Shalom - ရှလုံမ် Pre-School

Shalom - ရှလုံမ် Pre-School

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shalom - ရှလုံမ် Pre-School, Nursery, Mingaladon.

Photos from Shalom-ရှလုံမ် Pre-School's post 13/03/2026

Happy Birthdayပါသမီး‌လေး အိမ့်ပိုးပန်းချီ🎁🎂🎈
မီးမီးလေးရဲ့ 3နှစ်ပြည့် မွေးနေ့လေးကစပြီး နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင်ပါစေနော် လိမ္မာယဉ်ကျေးပြီး လူချစ်လူခင် ပေါများတဲ့ သမီးရတနာလေးဖြစ်ပါစေလို့ တီချယ်တို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်

Photos from Shalom-ရှလုံမ် Pre-School's post 06/03/2026

Happy birthday ပါ သမီးလေးရွှေချယ်ဝလာ🎁🎂
သမီးလေးရဲ့ ၃နှစ်ပြည့်မွေးနေ့လေးကစပြီး
နောင်လာမယ့် မွေးနေ့ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ဖြတ်သန်းနိုင်ပါစေနော်

Photos from Shalom-ရှလုံမ် Pre-School's post 23/02/2026

Happy birthday ပါ သမီးလေးရွှေပန်းချီချယ်🎁🎂
သမီးလေးရဲ့ ၄နှစ်ပြည့်မွေးနေ့လေးကစပြီး
နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်ချမ်းသာ
ကိုယ်ကျန်းမာစွာဖြင့် ထူးချွန်ထက်မြက်ပြီး ဖေဖေမေမေတို့ အားကိုးရတဲ့ အဖိုးတန်သမီးရတနာလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်🥰

Photos from Shalom-ရှလုံမ် Pre-School's post 22/01/2026

မနက်ပိုင်း အတန်းမခွဲခင်လေး စာတွေ ကဗျာတွေ တူတူဆိုနေကြတဲ့ သားသားမီးမီးလေးများ🥰😘
#ပျော်ပျော်ရွှင်ရွှင်စာသင်မယ်

Photos from Shalom-ရှလုံမ် Pre-School's post 21/01/2026

သားသားမီးမီးတို့ရဲ့ Activity နေ့လေး🥰😘👣

Photos from Shalom-ရှလုံမ် Pre-School's post 25/12/2025

တီချယ်တို့အတွက် ခရစ္စမတ်လက်ဆောင်များကို မေတ္တာဖြင့် ပြင်ဆင်ယူလာပေးကြသော မေမေတို့ကိုလည်း ကျေးဇူးတင်ပါတယ်ရှင့် တန်ဖိုးထားဝတ်ဆင်အသုံးပြုပါမယ်ရှင့်🎁🧑‍🎄🎄

Photos from Shalom-ရှလုံမ် Pre-School's post 24/12/2025

စားလို့ကောင်းတယ်တီချယ် ထပ်ယူဦးမယ်ဆိုပြီး အားရပါးရစား‌ပေးကြလို့ ကျေးဇူးတင်ပါတယ်ရှင့်🥰😘
-Christmas-2025

Photos from Shalom-ရှလုံမ် Pre-School's post 24/12/2025

တီချယ့် ကလေးလေးတို့ရေ Christmas လက်ဆောင်လေးတွေ ကြိုက်ကြရဲ့လား🎄🎁🎄🎁

Photos from Shalom-ရှလုံမ် Pre-School's post 23/12/2025

Merry Christmas For You 🎄
#2025
ချစ်စရာအလွန်ကောင်းနေ‌ကြသော ကျွန်မအသဲ ပိစိပေါက်စလေးများ 😘😘

Photos from Shalom-ရှလုံမ် Pre-School's post 22/12/2025

ပုံတွေ ခုမှ တင်လို့ရလို့🥰
-Activity

Photos from Shalom-ရှလုံမ် Pre-School's post 19/12/2025

Happy Karen New year 2765 🎊🎉

#ကညီနံ၃ျထီ၃ျသီ ❤️

Photos from Shalom-ရှလုံမ် Pre-School's post 13/12/2025

⚠️ မိဘများ သတိထားစေချင်တဲ့ ကလေး ရေဘူးထဲက "မှို" အန္တရာယ် 🦠

ကလေးတွေ ကျောင်းသွားရင်၊ အပြင်သွားရင် ထည့်ပေးလိုက်တဲ့ ရေဘူးလေးတွေက အပြင်ပန်းကြည့်ရင် သန့်နေတယ်လို့ ထင်ရပေမယ့် အတွင်းပိုင်းမှာ မမြင်ရတဲ့ အန္တရာယ်တွေ ရှိနေတတ်ပါတယ်။

ဒါကတော့ ရေဘူးအဖုံးကြားနဲ့ ရော်ဘာကွင်းတွေကြားမှာ ပေါက်ဖွားနေတဲ့ "မှို (Mold)" တွေပါပဲ။

❓ ဘာကြောင့် မှိုပေါက်တာလဲ ရေဘူးထဲမှာ အစိုဓာတ်အမြဲရှိနေတာရယ်၊ ကလေးတွေသောက်လိုက်တဲ့အခါ တံတွေးနဲ့ အစာအစအနလေးတွေ ပြန်ဝင်သွားတတ်တာကြောင့် မှိုတွေပေါက်ဖွားဖို့ အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။

📍 ဘယ်နေရာတွေမှာ အများဆုံး ပုန်းခိုနေလဲ
၁။ ရေဘူးအဖုံးက ရော်ဘာကွင်း (Rubber Seal) အောက်ထဲမှာ။
၂။ စုပ်သောက်ရတဲ့ ပိုက် (Straw) အထဲမှာ။
၃။ ကလေးတွေ ကိုက်သောက်တဲ့ ရော်ဘာခေါင်း (Bite Valve) တွေကြားမှာပါ။

⚠️ ကလေးတွေအတွက် ကျန်းမာရေးဆိုးကျိုးများ ဒီလို မှိုတွေကပ်နေတဲ့ ရေဘူးကို ရေရှည်သုံးမိရင် ကလေးတွေမှာ -

ချောင်းဆိုးတာ၊ နှာခေါင်းပိတ်တာ၊

ဗိုက်အောင့်၊ ဗိုက်နာ၊ ဝမ်းလျှောတာ၊

အသားအရေ ယားယံတာနဲ့ ပန်းနာရင်ကြပ်လို ရောဂါတွေ ပိုဆိုးလာနိုင်ပါတယ်။

✅ ဘယ်လို သန့်ရှင်းရေး လုပ်ကြမလဲ သာမန် ရေဆေးရုံနဲ့ မလုံလောက်ပါဘူး။
၁။ အကုန်ဖြုတ်ဆေးပါ - ရေဘူးအဖုံး၊ ပိုက်၊ ရော်ဘာကွင်းလေးတွေ အကုန်ဖြုတ်ပြီး သေချာတိုက်ချွတ်ဆေးပါ။

၂။ ပိုးသတ်ပါ - အိမ်သုံး ရှလကာရည် (Vinegar) နဲ့ ရေ ရောပြီး မိနစ် (၂၀) လောက် စိမ်ထားရင် မှိုတွေကို သေစေနိုင်ပါတယ်။

၃။ ခြောက်အောင်ထားပါ - ဆေးပြီးရင် အစိတ်အပိုင်းအားလုံးကို လုံးဝခြောက်သွေ့တဲ့အထိ လှန်းထားပြီးမှ ပြန်တပ်ဆင်ပါ။

ဒါကြောင့် မေမေတို့ရေ... ကလေးတွေရဲ့ ရေဘူးကို ဒီနေ့ပဲ ဖြုတ်ပြီး စစ်ဆေးကြည့်လိုက်ပါဦးနော်။

Want your school to be the top-listed School/college in Mingaladon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Mingaladon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00