွေအတွက် အရေးကြီးတာက အစကတည်းက အားလုံးတတ်နေဖို့မဟုတ်ဘဲ စမ်းကြည့်ဖို့ လေ့လာကိုင်တွယ်ကြည့်ဖို့ အခွင့်အရေးရှိဖို့ပဲလိုပါတယ်။

RoboLab မှာတော့ Robotics ကို အခုမှစပြီး စိတ်ဝင်စားတဲ့ကလေးတွေ၊ စသင်နေတဲ့ကလေးတွေကို ပိုပြီးထိတွေ့လေ့ကျင့်နိုင်အောင် မြန်မာနိုင်ငံရဲ့တစ်ခုတည်းသော STEM Learning Lab တစ်ခုအဖြစ် ဖန်တီးပေးထားပါတယ်။

သင့်ကလေးအတွက် စိတ်ဝင်စားလို့ Membership အဖြစ်ပါဝင်ချင်တယ်ဆိုရင် အခုပဲ Comment မှာ “RoboLab” လို့မန့်ခဲ့လိုက်ပါ။ 💁

ကလေးက Robotics ကို ခုမှစိတ်ဝင်စားတာဆို ဘယ်အရွယ်က စသင့်လဲ?“ဒီအရွယ်မှ စရင် နောက်ကျနေပြီလား?”“ငယ်သေးတော့ နားလည်ပါ့မလား?”“အရ...
20/08/2026

ကလေးက Robotics ကို ခုမှစိတ်ဝင်စားတာဆို ဘယ်အရွယ်က စသင့်လဲ?

“ဒီအရွယ်မှ စရင် နောက်ကျနေပြီလား?”
“ငယ်သေးတော့ နားလည်ပါ့မလား?”
“အရင်က ဘာမှမသင်ဖူးဘူး… Robotics သင်ပေးလို့ရပါ့မလား?”

Robotics ကို ခုမှစိတ်ဝင်စားလာတဲ့ကလေးရှိတဲ့ မိဘတွေအနေနဲ့ ဒီလိုမေးခွန်းတွေ တွေးမိ၊ စိုးရိမ်မိတတ်ကြပါတယ်။

တကယ်တော့ ကလေးတစ်ယောက် Robotics စသင်ဖို့ဆိုတာ အသက်တစ်ခုတည်းနဲ့ ဆုံးဖြတ်လို့မရပါဘူး။ ကလေးတစ်ယောက်နဲ့တစ်ယောက် စိတ်ဝင်စားတာချင်းမတူသလို၊ ကိုယ်တိုင်လုပ်ဆောင်နိုင်တဲ့အဆင့်လည်း မတူကြပါဘူး။

ဒါကြောင့် အခုမှစပြီး Robotics ကိုစိတ်ဝင်စားလာတဲ့ ကလေးတစ်ယောက်အတွက် အရေးကြီးတာက “အသက်ဘယ်လောက်ရှိပြီလဲ” ဆိုတာထက်

“သူက ဘာကိုစိတ်ဝင်စားလဲ?”
“ကိုယ်တိုင် စမ်းလုပ်ကြည့်ဖို့ စိတ်ဝင်စားလား?”
“သူ့အတွက် သင့်တော်တဲ့ဘယ်အဆင့်ကနေ စလို့ရမလဲ?” ဆိုတာတွေကို ကြည့်ပေးဖို့က ပိုပြီး အဓိကကျပါတယ်။

အရင်က Robotics မသင်ဖူးလို့ ကလေးက မလုပ်နိုင်လောက်ဘူးဆိုတာလည်း အမြဲတမ်းမမှန်နိုင်ပါဘူး။ အခုမှ စိတ်ဝင်စားလာတာဆိုရင်လည်း သူ့ရဲ့ စိတ်ဝင်စားမှု၊ စိတ်အားထက်သန်မှုနဲ့ ဖန်တီးမှုရလဒ်တွေကပဲ ကလေးကို ဆက်ပြီး လေ့လာသင်ယူရင်း ရှေ့ဆက်ဖို့အတွက် ဆွဲခေါ်သွားတာပါ။

ဒီထက်ပိုပြီး အရေးကြီးတာက ကိုယ့်ကလေးကို အခြားကလေးတွေနဲ့ မနှိုင်းယှဥ်ဘဲ သူ့အတွက် သင့်တော်တဲ့လေ့ကျင့်မှုပုံစံ၊ သင်ယူပေးနိုင်တဲ့နေရာတစ်ခုကနေ အစပျိုးပေးနိုင်ဖို့ပါပဲ။

အခုမှစပြီး စိတ်ဝင်စားလာတာပဲဖြစ်ဖြစ်၊ ကလေးကိုစိတ်ဝင်စားလာဖို့ Robotics ပတ်ဝန်းကျင်မှာ အားလပ်ချိန်ကို အကျိုးရှိစေချင်တာဖြစ်ဖြစ် RoboLab မှာ Membership Program တွေရှိပါတယ်။

မိဘတို့ရဲ့ကလေးကရော Robotics ကို ဘယ်အရွယ်မှာ စပြီး စိတ်ဝင်စားလာခဲ့တာလဲ (ဒါမှမဟုတ်) အခုမှစပြီး စိတ်ဝင်စားလာတဲ့ကလေးတွေရောရှိလား။

18/08/2026

ကလေးက Robotics ကို တစ်ယောက်တည်းလေ့ကျင့်တာနဲ့ အများနဲ့ လေ့ကျင့်တာ ဘာကွာလဲ❓

စက်ရုပ်နည်းပညာကို စိတ်ဝင်စားတဲ့ကလေးတစ်ယောက်၊ Robotics ကို သင်နေတဲ့ ကလေးတစ်ယောက်အတွက်တော့

အိမ်မှာပဲ လေ့ကျင့်လိုက်၊ စမ်းသပ်လိုက်၊ ဆော့ကစားလိုက်နဲ့ သူ့ရဲ့ တီထွင်ဖန်တီးနိုင်စွမ်းကို ပျိုးထောင်ပေးတာက အဖိုးတန်တဲ့ အစပြုခြင်းတစ်ခုပါ။

ကိုယ်ပိုင်စဉ်းစားဉာဏ် ခိုင်မာဖို့၊ Self-learning အလေ့အထရဖို့နဲ့ အာရုံစူးစိုက်နိုင်စွမ်း (Focus Area) ကို တည်ဆောက်ဖို့အတွက် Solo Practice က မရှိမဖြစ် အရေးပါတဲ့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။

🤖 ဒါပေမဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို စိတ်ဝင်တစား သင်နေတဲ့သူတစ်ယောက်ကနေ Robotics ကို တတ်မြောက်ပြီး အဆုံးအစမရှိ ဖန်တီးနိုင်စေချင်တယ်၊ ကျွမ်းကျင်တဲ့သူတစ်ယောက်ဖြစ်စေချင်တယ်ဆိုရင်တော့..

တစ်ယောက်တည်း လေ့ကျင့်သင်ယူစေတာက မလုံလောက်တော့ပါဘူး။

အများနဲ့ပူပေါင်းဆောင်ရွက်တတ်ဖို့၊ တခြားသူတွေရဲ့ မတူညီတဲ့ စိတ်ကူးအကြံပေးမှုတွေကို လက်ခံနိုင်ဖို့နဲ့ အမျိုးသားအဆင့်၊ နိုင်ငံအဆင့် နည်းပညာပြိုင်ပွဲတွေမှာပါ ထူးချွန်ထက်မြက်စေချင်တယ်ဆိုရင်တော့

အခုကတည်းက RoboLab လိုမျိုး STEM Lab Community မှာ လေ့ကျင့်သင်ယူစေတာက ပိုကောင်းတဲ့ရွေးချယ်မှုဖြစ်စေမှာပါ။ 🚀

တစ်ယောက်တည်းလေ့ကျင့်သင်ယူရင်းနဲ့ အခြေခံ ခိုင်မာပြီးသား ကလေးတစ်ယောက်ဟာ RoboLab Community လိုမျိုး အများနဲ့ ပူးပေါင်းလေ့ကျင့်ရတဲ့ ဝန်းကျင်ထဲ ရောက်သွားတဲ့အခါမှာတော့ သူ့ရဲ့ အလားအလာတွေက အတိုင်းအတာတစ်ခုအထိ ပိုမိုကျယ်ပြန့်သွားပါတယ်။

အထူးသဖြင့် WRO (World Robot Olympiad) လိုမျိုး အချိန်အကန့်အသတ်၊ စိန်ခေါ်မှု အခက်အခဲတွေကြားထဲ ယှဉ်ပြိုင်ရတဲ့ နိုင်ငံတကာအဆင့်မီ ပြိုင်ပွဲကြီးတွေကို ရည်မှန်းတဲ့အခါ

ကလေးရဲ့ ပင်ကိုယ် နည်းပညာအသိဉာဏ်အပြင် အခက်အခဲတွေကို အတူတကွ ဖြေရှင်းတတ်မယ့် Collaboration Multiplier Factor ပါ ပေါင်းစပ်သွားတာကြောင့် ပိုမိုကြီးမားတဲ့ Robotics System တွေကို အောင်မြင်စွာ ပုံဖော်နိုင်လာပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံရဲ့ One and Only STEM Lab ဖြစ်တဲ့ RoboLab မှာဆိုရင်တော့ ကလေးတစ်ယောက်ချင်းစီရဲ့ Solo Practice အခြေခံကောင်းတွေကို စနစ်တကျ ပံ့ပိုးပေးသလို

စက်ရုပ်နည်းပညာကို စိတ်ဝင်စားတဲ့ကလေးတွေအချင်းချင်း RoboLab Community Experience ကိုပါ ဟန်ချက်ညီညီ ပေါင်းစပ်ဖန်တီးပေးထားပါတယ်။

သင့်ကလေးရဲ့ ပင်ကိုယ်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး အနာဂတ် စက်ရုပ်အင်ဂျင်နီယာလေးအဖြစ် အတူတကွ ပုံဖော်ပေးဖို့ “RoboLab” မှာ လေ့ကျင့်သင်ယူစေလိုက်ပါ။ 💁

RoboLab က ကလေးရဲ့ Future Skills ကို ဘယ်လိုတည်ဆောက်ပေးလဲ?Robotics သင်ထားတဲ့ကလေးတစ်ယောက်အတွက် အနာဂတ်မှာ အရေးကြီးလာမယ့်အရာက...
17/08/2026

RoboLab က ကလေးရဲ့ Future Skills ကို ဘယ်လိုတည်ဆောက်ပေးလဲ?

Robotics သင်ထားတဲ့ကလေးတစ်ယောက်အတွက် အနာဂတ်မှာ အရေးကြီးလာမယ့်အရာက Robotics ကို ဘာတွေသင်ထားလဲဆိုတာထက် ဘာတွေဖန်တီးနိုင်လဲ၊ ဘယ်လိုအသုံးချနိုင်လဲဆိုတာပါပဲ။

ပြဿနာတစ်ခုကြုံလာတဲ့အခါ ကိုယ်တိုင်စဉ်းစားပြီး ဖြေရှင်းနိုင်ဖို့၊ အတွေးအခေါ်အသစ်တွေ ဖန်တီးနိုင်ဖို့၊ အဖွဲ့နဲ့အတူ ပူးပေါင်းလုပ်ဆောင်နိုင်ဖို့နဲ့ ကိုယ့်အတွေးကို ရှင်းရှင်းလင်းလင်း ပြောပြနိုင်ဖို့တွေပါ လိုအပ်လာပါတယ်။

Robotics လေ့လာတဲ့အခါ Robot တစ်ခုကို တည်ဆောက်ပြီး စက်ရုပ်လေးလှုပ်ရှားလာအောင်လုပ်တာထက် ပိုတဲ့အရာတွေကို ကလေးတွေ လေ့ကျင့်ခွင့်ရပါတယ်။

✔️ စက်ရုပ်က တစ်ခုခု အလုပ်မလုပ်တဲ့အခါ “ဘာကြောင့်လဲ” ဆိုတာ စဉ်းစားရင်း Critical Thinking ကို တည်ဆောက်မိလာတယ်။

✔️ တစ်ကြိမ်တည်း တစ်နည်းတည်းနဲ့ မရတဲ့အခါ ကိုယ့်အတွေးနဲ့ ကိုယ် စမ်းသပ်ပြီး နည်းလမ်းအသစ်တွေရှာရင်း Creativity ကို အသုံးချတတ်လာတယ်။

✔️ Team နဲ့ Challenge တွေကို ဖြေရှင်းတဲ့အခါ တစ်ယောက်တည်းအောင်မြင်ဖို့ထက် အချင်းချင်း မျှဝေဆွေးနွေးရင်းနဲ့ Collaboration လုပ်တတ်လာတယ်။

✔️ ကိုယ်လုပ်ထားတဲ့ Idea ကို အဖွဲ့သားတွေ၊ ဆရာ၊ ဆရာမတွေဆီ ရှင်းပြရင်း Communication Skill လည်း တဖြည်းဖြည်းတိုးတက်လာတယ်။

✔️ အရေးကြီးဆုံးကတော့ မအောင်မြင်သေးတဲ့အချိန်မှာ လက်လျှော့မယ့်အစား “နောက်တစ်နည်းနဲ့ စမ်းကြည့်မယ်” ဆိုတဲ့ Resilience ကို လေ့ကျင့်လာတာပါ။

ဒါကြောင့် Robotics ကို သင်ယူခြင်းဆိုတာ စက်ရုပ်တစ်ရုပ် ဖန်တီးတတ်ခြင်းထက် ပိုပါတယ်။

စဉ်းစားတတ်တဲ့ကလေး၊ ဖန်တီးတတ်တဲ့ကလေး၊ အများနဲ့ ပူးပေါင်းတတ်တဲ့ကလေး၊ ကိုယ့်အတွေးကို ဖော်ပြတတ်တဲ့ကလေးနဲ့ မအောင်မြင်မှုတွေကြားမှာ ဆက်လက်ကြိုးစားတတ်တဲ့ကလေး ဖြစ်လာဖို့ အခွင့်အရေးတစ်ခုလည်း ဖြစ်ပါတယ်။

RoboLab မှာတော့ Robotics ကို ကလေးကတစ်ယောက်တည်း‌လေ့ကျင့်ရတာမဟုတ်ဘဲ ဝါသနာတူကလေးတွေနဲ့အတူလေ့ကျင့်ရတာဖြစ်လို့

ကလေးတွေရဲ့ ဒီလို Future Skills တွေကို လက်တွေ့လုပ်ဆောင်မှုတွေနဲ့အတူ ဖြည့်ဆည်းပြီးသားဖြစ်စေပါတယ်။

အနာဂတ်အတွက် ပြင်ဆင်ပေးတယ်ဆိုတာ အနာဂတ်မှာ ဘာဖြစ်မလဲဆိုတာ ကြိုပြောပေးတာမဟုတ်ပါဘူး။

ဘာပဲဖြစ်လာဖြစ်လာ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်မယ့် အရည်အချင်းတွေကို ဒီနေ့ကတည်းက တည်ဆောက်ပေးထားခြင်းပဲဖြစ်ပါတယ်။ ✊

"Community Learning က ဘာကြောင့် တိုးတက်မှုကို ပိုမြန်စေလဲ?"Robotics ကိုစိတ်ဝင်စားနေတဲ့ကလေးတွေ၊ သင်ယူနေတဲ့ကလေးတွေရှိတဲ့ မ...
15/08/2026

"Community Learning က ဘာကြောင့် တိုးတက်မှုကို ပိုမြန်စေလဲ?"

Robotics ကိုစိတ်ဝင်စားနေတဲ့ကလေးတွေ၊ သင်ယူနေတဲ့ကလေးတွေရှိတဲ့ မိဘတွေအနေနဲ့ ကိုယ့်ကလေးကို ဘယ်လိုမျိုးပံ့ပိုးပေးရမလဲ၊ ဘယ်လို Learning မျိုးက ပိုပြီးထိရောက်မလဲဆိုတာမျိုး အမြဲတမ်းတွေးမိကြတယ်မလား။

ကလေးတစ်ယောက်တည်း စက်ရုပ်နည်းပညာ (ဒါမှမဟုတ်) Coding ကို လေ့ကျင့်နေတဲ့အခါ အစိတ်အပိုင်းတစ်ခု တပ်ဆင်တာ လွဲသွားတာပဲဖြစ်ဖြစ် အမှားတစ်ခုတွေ့တိုင်း ဘာကြောင့်လွဲသွားလဲဆိုတာကို ကိုယ်တိုင် အချိန်အကြာကြီး အဖြေရှာရလေ့ရှိပါတယ်။

အတွေးသစ်၊ Idea အသစ်တွေရဖို့အတွက်လည်း ကလေးတစ်ယောက်တည်းရဲ့ စဉ်းစားမှုဘောင်အတွင်းမှာပဲ အချိန်ပိုယူပြီး ကြိုးစားရတာကြောင့် တစ်ခါတလေ အရှိန်တန့်သွားတတ်ပါတယ်။

ဒါပေမဲ့ ဒီသင်ယူမှုကို အချင်းချင်း ပူးပေါင်းလေ့လာတဲ့ Community Learning ပုံစံမျိုးနဲ့ ချိတ်ဆက်ပေးလိုက်တဲ့အခါ ကလေးရဲ့ တိုးတက်မှုနှုန်းဟာ သိသိသာသာကို မြန်ဆန်လာပါတယ်။

သူငယ်ချင်းတွေနဲ့အတူ လေ့လာရတဲ့အခါ သူမသိတာကို အားမနာတမ်း မေးမြန်းနိုင်သလို၊ သူသိထားတာကိုလည်း ပြန်လည်မျှဝေပေးရင်း (Idea Sharing) အတွေးအမြင်အသစ်တွေ အပြန်အလှန် ပေါ်ထွက်လာပါတယ်။

အမှားတစ်ခု ကြုံရတဲ့အခါမှာလည်း တစ်ယောက်တည်း ရုန်းကန်မနေရတော့ဘဲ "ငါ ဒီလိုလုပ်ကြည့်တုန်းက ရတယ်၊ ဒီနေရာလေး ပြင်ကြည့်ရအောင်" ဆိုပြီး အချင်းချင်း ကူညီအကြံပေးမှု (Feedback) တွေ ချက်ချင်းရတာကြောင့် အမှားကို မြန်မြန်ဆန်ဆန် သိရှိပြင်ဆင်နိုင်သွားပါတယ်။

ဒီလိုမျိုး တစ်ယောက်နဲ့တစ်ယောက် ပူးပေါင်းလုပ်ဆောင်မှု (Teamwork) ကနေတစ်ဆင့် တစ်ယောက်ရဲ့ အားသာချက်ကို နောက်တစ်ယောက်က ဖြည့်ဆည်းပေးရင်း တစ်ဦးချင်းစီရဲ့ အရည်အသွေးရော စက်ရုပ်ဖန်တီးနိုင်မှုစွမ်းရည်ပါ သိသိသာသာ တိုးတက် (Progress) လာတာကို တွေ့ရမှာပါ။

ဒါကြောင့် စက်ရုပ်နည်းပညာလို တီထွင်ဖန်တီးမှု လိုအပ်တဲ့ ပညာရပ်တွေကို လေ့လာရာမှာ ကလေးကို တစ်ယောက်တည်း အချိန်ယူပြီး ကြိုးစားစေတာမျိုးထက်

အချင်းချင်း အပြန်အလှန် လှုံ့ဆော်မှုပေးနိုင်တဲ့ Community Learning အသိုင်းအဝိုင်းထဲမှာ လေ့ကျင့်ပေးခြင်းက ကလေးရဲ့ လေ့လာသင်ယူမှု တိုးတက်ရေးအတွက် အကူအညီဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်ကလေးက စက်ရုပ်နည်းပညာကို စတင်စိတ်ဝင်စားနေပြီ၊ သင်ယူလေ့ကျင့်နေပြီဆိုရင် RoboLab လိုမျိုး STEM Learning Lab မှာ လေ့ကျင့်သင်ယူစေတာက ကလေးအတွက် အကောင်းဆုံးရွေးချယ်မှုတစ်ခုလည်း ဖြစ်လာစေမှာပါ။
မိဘတွေအနေနဲ့ ကိုယ့်ကလေးအတွက် Community Learning ကို စိတ်ဝင်စားတယ်၊ RoboLab မှာ သင်ယူစေချင်တယ်ဆိုရင်တော့ အခုပဲ ကိုယ့်ကလေးကို “RoboLab” ကိုခေါ်လာနိုင်ဖို့
Comment မှာ “RoboLab” လို့ မန့်ခဲ့လိုက်ပါ။ 💁

#စက်ရုပ်နည်းပညာ

သင့်ကလေးမှာ Future Engineer စိတ်ဓာတ် ရှိ၊ မရှိ ဘယ်လိုဆန်းစစ်ကြည့်မလဲ❓ကလေးတစ်ယောက် လက်ထဲကို အရုပ်တစ်ခု ဒါမှမဟုတ် အိမ်သုံး...
14/08/2026

သင့်ကလေးမှာ Future Engineer စိတ်ဓာတ် ရှိ၊ မရှိ ဘယ်လိုဆန်းစစ်ကြည့်မလဲ❓

ကလေးတစ်ယောက် လက်ထဲကို အရုပ်တစ်ခု ဒါမှမဟုတ် အိမ်သုံးပစ္စည်းတစ်ခု ရောက်သွားရင် မိဘတော်တော်များများ ပထမဆုံး တွေးမိတာက "ပျက်တော့မှာပဲ" ဆိုတာပါပဲ။

ဒါပေမဲ့ ကလေးက ဒီပစ္စည်းကို ဖြုတ်ကြည့်၊ ဖျက်ကြည့်လိုက်၊ အထဲမှာ ဘာတွေရှိလဲ အားရအောင်ကြည့်ပြီး ပြန်ဆက်ကြည့်ဖို့ ကြိုးစားနေတတ်တယ်ဆိုရင်တော့

ဒါဟာ အရုပ်ဖျက်ဆီးတာမဟုတ်ဘဲ အနာဂတ်အင်ဂျင်နီယာတစ်ယောက်လိုမျိုး စူးစမ်းချင်စိတ်တွေ အစပျိုးနေတာပါ။

❕ဒီထက်ပိုပြီး သိသာတာက အမှားကြုံရတဲ့အခါပါပဲ။

တည်ဆောက်ထားတဲ့အရုပ်လေးတွေ လဲကျသွားတာမျိုး၊ စက်ရုပ်လေးလုပ်ထားတာ အလုပ်မလုပ်တော့တာမျိုး ကြုံရရင်

အလွယ်တကူ စိတ်မပျက်သွားဘဲ "ဒါ ဘာလို့မရတာလဲ၊ ဘယ်နေရာမှာ မှားသွားတာလဲ" ဆိုပြီး အကြောင်းရင်းကို စိတ်ရှည်လက်ရှည် လိုက်ရှာနေတတ်တာမျိုးပါ။

ဒီလို ပစ္စည်းတွေကို ဖျက်ကြည့်၊ ဆက်ကြည့်ချင်စိတ်နဲ့ အမှားကြုံရင် အကြောင်းရင်းရှာချင်စိတ်တွေဟာ

ကလေးရဲ့ ရင်ထဲမှာ Future Engineer စိတ်ဓာတ် ကိန်းဝပ်နေပြီဆိုတာကို ပြသနေတဲ့ မြင်သာတဲ့အချက်လေးတွေပါပဲ။ 🚀

ဒါကြောင့် သင့်ကလေးက အခုလိုအမူအကျင့်လေးတွေရှိနေရင် စက်ရုပ်နည်းပညာကို ခုမှစပြီး စိတ်ဝင်စားတာပဲဖြစ်ဖြစ်၊ လက်ရှိ သင်ယူနေတာပဲဖြစ်ဖြစ်လုပ်နေပြီဆိုရင်

အနာဂတ်အင်ဂျင်နီယာကောင်းလေးတွေဖြစ်လာဖို့အတွက် လမ်းကြောင်းတစ်ခုပေါ်ကို ရောက်နေပြီဖြစ်ပါတယ်။

ဒါကို သတိထားမိပြီး STEM ကိုပျိုးထောင်ပေးချင်တယ်၊ စတင်မိတ်ဆက်လေ့ကျင့်စေချင်တယ်ဆိုတဲ့ မိဘတွေအနေနဲ့လည်း WRO MYANMAR မှာ “RoboLab” ရှိတယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ 💁

Project တစ်ခုဖန်တီးတဲ့အခါ ကလေးတွေ ဘာ Skill တွေရလာလဲ❓မိဘတစ်ယောက်အနေနဲ့ စက်ရုပ်နည်းပညာစိတ်ဝင်စားတဲ့ ကလေးကို စက်ရုပ်နည်းပညာ...
13/08/2026

Project တစ်ခုဖန်တီးတဲ့အခါ ကလေးတွေ ဘာ Skill တွေရလာလဲ❓

မိဘတစ်ယောက်အနေနဲ့ စက်ရုပ်နည်းပညာစိတ်ဝင်စားတဲ့ ကလေးကို စက်ရုပ်နည်းပညာသင်ပေးထားတာ (ဒါမှမဟုတ်)

ကလေးက STEM/Coding ပရောဂျက်တွေ လုပ်ရတဲ့အခါ စိတ်ထဲ တစ်ခါတလေ ဒီလို မေးခွန်းမျိုး ဝင်ဖူးပါလိမ့်မယ်။

"ကလေးက ဒါတွေ သင်ပြီး တကယ်ရော ဘာတွေ ရလာမှာလဲ"

မိဘအများစု ထင်ကြတာကတော့ ကလေးဟာ နည်းပညာတတ်မြောက်သွားမယ်၊ စက်ရုပ်ဖန်တီးမှုတွေ လုပ်တတ်သွားမယ် ဆိုတာပါပဲ။

ဒါပေမဲ့ အဲဒီလို ပရောဂျက်တစ်ခုစီရဲ့ နောက်ကွယ်မှာ ကလေး ရသွားတာဟာ စက်ရုပ်တွေအကြောင်း မဟုတ်ဘဲ သူ့ရဲ့ ဘဝတစ်လျှောက်လုံးအတွက် အသုံးဝင်မယ့် စိတ်ဓာတ်နဲ့ စွမ်းရည်တွေလည်း ရသွားပါတယ်။

ကလေးတစ်ယောက် လက်တွေ့ ပရောဂျက်တစ်ခု လုပ်ရင်း ဘဝအတွက် ဘယ်လိုစွမ်းရည်တွေရသွားလဲဆိုရင်…

၁။ တစ်ကြိမ်ရှုံးတာနဲ့ ပြန်ပြီးကြိုးစားရမယ်ဆိုတာကို လက်တွေ့ သိသွားတယ်

စက်ရုပ်လေးတစ်ခုဖန်တီးတဲ့အခါ ကြိုးတစ်ချောင်း လွဲတာနဲ့ မလှုပ်တော့ပါဘူး။ Code တစ်ကြောင်း မှားတာနဲ့ အလုပ်မလုပ်တော့ပါဘူး။ အစပိုင်းမှာ ကလေး ဝမ်းနည်းချင် ဝမ်းနည်းပါလိမ့်မယ်။ ဒါပေမဲ့ ခဏနေရင် စိတ်ဓာတ်မကျဘဲ "ဘယ်နေရာ မှားသွားတာလဲ" ဆိုပြီး ပြန်ရှာတတ်လာတယ်။ အမှားဆိုတာ ကြောက်စရာ မဟုတ်ဘဲ အဖြေရှာဖို့ အခွင့်အရေးဆိုတာကို သူတို့ ကိုယ်တိုင် နားလည်သွားတာပါ။

၂။ အဖြေကို တိုက်ရိုက် မမေးတော့ဘဲ ကိုယ်တိုင် စဉ်းစားတတ်လာတယ်

"ဒါ ဘယ်လိုလုပ်ရမလဲ" ဆိုပြီး မိဘကို ချက်ချင်း လာမမေးတော့ဘဲ စိတ်ကူးထဲကအတိုင်း ဖြစ်အောင် ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို ကိုယ်တိုင် အစဆွဲထုတ်ပြီး စဉ်းစားတတ်လာပါတယ်။ သင်ခန်းစာတွေထဲကအတိုင်း အလွတ်ကျက်တာ မဟုတ်ဘဲ ကိုယ်ပိုင် တွေးခေါ်မှု စတင်လာတာပါ။

၃။ စိတ်ရှည်မှုနဲ့ အာရုံစူးစိုက်မှုကို သဘာဝအတိုင်း လေ့ကျင့်မိသွားတယ်

အစိတ်အပိုင်း သေးသေးလေးတွေကို စိတ်ရှည်လက်ရှည် တပ်ဆင်ရတာ၊ မရမချင်း အကြိမ်ကြိမ် စမ်းသပ်ရတာတွေက ကလေးကို မသိမသာ စိတ်ရှည်လာစေပါတယ်။ အရာရာကို အလွယ်ရချင်တဲ့ ဒီနေ့ခေတ်မှာ ဒီလို စိတ်ရှည် အာရုံစူးစိုက်နိုင်တာဟာ အလွန် အဖိုးတန်တဲ့ အလေ့အကျင့်တစ်ခုပါ။

၄။ "ငါ လုပ်နိုင်တယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ရသွားတယ်

ကိုယ်ပိုင်စိတ်ကူးကို ကိုယ်တိုင် လက်နဲ့ တကယ် အသက်ဝင်အောင် လုပ်နိုင်ခဲ့တဲ့အခါ ကလေးရဲ့ မျက်လုံးထဲမှာ ဝင်းလက်သွားတဲ့ ပျော်ရွှင်မှုနဲ့ ယုံကြည်မှုကို မိဘတွေ မြင်တွေ့ရပါလိမ့်မယ်။ ဒီယုံကြည်မှုဟာ နောက်ထပ် ခက်ခဲတဲ့ ဘဝစိန်ခေါ်မှုတွေကို မကြောက်မရွံ့ ရင်ဆိုင်ရဲစေမယ့် ခွန်အားမျိုး ဖြစ်လာပါတယ်။

ကျောင်းသင်ခန်းစာတွေက ကလေးကို ဗဟုသုတ တိုးစေပါတယ်။ ဒါပေမဲ့ STEM နဲ့ Robotics လို လက်တွေ့ ပရောဂျက် ဖန်တီးမှုတွေကတော့ ကလေးရဲ့ စိတ်ဓာတ်ကို ခိုင်မာအောင် တည်ဆောက်ပေးပါတယ်။

ဒီနေ့ သင့်ကလေး ဖန်တီးလိုက်တဲ့ ပရောဂျက် သေးသေးလေးတွေဟာ အနာဂတ်မှာ စိန်ခေါ်မှုတွေကို ရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်မယ့်သူတစ်ယောက်ရဲ့ ပထမဆုံး ခြေလှမ်းတွေပဲ ဖြစ်ပါတယ်။

Robotics ဖန်တီးမှုတွေလုပ်နေတဲ့ သင်နေတဲ့သင့်ကလေးမှာရော ဘယ်လိုမျိုး ထူးခြားတဲ့ အလေ့အကျင့်လေးတွေဖြစ်လာတာကို မိဘတို့အနေနဲ့ သတိထားမိလဲဆိုတာ Comment မှာ ပြောပြခဲ့ပါဦး။ 🥰

RoboLab မှာ ကလေးတွေဘာတွေ ဖန်တီးနိုင်မလဲ❓စက်ရုပ်နည်းပညာကို စိတ်ဝင်စားတဲ့ကလေးမျိုး၊ STEM Education ကို ပျိုးထောင်ပေးနေတဲ့ ...
12/08/2026

RoboLab မှာ ကလေးတွေဘာတွေ ဖန်တီးနိုင်မလဲ❓

စက်ရုပ်နည်းပညာကို စိတ်ဝင်စားတဲ့ကလေးမျိုး၊ STEM Education ကို ပျိုးထောင်ပေးနေတဲ့ မိဘတွေအနေနဲ့ကတော့ ကိုယ့်ကလေးကို

စိတ်ကူးစိတ်သန်းအပြည့်နဲ့ လက်တွေ့တီထွင်နိုင်စွမ်းရှိတဲ့ ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာစေချင်ကြတာပါပဲ။

ကိုယ်ကသာ ခေတ်ရှေ့မပြေးတဲ့သူတစ်ယောက်ဖြစ်နေပါစေ၊
ကိုယ့်ကလေးကိုတော့ ခေတ်နဲ့အညီ ရင်ပေါင်တန်းပြီး နည်းပညာတွေကို ထိတွေ့ပြီး အကျွမ်းတဝင်ရှိစေချင်တယ်၊ ဖန်တီးမှုတွေ လုပ်နိုင်စေချင်ကြပါတယ်။

ဒီလိုတွေကြောင့်ပဲ နည်းပညာကိုစိတ်ဝင်စားတဲ့ကလေးတွေ၊ စက်ရုပ်နည်းပညာကို သင်ကြားထားတဲ့ကလေးတွေကနေ

စက်ရုပ်နည်းပညာကို တတ်မြောက်ကျွမ်းကျင်သူတွေဖြစ်လာအောင်လို့ RoboLab ရှိနေတယ်ဆိုတာ သိစေချင်ပါတယ်။

ဒါဆို RoboLab ဆိုတာ ဘာလဲ?

🤖 RoboLab ဆိုတာ စက်ရုပ်နည်းပညာကို အခြေခံမရှိလည်း စိတ်ဝင်စားတဲ့ကလေးတွေနဲ့ သင်ကြားထားပြီးသားကလေးတွေကို

Premium Lego Education Set တွေကိုသုံးပြီး လက်တွေ့လေ့ကျင့်ဖန်တီးမှုတွေကို နည်းပြတွေနဲ့အတူ အခက်အခဲမရှိ မြှင့်တင်လေ့ကျင့်လို့ရမယ့်

မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော STEM Learning Space တစ်ခုဖြစ်ပါတယ်။

ဒါကြောင့် သင့်ကလေးက စက်ရုပ်နည်းပညာကိုစိတ်ဝင်စားတယ်၊ STEM Education နဲ့ ထိတွေ့အကျွမ်းတဝင်ရှိစေချင်တယ်ဆိုရင်တော့…

RoboLab မှာ ကလေးတွေ ဘာတွေဖန်တီးနိုင်မလဲ၊ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုတာ အောက်ပါပုံတွေမှာ တစ်ချက်ဆက်ပြီး ဖတ်ကြည့်ပြီးတော့

RoboLab အကြောင်း အသေးစိတ်သိချင်တယ်ဆိုရင်
Comment မှာ “RoboLab” လို့ မန့်ခဲ့လိုက်ပါ။ အသေးစိတ်ပြန်ပြီး ဆက်သွယ်ပေးပါ့မယ်။ 👇

Robotics ကို သင်ထားတဲ့ကလေးကနေ တတ်ထားတဲ့ကလေးဖြစ်လာဖို့ ဘာတွေလိုအပ်လဲ?Robotics Class တက်ထားတာနဲ့ Robotics ကို တကယ်တတ်မြောက...
11/08/2026

Robotics ကို သင်ထားတဲ့ကလေးကနေ တတ်ထားတဲ့ကလေးဖြစ်လာဖို့ ဘာတွေလိုအပ်လဲ?

Robotics Class တက်ထားတာနဲ့ Robotics ကို တကယ်တတ်မြောက်သွားတာက မတူပါဘူး။

ကလေးတစ်ယောက်က Robot တစ်ခုကို ဆရာပြတဲ့အတိုင်း တည်ဆောက်တတ်တာထက်
“ဘာကြောင့် ဒီလိုဖြစ်တာလဲ?”
“အလုပ်မလုပ်ရင် ဘယ်လိုပြင်မလဲ?”
“ဒီထက်ပိုကောင်းအောင် ဘာပြောင်းလဲလို့ရမလဲ?”
ဆိုတာတွေကို ကိုယ်တိုင်စဉ်းစားပြီး ဖြေရှင်းတတ်လာဖို့က ပိုအရေးကြီးပါတယ်။

ဒါကြောင့် RoboLab ကနေ Robotics သင်ထားတဲ့ကလေးတွေအတွက် စိတ်ကြိုက်လေ့ကျင့်ဖန်တီးမှုတွေပြုလုပ်ပြီး တတ်မြောက်ကျွမ်းကျင်သွားအောင်လို့ Learning Space လေးတစ်ခု ဖန်တီးပေးထားတာပါ။

Premium Lego Education Set တွေနဲ့ စက်ရုပ်တွေကို ကိုယ်တိုင်လုပ်ကြည့်၊ စမ်းသပ်ကြည့်၊ မအောင်မြင်ရင် ပြန်ပြင်ကြည့်ပြီး နောက်ဆုံးမှာ ကိုယ်ပိုင်အတွေးနဲ့ ဖန်တီးနိုင်တဲ့အထိ လေ့လာစေပါတယ်။

ပထမဆုံး ကိုယ်တိုင်တည်ဆောက်ကြည့်တယ်။
ပြီးရင် တကယ်အလုပ်လုပ်မလုပ် စမ်းကြည့်တယ်။
အဆင်မပြေတာတွေ့ရင် ဘာကြောင့်လဲဆိုတာ စဉ်းစားပြီး ပြန်ပြင်တယ်။

ဒီလို အကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံးမှာ ကိုယ်တိုင်စိတ်ကူးထုတ်ပြီး ဖန်တီးတတ်လာပါတယ်။ ဒီလိုကနေမှ ကလေးက Robotics တတ်မြောက်ထားတဲ့အဆင့်အထိရောက်လာမှာပါ။

ဒီလိုလေ့လာမှုက Robotics တစ်ခုတည်းအတွက်မဟုတ်ပါဘူး။

ပြဿနာတစ်ခုတွေ့ရင် အလွယ်တကူအဖြေမယူဘဲ စဉ်းစားတတ်တာ၊
မအောင်မြင်တဲ့အခါ လက်လျှော့မသွားဘဲ ပြန်ကြိုးစားတတ်တာ၊
ကိုယ်တိုင်အကြံဉာဏ်ထုတ်ပြီး ဖန်တီးတတ်တာတွေကိုပါ တဖြည်းဖြည်း တည်ဆောက်ပေးပါတယ်။

သင်ယူထားတဲ့ ကလေးထက်
ကိုယ်တိုင်စဉ်းစားပြီး ဖန်တီးတတ်တဲ့ ကလေးဖြစ်လာဖို့က ပိုအရေးကြီးပါတယ်။

RoboLab မှာ Robotics ကို သင်ပေးရုံမဟုတ်ဘဲ
ကလေးတွေကို သင်ယူရာကနေ ကိုယ်တိုင်ဖန်တီးနိုင်တဲ့အထိ လေ့ကျင့်ပေးနေတာမလို့

သင့်ကလေးက Robotics ကိုသင်ထားတယ် (ဒါမှမဟုတ်) အခြေခံမရှိလည်း စိတ်ဝင်စားတယ်ဆိုရင် တတ်မြောက်တဲ့ကလေးတစ်ယောက်ဖြစ်လာဖို့အတွက် အခုပဲ Comment မှာ “RoboLab” လို့မန့်ခဲ့လိုက်ပါ။ 💬

Address

Shophouse No. 215, TimesCity, Kamayut, Yangon
Mogaung
11041

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784633848

Alerts

Be the first to know and let us send you an email when World Robot Olympiad Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to World Robot Olympiad Myanmar:

Shortcuts

Share

Category