15/01/2024
ဂျပန်နိုင်ငံမှာ နေလို့ အကောင်းဆုံးမြို့(၅)မြို့🏡
ဂျပန်နိုင်ငံဟာဆိုရင် အလုပ်အကိုင်အခွင့်အလမ်းများကြွယ်ဝပြီး ယဉ်ကျေးမှုများ ထွန်းကားခြင်းနဲ့ အစားအစာများပေါများခြင်းတို့အကြောင့် ကမ္ဘာလှည့်ခရီးသည်များလာရောက်လည်ပတ်ခြင်းနဲ့ ပြည်ပနိုင်ငံခြားသားများ လာရောက်နေထိုင်ပြီး အလုပ်လုပ်ကိုင်ခြင်းများ နှစ်စဥ်များပြားလာခဲ့ပါတယ် ✅
ဒါကြောင့် ဂျပန်နိုင်ငံမှာ ဧည့်သည်အဖြစ် နေထိုင်မယ်ဆိုရင် ဘယ်မြို့မှာနေထိုင်ခြင်းက ပိုပြီးကောင်းမွန်သလဲဆိုတာကို 2019ခုနှစ် လူဦးရေ 2.9သန်းကို စစ်တမ်းကောက်ခြင်းဖြင့် ပေါ်ပေါက်လာခဲ့တဲ့ မြို့(၅)မြို့ကို ဖော်ပြပေးသွားပါမယ်ရှင့် 🙇♀️
🏡ဂျပန်နိုင်ငံရဲ့ နေထိုင်လို့အကောင်းဆုံး နံပါတ်(၅)နေရာမှာရှိနေတဲ့ မြို့ကတော့ Sapporo မြို့ပဲ ဖြစ်ပါတယ်
Sapporo က ဂျပန်နိုင်ငံရဲ့ စတုတ္ထမြောက် လူဦးရေအများဆုံးမြို့ဖြစ်ပြီး နိုင်ငံခြားသား 15,000 ခန့် နေထိုင်လျက်ရှိပါတယ်
Sapporo က Hokkaido ရဲ့ မြောက်ဘက် ပင်မကျွန်းပေါ်မှာ တည်ရှိပြီး နိုင်ငံတကာမှာ ရေပန်းအစားဆုံးကတော့ နှင်းလျှောစီးဖို့ နေရာကောင်းမြို့တစ်မြို့ဖြစ်နေခြင်းပါပဲ
ထို့အပြင် Sapporo ဘီယာတံဆိပ်ဟာဆိုရင်လည်း Sapporoမြို့ကနေစတင်ခဲ့ခြင်းဖြစ်ပါတယ်
နှစ်စဉ် ဧပြီလလယ်ကနေ မေလအစောပိုင်းအထိ Miso Ramen နဲ့ ချယ်ရီပန်းများကြည့်ရှုခြင်းတို့အတွက် မြို့ကနာမည်ကြီးပါတယ်
ဂျပန်နိုင်ငံအခြားမြို့များထက်
-ရာသီဉတုပိုအေးခြင်း၊
-သယ်ယူပို့ဆောင်ရေးစနစ်ကောင်းမွန်ခြင်း၊
-ဂျပန်ဘာသာစကားကိုသာ အပြောများကြခြင်း
-လူနေမှုစရိတ် ပိုမိုသက်သာခြင်းတို့ကြောင့် Sapporoက နေထိုင်ဖို့ အအကောင်းဆုံးမြို့ စာရင်းမှာ ပါဝငိလာတယ်လို့ ဆိုနိုင်ပါတယ်
🏡နံပါတ်(၄)နေရာမှာတော့ Osaka မြို့ပဲဖြစ်ပါတယ်
Osakaမြို့ဟာဆိုရင်တော့ ဂျပန်နိုင်ငံရဲ့ တတိယမြောက် လူဦးရေအများဆုံးမြို့ဖြစ်ပြီး ဒီမြို့မှာ နေထိုင်ခြင်း ကုန်ကျစရိတ်အနည်းငယ်များနိုင်ပေမည့် ဖော်ရွှေပြူငှာတဲ့ ဒေသခံ လူနေထိုင်မှု ကြောင့် နေထိုင်သူများပြားပါတယ်
ဂျပန်ဘာသာစကားတင်မကဘဲ အင်္ဂလိပ်စကား ပြောသူများပါရှိပြီး အလုပ်အကိုင် အခွင့်အလမ်းများအနေနဲ့လည်း အသင့်အတင့်ရှိပါတယ်
Umeda ၊ Namba နဲ့ Nishi-Ku ရပ်ကွက်များမှာဆိုရင် ပြည်ပနိုင်ငံခြားသား ၂၃၀၀၀ ခန့်သာ နေထိုင်ပါတယ်
Osaka မှာရှိတဲ့ ဒေသအစားအစာများနဲ့ ညနေခင်းရဲ့ လှပတဲ့ ရှုခင်းများကြောင်း လူအများကြိုက်နှစ်သက်ကြပါတယ်
🏡နံပါတ်(၃)နေရာမှာရှိနေတာကတော့ Yokohamaမြို့ပါ
ဂျပန်နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ယိုကိုဟားမားက တိုကျိုမြို့ရဲ့ တောင်ဘက်မှာ တည်ရှိပြီး တိုကျိုကနေရထားနဲ့သွားရင် မိနစ် 30 ပဲ ကြာပါတယ်
လူဉီးရေးအားဖြင့် သုံးသန်းကျော်ရှိပြီး လူနေမှု စရိတ်သက်သာတဲ့ မြို့တစ်မြို့ဖြစ်လို့ ဂျပန်ကိုအလုပ်လာလုပ်ကြတဲ့ နိုင်ငံခြားသားအများစုနေထိုင်ကြတဲ့ မြို့ပါ
ကလေးရှိတဲ့ မိသားစုတွေ အကြိုက်တွေ့စေတဲ့ အေးချမ်းသာယာတဲ့ အငွေ့အသက်တွေ ပြည့်နက်နေတဲ့ မြို့လည်းဖြစ်ပါတယ်
ယိုကိုဟားမားက ကြီးမားတဲ့ ကုန်သွယ်မှု ဆိပ်ကမ်းမြို့ဖြစ်ပြီး စတိုးဆိုင်များ၊ စားသောက်ဆိုင်များနဲ့ အခြားတရုတ်စီးပွားရေးလုပ်ငန်းပေါင်း 500 ကျော်ရှိတဲ့ ကမ္ဘာအကြီးဆုံး တရုတ်တန်း “Chinatown” ကြောင့်လည်း ကျော်ကြားပါတယ်
Cup Noodles ပြတိုက်၊ Sankei-en Garden နဲ့ ကျော်ကြားတဲ့ Minatomirai အပါအဝင် ပြတိုက်များစွာလည်း ယိုကိုဟားမားမှာရှိပါတယ်
🏡နံပါတ်(၂)နေရာမှာတော့ Kyotoမြို့ဖြစ်ပါတယ်
ကျိုတိုဟာဆိုရင်တေ့ ကမ္ဘာလှည့်ခရီးသည်များအကြိုက်အများဆုံး ယဉ်ကျေးမှုစင်တာတစ်ခုလို့ဆိုနိုင်ပါတယ်
ကျိုတိုမှာနေထိုင်ပြီး အလုပ်လုပ်ကိုင်နေတဲ့ နိုင်ငံရပ်ခြားသား 60,000 ကျော်အထိရှိပါတယ်
ရှေးရိုးဗုဒ္ဓဘာသာဘုရားကျောင်းများ၊ ဥယျာဉ်များ၊ တော်ဝင်နန်းတော်များ၊ ရှင်တိုနတ်ကွန်းများနဲ့ ရိုးရာသစ်သားအိမ်များကြောင့် ကမ္ဘာလှည့်ခရီးသည်များကြား နာမည်ကျော်ကြား လူကြိုက်များတဲ့ မြို့တစ်မြို့ပါ
ကမ္ဘာတစ်ဝှမ်းက ခရီးသွားများက Yudofu ၊ Hame နဲ့ Tsukemono လိုမျိုး ဂျပန်ရိုးရာအစားအစာများကို နှစ်သက်ကြပါတယ်
ကျိုတိုရဲ့ ဘတ်စ်ကားနဲ့ ရထားSystemတို့က ဂျပန်မှာ အကောင်းဆုံးဖြစ်ပြီး၊ အိုဆာကာကို တိုက်ရိုက်ဘတ်စ်ကားများ/ ရထားလိုင်းများဖြင့် မိနစ်ပိုင်းအတွင်းရောက်နိုင်ပါတယ်
🏡နံပါတ်(၁)နေရာမှာ ရပ်တည်နေတာကတော့ နေဖူးသူတိုင်းကြိုက်တဲ့ တိုကျိုမြို့ပဲဖြစ်ပါတယ်
တိုကျိုဟာဆိုရင် လူဦးရေ ၁၄သန်းနီးပါးနေထိုင်တဲ့မြို့ဖြစ်လို့ ဂျပန်နိုင်ငံရဲ့ လူဦးရေနေထိုင်မှုအများဆုံးမြို့ပါ ဂျပန်နိုင်ငံရဲ့ မြို့တော်ဖြစ်ရုံသာမကဘဲ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ ဘဏ္ဍာရေးဗဟိုချက်ချာမြို့ဖြစ်ပါတယ်
တိုကျိုမှာနေထိုင်ခြင်းကြောင့် အဆင့်မြင့်နည်းပညာများကို သိရှိနိုင်သလို ရိုးရာဓလေ့များကိုပါ နားလည်နိုင်စေပြီး ပြီးပြည့်စုံတဲ့ စိတ်ခံစားချက်များကို ပေးစွမ်းလို့ နေထိုင်ဖို့အကောင်းဆုံး မြို့တစ်ခုပါ
စီးပွားရေးစင်တာများ၊ ခေတ်မီအထပ်မြင့်အဆောက်အအုံများနဲ့ ကြီးမားတဲ့ စျေးဝယ်နေရာများစွာရှိရုံမကဘဲ
ငြိမ်းချမ်းလှတဲ့ လူနေအိမ်လမ်းများ၊ ဥယျာဉ်ခြံများနဲ့ ပန်းခြံအတွင်းမှာရှိတဲ့ Geisha ကို မကြာခန တွေ့မြင်ရပါတယ်
နိုင်ငံခြားသား ကုမ္ပဏီများနဲ့ ပြည်ပမှလာရောက် အလုပ်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသားအများအပြားက တိုကျိုမြို့လယ်မှာနေထိုင်ကြပြီး အများစုကတော့ Minato-ku နဲ့ Shibuya-ku ဒေသများမှာ နေထိုင်ကြပါတယ်
ဒီနေရာများက တိုကျိုမြို့ရဲ့ စီးပွားရေးအချက်အချာနေရာများဖြစ်ပြီး နိုင်ငံပေါင်းစုံ ကုမ္ပဏီများက ၄င်းတို့ ရုံးခန်းများကို ယခုနေရာများမှာ လာရောက်ဖွင့်လှစ်ကြပါတယ်
နိုင်ငံတကာဆေးရုံများ၊ စျေးဝယ်စင်တာများ၊ စားသောက်ဆိုင်များ၊ အခြားစီးပွားရေးလုပ်ငန်းများနဲ့ စက်ရုံများရှိပြီး ဂျပန်ဘာသာစကားနဲ့ အင်္ဂလိပ်စကားများကိုပြောဆိုလုပ်ကိုင်ကြပါတယ်
ယခုလို လုံခြုံပြီး အဆင်ပြေတဲ့ နေရာများမှာ ပြည်ပရောက်မိသားစုများအတွက် အနောက်တိုင်းစတိုင်နဲ့ တည်ဆောက်ထားတဲ့ နိုင်ငံတကာကျောင်းများနဲ့ လူနေအိမ်ရာများ များစွာရှိလို့ လူနေထိုင်မှု အများဆုံးစာရင်းရဲ့ ထိပ်ဆုံးမှာ တိုကျိုမြို့ဟာရပ်တည်နေတာပဲ ဖြစ်ပါတယ်
crd