Care Chin Association, Mindat- Matupi

Care Chin Association, Mindat- Matupi Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Care Chin Association, Mindat- Matupi, Yampa, Mindat.

မတူပီ မြို့နယ် ခြန်ပြန် ရမ်တိန်း မွှန်တုန်း ကျေးရွာ ၀န်းကျင်တွေမှာ 2023 ဇွန်လ(5)ရက်နေ့တွင်စပြီး စစ်ကောင်စီတပ်စစ်ကြောင်းထ...
08/06/2023

မတူပီ မြို့နယ် ခြန်ပြန် ရမ်တိန်း မွှန်တုန်း ကျေးရွာ ၀န်းကျင်တွေမှာ 2023 ဇွန်လ(5)ရက်နေ့တွင်စပြီး စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာသောကြောင့်ဒေသခံလူဦးရေ(600)ကျော် လုံခြုံသည့် နေရာတွေမှာစစ်ဘေးရှောင်နေကြပါသည်။
ဇွန်လ(6)ရက်နေ့တွင် စစ်တပ်မှ စစ်ကြောင်းထိုးလာသောကြောင့် မတူပီ CDF တပ်ရင်း (1)နင့် စစ်ကောင်စီတပ်သို့ ရမ်တိန်းကျေးရွာတွင် ထိ့တွေ့တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်မှ ခြန်ပြန် ရမ်တိန်း မွှန်တုန်းကျေးတွေမှာ လက်နက်ကြီးပစ်ခတ်တာကြောင့် ဒေသခံတွေကျေးရွာမှာ မနေရဲကြတော့သည့်အတွက် လုံခြုံသည့်နေရာ‌‌ေတွမှာ ချင်းလူမှုစောင့်ရှောင့်ရေအသင်း(CCA)နင့် ကျေးရွာ lDp ကော်မတီအဖွဲ့မှ ရွှေပြောင်းပေးနေရပါသည်။
မိုးရာသီကာလဖြစ်ပြီး မိုးပြင်းထန်စွာ ရွာတွင်မှူကြောင့် သက်ကြီးရွယ်အိုး ကိုယ်၀န်ဆောင်မိခင်တွေ နာသာရှည်ရောဂါရှိသူများ အခက်ခဲများစွာကြုံတွေ့နေကြသည်။
စစ်ဘေးရှောင်ပြည်များ၏အရေးပေါာလိုအပ်ချက်ဖြစ်သော ဆန် ဆေးဝါးကို ကူညီကုသမှူကို ချင်းလူမှုစောင့်ရှောက်ရေးအသင်း(CCA)မှ ကူညီထောက်ပံ့သော်လည်း ဆန် ဆေးဝါး လိုအပ်ချက်များရှိနေသေးသောကြောင့် လူသာချင်းစာနာထောက်မှုအကူညီများ ကူညီနိုင်ရန် တင်ပြအပ်ပါသည်

ဆက်သွယ်ရန်ဖုန်း 0936566877

11/07/2022

မိဘတွေနဲ့
ပြန်တွေ့ရမယ့်ရက် ဘယ်တော့လဲ 😩

10/07/2022

နာမည်အဟုတ်ကြီးမှတ်ကြီးလို့ အလိမ်အညာ ခံခဲ့ကြရပီ

10/07/2022

တောင်ပေါ်အလွမ်း ( MV )

တေးရေး - ဩသ
တေးဆို - ဂျေယန်း

YouTube 🔗 https://youtu.be/8szLLoxDo3w

သို့သက်ဆိုင်ရာသို့အကူအညီတောင်းခံခြင်း ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် မတူပီ ပြည်ထောင်စုလမ်းမပေါ်ရှိ Aidaak, Yampa, Mawpi...
04/07/2022

သို့

သက်ဆိုင်ရာသို့

အကူအညီတောင်းခံခြင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ် မတူပီ ပြည်ထောင်စုလမ်းမပေါ်ရှိ Aidaak, Yampa, Mawpi တောင်ကျောဒေသများရှိပြည်သူများသည် မင်းတပ်၊ မတူပီနှင့် ပလက်ဝဘက်သို့ စစ်ကောင်စီ၏ တိုက်ခိုက်ရေးထိုးစစ်ဆင်မှုများကြောင့် ဘဝနာစာမျက်နှာဖြစ်ခဲ့ရပါသည်။

ဤနယ်မြေရှိလမ်းမကြီးသည် မတူပီစစ်ဗျူဟာတပ်သို့ စစ်အင်အားနှင့် စစ်လက်နက်ခဲယမ်းများ ထောက်ပံ့ရန်အတွက် အသုံးပြုသည့် အဓိကထောက်ပို့လမ်းမဖြစ်သောကြောင့် CDF နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲဖြစ်ပွားမှုအများဆုံးနေရာလည်းဖြစ်သည်။

၂၀၂၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ မင်းတပ် မတူပီ လမ်းမပေါ်ကျေး
ရွာများရှိ မိဘပြည်သူများသည် မိမိတို့အိုးအိမ်များကို စွန့်ခွာ၍ တောထဲတောင်ထဲသို့ ထွက်ပြေး ပုန်းရှောင်ရင်း ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေး
သူငယ်များနှင့်သက်ကြီးရွယ်အိုများ ဆေးဝါးကုသစောင့်ရှောက်မှုအလုံအ
လောက်မရရှိခဲသောကြောင့် အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါသည်။

ထို့ကြောင့် ကျွန်တော်တို့ ချင်းလူမှုစောင့်ရှောက်ရေး အဖွဲ့အစည်းသည်
တောထဲတောင်ထဲသို့ အသက်လုပြေးလွှားပုန်းရှောင်နေကြသော စစ်ဘေးသင့် မိဘပြည်သူများ၏ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့်အမိုးအကာများတတ်နိုင်
သည်ဘက်ကကူညီခဲ့ကြသော်လည်းမလုံလောက်သဖြင့်ဆက်လက်ဝယ်ယူထောက်ပံ့နိုင်ရေးနည်းလမ်းများကို ရှာဖွေလျှက်ရှိသည်။

သို့ဖြစ်ပါ၍ မေတ္တာစေတနာကိုရှေ့ထားလျှက် မင်းတပ် မတူပီကြားရှိ စစ်ဘေးသင့် မိဘပြည်သူများ၏ ခက်ခဲမှုအကျပ်အတည်းများ အကူအညီပေးကြပါရန် ရိုသေလေးစားစွာဖြင့် အကူအညီတောင်းခံအပ်ပါသည်။

04/07/2022
ရည်ရွယ်ချက်     ၁။ ချင်းပြည်နယ်ရှိ စစ်ဘေးဒါဏ်ခံနေကြသော ပြည်သူပြည်သားများအား      အထူးကူညီပံ့ပိုးစောင့်ရှောက်ရန်၂။ အကူအညီ...
04/07/2022

ရည်ရွယ်ချက်

၁။ ချင်းပြည်နယ်ရှိ စစ်ဘေးဒါဏ်ခံနေကြသော ပြည်သူပြည်သားများအား
အထူးကူညီပံ့ပိုးစောင့်ရှောက်ရန်

၂။ အကူအညီလိုအပ်သော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုကြောင့်
အကူအညီမရနိုင်သည့် ဒေသများရှိ ပြည်သူများအားအချိန်မှီကူညီထောက်
ပံ့နိုင်ရန်

၃။ ဝေးလံခေါင်းပါးသော ဒေသရှိမိဘပြည်သူ ကလေးများ၏ ကျန်းမာရေး
ပညာရေး သာရေးနာရေးကိစ္စများ တတ်နိုင်သမျှကူညီရန်

၄။ တောထဲတောင်ထဲပုန်းရှောင်နေကြသော စစ်ဘေးသင့်ပြည်သူများအား
လိုအပ်သလိုကူညီနိုင်ရန်

၅။ လူမှုဖွံ့ဖြိုးရေး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပညာပေးအစီအစဥ်များ
လိုအပ်သလိုပြုလုပ်ရန်စသည်တို့ဖြစ်သည်။

The Purpose of CCA1. To support special assist on who were seriously effected by civil war in Chin State.2. To care and ...
04/07/2022

The Purpose of CCA

1. To support special assist on who were seriously effected by civil war in Chin State.

2. To care and help the needy people where could not reach assist
in time due to face transportation difficulties Areas.

3. To care and help the remote of isolated Areas of people for
health, education, and welfare as much as possible way.

4. To assist in time who were affected civil war as needed it.

5. To have awareness to develop people’s social life, education
and protect environment.

Address

Yampa
Mindat
1510

Website

Alerts

Be the first to know and let us send you an email when Care Chin Association, Mindat- Matupi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Care Chin Association, Mindat- Matupi:

Shortcuts

Share