Parragu Private High School - Sittwe

Parragu Private High School - Sittwe ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်း (စစ်တွေ)

ပါရဂူ ၏ သာသနာပြုလုပ်ငန်းထဲကတစ်ခု
26/03/2026

ပါရဂူ ၏ သာသနာပြုလုပ်ငန်းထဲကတစ်ခု

အားလုံးသာလီစွပါ😍😍ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့်" ဘုံကထိန်၊ရဟန်းခံ၊ရှင်ပြု၊သီလရှင်ဝတ် အလှူတော်မင်္ဂ...
03/11/2023

အားလုံးသာလီစွပါ😍😍

ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်မည့်

" ဘုံကထိန်၊ရဟန်းခံ၊ရှင်ပြု၊သီလရှင်ဝတ် အလှူတော်မင်္ဂလာပွဲနှင့်(၅)ရက်တာအချိန်ပိုင်းတရားစခန်းတွင်ပါဝင်ကုသိုလ်ပြုလုပ်နိုင်ပါရန်နိုးဆော်တိုက်တွန်းခြင်း"

အထက်ပါဘုံကထိန်၊ရဟန်းခံ၊ရှင်ပြု သီလရှင်ဝတ်အလှူတော်မင်္ဂလာပွဲနှင့်(၅)ရက်တာအချိန်ပိုင်းတရားစခန်းအား ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းတွင် ၂၃ ၁၁ ၂၀၂၃ နေ့၌ ပါရဂူမိသားစုမှ မြတ်နိဗ္ဗာန်ကို ရည်သန်၍တောင်းဆုပြုပြီး သံဃာတော်အရှင်သူမြတ် (၂၀)ပါးအား ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်းမည်ဖြစ်ပါသည်။
ဆက်လက်ပြီး မိမိတို့ပါရဂူမိသားစုသည် ဤရှင်ပြု၊ရဟန်းခံ၊သီလရှင်ဝတ်အလှူတော်မင်္ဂလာပွဲတွင်ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမှ ရှင်လောင်း(၂၅)ပါး၊သီလရှင်အပါး(၂၀)အပါအဝင်အကြောင်းမျိုးမျိုးကြောင့်ရှင်ပြု၊ရဟန်းခံ၊သီလရှင်မဝတ်ရသေးသူများနှင့် ရှင်ပြု၊ရဟန်းခံ၊သီလရှင်ဝတ်ပြီးသူများအနေနှင့်လည်းမြတ်စွာဘုရား၏သာသနာဘောင်အတွင်းသို့ဝင်ရောက်လိုသောမည်သူမဆိုငွေကြေးတစ်စုံတစ်ရာကုန်ကျခံစရာမလိုအပ်ပါပဲဝင်ရောက်ရှင်ပြု၊ရဟန်းခံခွင့်ရှိပါကြောင်း ပါရဂူမိသားစုမှ ဖြူစင်သန့်ရှင်းသောသဒ္ဒါတရားဖြင့် နိုးဆော်အသိပေးအပ်ပါသည်။၂၂ရက်နေ့ ညနေ၄နာရီတွင် ရှင်လောင်းလှည့်လည်ပြီး၂၃ ရက်နေ့တွင် အလှူတော်မင်္ဂလာပွဲ ပြုလုပ်သွားမည်ဖြစ်ပါသည်။
ပါဝင်လိုသူများသည် ၆ ၁၁ ၂၀၂၃နောက်ဆုံးထား၍စာရင်းပေးသွင်းနိုင်ပါသည်။(၆)ရက်နေ့ထက်ကျော်လွန်၍စာရင်းပေးသူများအား အလှူအစီအစဉ်များကြောင့် လက်ခံမည်မဟုတ်ပါကြောင်းလည်း ထပ်ဆင့်အသိပေးလိုက်ရပါသည်။
(စာရင်းပေးရမည့် ဖုန်းနံပတ်ကို အောက်တွင်ဖော်ပြထားပါသည်။)
(၅)ရက်တာအချိန်ပိုင်းတရားစခန်းတွင် တရားစခန်းဝင်ရောက်မည့်သူ(၁၅၀)ဦးအပါအဝင် တရားစခန်းဝင်ရောက်လိုသူ ကျောင်းသားမိဘ ဆွေမျိုးများအပြင် မိမိတို့နှင့်သက်ဆိုင်သူ၊မသက်ဆိုင်သူမည်သူမဆိုစာရင်းပေးဝင်ရောက်နိုင်ပါကြောင်း ရွှင်လန်းစွာအသိပေးနိုးဆော်အပ်ပါသည်။(၅)ရက်တာ အချိန်ပိုင်းတရားစခန်းအား ၂၃၊၂၄၊၂၅၊၂၆၊၂၇ရက်နေ့အထိ လေးရက်တိုင်တိုင် ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားပါမည်ဖြစ်ပါသည်။ တရားစခန်းဝင်ရောက်သူများအား နံနက်ဆွမ်းအား ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ ကုသိုလ်ယူဒါနပြုပါမည့်အကြောင်းကို ဝမ်းမြောက်ကြည်နူးစွာဖြင့် ပြောကြားလိုပါသည်။အသွားအပြန်အကြိုအပို့ကိုလည်း ပါရဂူမိသားစုမှ စီစဉ်ဆောင်ရွက်ပေးပါမည်။

#ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု
စစ်တွေမြို့
#စာရင်းပေးရမည့်ဖုန်းနံပတ်များ

ဒေါ်မီမီစိုးသန်း(ကျောင်းအုပ်)
ph 09250955242

ဒေါ်ဖြိုးသီသီခိုင်
Ph 09661560259

ဦးကျော်မျိုးထက်
Ph 09676049696

ဦးကျော်ကျော်လွင်
Ph 09253428801

ဦးမြင့်မြတ်အောင်
Ph 09 670 017544

ဒေါ်မိုးသက်ဆွေ
Ph 09671581724

Exhibition week😍အားလုံးသာလီစွပါ။အားလုံးသိကြတဲ့အတိုင်း ယနေ့ခေတ်ပညာရေးသည်  အတန်းပညာစာတစ်ခုတည်းတော်ရုံသာမဟုတ်ပဲ ကလေးများ၏တီ...
20/10/2023

Exhibition week

😍အားလုံးသာလီစွပါ။
အားလုံးသိကြတဲ့အတိုင်း ယနေ့ခေတ်ပညာရေးသည် အတန်းပညာစာတစ်ခုတည်းတော်ရုံသာမဟုတ်ပဲ ကလေးများ၏တီထွင်ဖန်တီးနိုင်မှု၊စိတ်ခံစားမှုအနုပညာ၊အားကစား၊နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ခြင်း အစရှိသည်ဖြင့် ဘက်စုံဖွံဖြိုးတိုးတက်စေမည့် စနစ်သစ်တစ်ခုအား ဖော်ဆောင်နေသော ကာလတစ်ခုပင်ဖြစ်ပါတယ်။

ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်း၊စစ်တွေအနေဖြင့်
ကလေးများ၏အတန်းပညာဘာသာရပ်များအပေါ်တွင်သာမက ကလေးတစ်ဦးချင်းစီ၏စွမ်းဆောင်ရည်များကိုငယ်စဉ်ကလေးဘဝမှစတင်ပြီး ဘဝတစ်လျှောက်လုံးတွင် မိမိတို့၏ကိုယ်ရည်ကိုယ်သွေး၊ပါရမီ၊ထူးချွန်မှုစသည်တို့အပေါ်၌လည်း အထူးအလေးအနက်ထားရှိပြီး ကျောင်းသားကျောင်းသူများ၏စွမ်းဆောင်ရည်ကို အကောင်းဆုံးဖော်ထုတ်ပြသနိုင်စေဖို့ ပံပိုးကူညီပေးသော ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းဖြစ်ပါသည်။
ယခုလတွင် ပြုလုပ်ခဲ့ပြီးသော Exhibition weekတွင် KGကလေးလေးများမှစ၍ Grade12ကျောင်းသားကျောင်းသူများအထိ တစ်ဦးချင်းစွမ်းဆောင်ရည်၊အသင်းအဖွဲ့အလိုက်ပူးပေါင်းဆောင်ရွက်တတ်မှု၊ မိဘနှင့်သားသမီးများကြားမေတ္တာတရားနှင့်းနားလည်မှုတိုးတက်မှုရှိစေရန် သားသားမီးမီးတို့၏ မိဘထံသို့ပေးစာ အစရှိသည့်အစီအစဉ်ပေါင်းများစွာဖြင့် ကျင်းပပေးခဲ့ပြီးဖြစ်ပါသည်။

🥰🥰ဤနေရာတွင် ကျောင်းသားကျောင်းသူများ၏လုပ်ဆောင်နိုင်စွမ်းကို ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမှ များစွာဂုဏ်ယူမိပါသည်။

သားသားမီးမီးတို့သည် ပထမနစ်ဝက်စာမေးပွဲပြီးသည့်အချိန်တိုလေးအတွင်း အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့ကြသည်ကို ဆရာ ဆရာမများ၊ကျောင်းသားမိဘများ လက်တွေ့မျက်မြင်တွေ့ရှိ ကြည်နူးကြရပါသည်။
ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမှ ကလေးများ၏ စွမ်းဆောင်ရည်များနှင့်တကွ Exhibition weekအား တင်ပြလိုက်ရပါသည်။😍

ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမိသားစု
စစ်တွေ

အားလုံးသာလီစွပါ။ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာသင်ယူနေကြသော ကျောင်းသား၊ကျောင်းသားသူများနှင့်ပညာသင်ကြားပေးနေကြသော ဆရာ...
11/10/2023

အားလုံးသာလီစွပါ။

ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်း၌ ပညာသင်ယူနေကြသော ကျောင်းသား၊ကျောင်းသားသူများနှင့်
ပညာသင်ကြားပေးနေကြသော ဆရာမကြီးအပါအဝင် ဆရာ ဆရာမ များအနေဖြင့်

အောက်တိုဘာလ ၅ရက်နေ့တွင် ကျရောက်ခဲ့သော Happy Teacher day အမှတ်တရပုံရိပ်များစွာကို အောက်တိုဘာလနှစ်ဝက် စာမေးပွဲဖြေဆိုနေကြသော သားသား မီးမီးများ၊ဆရာ ဆရာမများနှင့်တကွ ‌ကျောင်းသားကျောင်းသူ မိဘများ ကြည်နူးဝမ်းသာစရာတစ်ခုအဖြစ် အမှတ်တရ ပုံများ saveထားနိုင်ရန်အတွက် ပါရဂူကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ အမှတ်တရဓာတ်ပုံပုံရိပ်များကို ချစ်ခင်လေးစာစွာဖြင့် ဖော်ပြလိုက်ရပါသည်။

ဆရာ ဆရာမများဆိုသည်မှာ သားသားတို့မီးမီးတို့ဘဝခရီးရှည်ကြီးတွင် မည်သည့်အရာက အကောင်း မည်သည်က အဆိုးတရားဖြစ်သည်ကို ပညာဖြင့် ခွဲခြင်းသိမြင်၍ အောင်မြင်သော ထူးချွန်သော လူတော်လူကောင်းများဖြစ်လာစေဖို့ အခရာကျသူများပင်ဖြစ်ကြပါသည်။
ပါရဂူကိုယ်ပိုင်ကျောင်းရှိ သားသားမီးမီးတို့နှင့် ဆရာ ဆရာမများသည် ဒုတိယအရေးပါဆုံးမိသားစုများပင်ဖြစ်ပါကြောင်း။
နှစ်ဝက်စာမေးပွဲ ကြီးအား သားသားမီးမီးများ အကောင်းဆုံးဖြေဆိုအောင်မြင်နိုင်ကြပါစေ။

သားသားမီးမီးတို့၏ ပါရဂူမှဆရာ၊ဆရာမများမှ ဆု‌မွန်ကောင်းတောင်းပေးလိုက်ရပါသည်။🥰🥰

02/09/2023
31/08/2023

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာ တက္ကသ...

31/08/2023

တစ်နားကေ မိုးကုန်လို့ ဆောင်းကူးဖို့ဗျာယ်။ စစ်တွေမှာ အချေတိအတွက် ကဇတ်ဖို့၊ လူကြီးတိ အနားယူဖို့ မိသားစုတိ အနားယူဖို့ လှတ ပတ ပန်းခြံတစ်ခုရှိဖို့လိုပါရေ။ ရန်ကုန်ရို့ နေပြည်တော်ရို့ အဆင့်လောက်ထိ မတောင်းဆိုဝံ့ပါ။ ယေလေ့ ပြည်နယ် မြို့တော် အင်္ဂါရပ်နဲ့ အညီ အဆင့်အတန်းတစ်ခုမှီရေ ပန်းခြံတစ်ခုရှိဖို့ လိုအပ်တေလို့ မြင်ပါရေ။ ယင်းအတွက်နဲ့ သက်ဆိုင်ရာတိအနိန်နဲ့ မြို့တော် အင်္ဂါရပ်နဲ့ ညီရေ ပန်းခြံတစ်ခုကို အကောင်အထည်ဖော်ပီးဖို့ မေတ္တာရပ်ခံပါရေ။

Address

အိမ်အမှတ် (၄၁) ၊ ငပိန်လမ်း၊ရူပမြောက်ရပ်ကွက်
Minbya
120102

Alerts

Be the first to know and let us send you an email when Parragu Private High School - Sittwe posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Parragu Private High School - Sittwe:

Shortcuts

Share

Category