Dawei University Oriental Studies Specialization Students' Association

  • Home
  • Myanmar
  • Mindat
  • Dawei University Oriental Studies Specialization Students' Association

Dawei University Oriental Studies Specialization Students' Association Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei University Oriental Studies Specialization Students' Association, Education, Mindat.

04/07/2024
27/06/2024

"သမဂ္ဂအလံတော်ကိုစုရုံးလွှင့်ထူကြ။"

#ထားဝယ်တက္ကသိုလ်ကျောင်းသား_ကျောင်းသူများသိသာစေရန်။
- "သမဂ္ဂအဖွဲ့ဝင်နိုင်ပါရန်အသိပေးကြေညာခြင်း။"

🔹"သမဂ္ဂနံတပေါသုခေါ"

ကျောင်းသားထုရဲ့ညီညွတ်အားကိုကြည့်လိုလျှင် ငှားငှားစွင့်စွင့် ဂုဏ်ပြောင်စွာတလူလူလွှင့်နေတဲ့ သမဂ္ဂခွပ်ဒေါင်းအလံတော်အောက်ကိုကြည့်ရင်တွေ့နိုင်တယ်သတဲ့။ ကျောင်းသားထုညီညွတ်မှုရှိမရှိကို ခေတ်အဆက်ဆက်ကအာဏာဖီဆန်ရေးလှုပ်ရှားမှုသမိုင်းကိုကြည့်ရင်သိနိုင်ပါလိမ့်မယ်။ သမဂ္ဂအောင်အလံတော်အောက်ဝယ် ကျောင်းသားတွေရဲ့ ဟစ်ကြွေးသံတွေ ဒီကနေ့အချိန်ထိတုန်ဟီးနေဆဲ။

ရှေ့ဆက်မှာလည်း သမဂ္ဂခွပ်ဒေါင်းအလံတော်ကိုစွဲကိုင်ပြီး တော်လှန်သောအတွေးအခေါ်ရှိတဲ့ လူ့အဖွဲ့အစည်းဆီချီတက်စို့။ သမဂ္ဂအလံတော်အောက်မှာစုရုံးကြစို့။ ထားဝယ်တက္ကသိုလ်ကျောင်းသားထုရဲ့ညီညွတ်အားကိုပြကြပါစို့။ သမဂ္ဂနှင့်ကျောင်းသား၊ကျောင်းသားနှင့်သမဂ္ဂ ထာဝစဥ်တွဲလက်ညီပြီး ချီတက်ကြပါစို့။ ကျောင်းသားများသမဂ္ဂသို့ဝင်ပြီး ကျောင်းသားထုအကျိုး၊လူထုအကျိုးကိုသယ်ပိုးထမ်းရွက်လိုက်ကြရအောင်။
- သမဂ္ဂသို့ဝင်ရောက်လိုပါက အောက်ပါ Google Form မှာ အချက်အလက်လေးတွေဖြည့်လိုက်ရုံပါပဲ။ သမဂ္ဂအလံတော်အောက်မှာစုရုံးကြပါစို့။

📌 ဘယ်သူတွေသမဂ္ဂအဖွဲ့ဝင်အဖြစ်လျှောက်ထားနိုင်သလဲ။
- ထားဝယ်တက္ကသိုလ်မှာ (၂၀၂၁) ခုနှစ် မတိုင်ခင်အထိ ပညာသင်ကြားနေဆဲဖြစ််ပြီး ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဖွဲ့စည်းပုံအခြေခံစည်းမျဥ်းကိုလိုက်နာနိုင်သည့် မည်သည့်ကျောင်းသားမဆို သမဂ္ဂရဲ့အဖွဲ့ဝင်ဖြစ်ပိုင်ခွင့်ရှိပါတယ်။

📌 သမဂ္ဂအဖွဲ့ဝင်အဖြစ်ဘယ်လိုလျှောက်ထားမလဲ။
- မိမိတို့ ထ.တ.က.သ မှ စီစဥ်ထားတဲ့ Google Form Link မှာ ကိုယ်ရေးအချက်အလက်တွေကိုဖြည့်သွင်းပြီး သမဂ္ဂအဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်နိုင်ပါတယ်။
- သမဂ္ဂအဖွဲ့ဝင်တစ်ဦးချင်းစီ၏ အချက်အလက်လုံခြုံရေးကိုလည်း မိမိတို့ ထ.တ.က.သ မှ အာမခံပါကြောင်း အသိပေးအပ်ပါတယ်ခင်ဗျား။

Google Form Link >>> https://docs.google.com/forms/d/e/1FAIpQLSdL8-V5533wMPkr8TV-2TfU1Ae9dNQ4RO7uAeEKogAhR167sA/viewform

(အခက်အခဲတစ်စုံတစ်ရာရှိပါက page Chat Box မှာ တိုက်ရိုက်မေးမြန်းနိုင်ပါတယ်။)

📌 သမဂ္ဂအဖွဲ့ဝင်တစ်ယောက်က ဘာတွေလုပ်ရမလဲ။
- သမဂ္ဂအဖွဲ့ဝင်တိုင်းသည် မိမိတို့ ထ.တ.က.သ မှ သတ်မှတ်ထားတဲ့ လစဥ်ကြေးငွေ (၃၀၀၀) ကျပ်ကို ကြည်ဖြူစွာ မပျက်မကွက်ပေးဆောင်ရပါမယ်။
- သမဂ္ဂရဲ့စည်းမျဥ်းစည်းကမ်းများကို လေးစားလိုက်နာပြီး သမဂ္ဂရဲ့ ရည်ရွယ်ချက်တွေကို မိမိစွမ်းနိုင်တဲ့ ကဏ္ဍကနေပြီးတော့ ပါဝင်ဆောင်ရွက်ရပါမယ်။
- သမဂ္ဂရဲ့ရွေးကောက်ပွဲ၊အစည်းအဝေးတွေမှာ ဆန္ဒမဲပေးတာတွေ၊ သဘောထားမှတ်ချက်များပေးတာတွေ စသဖြင့် လုပ်ဆောင်နိုင်ပါတယ်ခင်ဗျား။

ထားဝယ်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ


#စာပေနှင့်ပြန်ကြားရေး
#ယာယီအလုပ်အမှုဆောင်အဖွဲ့
#အဖွဲ့ဝင်

24/06/2024
28/08/2023

သဗ္ဗပါပဿ အကာရဏံ ကုသလဿုပ သမ္ပဒါ
သစိတ္တပရိယောဒါပနံ ဧတံ ဗုဒ္ဓါန သာသနံ
✨✨✨✨✨✨✨✨✨✨✨✨✨✨✨✨

သဗ္ဗပါပဿ - အလုံးစုံသောမကောင်းမှုကို
အကာရဏံ - မပြုခြင်းလည်းကောင်း
ကုသလဿ - ကုသိုလ်ကို
ဥပသမ္ပဒါ - ပြည့်စုံစေခြင်းလည်းကောင်း
သစိတ္တပရိယောဒါပနံ - မိမိစိတ်ကိုဖြူစင်စေခြင်းသည်လည်းကောင်း
ဧတံ - ဤသည်လျှင်
ဗုဒ္ဓါန - ဘုရားရှင်တို့၏
သာသနံ - အဆုံးအမတော်တည်း.......🙏🙏🙏

မကောင်းမှု ရှောင်၊
ကောင်းမှု ဆောင်၊
ဖြူအောင် စိတ်ကိုထား၊
ဗုဒ္ဓတိုင်းသာ မိန့်ခဲ့တာ၊
သုံးဖွာဤစကား.....။

#အာနန္ဒပည၀တ္ထု ၊ (ဩဝါဒပါတိမောက်)

မူလယဉ်ငေး‌တောရသာသနာ့ရိပ်သာကျောင်းထိုင်ဆရာတော်ဘုရား အရှင်သာသန၏ (၄.၂.၂၀၂၃) ရက်နေ့ ခွင့်ပြုချက်အရ ဤသမိုင်းကြောင်းစာအား ရေးသ...
04/02/2023

မူလယဉ်ငေး‌တောရသာသနာ့ရိပ်သာကျောင်းထိုင်ဆရာတော်ဘုရား အရှင်သာသန၏ (၄.၂.၂၀၂၃) ရက်နေ့ ခွင့်ပြုချက်အရ
ဤသမိုင်းကြောင်းစာအား ရေးသားတင်ပြအပ်ပါသည်။

အောက်ပါသ‌မိုင်းကြောင်းစာသည် ကျောက်စာပါစာမူအတိုင်း ရေးသားတင်ပြထားခြင်းဖြစ်ပါသည်။

သရက်ချောင်းမြို့နယ် ၊ ထား၀ယ် ၊
တနင်္သာရီတိုင်း မူလမြို့မယဉ်ငေးရိပ်သာ ၊
နှစ်ဌာနတို့၏ သမိုင်းကြောင်းစာ

ဒကာဥုးဖိုးသစ်သည် ဇေယျ၀တီအနွယ် ထား၀ယ်မင်းရပ်ချောင်တွင် ဝိပဿနာတရားများအား ဆည်းပူးလေ့လာပြီး မိမိ၏မွေးရပ်ဇာတိနယ်မြေ၌ ဥပသကာကမ္မဌာနာစရိယအဖြစ်ဖြင့် မူလယဉ်ငေးတောရသာသနာ့ရိပ်သာကို သာသနာနှစ် (၂၄၉၉) ၊ မြန်မာ (၁၃၁၇) ခု ၊ ခရစ် (၁၉၅၅) ခုနှစ်တွင် အစတည်ထောင်ပါသည်။

၎င်းနောက်ရသေ့အဖြစ်မှ ရဟန်းအဆင့်သို့တက်ပြီး ဆောင်ရွက်ပါသည်။ (၁၂ . ၃ . ၆၂)
ခုနှစ်တွင် ပျံလွန်တော်မူသည့်နောက်ပိုင်းဇေယျ၀တီမှ စေလွှတ်သမျှရဟန်းတော်များကြာရှည်မမြဲ (၁၀) နှစ်အတွင်း (၆) ပါးလဲ (၇) ပါးမြောက်ဘုန်းကြီးလိုက်ပင့်သော ဒကာဥုးဘအုံးကို ဇေယျ၀တီတိုက်အပ်တောင်ပွားဆရာတော်က ရသေ့ဓမ္မာနန္ဒကို ပင့်သွားကိုးကွယ်ရန်ညွှန်ကြားခွင့်ပြုတော်မူချက်အရ ပင့်ဆောင်ကိုးကွယ်ခဲ့ရပါသည်။

အဆိုပါရသေ့ဓမ္မနန္ဒသည် တစ်ဝါမျှဆိုပြီး ရပ်ရွာဒကာ ဒကာမတို့၏သဒ္ဓါ စေတနာ ဝါသနာများကို လေ့လာသိရှိပြီးဖြစ်၍ ဒကာဥုးဘအုံးနှင့် ရပ်ရွာကိုတိုင်ပင်ပြီး ရန်ကုန်မြို့ အနန္တကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးထံတော်သို့ စာဖြင့် ကမ္မဌာနာစရိယ လှမ်းပင့်ပါတော့သည်။

ထား၀ယ်သားချင်းတူ မူလတပည့်
ကမျောကင်းဇာတိ ရသေ့ဓမ္မာနန္ဒ၏စာကို အနန္တကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးအနေနဲ့ နှလုံးသိမ်းပိုက်ထားပါတော့သည်။ ၎င်းနောက်တကာဥုးဘအုံးကိုယ်တိုင် ရန်ကုန်မဟာစည်ရိပ်သာကြီးသို့တတ်ပြီး ဘဒ္ဒန္တပဏ္ဍိတာဘိဝံသကမ္မဌာနာစရိယထံတော်၌ ဉာဏ်စဉ်တရားနာရသည်အထိ အားထုတ်ပါသည်။

ဉာဏ်စဉ်တရားနာပြီးနောက် ဆဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတအနန္တကျေးဇူးရှင် မူလမဟာစည်ဆရာတော်ဘုရားကြီး၏ ညွှန်ကြားခွင့်ပြုချက်အရ မိမိတို့၏ဒေသခံ ကမ္မဌာနာစရိယတစ်ပါးကို မြန်မာ (၁၃၂၉) ခု ၊ (၂၆.၃.၆၇) သောကြာနေ့တွင် မူလယဉ်ငေးရိပ်သာအတွက် ပင့်ဆောင်ကိုးကွယ်ခွင့်ကို ရခဲ့ပါသည်။

အဆိုပါတကာဉုးဖိုးသစ်၏သမက် ဖိုးမင်းကြီး၏မြေးဖြစ်သော ဒကာဉုးဘအုန်းသည် မိမိပင့်လာသော ကမ္မဌာနာစရိယကို (၂) နှစ်ခန့်မျှကပ္ပိယအဖြစ်နှင့်ပြုစုပြီးနောက်ပိုင်းမှာ ဉုးခေမာစာရဘွဲ့အဖြစ်ခံယူ၍ ရဟန်းဘောင်သို့ တက်ပါတော့သည်။

အဆိုပါဉုးခေမာစာရသည် မိမိပင့်လာသောကမ္မဌာနာစရိယထံတော်တွင် ဆရာအဖြစ်သင်တန်းကို ဆရာကျေနပ်သည်အထိ လေ့လာပါသည်။ ၎င်းနောက်မြို့သူလူထု၏တောင်းပန်ချက်အရ ဆရာတော်နှစ်ပါးတိုင်ပင်ပြီး ထား၀ယ်မြို့ကျောက်မော်ရပ် ဥယျာဉ်ခြံတစ်ခုတွင် သာသနာ (၂၅၂၀) ၊ မြန်မာ (၁၃၃၈) ၊ ခရစ်
(၁၉.၁၁.၇၆) သောကြာနေ့ နံနက် (၉:၄၅) နာရီတွင်မြို့မယဉ်ငေးဟူသော ရိပ်သာကို အမည်တွင်ကျယ်စေခဲ့ပါသည်။

ဆဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ အနန္တကျေးဇူးရှင်မူလမဟာစည်ဆရာတော်ဘုရားကြီးသည် မူလယဉ်ငေးသို့ မြန်မာ (၁၃၃၆) ခု ၊ (၁၁.၂.၇၄) အင်္ဂါနေ့နှင့် မြို့မယဉ်ငေးသို့ မြန်မာ (၁၃၄၀) ခု ၊ (၂၈.၁.၇၈) တနင်္ဂနွေနေ့တို့တွင် ကိုယ်တော်တိုင် ကြွရောက်ချီးမြှင့်ပါသည်။

မြန်မာ (၁၃၄၄) ခု ဒု၀ါဆိုဆုတ် (၁၀) ရက် (၁၄.၈.၈၂) စနေနေ့ မွန်းလွဲ (၁:၃၆) နာရီတွင် စံလွန်တော်မူသည်။ မြန်မာ(၁၃၂၇) ခု (၂၆.၃.၆၇) သောကြာနေ့မှ ကျောက်စာပြီးသည့်ယနေ့သာသနာ (၂၅၃၄) ၊ မြန်မာ (၁၃၅၂) ခု ၊ ပြာသိုလပြည့်ကျော် (၂) ရက် ၊ ခရစ် (၁.၁.၉၃) အင်္ဂါနေ့အထိ မူလမြို့မနှစ်ဌာနစလုံးကို မဟာစည် ကမ္မဌာနာစရိယများသာ ဆက်လက်ဆောင်ရွက်ဆဲဖြစ်ပါသည်။

သမိုင်းကျောက်စာဖြစ်ပေါ်လာပုံ

ဖိုးမင်းကြီး၏မြစ် ဒကာဉုးဖိုးသစ်၏မြေးဒကာဉုးဘအုံး၏သားဖြစ်သော မန္တလေးမြို့နေ မောင်ရန်ကင်းသည် အဖိုး၏သမိုင်းကြောင်းကျောက်စာ စိုက်ထူလိုကြောင်းတောင်းပန်ချက်အရ ပြုစုပေးရခြင်းဖြစ်ပါသည်။

ပုံ
မြို့မယဉ်ငေး
ရိပ်သာဘုန်းကြီး



အရှင်တေဇိန္ဒ
Sat, Feb 4 , 9:54am 🛞

ဘာသာဗေဒစာအုပ်ပါ။ မိတ်ဆက်နိဒါန်းတစ်ခုပါ။ပေါ့ပေါ့ပါးပါးဖတ်ရှုနိုင်မယ့်စာအုပ်တစ်ခုပါ။3000ကျပ်ဖြစ်ပါတယ်။ ဝယ်ယူဖတ်ရှုနိုင်ရန်...
01/09/2021

ဘာသာဗေဒစာအုပ်ပါ။ မိတ်ဆက်နိဒါန်းတစ်ခုပါ။
ပေါ့ပေါ့ပါးပါးဖတ်ရှုနိုင်မယ့်စာအုပ်တစ်ခုပါ။
3000ကျပ်ဖြစ်ပါတယ်။ ဝယ်ယူဖတ်ရှုနိုင်ရန်အတွက် Google Drive link
https://drive.google.com/file/d/1cptKECLQn_P649E0A5OVzZggMPG7BldF/view?usp=drivesdk
မှာ ဒေါင်းလုပ်ရယူနိုင်ပါတယ်။
Kpay 09940758936 မှာ ငွေလွဲနိုင်ပါတယ်။

အရှေ့တိုင်းပညာမိသားစုများ၏မိခင် မြန်မာနိုင်ငံအရှေ့တိုင်းပညာအသင်း၏ဥက္ကဌဆရာမကြီး ဒေါ်အုန်းမြင့် ကွယ်လွန်သွားခြင်းအပေါ်မိမိ...
18/08/2021

အရှေ့တိုင်းပညာမိသားစုများ၏မိခင်
မြန်မာနိုင်ငံအရှေ့တိုင်းပညာအသင်း၏ဥက္ကဌ
ဆရာမကြီး ဒေါ်အုန်းမြင့် ကွယ်လွန်သွားခြင်းအပေါ်
မိမိတို့ အရှေ့တိုင်းပညာကျောင်းသား/သူ များအသင်းမှ ထပ်တူဝမ်းနည်းရပါသည်။
ဆရာမကြီး ကောင်းရာသုဂတိလားပါစေကြောင်း
ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ထားဝယ်တကက္ကသိုလ်
အရှေ့တိုင်းပညာ အထူးပြု
ကျောင်းသား/သူ များအသင်းအဖွဲ့

14/08/2021

ထားဝယ်တက္ကသိုလ် ၊ အရှေ့တိုင်းပညာ ဒုတိယနှစ်ကျောင်းသူ မယွန်းခင်ခင်ဦး၏ ဖခင် ကွယ်လွန်ခြင်းအပေါ် မိသားစုနှင့်ထပ်တူ ဝမ်းနည်းမိပါသည် ။
ကောင်းရာသုဂတိလားပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါသည် ။

ထားဝယ်တက္ကသိုလ်
အရှေ့တိုင်းပညာအထူးပြု
ကျောင်းသား/သူများအဖွဲ့အစည်း

အရှေ့တိုင်းပညာဌာနရဲ့သူရဲကောင်း ဆရာ ဒေါက်တာအာကာမိုးသူ၏ ဖခင်ကြီး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါသည်။ (၁၃....
13/08/2021

အရှေ့တိုင်းပညာဌာနရဲ့သူရဲကောင်း ဆရာ ဒေါက်တာအာကာမိုးသူ၏ ဖခင်ကြီး ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ ထပ်တူဝမ်းနည်းရပါသည်။

(၁၃.၈.၂၀၂၁) ရက်တွင်ကွယ်လွန်သွားခဲ့သော ဆရာဒေါက်တာအာကာမိုးသူ၏ ဖခင်ကြီး ဦးမျိုးအောင် အသက်(၇၅) နှစ်အား ကောင်းရာသုဂတိလားပါစေကြောင်းဆုတောင်းအပ်ပါသည်။

ထားဝယ်တက္ကသိုလ်
အရှေ့တိုင်းပညာအထူးပြု
ကျောင်းသား/သူများအဖွဲ့အစည်း

(၇၁) နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ဂုဏ်ပြုပါသည်။
12/08/2021

(၇၁) နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ဂုဏ်ပြုပါသည်။

◾️(၇၁) နှစ်မြောက် ကရင့်အာဇာနည်နေ့ ကို ဂုဏ်ပြုပါသည်။

ဩဂုတ်လ(၁၂)ရက်ဟာ ကရင်အာဇာနည်နေ့ဖြစ်ကာ နှစ်(၇၀)တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်မှာ (၇၁)ကြိမ်မြောက်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ကရင်အမျိုးသားလွတ်လပ်ရေးအတွက် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး နှင့်တကွ ဂုဏ်ရောင်ပြောင်မြောက်စွာ အသက်ပေးလှူသွားခဲ့သူများအားလုံးကို ရည်ညွှန်းချီးကျူးဂုဏ်ပြုသောနေ့လည်းဖြစ်ပါတယ်။

ကရင်အမျိုးသားဥက္ကဌ စောဘဦးကြီး ကို 1903 ခုနှစ်မှာ ပုသိမ်မြို့အရှေ့ဘက်ရှိ ဘဲဂယက်ကျေးရွာတွင် မွေးဖွားခဲ့ပါတယ်။ ငယ်စဥ်က ပုသိမ်မြို့ကိုသာဖြူတိုင်တရာအထက်တန်းကျောင်းမှာပညာသင်ကြားခဲ့ပြီး အထက်တန်းအောင်မြင်ပြီးနောက် မစ္စတာဝက်ဘ်ဒက်စမွန်၏အင်္ဂလိပ်ကျောင်းမှာပညာဆက်လက်ဆည်းပူးခဲ့ပါတယ်။ ထိုမှတဆင့် အင်္ဂလန်နိုင်ငံမှာ ဝတ်လုံပညာကိုသင်ယူခဲ့ပါတယ်။ အင်္ဂလန်မှပြန်လာပြီးနောက် ရှေ့နေအဖြစ် အသက်မွေးဝမ်းကျောင်းပြုလုပ်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ကာလမှာ မြန်မာနိုင်ငံသို့ဖက်ဆစ်ဂျပန်များဝင်ရောက်လာချိန်မှာ ကရင်အမျိုးသားနိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့ပါတယ်။

ကရင်တစ်မျိုးသားလုံးအတွက် 1950 ခုနှစ် ဇူလိုင်လ(17)ရက်နေ့မှ (19) ရက်နေ့ထိ ဖာပွန်မြို့တွင်ကျင်းပပြုလုပ်ခဲ့သောအမျိုးသားညီလာခံတွင် မိန့်ခွန်းပြောကြားကာ အမျိုးသားနိုင်ငံရေးကို လမ်းညွှန်ပြသခဲ့ပါတယ်။

ထို့အပြင် ကျော်ကြားသော၊ယနေ့ထိတိုင်ကရင်အမျိုးသားတို့ခံယူထားကြဆဲဖြစ်သော ဘဦးကြီးမူဝါဒ (4) ချက်ကို မော်ချီးမြို့ ကော်သူးလေအသံလွှင့်ဌာနမှ တရားဝင်ကြေညာခဲ့ပါတယ်။

၎င်းသမိုင်းဝင်မူဝါဒ (4) ချက်မှာ -

■လက်နက်ချစကားအလျင်းမပြောရ၊
■ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်၊
■ကရင့်ကံကြမ္မာ ကရင်ဖန်တီးရမည်၊
■ကရင်ပြည်ကို အသိအမှတ်ပြုခြင်းပြီးပြည့်စုံရမည်၊

ကရင်အမျိုးသားနိုင်ငံရေးအတွက် လမ်းညွှန်ပြသခဲ့ရုံမျှမက ချမှတ်ခဲ့သောမူလေးချက်ကိုမဖောက်ဖျက်ဘဲ ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့ခြင်း၊ အမျိုးသားရေးအတွက် ပညာရေး၊စည်းစိမ်ဥစ္စာတို့နှင့် မိသားစုကိုပါစွန့်လွှတ်ခဲ့ခြင်းစသည်တို့မှာ လေးစားဖွယ်ကောင်းသောဂုဏ်ရည်များဖြစ်ပါတယ်။

လူမျိုးစုတိုင်းရဲ့ တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရှေ့ဆောင်လမ်းပြ တိုက်ပွဲဝင်ခဲ့သော ခေါင်းဆောင်ကြီး ကော်ခိုစောဘဦးကြီးနှင့်တကွ ကရင့်အာဇာနည်များကို ဦးညွှတ်အလေးပြုလိုက်ရပါတယ်။

05/08/2021

ထားဝယ်တက္ကသိုလ် အရှေ့တိုင်းပညာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်ဝေ ၏ (မိခင်) ယနေ့ 5.8.2021နံနက်တွင် ကွယ်လွန်သွားခြင်းအတွက် ကျွန်တော်တို့ အရှေ့တိုင်းပညာအထူးပြုကျောင်းသား/သူ များအဖွဲ့အစည်းမှ မိသားစုနှင့်အတူ ဝမ်းနည်းကြေကွဲရပါသည်။

Address

Mindat

Website

Alerts

Be the first to know and let us send you an email when Dawei University Oriental Studies Specialization Students' Association posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category