19/12/2021
Computer တွေမှာ USB Stick ထိုးလိုက်တာနဲ့
Virus တန် မဝင်သွားအောင် ကြိုတင်ကာကွယ်နည်း...
=================================
Computer က လိုချင်တဲ့ File တွေကို တစ်ခုနဲ့ တစ်ခု ကူးကြတဲ့ အခါမှာ USB Device တွေကို အသုံးများကြပါတယ်...
အဲ့လိုကူးတဲ့အခါမှာ Device တွေထဲက Virus တွေလာပါတတ်ပါတယ်... USB Device နဲ့ Computer ကို ချိတ်လိုက်တာနဲ့ Virus က Computer ထဲကို Autorun ကနေတစ်ဆင့် တန်းပီး ဝင်သွားနိုင်ပါတယ်....
အဲ့လို Virus အလွယ်တကူ မဝင်နိုင်အောင် Computer မှာ "Turn Off Autoplay" ကို Enabled လုပ်ပီး ကြိုတင် ကာကွယ်ထားနိုင်ပါတယ်.....
အဲ့လိုမျိုးကာကွယ်ချင်တလ်ဆိုရင်တော့
ပထမဆုံးအနေနဲ့ Run box (Windows +R နဲ့ ခေါ်ပါ) ->
ပီးရင် box ထဲမှာ gpedit.msc လို့ ရိုက်ထည့်ပါ... နောက်ပီး Enter ခေါက်ပါ..
Windows တစ်ခု ကျလာတဲ့ File တွေထဲက Administrative Templates ကို နှိပ်ပါ -> ပီးရင် Windows Componant -> Autoplay Policy ကိုရွေးပေးပါ....
ညာဖက်ပေါ်လာတဲ့ဖက်မှာ Turn Off Autoplay ဆိုတာကို ရှာပါ
Turn Off Autoplay ကို တွေ့ရင် နှိပ်လိုက် ပါ...
ပီးရင် Enabled ကို ရွေးပေး လိုက်ပါ...
အကုန်ပီးရင် Computer ကို Restart ချပေးပါ......
အဲ့ဒါဆို Computer မှာ Virus အလွယ်တကူနဲ့ မဝင်နိုင်တော့ပါဘူး.....
ပုံနဲ့ လဲ ပြထားပေးပါတယ်...တစ်ဆင့်ချင်းလုပ်ပါ.....
အဆင်ပြေကြပါစေ...💐💐😘
လေးစာစွာဖြင့်⏰⏰⏰
Htet Myat Computer Learning Centre
https://www.facebook.com/profile.php?id=100076342504781
18/12/2021
Window မှာ data စားတယ်ဆိုတဲ့ သူတွေအတွက်။
Windows 10 မှာ Internet Data လေလွင့်မှုသက်သာအောင် ဘယ်လိုလုပ်မလဲ???
Windows 10 ဟာ Windows 8, 8.1 တွေထက် Data စားသုံးမှုက 3 ဆကျော်တာ အားလုံးသိပြီးဖြစ်မှာပါ။ ကိုယ်တိုင်လည်း Internet Data ချွေတာချင်တဲ့အခါ Windows 8.1 ကိုသာပြောင်းသုံးနေခဲ့ဖူးပါတယ်။ ဒါကိုသိပ်ဘဝင်မကျတာကြောင့် Internet Data စားသက်သာအောင် မလိုအပ်တဲ့ ဘယ် Settings တွေ Background Data တွေပိတ်ရမလဲ ဆိုတာ အမြဲစမ်းသပ်လေ့လာခဲ့ရင်းအောက်ပါနည်းလမ်းကိုရခဲ့တယ်ဗျ။ Windows 8, 8.1 တွေလိုမျိုး Data စားသုံးမှုနည်းပါသွားစေမယ့်နည်းလမ်းတွေကတော့...
၁။ Windows Update Services ကိုပိတ်ပါ (Windows Logo+R >> Type "services.msc" and Enter နှိပ်ပြီး Services ထဲက Windows Update မှာ Double click နှိပ်ပါ။ ပြီးရင် Startup type မှာ Disable ရွေး Save လိုက်ပါ။
၂။ Defer Windows Updates (Settings >> Update & Security >> Advanced options >> Choose how updates are delivered >> Updates from more than one place ကို On ပါ။ ပြီးရင် PCs on my local network ကိုရွေးပေးလိုက်ပါ)
၃။ Turn off Background Apps (Settings >> Privacy >> Background apps မှာ Off ပေးလိုက်ပါ)
၄။ Disable PC Synchronization (Settings >> Accounts >> Sync your settings >> Sync settings ကို Off ပေးပါ)
၅။ Set connection as metered (Settings >> Network & internet >> Wi-fi >> မိချိတ်ဆက်ထားတဲ့ Wifi name ကို Click ပြီး Set as metered connection ကို On ပေးလိုက်ပါ။
၆။ Deactivate Live tiles (Windows Key
Icon ကိုနှိပ်ရင် Start Screen ပေါ်လာလိမ့်မယ်။ အဲဒီက live feed app တွေပေါ် Right Click >> More ကနေ Turn Live Tile off ကိုနှိပ်ပေးလိုက်ပါ)
၇။ Disable Auto Update Offline Maps (Settings >> Offline maps >> Metered connections ကို On ပေးလိုက်ပြီး Automatically update maps ကို Off ပေးလိုက်ပါ)
၈။ Disable MS store Auto Update (Open Microsoft Store >> Click on See more (...) >> Settings ကိုသွားပြီး App updates, Live Tile, Video Autoplay တွေကို Off ပေးလိုက်ပါ)
၉။ Disable Onedrive (အကယ်၍ Onedrive ကိုမသုံးလို ပိတ်ချင်တယ်ဆိုရင် Right click on Taskbar >> Task Manager >> Stratup >> Microsoft OneDrive ကို Disable လုပ်ထားလိုက်ပါ)
အထက်ကအချက် (၉)ချက်ကိုလုပ်ဆောင်ပြီးတဲ့အခါ Windows ကို တကြိမ် Restart ချပြီး သုံးကြည့်လိုက်ပါ။ မလိုအပ်ပဲ Internet Data လေလွင့်ကုန်ကျမှုတွေ များစွာလျော့နည်းသွားပါလိမ့်မယ်။
.....
Credit To: Ko Yan