PIC-education centre

PIC-education centre May I help you???
��������

11/02/2021

တိရိစ္ဆာန်တွေပဲ အေးတယ်...
ဘယ်အစိုးရ တက်တက် အေးအေးနေနိုင်တာ😂

" မနေ့ညနေက ဟင်းချက်နေရင်း ခွေးတစ်ကောင် အိမ်ရှေ့ကနေ ခေါင်းလေး ငုံ့ကာ ငုံ့ကာနဲ့ ဟိုနေရာသွား အနံ့ရှုလိုက်၊ ဒီနေရာသွား အနံ့ရှုလိုက်နဲ့ ဝမ်းစာ ဖြေရှင်းနေပုံကို တွေ့လိုက်ရတယ်။

ဒီနိုင်ငံကြီးမှာ ဘာတွေ ဖြစ်နေတယ်ဆိုတာ မသိရှာဘူး။

ကိုယ်တွေးမိလိုက်တယ်....

အော်....ခွေးတိရိစ္ဆာန်တွေပဲ ကောင်းတယ်.... ဒီနိုင်ငံကို ဘယ်သူပဲ အုပ်ချုပ်ချုပ်၊ အဓမ္မက ဓမ္မကို အနိုင်ကျင့်နေတာပဲဖြစ်နေဖြစ်နေ နိုင်ငံကြီးမှာ ဘာမှမဖြစ်သလိုနဲ့ ခေါင်းလေး ငုံ့ကာ ငုံ့ကာနဲ့ သူ့ဝမ်းစာတည်မြဲဖို့အရေးပဲတွေးနေရရှာတယ်။

ခွေးတိရိစ္ဆာန်တွေကိုပြောပါတယ်။ "

Credit...

အတ္တသမားများ သားစဉ်မြေးဆက်ကျွန်ခံရုံတင်မက ခံချင်ရာပါခံ
10/02/2021

အတ္တသမားများ သားစဉ်မြေးဆက်ကျွန်ခံရုံတင်မက ခံချင်ရာပါခံ

10/02/2021
08/02/2021

‼️သံပုံးတီးချိန် တိုးမြင့်‼️

မနက် ၈နာရီ တစ်ကြိမ်
နေ့လည်၂နာရီတစ်ကြိမ်
ည၈နာရီတစ်ကြိမ်

လူအများသိအောင်လှုံ့ဆော်ပေးကျပါ❤️

08/02/2021

ယခုချိန် တွင်ရုံးတက်သူသည်
နိုင်ငံတော်ကိုပုန်ကုန်သူ ဖြစ်သည်
တရား၀င်အစိုးရကို ဆန့်ကျင်သူလည်းဖြစ်သည်

ရုံးတက်သူသည် သူပုန်မင်းအောင်လှိုင်ကို အားပေးအားမြောက်ပြုလုပ်သူ လည်းဖြစ်သည် ။

Copy ယူ၍ ပြန်တင်ပေးကြပါရန်။မင်းလှမြို့ အထက(ခွဲ) မန်းသံပုရာကန် PIC အထက်တန်းကျောင်း ကျောင်းသားဟောင်းများမှ  အောက်ပါ သဘောထာ...
07/02/2021

Copy ယူ၍ ပြန်တင်ပေးကြပါရန်။
မင်းလှမြို့ အထက(ခွဲ) မန်းသံပုရာကန် PIC အထက်တန်းကျောင်း ကျောင်းသားဟောင်းများမှ အောက်ပါ သဘောထား ထုတ်ပြန်ချက် (1/2021) ကို ထုတ်ပြန်လိုက်ပါသည် ။

တရားမ၀င် အာဏာသိမ်းခြင်းကို အပြင်းအထန် ကန့်ကွက် ရှုတ်ချ သပိတ်မှောက်ပါသည်။

စစ်အာဏာရှင်စနစ် အလိုမရှိ။

စစ်အာဏာရှင်စနစ် မုချ ကျဆုံးပါစေ။









ဆယ်တန်းတုန်းက ကျောင်းသားကဒ်တွေ သတိရ😢😢 #ဓာတ်ပုံဆရာကြီးကောင်းမှု😂😂
18/04/2020

ဆယ်တန်းတုန်းက
ကျောင်းသားကဒ်တွေ သတိရ😢😢
#ဓာတ်ပုံဆရာကြီးကောင်းမှု😂😂

 #ငါ့တို့သူငယ်ချင်းတွေ ပြန်တွေ့ဖြစ်ခဲ့ရင်လည်ပင်းက နားကြပ်ကို ခဏဖြုတ်ထားခဲ့ပခုံးပေါ်က အပွင့်တွေ ခဏဖြုတ်ထားခဲ့ခေါင်းပေါ်က ...
05/04/2020

#ငါ့တို့သူငယ်ချင်းတွေ ပြန်တွေ့ဖြစ်ခဲ့ရင်

လည်ပင်းက နားကြပ်ကို ခဏဖြုတ်ထားခဲ့

ပခုံးပေါ်က အပွင့်တွေ ခဏဖြုတ်ထားခဲ့

ခေါင်းပေါ်က အင်ဂျီနီယာ ဦးထုပ်ကို ခဏချွတ်ထား

မင်းရဲ့ Certificate တွေ ဘွဲ့လက်မှတ်တွေ

ဂုဏ်ပြု မှတ်တမ်းတွေ အိမ်မှာထားခဲ့

မင်းရဲ့ ရင့်ကျက်မူတွေ လူကြီးလူကောင်းဆန်မူတွေ

ခဏလောက် သော့ခတ်သိမ်းထားခဲ့

ဆယ်တန်း အောင်တာ မအောင်တာတွေ မေ့ထားခဲ့

လက်လုပ်လက်စားဘဝတွေ ရာထူးဂုဏ်ရှိန်ဝါတွေ ခနဖယ်ထားခဲ

လာပါ သူငယ်ချင်း

အဝတ်အစား တွေ သိပ်ကြီး အဖိုးတန်တွေ မဝတ်ခဲ့နဲ့

တော်ရုံသင့်ရုံဆို ရပြီ

နောက်တစ်ခုက ကိုင်နေကျ ဟန်းဖုန်းတွေ tablet တွေ

ထားခဲ့ဖို့လည်း မမေ့နဲ့ဦး နော်

ငယ်ငယ်က လွယ်အိတ်ကို ဆွဲလာခဲ့

ငါတို့ငယ်ငယ်က ရင်နှီးခဲ့တဲ့ အပြုံးတွေ ပျော်ရွှင်မူတွေနဲ့

ကလေးဘဝက အမှတ်တရ များစွာ

လွယ်အိတ်ထဲအပြည့်ထည့်ခဲ့

မာနတွေ မရှိဘူး သိက္ခာတွေ မရှိဘူး

မနာလိုဝန်တိုမူနဲ ပြိုင်ဆိုင်မူတွေ ထားခဲ့

လာ…သူငယ်ချင်း ငါတို့တွေ

ကလေးဘဝကို ပြန်သွားမယ်

တစ်ဦးနဲ့တစ်ဦး ပြောမနာဆိုမနာ တွေ

စိတ်မဆိုးကြေး စိတ်မကောက်ကြေး

လာသူငယ်ချင်း ငါတို့နီးခဲ့တဲ့ရင်ဘတ်ခြင်း

နောက်တစ်ခေါက် ပြန်ပြီး ပျော်ရွှင်ကြမယ်

လာပါ သူငယ်ချင်း

ငါတို့တွေ တစ်ဖန်ပြန်ပြီး အရင်လို

ကလေးဘဝကလို ပြန်လည်ပျော်ရွှင်ဖို့

အတိတ်ကို ခဏလောက် ပြန်သွားကြမယ်.....

………………………………………………………………………

ကျွန်တော်ချစ်သော သူငယ်ချင်းများသို့

ဖိုး သူ တော်

အိုင်စတိုင်းလိုတော်တဲ့ ‌ကားမောင်းသမား-----------------------တစ်နေ့မှာ ကမ္ဘာကျော်သိပ္ပံ ပညာရှင်ကြီးအိုင်စတိုင်းဟာ သိပ္ပံပ...
04/04/2020

အိုင်စတိုင်းလိုတော်တဲ့ ‌ကားမောင်းသမား
-----------------------
တစ်နေ့မှာ ကမ္ဘာကျော်သိပ္ပံ ပညာရှင်ကြီးအိုင်စတိုင်းဟာ သိပ္ပံပညာရှင်တွေ တက်‌‌ေရာက်ကြတဲ့ ဆွေးနွေးကြတဲ့ ဟောပြောပွဲ တစ်ခုမှာ ဟောပြောပေးဖို့ ကားနဲ့သွားတယ်။လမ်းမှာသူက သူ့ ကားမောင်းသမားကို ခုလိုပြောလိုက်တယ်။
"ငါ ဒီ‌လိုပွဲတွေ တက်ပြီးဟောပြောရတာ ငြီးငွေ့လာပြီကွာ" တဲ့။
ကားမောင်းသမားကလည်း ခုလိုပြန်ပြောလိုက်တယ်။
"ဟုတ်တယ်ဆရာ၊ကျွန်တော်လည်း ဆရာ့ကိုလိုက်ပို့ရင်း ဆရာဟောပြောတာတွေ နားထောင်ရတာ ငြီးငွေ့လာပြီ။ ဆရာက တစ်ခါလာလည်း Relativity theory ၊နောက်တစ်ခါလာလည်း Relativity theory ချည်းဘဲ။ကျွန်တော်တောင်အလွတ်ရလို့ ဆရာ့နေရာမှာ ၀င်ပြိးဟောပြောရ နေပါပြီ " လို့ ပြောသတဲ့။
အိုင်းစတိုင်းက " အေးဟုတ်တယ်ကွ။မင်းပြောမှ ငါအကြံရတယ်။ဒီတော့ ဒီလိုလုပ်ကြရအောင်လား။ မင်း ငါ့ဟန်ဆောင်ပြီး စင်ပေါ်တက် ဟောပြောကွာ။ငါက မင်းလို ကားမောင်းသမားပုံစံနဲ့ စင်အောက်ကထိုင်ခုံမှာထိုင်ပြီးတစ်ရေးအိပ်နေလိုက်မယ်။မင်းတကယ်လုပ်‌ရဲလားကွ။
ကားသမား။ ။စိန်လိုက်လေ ဆရာ၊လုပ်ရဲတာပေါ့၊ ဒါမဲ့ ဟောပြောပြီးရင်တော့ ဆရာ ကျွန်တော့်ကို ညစာကောင်းကောင်း ကျွေးရမယ်နော်"
အိုင်းစတိုင်း။။ ။။ "အိုကေ စိန်လိုက်ကွာ"
သူတို့နှစ်ယောက်ဟာလမ်းမှာကားကိုခဏရပ်ပြီးအ၀တ်အစားတွေ လဲ၀တ်လိုက်ကြတယ်။ကားသမားမှာလဲ အိုင်စတိုင်းလို မုတ်ဆိတ်မွေး၊နှုတ်ခမ်းမွေး ရှိတယ်။သူတို့အသက်တွေ ကလည်း မတိမ်းမယိမ်း၊ကိုယ်လုံးကိုယ်‌ပေါက်ကလည်း ခပ်‌ဆင်ဆင်ဆိုတော့ သူတို့နဲ့ မရင်းနှီးသူတွေ ဆိုရင် ဘယ်သူဟာ အိုင်စတိုင်းဆိုတာ မခွဲခြားတတ်ပါဘူး။
သူတို့ဆွေးနွေးပွဲ လုပ်တဲ့ ဟိုတယ်ကို ရောက်သွားကြတယ်။ကြိုဆိုသူတွေဟာ ကားမောင်းသမားကို အိုင်စတိုင်းထင်ပြီး စင်မြင့်ပေါ်ကို ခေါ်သွားကြတယ်။အိုင်စတိုင်းကတော့ ပရိတ်သတ်တွေကြားက ခုံလွတ်တစ်ခုမှာ အသာလေး၀င်ထိုင်နေလိုက်တယ်။
ဟောပြောပွဲ ရဲ့ အခမ်းအနားမှုးက သိပ္ပံပညာရှင်ကြီး အိုင်စတိုင်းက ဟောပြောပါတော့မယ်လို့ ကြေညာလိုက်တယ်။ကားမောင်းသမားလည်း အိုင်စတိုင်းဟောပြောနေကြအတိုင်း တသွေမတိမ်း တူအောင် ဟောပြောတယ်။သူဟောပြောတာ ပြီးသွားတော့ ပရိတ်သတ်တွေက သောင်းသောင်းဖျဖျ လက်ခုတ်တီး ဩဘာပေးကြတယ်။ဟောပြောသွားသူဟာ အိုင်စတိုင်းရဲ့ ကားမောင်းသမားမှန်း ဘယ်သူမှ မရိပ်မိလိုက်ကြပါဘူး။ဒီအချိန်မှာ ပရိတ်သတ်ထဲကသိပ္ပံပညာရှင်တစ်ယောက်က ထရပ်လိုက်တယ်။သူဟာ အိုင်းစတိုင်းကို မနာလိုဖြစ်နေလို့ သူ့ကို အရှက်ခွဲဖို့ ဆိုပြီး အလွန်ခက်ခဲတဲ့ မေးခွန်းတစ်ခုမေးလိုက်ပါတယ်။ ခန်းမကြီးတစ်ခုလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားတယ်။ပရိတ်သတ်အားလုံးလည်း အိုင်းစတိုင်းဘယ်လိုဖြေမလဲ ဆိုတာ စိတ်၀င်တစား ‌နဲ့စောင့်ကြည့်နေကြတယ်။
စင်မြင့်ပေါ်က အိုင်းစတိုင်းအတု(ကားသမား) ဟာ အဲဒီ မေးခွန်းကို ဘယ်လိုဖြေရမှန်းမသိလို့ စကားမပြောနိုင်ဘဲ ချွေး‌တွေပြန်နေတယ်။သူဟာ အိုင်းစတိုင်းပြောခဲ့တွေ ကို အလွတ်ပြောပြနိုင်ပေမယ့် သူ့မှာမေးခွန်းကို ပြန်ဖြေနိုင်တဲ့ ဉာဏ်ပညာမရှိပါဘူး။
ခဏကြာတော့ အိုင်းစတိုင်းအတုဟာ အားတင်းပြီးမျက်နှာကိုပြင်လိုက်တယ်။ပြီးတော့ အသံထွက်ပြီးရယ်လိုက်တယ်။ပရိတ်သတ်ဟာ သူ့ကိုစိတ်၀င်တစားကြည့်နေကြတယ်။ ပြိးမှ သူက မေးခွန်းမေးသူကို ကြည့်လိုက်ပြိး ပရိတ်သတ်ကြီး ကြားအောင် မိုက်ခွက်ကနေ ခုလို ပြန်ပြောလိုက်တယ်။
"မိတ်ဆွေမေးလိုက်တဲ့ မေးခွန်းဟာသိပ်လွယ်လွန်းလို့ ကျွန်တော့်ကားမောင်းသမားတောင်ဖြေနိုင်ပါတယ်ဗျာ။အခု သူစင်အောက်မှာရှိပါတယ် ။သူဖြေပေးပါလိမ့်မယ်" တဲ့😂😂😂😂

Address

Minhla

Website

Alerts

Be the first to know and let us send you an email when PIC-education centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category