Burmese in Japan

Burmese in Japan

Share

しあわせ

09/05/2026

日本に来て3年が経ちました。
仕事を通しての経験だけではなく、人としての考え方や精神面でもたくさん成長できたと思います。

最初の頃は、慣れない環境や気持ちの整理がうまくできず、つらいと感じることもありました。
それでも少しずつ乗り越えていくうちに、自然とこの生活にも慣れていきました。

そして、「経験こそが一番の先生」という意味も深く実感しました。

日本に来たことで、ただお金を稼ぐだけではなく、人生に必要な知識や 問題解決能力もたくさん身につけることができたと思います。

ဂျပန်ရောက်တာ ၃နှစ်ပြည့်ခဲ့ပီ
လုပ်ငန်းခွင်အတွင်း အလုပ်အတွေ့အကြံုအပြင်
ရင့်ကျင့်မှု
စိတ်နေစိတ်ထားကအစ အများကြီးသင်ယူနိုင်ခဲ့တယ်

အစပိုင်းမှာ စိတ်မထားတတ်မှုတွေနဲ့ အသားမကျမှုတွေနဲ့စိတ်ပင်ပန်းတာ ကြံုရပေမဲ့တဖြည်းဖြည်း ဖြတ်ကျော်ရင်းနဲ့ အသားကျသလိုဖြစ်ခဲ့တယ်

ဘယ်ကိစ္စမဆိုအတွေ့အကြံုက ဆရာ ဆိုတာကိုလည်း ကောင်းကောင်းသဘောပေါက်ခဲ့တယ်

ဂျပန်ရောက်လာတာဟာ ငွေရှာရုံသက်သက်မဟုတ်ပဲ ဘဝအတွက် ပါ အသိပညာတွေ problem solving skills တွေအများကြီးတိုးစေခဲ့ပါတယ်

Photos from Burmese in Japan's post 13/09/2025

ဂျပန်ပဲငပိ 納豆

လှချင်ရင်ဆုံးအောင်ဖတ်ပါ🥰

ဂျပန်ပဲငပိက ဂျပန်လူမျိုးတွေ အသဲစွဲ အရမ်းကြိုက်ကြတဲ့အစားအစား ဖြစ်ပီးတော့ အာဟာရဓာတ်တွေအများကြီးပါ၀င်ပါတယ်
ဂျပန်မလေးတွေ လှပနေတဲ့ လျှို့၀ှက်ချက်လို့ပြောရင်လဲမမှားပါဘူး

ဒါပေမဲ့ နိုင်ငံခြားသား တော်တော်များများက မကြိုက်ကြပါဘူး

သူ့ရဲ့ အပေါ်ယံက ပျစ်ချွဲတဲ့အစေးတွေနဲ့ အနံ့ကို မကြိုက်ကြတာပါ

မကြိုက်တဲ့အထဲ ကျွန်မလဲအပါအ၀င်ပါ

ဒါ‌ပေမဲ့ သူ့ရဲ့အာဟာရကောင်းကျိုးကိုသိတဲ့အခါမှာ စtryကြည့်ဖ်ု့ ကြိုးစားကြည့်ပါတယ်

အရသာ အနံ့လုံး၀မကြိုက်လို့ အပေါ်က အစေးတွေပြောင်အောင်စေးပီးချက်စားတယ် အရသာအဆငိပြေပေမဲ့ ပြောင်အောင် ရေဆေးလိုက်တော့အာဟာရတွေပါ ကုန်သွားပါတယ်

ခုနောက်ပိုင်းမှာတော့သူ့အတိုင်းစားရင်းနဲ့ နေ့တိုင်းစားဖြစ်လာပါတော့တယ်

納豆 က အသားအရေအလှအပအတွက်ကော အူလမ်းကြောင်းအတွက်ကော အရမ်းကောင်းပါတယ်

တခြားအရာတော့မသိသာပေမဲ့
၀မ်းအရမ်းချုပ်တတ်တဲ့ ကျွန်မ 納豆 အမြဲစားဖြစ်တော့ ၀မ်းမှန်ပီး အူရှင်းလာသလိုခံစားရပါတယ်

သူ့မှာပါ၀င်တဲ့အာဟာရဓာတ်တွေက

၁။ ပရိုတင်းဓာတ် အမျှင် ဓာတ် ကြွယ်ဝခြင်း ပဲငပိသည်အပင်အခြေပြု ပရိုတင်းများ ကြွယ်ဝစွာ ပါဝင်သောကြောင့် သက်သတ်လွတ်စားသူများအတွက် ပရိုတင်းဓာတ် ရရှိရန် အကောင်းဆုံး အရင်းအမြစ်တစ်ခု ဖြစ်ပါသည်။အသားအရေ ကျစ်လစ်လှပစေတယ်။

၂။ ပရိုဘိုင်အိုတစ် ဂုဏ်သတ္တိရှိခြင်း ပဲငပိသည်အကျိုးပြုဘက်တီးရီးယားများ ကြီးထွားမှုကို အားပေးသောကြောင့် အူလမ်းကြောင်း ကျန်းမာရေးကို ကောင်းမွန်စေပါသည်။

၃။ ကယ်လ်ဆီယမ် နှင့် သံဓာတ် ကြွယ်ဝခြင်း ပဲငပိတွင်ကယ်ဆီယမ်နှင့် သံဓာတ်ကဲ့သို့သော သတ္တုဓာတ်များ ပါဝင်သောကြောင့် အရိုးများကို သန်မာစေပြီး သွေးအားနည်းရောဂါ ကာကွယ်ပေးနိုင်ပါသည်။

၄။ ကိုလက်စထရော နှင့် အဆီဓာတ် နည်းပါးခြင်း ပဲငပိတွင်ကိုလက်စထရော မပါဝင်ဘဲ အဆီဓာတ်လည်း နည်းပါးသောကြောင့် နှလုံးကျန်းမာရေးကို အထောက်အကူပြုပါသည်။

၅။ Antioxidant ဓာတ်ပါဝင်ခြင်း ပဲငပိတွင်Antioxidant များ ပါဝင်သောကြောင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး ရောဂါပိုးမွှားများကို တိုက်ထုတ်နိုင်စွမ်း ရှိပါသည်။

ဒါကြောင့် အာဟာရ တန်ဖိုးအများကြီးပါပြီးတော့ တထုပ်မှ ယန်း ၁၀၀ ၀န်းကျင် သာရှိတဲ့ 納豆 စမ်းtryကြည့်ပါလို့ おすすめလုပ်ပါရစေရှင့်✨🥰





Photo crd from google

29/05/2025

#ဂျပန်ပြည်တွင်း

မြန်မာမှာ အင်ဂျင်နီယာ ဘွဲ့ ရထားပီး work visaကိုင်ဆောင်ထားတဲ့

BE. (Civil,EC,EP,MC,MP) မည်သည့်မေဂျာမဆို
私အခုလုပ်နေတဲ့ 会社 မှာ

အလုပ်မိတ်ဆက်ပေးပါတယ်
正社員 အနေနဲ့အလုပ်ခန့်ပါတယ်

派遣 အနေနဲ့ 会社 အကြီးကြီးတွေမှာ သွားလုပ်ရမှာဖြစ်လို့ စိတ်ကျေနပ်စရာကောင်းတဲ့ ပတ်၀န်းကျင်ကောင်းကောင်းမှာ အလုပ်လုပ်နိုင်မှာပါ🤩

施工管理 ,設計,施工図

အလုပ်ဝင်ပီး 3လပြည့်တာနဲ့ 入社お祝い金
ယန်း 10သောင်းရရှိပါမယ်

👌ခရီးစရိတ်အပြည့်အ၀ထောက်ပံ့ပေး
👌တစ်နှစ်တစ်ခါ လစာတိုးရှိပါတယ်
👌資格 တွေယူဖို့လဲ အပြည့်အ၀ supportပေးပါတယ်

လိုအပ်ချက်
ဂျပန်စာ N2အောင်ရပါမယ်

N3 အောင်လဲစကားရရင်အဆင်ပြေပါတယ်

အတွေ့အကြုံမရှိလဲOk

履歴書と職務経歴書 လိုပါတယ်
မရေးတတ်ရင်ပြောပြမယ်နောိ

interviewအတွက်လိုအပ်သည်များလဲပြောပြပေးပါမယ်

လစာ နေရာ ‌အသေးစိတ် chat boxမှာ အားမနာတမ်း သိလိုသမျှ လာမေးလို့ရပါတယ်🤗

companyတခုတည်းမဟုတ်ပါဘူး
တခုမရတခု
ကိုယ့်သူငယ်ချင်းတွေရဲ့ companyမှာပါမိတ်ဆက်ပေးမှာပါ


#foryoupageシ
#ဂျပန်ပြည်တွင်း
#အလုပ်

18/05/2025

26/02/2025

ကလေးဘ၀တုန်းက ညရောက်တာနဲ့ ရောက်တဲ့နေရာ အလွယ်တကူ အိပ်ပျော်တတ်ပီး
ညတာဟာရှည်လွန်းတယ်
တရေးနိုးရင်လဲ အိပ်လို့ ကောင်းတယ်ဆိုတဲ့ ခံစားချက်
နိုးလာရင် လန်းဆန်းတဲ့ ခံစားချက်ခံစားရတယ်
အဲ့လိုပဲ အချိန်က ရှည်ကြာလိုက်တာလို့ ခံစားမိတယ်
လူကြီးမြန်မြန်ဖြစ်ချင်ခဲ့တယ်
အရွယ်ရောက် ပြီးလူကြီး ဖြစ်လာတဲ့ အခါမှာတော့
ညတိုင်းဟာ အိပ်ပျော်ဖို့ခက်ခဲတယ်
တရေးနိုးလာရင်လဲ ပြန်အိပ်ဖို့ခက်ခဲတယ်
အချိန်ဟာလဲ အကုန်မြန်တယ်
ဇရာအရရော စိတ်ခံစားချက်တွေကော
လူကြီးဖြစ်လာခဲ့ပီပဲ� 🫒🫒🫒 💚💚

14/02/2025

ဂျပန်မှာ လုပ်ငန်းခွင်မှာ အဆင်ပြေဖို့ လစာကောင်းဖို့ 資格
သက်ဆိုင်ရာကျွမ်းကျင်လက်မှတ်တွေလိုပါတယ်

အလုပ်လုပ်မယ့် လုပ်သားဆိုရင် ကျွမ်းကျင်လက်မှတ်

ကြီးကြပ်မယ့် အင်ဂျငိနီယာဆိုရင် သူနဲ့ဆိုင်တဲ့ လက်မှတ်
စသည်ဖြင့် လိုအပ်ပါတယ်

အမျိုးအစားအများကြီးရှိပီး သက်ဆိုင်တဲ့ လက်မှတ်ရှိတဲ့အရာတွေသာ ကိုင်ခွင့်လုပ် ဆောင်ခွင့်ရှိပါတယ်

ဒါကြောင့်လဲ ဂျပန်ဟာ Qualityကောင်းနေတာလို့ထင်ပါတယ်👍

ဂျပန်စာ လက်မှတ်ပဲ လိုတယ်လို့ ထင်ခဲ့ဖူးတဲ့ အပြင်
ပိုက်ဆံရှာချင်လို့ ဂျပန်ကိုလာခဲ့တာ ဖြစ်လို့
စာလုပ်ချင်စိတ်ကို တော်တော်မွေးယူနေရပါတယ်

တကယ့် လုပ်ငန်းခွင်မှာ လက်မှတ်မရှိရင် ဘောင်မ၀င်ပါဘူး

ကိုယ့်မှာ အသိ ဗဟုသုတရှိနေရင်တောင် လက်မှတ် ပြစရာမရှိရင် မယုံကြည်ပါဘူး

တာ၀န်ပေးမခံရပါဘူး

ဂျပန်ဟာ နည်းပညာ မြင့်မားသလို
ဘေးကင်းလုံခြုံရေးကို လဲအလေးထားပါတယ်

ကျွန်မ ခု လက်ရှိ လျှပ်စစ် siteပိုင်းကိုလုပ်နေပါတယ်

လျှပ်စစ်ကို ကိုင်တွယ်ဖို့ မီးတွေတပ်ဆင်ဖို့အတွက်လဲ သက်ဆိုင်ရာ လက်မှတ်လိုပါတယ်

ဘယ်လက်မှတ်ဆို ဗို့ အား ဘယ်လောက်ထိ ကိုင်တွယ်ရမယ် ဆိုတဲ့အထိ သတ်မှတ်ထားပါတယ်

အဲဒီအတွက် safeဖြစ်ပါတယ်

မတော်တဆ ဓာတ်လိုက်တာတွေ ဖြစ်ဖို့ ရာခိုင်နှုန်းလဲ နည်းပါတယ်

သူတို့ မှာ သက်ဆိုင်ရာ လက်မှတ်မရှိတဲ့ အတွက် နောက်ဆက်တွဲ ပြသနာဖြစ်မှာစိုးလို့ ပါတဲ့
အဲဒီအတွက် လုပ်ငန်းခွင်မှာ မတော်တဆဖြစ်နိုင်ခြေရှိမှု ဘေးကင်းမှု အတွက် စိတ်လုံခြံုမှုရ စေပါတယ်

လုပ်ငန်းခွင် safeဖြစ်မှုနဲ့ ဘေးကင်းလုံခြုံမှုကတော့ သဘောကျမိတဲ့အချက်ပါပဲ👍

အပေါ်က ပြောခဲ့တဲ့ လက်မှတ်တွေယူ စာတွေလုပ်ရဖို့ကိုတော့ အရမ်းပျင်းမိပါတယ်😛

13/02/2025

ဂျပန်မှာ တစ်ခု သိပ်သဘောမကျမိတဲ့ အရာကို ပြောပါဆိုရင် နိုင်ငံခြားသားကို သိပ်မကြိုက်တဲ့ အရာပေါ့

တောဘက် နယ်ဘက်မှာ မသိသာပေမယ့် တိုကျိုလို လူထူထပ်တဲ့နေရာမှာ သိသိသာသာတွေ့ ရတတ်ပါတယ်

ကျွန်မ လွန်ခဲ့တဲ့ တစ်နှစ် ဂျပန်ရောက်စက kyuushuuဆိုတဲ့ ဂျပန်ရဲ့အောက်ဖျား နယ်ဘက်ကလေးမှာနေတော့

တောကျတဲ့ အရပ် ဂျပန်လူငယ်တွေ မရှိပါဘူး
နိုင်ငံခြားသား လူငယ်လေးတွေ( မြန်မာ ဖိလစ်ပိုင် ဗီယက်နမ် အင်ဒို) ပဲတွေ့ရပါတယ်

ဂျပန် အဖိုး အဖွား အသက်ကြီးသူတွေပဲတွေ့ရပါတယ်

ဘယ်သွားသွား နှုတ်ဆက်တယ်
ဖော်ရွေ ကြတယိပေါ့

တစ်နှစ်ပြည့်လို့အလုပ်က တိုကျို ‌ချိဘ ဘက်မှာပြောင်းလာတဲ့ အခါ အသားမကျပါဘူး

တွေ့သမျှ မျက်နှာထားတင်း ရထားပေါ်လမ်းပေါ် ခပ်ချေချေတွေပဲတွေ့ရတတ်တယ်

နိုင်ငံခြားသားဆို ပိုအဖတ်မလုပ်ချင်ဘူး

နယ်မှာ ပြံုးပြနှုတ်ဆက် တတ်တဲ့ အက‌ျင့်လဲ ဖျောက်လိုက်ပါတော့တယ်
ဒီမှာတွေ့သမျှ လိုက်နှုတ်ဆက်ဖို့မပြောနဲ့
ကြည့်ရင်တောင် ငပေါလို့အထင်ခံရမှာပါ😁😇

ဒီနေ့လဲ အလုပ်သွားရင်း ရထားပေါ်မ‌ှာ

ကိုယ်နဲ့ မျက်နှာချင်းဆိုင် ခုံမှာ ဂျပန်အမျိုးသမီးတယောက် ဘေးမှာ မြန်မာနဲ့ ဆင်တဲ့ မျက်နှာပေါက်နဲ့ ဖိလစ်ပိုင်လူမျိုးလို့ထင်ရတဲ့ မိန်းကလေး‌တယောက်၀င်ထိုင်တယ်

ကောင်မလေးပုံ ကသန့်သန့်ပြန့်ပြန့်ပါပဲ
သူဘေးမှာ၀င်ထိုင်တော့ ဂျပန်အမျိုးသမီးက
maskကောက်တပ်
မကြည်အကြည့်နဲ့ ‌ေ၀့‌ေ၀့ကြည့်တယ်

သူလည်း နိုင်ငံခြားမုန်းသူပဲ ဖြစ်မယ်ထင်ပါတယ်
ကိုယ်တွေလဲ ကြံုဖူးတယ်

အခွန်ပေးပြီးနေရတာ ခွဲခြား ဆက်ဆံခံရရင် စိတ်ထဲကသိကအောက်ဖြစ်မိပါတယ် 😐😢😤

နယ်ကိုပဲ ကြိုက်တယ်🌸🌸



Photos from Burmese in Japan's post 11/02/2025

ညက အိမ်မက်ထဲမှာ အိမ်ပြန်တယ် ဆိုပြီး အိမ်မက်မက်တယ်
အိမ်ရောက်တော့ ရပ်ကွက်ထဲမှာ ဖုန်ထူထူ ထုံးစံအတိုင်း လေတိုက်တော့ အမှုိက်တွေ လွင့်ပြန်
ရှုပ်ပွ ညစ်ပစ်တာတွေမြင်ပီး ဂျပန်ကို ပြန်ပြေး ချင်စိတ်တွေပေါက်နေတာ

ဒါက အိမ်မက်ထဲမှာပါ

နိုးလာတော့ ပြန်တွေးရင်း သတိထားမိတာက မြန်မာမှာ ဖုန်တလုံးလုံး လမ်းဘေးနေရာ တော်တော်များများ အမှုိက်တွေတွေ့ရတတ်ပေမယ့်
ဂျပန်မှာတော့ နေရာတိုင်း သန့်စင်ပြောင်လက်နေသလို
အမှုိက်ပုံးလဲမရှိပါဘူး
ကိုယ်စား တဲ့ သုံးတဲ့ အမှုိက် ကိုယ်နဲ့ တပါတည်းသယ်
အမှုိက် ခွဲပီး ပစ်ရတဲ့ စနစ်ရှိတဲ့ အတွက် သန့်ရှင်းသပ်ရပ်ပါတယ်
‌ဒီအကျင့်နဲ့ ခေါက်ရိုးကျိုးနေပါပီ
ဂျပန်ဟာ အထီးကျန် ပျော်စရာမကောင်းပေမယ့်
စနစ်ကောင်းကောင်းနဲ့ သက်တောင့် သက်သာ အလုပ်လုပ်ပီး ပိုက်ဆံရှာနိုင်တာတော့ ကျေးဇူးတင်စရာပါ
ကိုယ့်နိုင်ငံလေးလဲ အမြန်ဆုံး ကောင်းမွန်တဲ့ နိုင်ငံ ဖြစ်ပါစေလို့ ဆုတောင်းမိပါတယ်💕

07/02/2025

ကိုယ့်မှာရှိတဲ့ မကောင်းတဲ့အချက် တခု က အတွေးလွန်ခြင်းပါပဲ

ဘာလုပ်လုပ်စဥ်းစားတယ်
တွေးတယ်

တခုခုလုပ်ရင်း အဆုံးထိကြိုတွေးထားပီးလုပ်တယ်
တွေးတာမှ plan A planB ၂လမ်းကိုတွေးဖြစ်တယ်😂
စီးပွားရေး လုပ်တာ ငွေစု တာ အနာဂတ်plan အစရှိသဖြင့်ပေါ့နော်

အသက်ကြီးရင် ဘလိုလုပ်မယ်ဆိုတာအထိပါစဥ်းစားတတ်တာ

အဲ့ဒီအတွက် အလုပ်လုပ်ရင်အရှုံးမထွက်ခဲ့ဘူး

ဆွဲခဲ့တဲ့ plan တိုင်း အဆင်ပြေတာများခဲ့တယ်ပေါ့နော်

တဖက်မှာ ‌တွေးလွန်း စဥ်းစားလွန်းတဲ့အခါ
stressတွေဖြစ်လာပီး
ရိုးရိုးရှင်းရှင်း အရာ ကိစ္စလေးတွေအပေါ်မှာကိုပဲ စိတ်ရှုပ်ခံတွေးလာတာပါပဲ

နောက်ပိုင်းမှာ အတွေးလွန်တဲ့ ပြသနာဖြစ်လာတယ်ပေါ့နော်

အတွေးလွန်တဲ့အခါ

✔️ ပူပန်မှုများလာတယ်
✔️ အမြဲစိတ်ပူနေတတ်ပီးနေရတာမပျော်တော့ဘူး
✔️ ‌ဘာမဟုတ်တာ‌တွေပုံကြီးချဲ့ စဥ်းစားပီး တနူတ်နုတ်နဲ့ စဥ်းစား ခံစားပီးအနားကလူတွေကို ပူလောင်စေပါတယ်

အခုနောက်ပိုင်းမှာ အတွေးတွေလျှော့တယ်
တခုခုစိတ်ပူနေမိရင်တောင် အချိန်တန်အဆင်ပြေသွားမှာ
ကိုယ့်စိတ်က ကိုက ပူတတ်နေတာ ပြသနာကဘာမှမဟုတ်ဘူး လို့ပြန်ဖြေသိမ့်ရင်း
နေပျော်လာပါတယ်

စဥ်စား ဆင်ခြင်မဲ့ ခြင်းက မကောင်းသလို အတွေးလွန်ခြင်းကို လျှော့ချနိုင်မှ life balanceဖြစ်ပါမယ်💯❣️

31/01/2025

အမြဲတမ်း
生食べられない
အစိမ်းမစားနိုင်ဘူးပြောခဲ့တာ
တကယ်ကမစားဖူးတာ
ကိုယ့်ဆီမှာ အသားစိမ်း ငါးစိမ်း မစားကြသလို စားဖို့‌လဲ safeမဖြစ်ဘူးလေ

အရသာရှိတယ်ဆိုလို tryကြည့်တာ အဆင်ပြေတယ်
ညှုိလဲ မနေဘူး
လတ်ဆက်တဲ့ အရသာ ရတယ်
အဆီမပါလို့ ၀ိတ်တက်မှာလဲမပူရဘူး

tryကြည့်ချင်သူတွေအတွက် おすすめ ပါ👍👍😊

29/12/2024

ဂျပန်မှာ ဆောင်းရာသ‌ီ ပိတ်ရက်ရှည် ရှိပါတယ်🌸🌸
ဆောင်းရာသီ ခရီးသွားလို့ကောင်းတဲ့အတွက်အများစုကခရီးသွားကြပါတယ်💦💦
တချို့နေရာတေ‌ွ မှာနှင်းတွေဖွေးပီးအရမ်းလှနေပေမယ့်
ကျွန်မတို့နေတဲ့ ချိဘကတော့ နှင်းမကျ‌ေသးပါဘူး
နှင်းမကျတာတောင် ခိုက်ခိုက်တုန်အောင်ချမ်းပီး အပြင်မထွက်နိုင်ပါဘူး🥶🥶
နေ့တာတိုတောင်းပြီး ညတာရှည်ပါတယ်
အရမ်းအေးတဲ့ဒဏ်နဲ့ နေ့တာတိုတာကိုမကြိုက်လို့ အရမ်းအေးတဲ့ကာလကို မြန်မြန်ကုန်စေချင်ပါပီ


#မင်းဘူး
#မကွေး

Want your school to be the top-listed School/college in Minbu?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Minbu