AMARA Japanese Language Centre

AMARA Japanese Language Centre Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from AMARA Japanese Language Centre, Educational consultant, အမှတ် ၃၂၈၊ဆရာစံလမ်း၊၃ရာသီမှတ်တိုင်၊၂/ခရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။, Mingaladon.

ဂျပန်စာအသံထွက်မှန်မှန်နဲ့ ပြည်တွင်းပြည်ပမှာ ဂျပန်စာအသုံးပြုပြီး အလုပ်လုပ်လိုသူများအတွက် အ​ကောင်းဆုံးဝန်​ဆောင်မှု​ပေး​နေပါပြီ။ N2 ​အောင်၊ဘွဲ့ရများအတွက် Work Visaများလဲလူဦး​ရေအကန့်အသတ်မရှိ​ခေါ်ယူ​နေပါပြီ။

ဂျပန်ကို ချောချောမွေ့မွေ့ ရောက်ကြသူတွေ (ပုံထဲမပါကြသူတွေက သည်းခံပေးကြပါ။)
06/04/2026

ဂျပန်ကို ချောချောမွေ့မွေ့ ရောက်ကြသူတွေ (ပုံထဲမပါကြသူတွေက သည်းခံပေးကြပါ။)

06/04/2026

【SNS နှင့် အင်တာနက်အသုံးပြုပုံနှင့်ပတ်သတ်၍】
SNS နဲ့ အင်တာနက်ကို အသုံးပြုခြင်းမှာ မိမိတို့စိတ်သဘောအတိုင်း အသုံးပြုနိုင်ပါသည်။
ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့အကြောင်းအရာတွေကို မတင်ပါနဲ့။
အထူးသတိထားရမယ့်အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
① လစာစာရွက် / အခွန်စာရွက်များ။
② ကုမ္ပဏီ၊ သင်တန်းကျင်းပရာနေရာမှာ ဓာတ်ပုံ/ဗီဒီယို များအား တင်ခြင်း။
③ ကုမ္ပဏီအတွင်းရေးအဖွဲ့၊ လျှို့ဝှက်အချက်အလက်များအား SNS ပေါ်တွင် ရေးသားခြင်း။
ထို့အပြင် အလုပ်လုပ်နေချိန် ( လုပ်ငန်းခွင်)ဓာတ်ပုံ/ဗီဒီယို ရိုက်ခြင်းသည် အလွန် အန္တရာယ်ကြီးပါတယ်။
အလုပ်လုပ်နေချိန်မှာ ဖုန်းသုံးတာကြောင့် ထိခိုက်မှု သို့မဟုတ် မတော်တဆမှု ဖြစ်နိုင်ပါတယ်။
အလုပ်ချိန်အတွင်းမှာ အလုပ်ကိုသာ အာရုံစိုက်ပြုလိုက်ကြပါ။
အကြောင်းအမျိုးအစားပေါ်မူတည်ပြီး သတ်မှတ်ထားသော စည်းမျဉ်းအတိုင်း (သတိပေးခံရခြင်း၊ လစာလျှော့ခံရခြင်း၊ အလုပ်ရပ်ဆိုင်းခံရခြင်း စသည်)
အရေးယူခံရနိုင်ပါသည်။

19/12/2025

ဒီနေ့မှာ ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့လေးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီးပျော်ရွှင်ကြပါစေကြောင်း AMARA JLC မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။

16/12/2025

အားလုံးပဲ AMARA JLC မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
AMARA JLC မှ ဒီဇင်ဘာလအတွင်း ဖွင့်လှစ်သွားမယ့် သင်တန်းတွေကို ကြေငြာပေးချင်ပါတယ်။
⭐ N5+N4 စတင်ဖွင့်လှစ်မည့်နေ့ ၂၂.၁၂.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 600,000Ks နှင့် ၆လ၊
⭐ N4 စတင်ဖွင့်လှစ်မည့်နေ့ ၂၂.၁၂.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 300,000Ks နှင့် ၄လ၊
⭐ N3 စတင်ဖွင့်လှစ်မည့်နေ့ ၂၂.၁၂.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 350,000Ks နှင့် ၅လ၊
⭐ N2 + Speaking (Kaiwa Class) စတင်ဖွင့်လှစ်မည့်နေ့ ၂၂.၁၂.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 350,000Ks နှင့် ၅လ၊

အတန်းအားလုံးကတော့ မနက်၉နာရီကနေ ညနေ ၃နာရီအထိဖြစ်ပြီး တနင်္လာနေ့ကနေသောကြာနေ့အထိ တပတ်၅ရက်တတ်ရောက်ရပါမယ်။
ဂျပန်လူမျိုးဆရာမနှင့်အတူတူ ဂျပန်စကားပြောလေ့ကျင့်ခြင်းများ၊လုပ်ငန်းခွင်အတွင်း ဂျပန်စကားပြောအတွက် အခက်အခဲမရှိအောင် ဆရာများမှ သေချာလေ့ကျင့်ပေးနေတာမို့ စကားပြောဖို့ ခက်ခဲနေသူများအတွက်လဲ အထူးသင့်တော်တဲ့ SPEAKING Class လဲ ရှိနေတယ်နော်။
AMARA JLC အမှတ် ၃၂၈၊ဆရာစံလမ်း၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။ (သုံးရာသီမှတ်တိုင်တွင်ဆင်းရန်) 09795072578,09444891914 (Viber) , 09697477058,09774007491 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

15/12/2025

အေဂျင်စီအမှန် သင်တန်းကျောင်း အမှန် တွေ အများကြီး
ပြီးတော့
ဂျပန်စာ လောက အကြောင်း ကြိုးစားပြီး ပြောပြရေးပြ
ကြသူတွေ တပုံတပင် တချို့ဆို page ထောင်ပြီးပြောပြ
တာတွေတောင်ရှိသေးတယ်

ဒီလို အမှန်အကန် အေဂျင်စီတွေ သင်တန်းတွေကို မရောက်ပဲ

အဲလို အလိမ်အညာဆီ သွားကြတာဟာ တော်ရုံ skill နဲ့မရဘူး

ရွှေပြည်သာမှာ ကျွန်တော့သင်တန်းလာတက်သူတွေထဲမှာ
တချို့ဆို ဘာပြောတယ်မှတ်လဲ

ဂျပန်စာ မရလည်း ကိစ္စမရှိဘူး သင်တန်းလေးအတက်ပြရုံပဲတဲ့
ဂျပန်စာ မလိုဘူး တဲ့ အင်တာဗျူး အပတ်စဉ် လစဉ် ရှိတယ်

အောင်ရင် ဘယ်လောက်ပေးသွင်းပြီး သွားလို့ရတယ်
ဘယ်သူဆို အင်တာဗျူးအောင်သွားပြီ စသဖြင့်............

မဖြစ်နိုင်ကြောင်း သေချာပြောပြလည်း မရဘူး
လက်မခံကြဘူး အဲအချိန် ကိုယ့်ကို ဘယ်လိုထင်လဲဆိုတော့

ဂျပန်စာသင်စရာရှိတာ မသင်ဘူး ဘာတွေကိုယ်နဲ့မဆိုင်တာ
လာပြောနေတာလဲ ဆိုတဲ့ အကြည့်နဲ့

2018 ဝန်းကျင်လောက်ကလည်း တခါ ကြုံခဲ့ဖူးတယ်

ကျောင်းသူလေး ၂ယောက် သင်တန်းလာတက်တယ်

ဘယ်ကလာတက်တာလဲ ‌မေးကြည့်တာပေါ့ အင်းစိန်ပေါက်တောဝ ဘက်က
တဲ့

ဟာ အဲဒီက မသင်ဘူးလားမေးတော့ အစက သင်တယ် အခု လူများလာလို့
ကျွန်မတို့ ယခုလက်ရှိနေတဲ့ နေရာနဲ့ နီးတဲ့ နေရာက သင်တန်းကျောင်း
တက်ဆိုလို့ လာတက်တာတဲ့
N5 mina တဝက်လောက် ဖြစ်မယ်နဲ့တူတယ်

စာကြောင်းတကြောင်းလောက် ကြည့်ပြီး ဖတ်ကြည့်ခိုင်းတာ
မဖတ်တက်ဘူး စာအုပ်ကြည့်လိုက်တော့ ပြီးသွားတဲ့ စာတွေမှာ
မြန်မာလို အသံထွက်လေးတွေ ရေးထားတာ တွေ့ရ

ပိုစိတ်ဝင်စား သိချင်လာလို့ မေးကြည့်တော့ လုံးဝ မဖြစ်နိုင်တဲ့
အလိမ်အညာဆိုတာ သိရတယ်

အဲတော့ ပြောပြရတာပေါ့ ၁ယောက်က မွန်ပြည်နယ်ဘက်က
တယောက်က ဧရာဝတီတိုင်းက

ဧရာဝတီဘက်က ကောင်မလေးက ၃၆ သိန်း အကုန်ချေပြီးပြီတဲ့
အဲအချိန်က ၃၆ သိန်း

တယောက်က တဝက်ချေပြီးသွားပြီ ကျန်တဝက် ချေဖို့ ဒီတပတ်
အိမ်ပြန်ရမှာတဲ့

ကျွန်တော်တားတယ် မရပါဘူး

နောက်နေ့ ‌ခွင့်တိုင်တယ် သမီးခြေထောက် နာလို့ ခွင့်တိုင်ပါတယ်တဲ့
တယောက်ကလည်း မတက်ဖြစ်တော့ဘူးတဲ့

ဒီနေ့ပြောပြ နောက်နေ့ မလာတော့တာပဲ

ပြီးတော့ အပြောခံရကော ဂျပန်စာသင်တာ ဂျပန်စာပဲ မသင်ပဲ
သူများကိစ္စလိုက်ပါတယ်လို့ ......

၁၀ ရက်ဝန်းကျင်လောက် ကြာမယ်ထင်တယ် သတင်းစာကြီးထဲမှာ
ပါလာကော အလိမ်အညာ သင်တန်းမှာ လာတက်တဲ့ ၂ရောက်ထဲက
ကောင်မလေး တယောက်ပုံပါ သတင်းစာထဲမှာ ပါလာတယ်

အဲသလိုတွေ ရှိခဲ့ဖူးတာ

ကျွန်တော်က သနားလို့ပါ အဲတုန်းကလည်း
အဲဒီ၂ယောက်
အတန်းပညာ မှတ်မိတယ် တယောက်က ၄တန်းထိပဲ တက်ဖူးတယ်
တယောက်က အဲထက်ပိုစိုး ၂ယောက်လုံး နွမ်းနွမ်းပါးပါးလေးတွေ

သနားမိတာပေါ့ ကြိုးစားပြီး ပြောပြပေးခဲ့တယ် တားခဲ့တယ် မရဘူး

အဲထက်ပိုပြီး ကြိုးစားခဲ့သင့်တာပေါ့လို့ ပြောရင် ချောင်းအရိုက်ခံရဖို့ပဲ
ရှိတော့တယ်

ဒီထက်ပိုတဲ့ ကိစ္စတွေအထိပါ အမုန်းခံခဲ့ရဖူးတယ်

ကျွန်တော့ညီမဆို yma အမြဲကျွန်တော့ကို ပြောတယ်
ကိုကြီး သွားလေရာ gps ဖွင့်ထား ချောင်းရိုက်ခံရလို့ တခုခုဖြစ်ရင်
ရှာလို့ရအောင်လို့တဲ့

အဲသလောက်ထိ အမုန်းခံခဲ့ရတယ်

ဒါပေမယ့် မရခဲ့ပါဘူး

2018 လောက်ကမှ မဟုတ်ဘူးနော် 6.8.2024 မှာဖွင့်ခဲ့တဲ့ အတန်းကို
လာတက်ကြသူတွေ အဲလိုပဲ

ကျွန်တော် တားလိုက်နိုင်ပါတယ်

မဟုတ်ရင် တချို့ မိသားစုတွေပါ ဘဝတွေ ပျက်တော့မလို့
Ybs မောင်းတဲ့ ဦးလေးတွေ အထိပါပါတယ်

အရမ်းခက်ခဲတဲ့ ဘဝတွေနဲ့လေ

စက်ရုံဖယ်ရီ ‌အလုပ်ထွက်ပြီး လာတက်တဲ့သူကောပါတယ်

အလိမ်အညာမှာ ရေပန်းအစားဆုံးက

① ဂျပန်စာ မရလည်း ဘာမှမဖြစ်ဘူး သင်တန်းN5 လေးသာတက်ထား
သူဌေးကိုယ်တိုင် လာခေါ်မှာ

② လတိုင်း အပတ်တိုင်း နေ့တိုင်း အင်တာဗျူး ရှိတယ် အင်တာဗျူးအောင်ရင်
  တဝက်သွင်းရမယ် ပြီးရင် camp ဝင် ( နှစ်သီးစား ဗျူဟာ )

③ သင်တန်းတက်ရုံပဲ စကားမရလည်း အင်တာဗျူးအောင်တာရှိတယ်
ပြီးရင် အလုပ်နဲ့ ချိတ်ပေးပြီး တခါတည်းပို့ပေးတယ်

စတဲ့ စကား၃ရပ်မှာ မြောပါသွားကော

ရေးသာ ရေးနေရတယ် အဲလို အလိမ်အညာခံရတဲ့သူတွေက
စာမဖတ်ကြတဲ့ သူတွေများတယ်

အဲတော့ သူများဒုက္ခရောက်တာကို ရေနစ်သူ ဝါးကူထိုးတာမဟုတ်

ပြသနာက

အချောင်လိုချင်စိတ် များတာရယ်

ပျင်းတာရယ်

ဆရာကောင်း မိတ်ဆွေကောင်း ရှားပါးမှုရယ်

လက်ရှိ ကြုံနေရတဲ့ ဒုက္ခက ဖိအားပေးမှုရယ်

စတာတွေက အလိမ်ခံရဖို့ ဖြစ်လာရတာပဲ

သင်ခန်းစာက ယူသင့်နေပါပြီ အားတဲ့အချိန် TikTok ပေါ်
ဖင်ရမ်းပြတာတွေကို သရေယိုပြီး ကြည့်နေတာနဲ့ အချိန်ကုန်နေရမယ့်
အချိန်မဟုတ်တော့ဘူး

လက်တွေ့ကျကျ ဘဝကို ဖြတ်သန်းသင့်နေပါပြီ

အခု လိမ်သွားသူတွေက အရမ်းတော်နေလို့မဟုတ်ပါဘူး
အေးဆေးလေး လိမ်သွားတာ

လိမ်ညာခံရသူတွေဟာ
ကျွန်တော်တို့ကို လိမ်လို့ရပါသည်ဟု လက်ယက်ခေါ်နေသလို
ထင်ရှားသိသာလွန်းလှပါတယ်

ဟိုလိမ်တဲ့ မအေဘေးတွေနဲ့ ဖျာသယ်မ သားတွေလည်း
သွားလမ်း ‌မသာပဲ လာလမ်းလည်း အမြဲဒုက္ခရောက်ပါစေဗျာ

ဒုက္ခရောက်နေတဲ့ သူတွေကို လုပ်ရက်တာ ပြီးရင် တနေရာမှာ
ဘယ် ပရဟိတ လုပ်နေပါတယ် ဘယ်လောက်လှုပါတယ်
ဆိုတဲ့ ပုံတွေက တက်လာအုံးမယ်

ဒေါသထွက်တယ်

နောက်ကလေးတွေလဲ အလွယ်မလိုက်တော့နဲ့
သင်ခန်းစာယူ

ကလေးတွေသာ ပြောနေရတာ ကလေးတွေရဲ့ မိဘတွေက ပိုစိုး

ကလေးတွေက ပြောပြရင် အများနားလည်သွားကြတယ်
ကလေးမိဘတွေက သောက်တလွဲတွေ

အိမ်အထိ လိုက်ပြောပြရအောင်လည်း အဆင်မပြေနေဘူးလေ

22/09/2025
02/09/2025

Saitama မြို့ရှိ Language School သို့လျှောက်ထားသော

1) Hein Tun Soe
2) Aye Thandar
3) San Thawdar Win
4) Win Htay
5) Thet Htoo Zin
6) Aeith Chyu San
7)Hnin Bo Bo San
တို့ ၇ယောက် COE 100% အောင်မြင်ပါတယ်။

おめでとうございます。
👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏👏

21/07/2025

စားသောက်ကုန်ထုတ် မ ၁၀ယောက်ခေါ်ပါမယ်။ အသေးစိတ်ကို Viber နံပါတ် 09444891914 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

07/07/2025

အားလုံးပဲ AMARA JLC မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
AMARA JLC မှ ဇူလိုင်လအတွင်း ဖွင့်လှစ်သွားမယ် သင်တန်းတွေကို ကြေငြာပေးချင်ပါတယ်။
⭐ N5+N4 စတင်ဖွင့်လှစ်မည့်နေ့ ၁၀.၇.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 600,000Ks နှင့် ၆လ၊
⭐ N4 စတင်ဖွင့်လှစ်မည့်နေ့ ၁၄.၇.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 300,000Ks နှင့် ၄လ၊
⭐ N3 စတင်ဖွင့်လှစ်မည့်နေ့ ၁၄.၇.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 350,000Ks နှင့် ၅လ၊
⭐ N2 + Speaking (Kaiwa Class) စတင်ဖွင့်လှစ်မည့်နေ့ ၁၄.၇.၂၀၂၅
သင်တန်းကြေးနှင့်သင်တန်းကာလကတော့ 350,000Ks နှင့် ၅လ၊

အတန်းအားလုံးကတော့ မနက်၉နာရီကနေ ညနေ ၃နာရီအထိဖြစ်ပြီး တနင်္လာနေ့ကနေသောကြာနေ့အထိ တပတ်၅ရက်တတ်ရောက်ရပါမယ်။

သင်ထောက်ကူစာအုပ်များ၊မေးခွန်းဟောင်းလေ့ကျင့်ခြင်းများလဲ သင်တန်းကြေးတွင် ပါဝင်ပါသည်။
အားလုံးရဲ့ ယုံကြည်အားပေးမှုနဲ့အတူ ယနေ့ AMARA JLC ဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဆက်လက်ကြိုးစားသွားမှာပဲဖြစ်ပါတယ်။
ဂျပန်လူမျိုးဆရာမနှင့်အတူတူ ဂျပန်စကားပြောလေ့ကျင့်ခြင်းများ၊လုပ်ငန်းခွင်အတွင်း ဂျပန်စကားပြောအတွက် အခက်အခဲမရှိအောင် ဆရာများမှ သေချာလေ့ကျင့်ပေးနေတာမို့ စကားပြောဖို့ ခက်ခဲနေသူများအတွက်လဲ အထူးသင့်တော်တဲ့ SPEAKING Class လဲ ရှိနေတယ်နော်။
AMARA JLC အမှတ် ၃၂၈၊ဆရာစံလမ်း၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။ (သုံးရာသီမှတ်တိုင်တွင်ဆင်းရန်) 09795072578,09444891914 (Viber) ,09799972356,09697477058,09774007491 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

28/06/2025

အားလုံးပဲ AMARA JLC မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

AMARA JLC မှWork Visa အလုပ်အကိုင် အားမိတ်ဆက်ပေးပါရစေ။

⭐OKINAWA , FUKUOKA , KANSAI , TOKYO မြို့ရှိ HOTEL နှင့် ဂျပန်စတိုင်တည်းခိုခန်း(旅館)များတွင် လုပ်ကိုင်လိုသော N2 or N3 Passed နှင့် ဘွဲ့ရများအတွက်(မည်သည့်ဘွဲ့မဆို) WORK VISA ဖြင့် အင်တာဗျူးရှိပါမည်။ (ကျား၊မ) * COE Reject ထိဖူးသူများအတွက်လဲ လက်ခံဆောင်ရွက်ပေးပါမည်။
AMARA JLC အမှတ် ၃၂၈၊ဆရာစံလမ်း၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။ (သုံးရာသီမှတ်တိုင်တွင်ဆင်းရန်) 09795072578,09444891914 (Viber) ,09799972356,09697477058,09774007491 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

23/06/2025

အားလုံးပဲ AMARA JLC မှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

AMARA JLC မှ
ဂျပန်ဘာသာစကားနှင့် အလုပ်အကိုင်မိတ်ဆက်ပေးခြင်း များအားမိတ်ဆက်ပေးပါရစေ။

⭐ဂျပန်နိုင်ငံသို့ ကျောင်းတတ်ရောက်လိုသူများ
⭐အလုပ်အကိုင်ဖြင့်သွားရောက်လိုသူများ
⭐ဂျပန်စာ၊ဂျပန်စကားကိုသေချာလေ့လာတတ်မြောက်လိုသူများအတွက် AMARA JLC မှ စောင့်ကြိုနေပါတယ်။

🧑‍💼ဂျပန်နိုင်ငံသို့ ကျောင်းတတ်ရောက်ရန် ၃ဦး COE100% 🥰 စကော်လာဖြင့် ၇၀ဦး
👷အလုပ်အကိုင်ဖြင့် ၈၀ဦး🥰 Hotel Work Visa ဖြင့် ၄၀ဦး
💁Tokutei Kaigo ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်း
💁Tokutei Food Service စားသောက်ဆိုင်လုပ်ငန်း
💁Tokutei Food Manufacturing စားသောက်ကုန်ထုတ်
💁Tokutei Hotel ဟိုတယ်လုပ်ငန်းများဖြင့်စာသင်ကြားခြင်းနှင့်အတူ ချိတ်ဆက်ပို့ဆောင်ခဲ့ပါတယ်။

အားလုံးရဲ့ ယုံကြည်အားပေးမှုနဲ့အတူ ယနေ့ AMARA JLC ဟာ ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဆက်လက်ကြိုးစားသွားမှာပဲဖြစ်ပါတယ်။
ဂျပန်လူမျိုးဆရာမနှင့်အတူတူ ဂျပန်စကားပြောလေ့ကျင့်ခြင်းများ၊လုပ်ငန်းခွင်အတွင်း ဂျပန်စကားပြောအတွက် အခက်အခဲမရှိအောင် ဆရာများမှ သေချာလေ့ကျင့်ပေးနေတာမို့ စကားပြောဖို့ ခက်ခဲနေသူများအတွက်လဲ အထူးသင့်တော်တဲ့ SPEAKING Class လဲ ရှိနေတယ်နော်။
AMARA JLC အမှတ် ၃၂၈၊ဆရာစံလမ်း၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။ (သုံးရာသီမှတ်တိုင်တွင်ဆင်းရန်) 09795072578,09444891914 (Viber) ,09799972356,09697477058,09774007491 တို့ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Address

အမှတ် ၃၂၈၊ဆရာစံလမ်း၊၃ရာသီမှတ်တိုင်၊၂/ခရပ်ကွက်၊မင်္ဂလာဒုံမြို့နယ်၊ရန်ကုန်မြို့။
Mingaladon

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Telephone

+959795072578

Website

Alerts

Be the first to know and let us send you an email when AMARA Japanese Language Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to AMARA Japanese Language Centre:

Shortcuts

Share