World Robot Olympiad Myanmar

Call Directions Website Contact the school

World Robot Olympiad Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from World Robot Olympiad Myanmar, Education, Shophouse No. 215, TimesCity, Kamayut, Yangon, Mogaung.

ကျောင်းစာမှာ အဖြေမှန် ရှိတယ်၊ အနာဂတ်မှာတော့ အဖြေအသစ်ပဲ ရှိတယ်‼️ကျောင်းစာအုပ်တွေထဲမှာ...မေးခွန်းတစ်ခုတိုင်းအတွက် သတ်မှတ်ထ...
24/09/2026

ကျောင်းစာမှာ အဖြေမှန် ရှိတယ်၊ အနာဂတ်မှာတော့ အဖြေအသစ်ပဲ ရှိတယ်‼️

ကျောင်းစာအုပ်တွေထဲမှာ...မေးခွန်းတစ်ခုတိုင်းအတွက် သတ်မှတ်ထားတဲ့ "အဖြေမှန်" တစ်ခုစီ အမြဲတမ်း ရှိနေတတ်ပါတယ်။

အမှတ်ပြည့်ရဖို့ဆိုရင် အဲ့ဒီအဖြေမှန်ကို အလွတ်ကျက်၊ စာမေးပွဲမှာ ပြန်ရေးပြရုံနဲ့ လုံလောက်ခဲ့ပါတယ်။

ဒါပေမဲ့ ကလေးတွေ ကြီးပြင်းလာမယ့် အနာဂတ်မှာရော... အဲဒီလို အဖြေအသင့်ပေးထားတဲ့ မေးခွန်းမျိုးတွေပဲ ကြုံရမှာလား 🤔

တကယ်တော့ ကလေးတွေရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်မှာ အဖြေမှန်ဆိုတာ စာအုပ်နောက်ကျောမှာ အဆင်သင့် ပါလာမှာမဟုတ်ပါဘူး။

ဥပမာ - ကလေးတစ်ယောက်ကို "၁၀ ရဖို့ ဘာနဲ့ဘာ ပေါင်းရမလဲ" လို့ မေးလိုက်တဲ့အခါ
ပုံသေနည်းအတိုင်း ကျက်ထားတဲ့ကလေးက "(၅ နဲ့ ၅) ပေါင်းရတယ်" ဆိုတဲ့ အဖြေမှန်တစ်ခုတည်းကိုပဲ ပြေးမြင်မိပါလိမ့်မယ်။

ဒါပေမဲ့ တကယ့်ပြင်ပကမ္ဘာမှာ "၁၀" ရနိုင်မယ့် နည်းလမ်းတွေက (၅+၅) တစ်ခုတည်း မဟုတ်ပါဘူး။ (၆+၄) လည်း ဖြစ်နိုင်တယ်၊ (၁၂-၂) လည်း ဖြစ်နိုင်သလို၊ ၁၀၀ ကို ၁၀ နဲ့ စားလိုက်တာလည်း ဖြစ်နိုင်ပါတယ်။ 💯

အနာဂတ်ဆိုတာလည်း အဲဒီလိုပါပဲ။ အဖြေမှန်ဆိုတာ စာအုပ်နောက်ကျောမှာ အဆင်သင့် ပါမလာတော့သလို၊ ဘယ်သူကမှလည်း အဖြေအသင့်လာပေးမှာမဟုတ်ပါဘူး။ မိဘတွေကိုယ်တိုင်တောင် ကလေးရဲ့အနာဂတ်မှာ အမြဲတမ်းအတူရှိပေးနိုင်မှာမဟုတ်ပါဘူး။

ကလေးတွေက အနာဂတ်မှာ မမြင်ဖူးသေးတဲ့ ပြဿနာအသစ်တွေ၊ မကြုံဖူးသေးတဲ့ အခြေအနေအသစ်တွေနဲ့ပဲ အမြဲ ရင်ဆိုင်ကြရမှာပါ။

ဒါကြောင့် Ready-made answer တွေကိုပဲရခဲ့ဖူးတဲ့ ကလေးက "အဖြေ မသိတော့ဘူး" ဆိုပြီး ပြဿနာရှေ့မှာ ရပ်သွားတတ်ပေမဲ့...

"အဖြေအသစ်ကို ကိုယ်တိုင် စမ်းသပ် ရှာဖွေတတ်အောင် လေ့ကျင့်ထားတဲ့ ကလေး" ကတော့ နည်းလမ်းပေါင်းစုံနဲ့ စမ်းကြည့်မယ်၊ မှားရင် ပြန်ပြင်မယ်၊ နောက်ဆုံးမှာ ကိုယ်ပိုင် နည်းလမ်းနဲ့ အဖြေကို ရှာတွေ့သွားပါလိမ့်မယ်။ 🎯

ကလေးတစ်ယောက်ရဲ့ အနာဂတ်စိတ်ချရဖို့ဆိုတာ ကျောင်းစာမေးပွဲမှာ အမှတ်ကောင်းဖို့လည်း လိုသလို

သူ့ဘဝတစ်ခုလုံးမှာ ကြုံလာသမျှ ပြဿနာတိုင်းကို မတုန်လှုပ်ဘဲ ရင်ဆိုင်နိုင်မယ့် "အဖြေအသစ်ကို ကိုယ်တိုင် ရှာဖွေတတ်တဲ့ Mindset" ကလည်း ကလေးတစ်ယောက်အတွက် အကောင်းဆုံးနဲ့ အတန်ဖိုးရှိဆုံး လက်ဆောင် ဖြစ်ပါလိမ့်မယ်။ 💞

WRO MYANMAR’s National Champions are taking off for WRO India! ✈️ 🇲🇲 🇮🇳WRO MYANMAR ရဲ့ National Champion လေးတွေက India န...
23/09/2026

WRO MYANMAR’s National Champions are taking off for WRO India! ✈️ 🇲🇲 🇮🇳

WRO MYANMAR ရဲ့ National Champion လေးတွေက India နိုင်ငံ Hyderabad မြို့မှာ ကျင်းပမဲ့ နိုင်ငံတကာစင်မြင့် WRO Asia Pacific Open Championship 2026 (India) ပြိုင်ပွဲကို သွားရောက်ယှဥ်ပြိုင်ဖို့အတွက်

ဒီနေ့ (23th September 2026) မှာပဲ ရန်ကုန်လေဆိပ်ကနေ စတင်ထွက်ခွာသွားပြီဖြစ်ပါတယ်။

WRO Asia Pacific Open Championship ဆိုတာ အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံပေါင်းများစွာက ထူးချွန်ထက်မြက်လှတဲ့ နည်းပညာနဲ့ Robotics စွမ်းရည် လူငယ်အသင်းပေါင်းများစွာ စုစည်းယှဉ်ပြိုင်ကြတဲ့ နိုင်ငံတကာအဆင့်စက်ရုပ်နည်းပညာပြိုင်ပွဲကြီးဖြစ်ပါတယ်။ 🤖🏆

ဒီလိုနိုင်ငံတကာက နည်းပညာလူငယ်တွေနဲ့အတူ ရင်ပေါင်တန်းပြီး ယှဥ်ပြိုင်ရမယ့် ပြိုင်ပွဲကြီးမှာ ကျွန်တော်တို့ရဲ့ National Champion လေးတွေက မြန်မာကိုယ်စားပြုအနေနဲ့ မြန်မာတွေရဲ့ နည်းပညာတီထွင်ဖန်တီးနိုင်စွမ်းကို အစွမ်းကုန်ချပြပြီး ပါဝင်ယှဥ်ပြိုင်သွားမှာမလို့ အင်မတန် ဂုဏ်ယူဝမ်းမြောက်ရပါတယ်။

စက်ရုပ်နည်းပညာဖန်တီးမှုတွေတင်မကဘဲ ပြဿနာဖြေရှင်းနိုင်စွမ်း၊ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်း၊ မဆုတ်မနစ်တဲ့ သတ္တိနဲ့ ကိုယ့်နိုင်ငံရဲ့ ယဥ်ကျေးမှု ရိုးရာဂုဏ်တွေကိုပါ နိုင်ငံတကာက ယဥ်ကျေးမှုမတူကွဲပြားမှုတွေကြားမှာ နည်းပညာဖန်တီးမှုနဲ့ ရဲရဲဝံ့ဝံ့ချပြဖန်တီးပြသွားမှာမလို့

ဒီကလေးတွေရဲ့ ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနဲ့ နည်းပညာအရည်အချင်းတွေက ကျွန်တော်တို့ နိုင်ငံရဲ့ နည်းပညာအဆင့်အတန်းနဲ့ ဖန်တီးနိုင်စွမ်းကိုပါ ထင်ဟတ်ပေါ်လွင်စေမှာပါ။

ဒါကြောင့် ဒီကလေးတွေကို အားပေးဂုဏ်ယူဖို့၊ အကောင်းဆုံး ဆုတံဆိပ်တွေနဲ့ မြန်မာ့အလံကို လွှမ်းခြုံပြီး အောင်ပွဲဆင်လာနိုင်ဖို့ ဝိုင်းဝန်းအားပေး ဆုတောင်းလိုက်ရအောင်နော်။ 👏👏👏

WRO ရဲ့ အစဥ်အလာနဲ့ နည်းပညာဖန်တီးနိုင်စွမ်းတွေကိုလည်း တစ်နှစ်ထက်တစ်နှစ် စံချိန်ချိုးပြီး ဂုဏ်ယူရမယ်ဆိုတာလည်း ယုံကြည်ပါတယ်။ 💞

We’re heading to Hyderabad🎤� WRO STEM Entrepreneur Program မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မယ့် Team RPG အကြောင်း...
22/09/2026

We’re heading to Hyderabad🎤�

WRO STEM Entrepreneur Program မှာ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မယ့် Team RPG အကြောင်းကို မိတ်ဆက်ပေးပါရစေ။

သူတို့ ဖန်တီးထားတဲ့ "Heritage Guide System" ဟာ Robotics နဲ့ AI နည်းပညာကို ပေါင်းစပ်ပြီး မြန်မာ့ယဉ်ကျေးမှုကို စိတ်ဝင်စားဖွယ် လေ့လာနိုင်အောင် ကူညီပေးမယ့် နည်းပညာစနစ်တစ်ခု ဖြစ်ပါတယ်။

ဒီ ပရောဂျက်မှာ အဓိက အပိုင်း (၂) ပိုင်း ပါဝင်ပါတယ်
🔹 Scout Bot: AI စနစ်ပါဝင်ပြီး လှည့်လည်လမ်းညွှန်ပေးမယ့် Mobile Guide Robot
🔹 Kramble: မြန်မာ့သမိုင်း၊ ရိုးရာနဲ့ ယဉ်ကျေးမှုဆိုင်ရာ မေးခွန်းတွေကို ဖြေကြားပေးမယ့် AI Station

Scout Bot ဟာ LEGO SPIKE Color Sensor ကို သုံးပြီး သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားရောက်ကာ Checkpoint တစ်ခုချင်းစီမှာ ရွှေတိဂုံစေတီတော်၊ စေတီပုထိုးများ၊ သင်္ကြန်ပွဲတော်၊ ရိုးရာအနုပညာနဲ့ ဗုဒ္ဓရုပ်ပွားတော်များအကြောင်း ရှင်းလင်းပြောပြပေးသွားမှာပါ။

ဒါ့အပြင် တပ်ဆင်ထားတဲ့ AI က လာရောက်လေ့လာသူတွေရဲ့ အသံမေးခွန်းတွေကို ပိုင်းခြားစိတ်ဖြာပြီး Speaker ကနေတစ်ဆင့် တိုက်ရိုက် ပြန်လည်ဖြေကြားပေးနိုင်ပါတယ်။

ဒီ ပရောဂျက်ဟာ ဧည့်လမ်းညွှန်တွေကို ကူညီပေးရုံတင်မကဘဲ လူငယ်တွေအနေနဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ပိုမိုစိတ်ဝင်စားလာစေဖို့နဲ့ ပြတိုက်၊ ယဉ်ကျေးမှုပြပွဲတွေမှာ ပိုမိုဆွဲဆောင်မှုရှိတဲ့ လေ့လာမှုပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။

Team RPG ဟာ စင်မြင့်ပေါ်မှာ Pitch မလုပ်ခင် ပြင်ဆင်မှုအနေနဲ့ WRO Learn က ပေးအပ်တဲ့ WRO STEM Entrepreneur Program Certificate ကိုလည်း ပြီးမြောက်အောင်တက်ရောက်ထားပြီး ဖြစ်ပါတယ်။

အခုဆိုရင်တော့ သူတို့ရဲ့ Idea ကို နောက်တစ်ဆင့် မြှင့်တင်ပြီး Industry Expert တွေရှေ့မှာ တင်ဆက်သွားတော့မှာပါ။

Hyderabad မှာ သွားရောက်ယှဉ်ပြိုင်မယ့် Team RPG လူငယ်တွေအတွက် ကျွန်တော်တို့အားလုံး အတူတူ အားပေးစောင့်မျှော်လိုက်ကြရအောင်နော်! 👏👏 🇲🇲

21/09/2026

ကလေးတွေ အနာဂတ်မှာ ကြုံတွေ့လာရမဲ့ ပြဿနာတိုင်းရဲ့ အဖြေကို ကြိုသင်ပေးထားလို့ ရနိုင်လား? 💭

မိဘတွေအနေနဲ့ အခုချိန်မှာ ကိုယ့်ကလေးကို ပညာရေး၊ ဘာသာစကား၊ နည်းပညာ လိုအပ်တာမှန်သမျှ ဖြည့်ဆည်းပေးနေတာက တစ်ချိန်မှာ ကလေးက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ဖို့အတွက်ပါ။

ဒါပေမဲ့ တကယ့်လက်တွေ့မှာ ကလေးတွေက သင်ပေးထားတဲ့ မေးခွန်းကိုတော့ ဖြေနိုင်ပေမဲ့ မသင်ပေးထားတဲ့ ပြဿနာနဲ့တွေ့ရင် ဘာလုပ်ရမလဲ မသိတော့တာ၊ Instruction အတိုင်းပဲ တသွေမတိမ်း လုပ်တတ်တာမျိုးတွေ ဖြစ်နေကြပါတယ်။

အနာဂတ်မှာ မိဘတွေကလည်း အနားမှာ တစ်သက်လုံး ရှိနေပေးလို့ မရသလို၊ ကြုံလာရမယ့် ပြဿနာတိုင်းမှာလည်း Ready-made Answer ဆိုတာ ရှိနေမှာ မဟုတ်ပါဘူး။ ❌

ဒါကြောင့် အဖြေအားလုံးကို ကြိုသိနေဖို့ထက် "အဖြေမရှိသေးတဲ့ ပြဿနာတွေကို ကိုယ်တိုင် စဉ်းစားဖြေရှင်းနိုင်မယ့် Problem Solving Skill" က ပိုအရေးကြီးလာပါတယ်။

ဒီလို အနာဂတ်ရဲ့ မမြင်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းတတ်အောင် Robotics နဲ့ လေ့ကျင့်ပေးထားလို့ ရပါတယ်။ 🤖✨

Robotics ဆိုတာ စက်ရုပ်အရုပ်လေးတွေ ဆောက်တာထက် အများကြီး ပိုပါတယ်။ Instruction ဒါမှမဟုတ် Tutorial ကြည့်ပြီး စက်ရုပ်တစ်ခု ပြီးအောင် ဆောက်ရုံတင် မဟုတ်ဘဲ…

Mission တွေကို ကိုယ်တိုင် စဉ်းစား၊ ကိုယ်တိုင် တည်ဆောက်၊ ကိုယ်တိုင် စမ်းသပ်၊ အမှားကိုပြန်ပြုပြင်ပြီး မမြင်နိုင်တဲ့ ပြဿနာတွေကို ဖြေရှင်းတတ်အောင် လက်တွေ့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။

ဒီလို Mission-based Robotics Learning ကမှ ကလေးတွေရဲ့ Problem Solving Skill ကို အမှန်တကယ် တိုးတက်စေမှာပါ။ 🚀

ဒါကြောင့် Mission တွေ ဖြေရှင်းရတဲ့ Robotics အကြောင်းကို ပိုပြီး အသေးစိတ် သိချင်တယ်ဆိုရင်တော့ Comment မှာ “Robotics” လို့ မန့်ခဲ့လိုက်ပါနော်။


20/09/2026

Robotics သင်ပေးရင်း ကလေးရဲ့ပြဿနာဖြေရှင်းနိုင်စွမ်းတိုးလာမယ့်
RoboMission Challenger Pathway 🚀🚀🚀

မိဘတိုင်းက ကိုယ့်ကလေးကို ကိုယ့်အားကိုယ်ကိုးပြီး ပြဿနာဖြေရှင်းနိုင်တဲ့သူ ဖြစ်စေချင်ကြပါတယ်။

ဒီ ပြဿနာဖြေရှင်းနိုင်စွမ်း (Human Skill) ကို ဒီဘက်ခေတ်ရဲ့ Future Skill ဖြစ်တဲ့ Robotics နဲ့ ပေါင်းစပ်သင်ယူနိုင်မယ်ဆိုရင် စိတ်ဝင်စားကြမလား?

မိဘတွေအနေနဲ့ အနာဂတ်မှာ ကလေးတွေ ကြုံလာရမဲ့ ပြဿနာတိုင်းရဲ့ အဖြေကို ကြိုသင်ပေးထားလို့ မရပါဘူး။ ဒါပေမဲ့ ကိုယ်တိုင် ပြဿနာဖြေရှင်းတတ်အောင် ပြင်ဆင်ပေးရင်း နည်းပညာကိုပါ လေ့လာစေချင်တယ်ဆိုရင်တော့ Robotics က အသင့်တော်ဆုံး ဘာသာရပ်တစ်ခုပါ။

ဒါကြောင့် ကလေးတွေ Robotics သင်ယူရင်း ကိုယ့်အားကိုယ်ကိုးပြီး ပြဿနာဖြေရှင်းနိုင်စွမ်းကိုပါ တိုးတက်စေမဲ့ RoboMission Challenger Pathway အကြောင်းလေး မိတ်ဆက်ပေးချင်ပါတယ်။

🚀 RoboMission Challenger Pathway ဆိုတာ ကလေးတွေကို Robotics အခြေခံကနေ ပြိုင်ပွဲဝင်နိုင်သည်အထိ ကိုယ်တိုင်ဖန်တီး၊ Mission တွေကိုဖြေရှင်း ပြဿနာကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်စွမ်းရှိတဲ့ Challenger ကောင်းတစ်ယောက်အထိ
Future Skill နဲ့ Human Skill ကိုတစ်ပါတည်း လေ့ကျင့်ပျိုးထောင်ပေးမယ့် Pathway တစ်ခုဖြစ်ပါတယ်။

🤖 RoboMission Challenger Pathway မှာ ဘာတွေ သင်ယူရမလဲ?

Industrial Standard Premium Lego Education Set တွေကို သုံးပြီး Explorer, Creator, Challenger ဆိုတဲ့ Level (၃) ဆင့် Pathway အတိုင်း –

• Robot တွေကို ကိုယ်တိုင်တည်ဆောက်၊ Program နဲ့ ထိန်းချုပ်ပြီး Mission တွေ ဖြေရှင်းရမယ်

• Project နဲ့ Mission တွေ ကိုယ်တိုင်ဖန်တီးပြီး တကယ်တတ်မြောက်အောင် အရည်အချင်းစစ် Test တွေ ဖြေဆိုနိုင်မယ်

• Instruction ရှိမှ လုပ်တတ်တာမျိုးမဟုတ်ဘဲ Robotics ကို အခြေခံကနေ ကိုယ်တိုင် စဉ်းစားတည်ဆောက်လာနိုင်မယ်

ဒါတင်မကသေးဘဲ တီထွင်ဖန်တီးနိုင်စွမ်းတွေကို ချပြချင်တဲ့ သားသားမီးမီးတို့အတွက် World Robot Olympiad (WRO) လို ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးတွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်...။

ဒါကြောင့် ခေတ်ပညာဖြစ်တဲ့ Robotics ကို သင်ပေးရင်း သင့်ကလေးရဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းကို တိုးတက်စေချင်တယ်ဆိုရင်တော့ အခုပဲ ကောမန့်မှာ “Yes” လို့ မန့်ခဲ့လိုက်ပါ။ 📩


19/09/2026

Instruction တွေအတိုင်း Robot တည်ဆောက်တတ်ရုံနဲ့ ကလေးတစ်ယောက် Robotics တကယ်တတ်သွားပြီလား...❓

မိဘတို့အနေနဲ့ ကိုယ့်ကလေးက Robotics သင်နေတယ် ဒါမှမဟုတ် သင်ပေးဖို့ စဉ်းစားနေတယ်ဆိုရင် Instruction အတိုင်း Robot တည်ဆောက်တတ်တာနဲ့ Mission တွေကို ဖြေရှင်းတတ်တာ မတူဘူးဆိုတာလေး သိထားဖို့လိုပါတယ်။

Instruction တွေက အခုမှစပြီး Robotics သင်မယ့် သားသားမီးမီးတို့အတွက် လိုအပ်ပေမဲ့ ပြဿနာက Instruction ကို follow လုပ်တဲ့နေရာမှာတင် ရပ်သွားတာပါ။
ကလေးတွေအနေနဲ့ Instruction နဲ့ Tutorial ကို အသုံးချပြီး Robot တစ်ခုကို အဆင့်လိုက် တည်ဆောက်နိုင်တယ်၊ နောက်ဆုံးမှာ Robot လည်း အလုပ်လုပ်သွားတယ်။ ဒါပေမဲ့ အဲ့ဒီ Result က ကလေးကိုယ်တိုင် ပြဿနာကို ဖြေရှင်းပြီး စဉ်းစားတည်ဆောက်ထားတယ်လို့ ပြောလို့မရပါဘူး။

Robotics တကယ်တတ်မြောက်အောင် သင်ပေးဖို့ဆိုရင် ကလေးရဲ့ Learning Journey မှာ –
👉 Problem ကို နားလည်ရမယ်
👉 Solution ကို စဉ်းစားရမယ်
👉 Robot ကို တည်ဆောက်ပြီး ကိုယ်တိုင် Code ရေးရမယ်
👉 Result ကို စမ်းသပ်ပြီး Error ပြန်ရှာရမယ်
👉 အမှားရှိရင် ပြန်ပြင်ပြီး Mission ကို ကိုယ်တိုင် ဖြေရှင်းနိုင်ရပါမယ်။
ဒီ Process နဲ့ သင်ယူမှသာ ကလေးကို Instruction ရှိမှလုပ်တတ်တဲ့ကလေးကနေ ကိုယ့်အားကိုယ်ကိုးပြီး Robotics တည်ဆောက်ဖန်တီးနိုင်စွမ်းရှိတဲ့ Problem Solver တစ်ယောက် ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်မှာပါ။

ကိုယ့်ကလေးကို အခြေခံကနေ ကိုယ်တိုင်ဖန်တီး Mission တွေကို ဖြေရှင်းတတ်ပြီး ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်အထိ Robotics ကို ကျွမ်းကျင်တတ်မြောက်စေချင်တယ်ဆိုရင်တော့…

RoboClub ရဲ့ RoboMission Challenger Pathway လေးရှိပါတယ်။ 🚀

RoboMission Challenger Pathway မှာဆိုရင်တော့ ကလေးတစ်ယောက် Robotics ကို စတင်လေ့လာဖို့ အခြေခံကနေ ပြိုင်ပွဲဝင်ပြိုင်နိုင်တဲ့အထိ Pathway တိတိကျကျနဲ့ Mission တွေ ဖြေရှင်းပြီး ကိုယ်တိုင် အဖြေရှာ၊ ကိုယ်တိုင် တည်ဆောက်နိုင်တဲ့ Challenger တစ်ယောက်ဖြစ်အောင် ပျိုးထောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

RoboMission Challenger Pathway နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိချင်တယ်၊ ကိုယ့်ကလေးကို Instruction ကြည့်ပြီး Robot တည်ဆောက်တတ်တာကနေ ပြောင်းလဲပေးချင်တယ်ဆိုရင်တော့ အခုပဲ ကောမန့်မှာ “Mission” လို့မန့်ခဲ့လိုက်ပါ။ 👇


သင့်ကလေးရဲ့ ပထမဆုံးစက်ရုပ်ဖန်တီးမှုမှသည် နိုင်ငံတကာပြိုင်ပွဲစင်မြင့်တွေအထိ လျှောက်လှမ်းနိုင်မယ့် RoboMission Challenger ...
17/09/2026

သင့်ကလေးရဲ့ ပထမဆုံးစက်ရုပ်ဖန်တီးမှုမှသည် နိုင်ငံတကာပြိုင်ပွဲစင်မြင့်တွေအထိ လျှောက်လှမ်းနိုင်မယ့် RoboMission Challenger Pathway 🤖✨

ကလေးတိုင်းလိုလို Lego အတုံးလေးတွေနဲ့ အရောင်စုံ ပုံဖော်ဆော့ကစားရတာကို သဘောကျတတ်ကြပါတယ်။

ဒါပေမဲ့ နည်းပညာခေတ်က ကလေးတစ်ယောက်အတွက်တော့ ဒီလို Lego အတုံးလေးတွေ ဆက်နေရတာဟာ ရိုးရိုး ကစားစရာသက်သက် မဟုတ်ပါဘူး။

သူတို့ရဲ့ လက်ချောင်းလေးတွေကတစ်ဆင့် အနာဂတ်မှာ လှမ်းလာနေပြီဖြစ်တဲ့ စက်ရုပ်နည်းပညာ (Physical AI) ခေတ်အတွက် ပထမဆုံး ဖန်တီးနိုင်စွမ်း ခြေလှမ်းတွေလည်း ဖြစ်လာနိုင်ပါတယ်။

ဒါဆို ကလေးရဲ့ ဒီလို ပုံမှန် ကစားချင်စိတ် ဝါသနာလေးကို အနာဂတ် နည်းပညာစင်မြင့်ထက်က ဖန်တီးရှင် စက်ရုပ်အင်ဂျင်နီယာတစ်ယောက်အဖြစ် ဘယ်လို ပြောင်းလဲပေးမလဲ...

အဖြေကတော့ စက်ရုပ်နည်းပညာအခြေခံ လုံးဝမရှိသေးတဲ့ ကလေးတစ်ယောက်ကို Lego ကစားတဲ့ စိတ်ကူးကနေတစ်ဆင့် နိုင်ငံတကာ ပြိုင်ပွဲဝင်အဆင့်ထိ ရောက်သွားအောင် စနစ်တကျ သင်ကြားပေးမယ့် Robotics Pathway တစ်ခုပေါ် တွန်းတင်ပေးလိုက်ဖို့ပါပဲ။ 🚀

ဒီလို စက်ရုပ်နည်းပညာကိုလည်း စိတ်ဝင်စားတယ်၊ ဝါသနာနဲ့ ပါရမီပါလာပြီးသားဆိုပေမဲ့ စနစ်တကျလေ့ကျင့်ပျိုးထောင်ပေးမယ့် ပံ့ပိုးမှုတစ်ခုလိုနေတဲ့ကလေးတွေအတွက် RoboMission Challenger Pathway ကို RoboClub ကနေ ယူဆောင်လာခဲ့ပြီဖြစ်ပါတယ်။ 💁

🚀 RoboMission Challenger Pathway မှာ အသက်(၉)နှစ်ကနေ (၁၅)နှစ်အတွင်း ကလေးတွေအတွက်

Robotics ကို အခြေခံကနေစပြီး လေ့ကျင့်သင်ယူစေပြီး Explorer, Creator, Challenger ဆိုပြီး Level အလိုက် Robotics Project တွေကို ပိုင်ပိုင်နိုင်နိုင်သင်ယူရမယ့်အပြင်

ခက်ခဲတဲ့ Mission တွေ ပြိုင်ပွဲဝင် Mock Test, Competition Training တွေနဲ့ပါ တတ်မြောက်မှုကို စနစ်တကျစစ်ဆေးပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကလေးတွေက အခြေခံအဆင့်ဆိုရင်လည်း အခြေခံအဆင့်ကို လက်တွေ့ဖန်တီးနိုင်စွမ်း၊ တတ်ကျွမ်းနားလည်နိုင်စွမ်းတွေနဲ့ တကယ်သင်ယူတတ်မြောက်သွားမှာပါ။

ဒီလိုကနေ ရှုပ်ထွေးတဲ့ ပြဿနာတွေ၊ ပြိုင်ပွဲဝင်အတွေ့အကြုံတွေယူရင်း World Robot Olympiad လိုမျိုး ကမ္ဘာ့စက်ရုပ်ပြိုင်ပွဲတွေမှာပါ အမျိုးသားအဆင့်၊ နိုင်ငံကိုယ်စားပြုအဆင့်စတဲ့ အခွင့်အလမ်း စင်မြင့်တွေဆီကို လျှောက်လှမ်းသွားနိုင်မှာပါ…။ 🏆

📌 RoboMission Challenger Pathway Program အကြောင်း အသေးစိတ်ဖတ်ရန်

https://www.facebook.com/WorldRobotOlympiadMyanmar/posts/122263988168258359

သင့်ကလေးရဲ့ ပထမဆုံး လက်တွေ့ဖန်တီးမှုတစ်ခုကနေ Robotics ကို စိတ်ပါဝင်စားမှုနဲ့အတူရလာမယ့် ပြဿနာဖြေရှင်းနိုင်စွမ်း၊ ကိုယ်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ အတွေ့အကြုံတွေက အဖိုးမဖြတ်နိုင်ပါဘူး။

ဒါကြောင့် သာမန် Lego ဆက်တဲ့ကလေးတစ်ယောက်ကနေ နိုင်ငံတကာ စင်မြင့်ထက်မှာပါ မိဘတွေစိတ်ချဂုဏ်ယူရတဲ့ အနာဂတ်မျိုး သင့်ကလေးကို ပေးချင်ပြီလား..?

ဒါဆိုရင်တော့ Comment မှာ အခုပဲ “Yes” လို့ မန့်ခဲ့လိုက်ပါ။

RoboMission Challenger Pathway မှာ ဖန်တီးရမဲ့ Project နဲ့ ဖြေရှင်းရမဲ့ Mission ဘာကွာလဲ❓ကလေးအများစုဟာ လမ်းညွှန်အတိုင်း နမ...
16/09/2026

RoboMission Challenger Pathway မှာ ဖန်တီးရမဲ့ Project နဲ့ ဖြေရှင်းရမဲ့ Mission ဘာကွာလဲ❓

ကလေးအများစုဟာ လမ်းညွှန်အတိုင်း နမူနာတစ်ခုကို ပုံတူပြန်ဆောက်တာကို အလွယ်တကူ လုပ်တတ်ကြပါတယ်။

ဒါပေမဲ့ သူတို့ကိုယ်တိုင် စိတ်ကူးထားတဲ့အရာကို ဖန်တီးနိုင်ဖို့၊ အခက်အခဲတစ်ခုခုနဲ့ ကြုံလာတဲ့အခါ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ကိုတော့ စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးရမှာပါ။

ဒါကြောင့် ကလေးတွေကို Robotics သင်ပေးတယ်ဆိုတာ ကိုယ်တိုင်စိတ်ကူးပြီး ဖန်တီးရတဲ့ Project တွေနဲ့ ပေးထားတဲ့ စိန်ခေါ်မှုတွေကို ကိုယ်တိုင်ဖြေရှင်းရတဲ့ Mission တွေကနေတစ်ဆင့် ကိုယ်တိုင်ဖန်တီးနိုင်စွမ်းနဲ့ ပြဿနာဖြေရှင်းနိုင်စွမ်းတွေ တိုးတက်လာအောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

🎯 RoboMission Challenger Pathway Program ကနေ ဖန်တီးရမယ့် Robotics Project တွေမှာ ကလေးတွေက သူတို့ကိုယ်တိုင်စိတ်ကူးထားတဲ့ Robot ကို ဘယ်လိုတည်ဆောက်မလဲ၊ ဘယ်လိုအလုပ်လုပ်အောင် ဖန်တီးမလဲဆိုတာ စဉ်းစားပြီး ကိုယ်တိုင် ဖန်တီးရမှာဖြစ်သလို

🎯 Mission တွေမှာလည်း ပေးထားတဲ့ Challenge တစ်ခုကို ဘယ်လိုဖြေရှင်းမလဲဆိုတာ စဉ်းစားပြီး Robot ကို ကိုယ်တိုင်တည်ဆောက်၊ စမ်းသပ်၊ ပြင်ဆင်ရင်း အဖြေရှာရမှာ ဖြစ်ပါတယ်။

ဒီလို Project တွေနဲ့ Mission တွေကို လက်တွေ့လုပ်ဆောင်ရင်း ကလေးတွေက အခက်အခဲတစ်ခုခုနဲ့ ကြုံလာတိုင်း အလွယ်တကူ အဖြေတောင်းတာ၊ မိဘနဲ့ Coach ဆီက အကူအညီတောင်းတာမျိုးမဟုတ်ဘဲ ကိုယ်တိုင်အရင်စဉ်းစားပြီး ဖြေရှင်းဖို့ ကြိုးစားတတ်လာမှာပါ။

ဒါကြောင့် ကလေးတွေက Robotics Project တွေကနေ ကိုယ်တိုင်စိတ်ကူးဖန်တီးပြီး စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ ရရှိလာမှာဖြစ်သလို

Mission တွေကနေ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ Problem-Solving Skill နဲ့ ပြိုင်ပွဲဝင်စိတ်ဓာတ်တွေကိုပါ ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။

📌 RoboMission Challenger Pathway Program အကြောင်း အသေးစိတ်ဖတ်ရန်

https://www.facebook.com/WorldRobotOlympiadMyanmar/posts/pfbid023BD6MqJXJnkB8ABdjeHw7edzQGrGXgQXTGXYdJApXYUiBbgEdWTtYHLo8TyHA3xMl

မိဘတို့အနေနဲ့လည်း ကလေးတွေကို Robotics မှာ ကိုယ်တိုင်ဖန်တီးတတ်ရုံတင်မကဘဲ ပြဿနာတွေကို အဖြေရှာ၊ Mission တွေကို ရင်ဆိုင်နိုင်တဲ့အထိ ပျိုးထောင်ချင်တယ်ဆိုရင်တော့…

အခုပဲ Comment မှာ “Challenger” လို့မန့်ခဲ့လိုက်ပါ။ 👇

Physical AI ဆိုတာ ဘာလဲ? ကလေးတွေအတွက် မပြင်ဆင်ထားရင် ဘာဖြစ်လာနိုင်မလဲ? မိဘတို့သိနေပြီးသား အခုလက်ရှိ ရေပန်းစားနေတဲ့ Chat G...
15/09/2026

Physical AI ဆိုတာ ဘာလဲ? ကလေးတွေအတွက် မပြင်ဆင်ထားရင် ဘာဖြစ်လာနိုင်မလဲ?

မိဘတို့သိနေပြီးသား အခုလက်ရှိ ရေပန်းစားနေတဲ့ Chat GPT တို့ Gemini တို့လို AI တွေဆိုတာ Software တစ်ခုထဲမှာပဲ ရှိနေတဲ့ "ဦးနှောက်" နဲ့ တူပါတယ်။

သူတို့က စာရေးပေးမယ်၊ မေးတာဖြေပေးမယ်။ ဒါပေမဲ့ အပြင်ကမ္ဘာက အရာဝတ္ထုတွေကို သူတို့ကိုယ်တိုင် လက်တွေ့ ကိုင်တွယ်လှုပ်ရှားပေးလို့ မရပါဘူး။

ဒါပေမဲ့ Physical AI ဆိုတာကတော့ အဲဒီ Software တွေထဲက "ဦးနှောက်" ကို ပြင်ပလက်တွေ့ကမ္ဘာမှာ လှုပ်ရှားနိုင်တဲ့ "ခန္ဓာကိုယ် (စက်ရုပ်)" နဲ့ ပေါင်းစပ်ဖန်တီးပေးလိုက်တာပါပဲ။

စာရိုက်ဖြေပေးရုံတင် မဟုတ်တော့ဘဲ လက်တွေ့မှာ အိမ်သန့်ရှင်းရေး ဝင်လုပ်ပေးတာ၊ စက်ရုံတွေမှာ ပစ္စည်းသယ်ပေးတာ၊ ဆေးရုံတွေမှာ ခွဲစိတ်မှု ကူညီပေးတာမျိုးအထိ လက်တွေ့ အလုပ်လုပ်လာတာ ဖြစ်ပါတယ်။ 🧑‍🚀

ဒါဟာ အရင်တုန်းကလို ရုပ်ရှင်ထဲမှာပဲ တွေ့ရမှာ မဟုတ်တော့ပါဘူး။ မကြာခင် ကျွန်တော်တို့ လက်တွေ့ဘဝထဲကို ဝင်ရောက်လာပြီး ရင်ဆိုင်ရတော့မယ့် ခေတ်က အနှေးနဲ့အမြန်ဆိုသလို ရောက်လာတော့မှာပါ။ 🚀

ဒီလိုအနာဂတ်အချိုးအကွေ့အတွက် အခုကတည်းက ကလေးတွေကို မပြင်ဆင်ထားရင် ဘာတွေဖြစ်လာနိုင်မလဲ?

လူအများစု လုပ်နိုင်တဲ့ ပုံသေအလုပ်တွေကို Physical AI နဲ့ စက်ရုပ်တွေက အစားထိုးသွားတဲ့အခါမှာ

နည်းပညာကို မခိုင်းစေတတ်တဲ့ ကလေးတွေဟာ အနာဂတ် လုပ်ငန်းခွင်မှာ နေရာပျောက်သွားနိုင်ပါတယ်။

နည်းပညာကို ဖန်တီး ခိုင်းစေနိုင်သူ မဟုတ်ဘဲ သူများလုပ်ပြီးသားကို ဒီအတိုင်း သုံးရုံပဲ သုံးတတ်တတ်တဲ့ဖြစ်နေတုန်းပဲဆိုရင် ကိုယ့်ကလေးအနာဂတ်က သူများနောက်မှာပဲ ကျန်ခဲ့ပါလိမ့်မယ်။

ဒါကြောင့် ကလေးတွေကို စက်ရုပ်နဲ့ နည်းပညာ သင်ပေးတဲ့အခါ စာအုပ်ကြည့်ပြီး ပုံတူဆောက်တာမျိုးတင် မဟုတ်ဘဲ "Screen ထဲက ကုတ်တွေနဲ့ အပြင်ကမ္ဘာက စက်ရုပ်ကို ဘယ်လို ချိတ်ဆက်မလဲ၊ တကယ့် ပြဿနာတွေကို စက်ရုပ်နဲ့ ဘယ်လို ဖြေရှင်းမလဲ" ဆိုတဲ့ တွေးခေါ်ပုံမျိုး ရအောင် ပြင်ဆင်ပေးထားဖို့ လိုပါတယ်။

ဒီလိုမျိုး ကလေးအတွက် စက်ရုပ်နည်းပညာသင်ကြားမှုကို အခြေခံကနေစကိုယ်တိုင်ဖန်တီးဖြေရှင်းတတ်ပြီး ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်အထိ လေ့ကျင့်သင်ကြားပေးနေတဲ့ RoboMission Challenger Pathway Program လေး RoboClub ကနေ ဖွင့်လှစ်ပေးထားတာလေးရှိပါတယ်။

📌 အသေးစိတ်ဖတ်ရန်
https://www.facebook.com/WorldRobotOlympiadMyanmar/posts/pfbid02V7o9pkeTcdvzdafruKVbxt7fS4o1mDn7sGkDxwBWp4rFNzTTbcGpxoCKgiyU3Tk6l

🤖 သင့်ကလေး Robotics ကို အခြေခံကနေ ပြိုင်ပွဲဝင်နိုင်သည်အထိ ဖြစ်လာဖို့ RoboMission Challenger Pathway Program 🚀🚀🚀ဒီနေ့ခေတ်...
14/09/2026

🤖 သင့်ကလေး Robotics ကို အခြေခံကနေ ပြိုင်ပွဲဝင်နိုင်သည်အထိ ဖြစ်လာဖို့ RoboMission Challenger Pathway Program 🚀🚀🚀

ဒီနေ့ခေတ်မှာ ကလေးတွေကို Robotics သင်ပေးတယ် ဆိုတာ စက်ရုပ်တစ်ရုပ် တပ်ဆင်တတ်ရုံ၊ Code ရေးတတ်ရုံသက်သက် မဟုတ်ပါဘူး။

ကလေးတစ်ယောက်ရဲ့ ဘဝအနာဂတ်မှာ သေချာပေါက် လိုအပ်လာမယ့် စဥ်းစားတွေးခေါ်နိုင်စွမ်း (Critical Thinking) ပြဿနာဖြေရှင်းနိုင်စွမ်း (Problem Solving) နဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်အားကိုးတတ်တဲ့ (Self-Confidence) စတဲ့ ဘဝတစ်သက်စာ Human Skills တွေကို ပျိုးထောင်ပေးတာဖြစ်ပါတယ်။

ဒါကြောင့် RoboMission Challenger Pathway Program ကနေ ကလေးတွေကို အနာဂတ်မှာအရေးပါလာမယ့် Robotics ကိုလည်း အခြေခံကနေ ပြိုင်ပွဲဝင်နိုင်တဲ့အဆင့်အထိ‌ လေ့ကျင့်ပျိုးထောင်းပေးရင်း

ဘဝအတွက် တကယ်လိုအပ်မယ့် Human Skill တွေကိုပါ တစ်ပါတည်းရရှိသွားအောင် စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။‼️

🚀 ဒါဆို RoboMission Challenger Pathway Program ကနေ ကလေးတွေရဲ့ Robotics Skill တွေကနေ ဘယ်လိုမျိုးတိုးတက်ပြောင်းလဲမှုတွေကို ရရှိသွားမှာလဲ…?

🤖 စစချင်း Explorer Level မှာတော့ ကလေးတွေဟာ အခြေခံ Block Coding နဲ့ စက်ရုပ်ဖန်တီးမှုတွေကိုလုပ်ရမှာဖြစ်သလို Beginner Level Competition Test တွေနဲ့ စနစ်တကျသင်ကြားရမှာပါ။

ဒီလိုနဲ့ ပုံစံခွက်အတိုင်း အမိန့်ပေးမှ လုပ်တတ်တာမျိုးမဟုတ်ဘဲ၊ ကိုယ်တိုင် စမ်းသပ်ကြည့်ရှုချင်စိတ်နဲ့ အသစ်အဆန်းတွေကို ရဲရဲဝံ့ဝံ့ ဖန်တီးချင်တဲ့ စိတ်ဓာတ်ကို အစပျိုး သင်ယူရရှိသွားမှာပါ။

🤖 အဲ့ဒီကနေတစ်ဆင့် ပိုမိုရှုပ်ထွေးတဲ့ Intermediate Level Robotics Project တွေ၊ မစ်ရှင်တွေနဲ့ Competition Test တွေနဲ့ ပိုမိုအဆင့်မြင့်စွာ သင်ယူရမှာဖြစ်လို့

အခက်အခဲတွေ ကြုံတွေ့ရတဲ့အခါ မိဘနဲ့ ဆရာတွေရဲ့ အကူအညီကို ချက်ချင်း မတောင်းတော့ဘဲ၊ ဘာကြောင့် အဆင်မပြေတာလဲဆိုတာကို ကိုယ်တိုင် ငြိမ်ငြိမ်လေး စဉ်းစားပြီး အဖြေရှာတတ်တဲ့ Problem Solver တစ်ယောက်အဖြစ် ပုံစံပြောင်းလာပါလိမ့်မယ်။

🤖 နောက်ဆုံးအဆင့်မှာတော့ တကယ့် ပြိုင်ပွဲဝင်အဆင့် စိန်ခေါ်မှုတွေနဲ့ Mock Test တွေကို ရင်ဆိုင်ရင်း “ငါလည်း လုပ်နိုင်တာဘဲ” ဆိုတဲ့ ယုံကြည်မှုအပြည့်နဲ့ အမျိုးသားအဆင့်၊ နိုင်ငံတကာအဆင့် ပြိုင်ပွဲတွေအထိ တက်လှမ်းနိုင်တဲ့ Creator ကောင်းတစ်ယောက် ဖြစ်လာမှာပါ။

အနာဂတ်မှာလည်း တကယ်တမ်းအရေးပါလာမယ့် Robotics နဲ့အတူ နိုင်ငံတကာစင်မြင့်တွေမှာပါ ပါဝင်ယှဥ်ပြိုင်နိုင်တဲ့ တီထွင်ဖန်တီးရှင်‌လေးတွေအဖြစ် အဆင့်ဆင့်ပြောင်းလဲသွားမှာဖြစ်သလို

တစ်ဖက်မှာလည်း ကလေးအတွက် လိုအပ်တဲ့ Human Skill တွေကိုပါ တစ်ပါတည်းရရှိသွားမှာဖြစ်လို့ မိဘတွေအနေနဲ့ စိတ်ချဂုဏ်ယူရမှာ ဧကန်ပါပဲ။

အနာဂတ်မှာ မိဘတွေအနေနဲ့လည်း ကြိုမသိနိုင်တဲ့ အဖြေတွေမပေးတော့ဘဲ ကလေးအတွက် တကယ်လိုအပ်လာမယ့် Robotics Skill သင်ပေးရင်း အဖြေရှာနိုင်တဲ့ ဖန်တီးရှင်ကောင်းလေးတွေ ဖြစ်လာစေချင်ကြမှာပါ။

ဒါကြောင့် ခိုင်မာသေချာတဲ့ Pathway တစ်ခုရေးဆွဲထားပြီးသား RoboMission Challenger Pathway Program မှာ လာရောက်အပ်နှံဖို့အတွက်

အခုပဲ Comment မှာ “Challenger” လို့ မန့်ခဲ့လိုက်ပါ။ 💁

Address

Shophouse No. 215, TimesCity, Kamayut, Yangon
Mogaung
11041

Opening Hours

Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784633848

Alerts

Be the first to know and let us send you an email when World Robot Olympiad Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to World Robot Olympiad Myanmar:

Shortcuts

Share

Category