I was born in 2012 .
ငါ့ ကို ၂၀၁၂ မှာ မွေးခဲ့ တယ်
ဒီ စာကြောင်း မှာ မှတ်သား ရမှာက
object ကို ဦးစားပေး ရေး သား တဲ့
passive voice ရဲ့ verb form
အချိန် ကာလ နှစ် လ တွေ ကို ဖော်ပြ ချင် တဲ့ အခါ သူ့ ရှေ့ မှာ သုံးရ တဲ့ ဝိဘတ် preposition. (in) ပါ
ငါ က မွေး ဒါ မဟုတ်
ငါ့ ကို မွေး ဒါ
ပြု လုပ်သူ ကို ဦးစားပေးရေးတဲ့
active voice မှာ V1 ဆိုရင်
passive မှာ am is are +V3
active voice မှာ V2 ဆိုရင်
passive မှာ was were + V3
active မှာ am is are + Ving ဆိုရင်
passive မှာ am is are + being + V3
ဥပမာ
What are you doing now?
My breakfast is being eaten.
မနက်စာ စားနေဒါ
My homework is being done.
ငါ့ အိမ်စာ လုပ်နေ ဒါ
Is your homework being done?
မင်းရဲ့ အိမ်စာ လုပ်နေဒါလား
I'm not being done my homework.
ငါ အိမ်စာ လုပ်နေဒါ မဟုတ်ဘူး နော်
မြန်မာ လို စကားပြော က အင်္ဂလိပ် လို မှာ
passive တွေ အများစု ဖြစ် နေတတ်တာကို သတိ
ပြုမိရပါတယ်
Kyaw Min Htay
English
What we know as
Mont-hin-gah
မုန့်ဟင်းခါး လို့ တို့တွေ သိတဲ့ ဟာ/အရာ
Who we know as Aye Aye
အေးအေး လို့ တို့တွေ သိတဲ့ သူ
Do you like what we know as Mont-hin-gah?
Who we know as
Aye Aye is a teacher.
What is interesting
here
ဒီနေရာ မှာ စိတ်ဝင် စားဘို့ ကောင်းတဲ့ ဟာက
What's interesting
here is how to make and use a clause in a sentence.
how to make and use
clause တစ်ခုကို
ဘယ်လို လုပ်တယ်
တည်ဆောက်တယ်
ရေးသားတယ် နဲ့ စာကြောင်း တစ်ခု မှာ ဘယ်လို အသုံး ပြုလည်း ဆိုဒါပါ
I'm Kyaw Kyaw.
ငါက ကျော် ကျော်
I'm not Kyaw Kyaw.
ငါက ကျော်ကျော် မဟုတ်ဘူး
Am I Kyaw Kyaw?
ငါက ကျော်ကျော် လား ကွာ
Who am I?
ငါ ဘယ်သူ လည်း
Who I am
ငါ ဘယ် သူ ဆိုဒါ..
subject နေရာ ဆို.. က
object နေရာ ဆို ..ကို.လို့ ပြန် ပြီး
Do you know who I am?
Where I am
ငါဘယ်မှာ ဆိုဒါ..က..ကို..
Do you know where I am?
Where I am from
ငါ ဘယ်က ဆိုဒါ..က..ကို
Do you know where I am from?
ငါ ဘယ်က ဆိုဒါကို သိလား
ဒီလို လေး လေ့လာ ခဲ့သလို သား နဲ့ သမီး
လေး ကို လည်း ဒီလို ဘဲ သင်ပေးခဲ့ ဒါပါ
noun ဆိုဒါ ဘာလို့ သိ ပြီး ရင်
စာကြောင်း တွေ ကို noun အုပ်စု ပြောင်း
တတ် အောင် သင်ရင် အဆင် ပြေပါတယ်
I want to eat.
ငါ စားချင်တယ်
What I want to eat
ငါ စားချင်တဲ့ ဟာ
noun အုပ်စု ဖြစ်ပြီ မို့
What I want to eat is Pizza.
ငါစားချင်ဒါက ပီဇာ
Where I want to visit is Yangon.
ငါလည် ချင်ဒါက ရန်ကုန်
When I want to go is 9 o' clock.
ငါသွားချင် တဲ့ အချိန် က ကိုးနာရီ
I want to get.
ငါ ရ ချင်တယ် လိုချင်တယ်
What I want to get is a new bike.
Dad,will you give me what I want to get?
ဖေဖေ,ကျွန်တော် လိုချင်ဒါ ပေးမှာလား
noun အုပ်စု ဝင် ဖြစ် သွားရင်
စာကြောင်း ရဲ့ noun ဝင်နိုင်တဲ့ နေရာ
subject. object. completement
နေရာ တွေ မှာ ထဲ့ သုံး နိုင်ပါပြီ ခမျာ
G 6 က သင်င်္ချာ ၁ သင်ရိုး ကို လေ့လာ ကြည့် တဲ့ အခါ
အခြေ ခံ သိထားရမဲ့ အချက် အလက်
တွေ ကို ထည့်သွင်း ပေးထားဒါကို တွေ့ ရှိရပြီး
ထို အချက်အလက် များ ကို မသိပါက
ဘယ်လို မှ ရှေ့ အတန်း များမှာ မလိုက်နိုင်ပါဘူး
ပုစ္ဆာ များ ကို မ တွက် နိုင်ပါဘူး
ဖလှယ်ရ ဖြန့်ဝေရ ဖက်စပ်ရ ဂုဏ်သတ္တိ
တွေနဲ့
အပိုင်း ကိန်း ခြင်း ကို
ပေါင်း နှုတ် မြှောက် စား ခြင်း
ဒဿမ ကိန်း အခြင်းခြင်း
ပေါင်း နှုတ် မြှောက် စား ခြင်း
အချိုး ရာခိုင်နှုန်း ဒဿမ နဲ့ ပြခြင်း
မသိကိန်း တစ်လုံး ပါ ကိန်းတန်း ဖြေရှင်းခြင်း
ထပ် ကိန်း တွေ ရဲ့ သဘာဝ
ဆခွဲကိန်း ဆတိုးကိန်း
သဘာဝ ကိန်း အပြည့်ကိန်း စုံ ကိန်း မကိန်း
စုံကိန်း မကိန်း တွေ ရဲ့ အကြိမ်မြောက်
တန်းဘိုး
ယူနစ် တွေ ရဲ့ အချိန်း အပြောင်း
ဒီ သင်ခန်း စာ များ ဟာ အခြေခံ အယူ အဆ တွေပါ
ဒီ သင်ခန်း စာ များဟာ ကျွန် တော် ၇ ရက်
အတွင်း မှာ သား နဲ့ တူမ လုပ်သူ ကို
သင်ကြား ပေးခဲ့ ဒါတွေပါ
ယခု ခေါတ် သင်ရိုး ကို အင်မတန်
သဘောကြ ပါတယ် ခမျာ
ကျောင်းသား မိဘ များ အနေ နဲ့ လည်း
သင်ရိုး စာအုပ် ကို ဖတ် ပြီး မိမိ ရဲ့ သားသမီး များ ကို ပြန် ၍ သင်ကြား ပေးနိုင်ပါတယ် ခမျာ
မိမိ ရဲ့ သာသမီး ကို ကျောင်း မှာလိုက်နိုင်ပါ့မလား လို့
တွေးပူ နေတတ်တဲ့ မိဘ များ အတွက် အားပေး စကားပါ ခမျာ
အင်္ဂလိပ် စာ ဆိုရင် တော့
verb to be လို့ ခေါ်တဲ့ be am is are
was were been being ကို သုံးတတ် ဖို့
ပစ္စုပ္ပန် ရိုးရိုး
အတိတ် ရိုးရိုး
အနာဂါတ် ရိုးရိုး ကို
ရိုးရိုး စာကြောင်း အပိတ်မေးခွန်း အဖွင့်မေးခွန်း တွေ ရဲ့ သဘာဝ ကို သိရင် အတော် ရပါပြီ
လောလောဆယ် တန်းလန်း လုပ်နေဆဲ ကိစ္စ တစ်ခု ကို ဖော်ပြ ချင် မေးချင်ရင်
present continuous tense ကို သုံး ပါတယ်
ဥပမာ What are you doing now?
I'm playing.
ပြောင်း လည်း ဖြစ်ပေါ် လာတဲ့ အခြေ အနေ တစ်ခု ကို ဖော်ပြ ချင်တဲ့ အခါ မှာလည်း သုံးပါတယ်
ဥပမာ You are becoming clever.
You're getting slim.
သေချာ တိကြ တဲ့ အနာဂါတ် ကာလ မှာ
လုပ် တော့မဲ့ အခြေ အနေ တစ်ခု ကို ဖော်ပြ ချင် တဲ့ အခါ မှာလည်း သုံးပါတယ်
အရေး မှာ အချိန် လေး ပါ မှ ပိုပြီး
သဘာဝ ကြပေမဲ့ အပြောမှာတော့ အချိန် မပါ ဘဲ လည်း ပြောကြပါတယ်
ဥပမာ On Monday, I'm going to school.
I'm going to eat.
I'm going to go .
လူ တစ်ယောက် ရဲ့ အမူ အကျင့် ကို ဖော်ပြ ရာ မှာလည်း သုံးပါတယ်
You're talking whenever I see you.
ဒီ tense ဟာ အင်မတန် အသုံးများ ပါတယ်
present perfect tense ကို
ရောက်ဖူး တယ် လို့ ပြောချင်တဲ့ အခါ
has have + V3 မို့
တစ်နေရာရာ မှာ တည်ရှိဒါ ကို ဖော်ပြတဲ့
verb to be ကို သိရမှာ ဖြစ်သလို
verb to be ရဲ့ V3 က been ဆိုဒါ ကို သိဘို့
လိုပါတယ်
I've been to Mandalay.
I've not been to Mandalay.
စကားပြောရာ ချောချင်ရင်တော့
I've ever been to နဲ့
I've never been to လို့ သုံး ကြပါတယ်
နောက် စားဖူးတယ် ဆိုရင်လည်း
I've eaten သာ ဖြစ် ပြီး
စား ပြီး ပြီ ဆို ရင်လည်း
I've eaten ပါဘဲ
တစ်နေရာရာ သွားတယ် ပြန်မရောက်
သေးတဲ့ အခါ မျိုး မှာလည်း
has have + V3 ပါဘဲ
Where is your mother?
She's not here.
She has gone to market.
Where 's your son?
He has gone to school.
အတို ရေးချင်ရင်တော့
He's gone to school.
ဒီ tense က အရေးကြီး သလို အသုံးလည်း များပါတယ်
အငြင်း ပြောင်းတတ် ဖို့ လိုသလို
အမေး မှာလည်း အပိတ် မေးခွန်း
အဖွင့်မေးခွန်း နှစ်မျိုး လုံး လုပ်တတ်ပြောတတ်ရပါမယ် ခမျာ
like ဆိုတဲ့ စကားလုံး တစ်လုံး ကို လေ့လာတဲ့ အခါ
verb ဆိုရင် ကြိုက်သည်
I like apple.
preposition ဆိုရင် သကဲ့သို့
He's playing like children.
Likes.. noun..အကြိုက်
He has many likes.
like-minded..adj..စိတ်တူ သဘောတူဖြစ်သော
They're like-minded.
likeable ...adj ..ကြိုက်စရာကောင်းသော
နှစ်လိုဖွယ် ကောင်းသော
His behaviers are likeable.
likely... adj..အလားအလာရှိသော ဖြစ်နိုင်သော
This is likely.
unlikely.. adj.. မဖြစ်နိုင်သော
This is unlikely.
ဒီလိုလေးတွေ လေ့လာ ရဒါ တိုးတတ်လွယ်ပါတယ် ခမျာ
It's dangerous to go out if it's getting
dark.
ဒီ စာကြောင်းမှာ dangerous က
အန္တရာယ် ရှိသော
verb to be ဆိုတဲ့ am is are နဲ့ တွဲလိုက်တော့ အန္တရာယ် ရှိသည် / တယ်
ဘာက အန္တရာယ် ရှိဒါလည်း လို့ ပေါ် လွင် ချင်တော့
to + verb infinitive အထူးပြု
to go out အပြင် ထွက်ခြင်း / ရန်
ဘယ် အခြေ အနေ မှာ လို့ထပ်မံ ဖော်ပြချင် တဲ့အခါ
if လျှင်
မှောင် လာဒါက it's getting dark
if it's getting dark
မှောင် လာ လျှင်
to + infinitive ဆိုတဲ့
to+ V0. ကို အငြင်း ပြောင်း ချင်တဲ့ အခါ
သူ့ ရှေ့ မှာ...not...လေး ပေါင်း ထည့်
လိုက် ယုံပါ
ဥပမာ
to go..... not to go
to go သွားရန်
not to go မသွားရန်
I told you not to go.
I told you not to play football at school.
I told you to study English.
I told you not to watch TV.
Do you remember?
Don't let me down.
I can't take this anymore.
Be good at home, boy.
Click here to claim your Sponsored Listing.
Location
Category
Website
Address
Minbu