Myanmar Aerospace Engineering University Students' Union

Directions Website Contact the school

Myanmar Aerospace Engineering University Students' Union Myanmar Aerospace Engineering University Students' Union

https://www.facebook.com/100086481054710/posts/666696839556345/?app=fbl
18/04/2025

https://www.facebook.com/100086481054710/posts/666696839556345/?app=fbl

❐ ချင်းအမျိုးသားကာကွယ်ရေးတပ် ဒရုန်းစစ်ဆင်ရေး တာဝန်ခံ ၊ လေကြောင်းတက္ကသိုလ်ကျောင်းသား ရဲဘော်တစ်ဦး ကျဆုံး။

ဧပြီ ၁၇၊ ၂၀၂၅။

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) ဒရုန်းစစ်ဆင်ရေးတာဝန်ခံဖြစ်သူ ရဲဘော် ကိုစိုးသူနိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၉)ရက်တွင် ကျဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (MAEUSU) ကထုတ်ပြန်သည်။

ရဲဘော်ကိုစိုးသူနိုင်သည် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် Space Major မှ ကျောင်းသားဖြစ်ကြောင်း MAEUSU ၏ထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဥ်မှာ ကိုစိုးသူနိုင်သည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ‌နိုဝင်ဘာလ (၁၇) ရက်တွင် ဒရုန်းစစ်ဆင်ရေးတခုဖော်ဆောင်ရန် ဖလမ်းမြို့သို့ ဖြတ်သန်းဝင်ရောက်ရာမှ စစ်ကောင်စီတပ်သားများနှင့် ထိတွေ့မိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်​ပြီး ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှုဖြစ်ရာမှ ကိုစိုးသူနိုင်၏ ခါးတွင် ကျည်ထိမှန်ခဲ့ကာ ၎င်းဒဏ်ရာနှင့်ပင် ကျဆုံးခဲ့ခြင်းဖြစ်​သည်။

အဆိုပါကျဆုံးသတင်းအား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီးမှသိရှိရခြင်းဖြစ်သည့်အတွက် ယနေ့ ဧပြီလ (၁၇)ရက်မှသာ အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်ကြောင်း MAEUSU ကဖော်ပြသည်။

ကိုစိုးသူနိုင်ကျဆုံးခြင်းသည် ကိုနိုင်ထွန်းဦး (ခ) ကိုရွှေကျား (SS major, 13th Batch) ကျဆုံးပြီးနောက် MAEU မှ ဒုတိယမြောက်‌ ကျောင်းသား/ကျောင်းသားဟောင်း ကျဆုံးခြင်းဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်အာဏာသိမ်းပြီးနောက် MAEU မှ ကျောင်းသား/ကျောင်းသူဟောင်း (၉) ဦး ဖမ်းဆီးခံခဲ့ရပြီး (၆) ဦးပြန်လည်လွတ်မြောက်ကာ (၃) ဦးမှာအကျဉ်းကျနေဆဲဖြစ်ကြောင်း MAEUSU ကဖော်ပြထားသည်။

- ဟာရုမီ (စာတည်း - မောင်ဘိုး)

ဓာတ်ပုံ - MAEUSU

#ချင်းအမျိုးသားကာကွယ်ရေးတပ် #ဒရုန်းစစ်ဆင်ရေးတာဝန်ခံ #လေကြောင်းတက္ကသိုလ်ကျောင်းသားရဲဘော်တစ်ဦး #ကျဆုံး
#ဆီသို့

-------------

Subscribe to us on;

Telegram >>> https://t.me/towardsweeklynews

SoundCloud >>> https://soundcloud.com/towards-podcast

YouTube >>> https://www.youtube.com/-Towards-Media

Website >>> http://towardsmedia.info

◾အဖွဲ့ဖျက်သိမ်းကြောင်းနှင့်နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်း ထုတ်ပြန်ကြေညာခြင်း။ဧပြီလ(၁၇)ရက်နေ့၊ ၂၀၂၅ခုနှစ်။ရန်ကုန...
18/04/2025

◾အဖွဲ့ဖျက်သိမ်းကြောင်းနှင့်နိုင်ငံရေးဦးဆောင်မှု လွှဲပြောင်းကြောင်း ထုတ်ပြန်ကြေညာခြင်း။

ဧပြီလ(၁၇)ရက်နေ့၊ ၂၀၂၅ခုနှစ်။

ရန်ကုန်အခြေစိုက် တက္ကသိုလ်ကျောင်းသားသမဂ္ဂများ
(တကသများ-ရန်ကုန်)

#တကသများရန်ကုန်

"5th Year Space System မေဂျာမှ ကျောင်းသား ကိုစိုးသူနိုင်ကျဆုံးကြောင်း သတင်းထုတ်ပြန်ခြင်း"===========================မြန်...
17/04/2025

"5th Year Space System မေဂျာမှ ကျောင်းသား ကိုစိုးသူနိုင်ကျဆုံးကြောင်း သတင်းထုတ်ပြန်ခြင်း"
===========================
မြန်မာနိုင်ငံလေကြောင်းနှင့် အာကသပညာတက္ကသိုလ်၊ Space System မေဂျာမှ ကျောင်းသား ကိုစိုးသူနိုင် (15th Batch) သည် စစ်အာဏာရှင်စနစ်အားဆန့်ကျင်တော်လှန်ရင်း ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ကျဆုံးသွားကြောင်းသိရှိရသည်။

ကိုစိုးသူနိုင်သည် စစ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားကာကွယ်ရေးတပ် (CNO/CNDF) တွင် ဒရုန်းစစ်ဆင်ရေးတာဝန်ခံတဦးအဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး (၂၀၂၃)၊ ‌နိုဝင်ဘာလ (၁၇) ရက်နေ့တွင် ဒရုန်းစစ်ဆင်ရေးတခုဖော်ဆောင်ရန် ဖလမ်းမြို့သို့ ဖြတ်သန်းဝင်ရောက်ရာမှ စစ်ကောင်စီတပ်သားများနှင့် ထိတွေ့မိကာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ဖမ်းဆီးခံရချိန်တွင် ပစ်ခတ်မှုဖြစ်သွားခဲ့သည်ဟုလည်းသိရှိရပြီး ကိုစိုးသူနိုင်၏ ခါးတွင် ကျည်ထိမှန်ခဲ့ကာ အဆိုပါကျည်ဒဏ်ရာနှင့်ပင် (၂၀၂၃) ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့ညတွင် ကျဆုံးခဲ့သည်ဟု သိရှိရသည်။ အဆိုပါကျဆုံးသတင်းအား ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဖလမ်းမြို့သိမ်းတိုက်ပွဲအပြီးမှသိရှိရခြင်းဖြစ်သည့်အတွက် ယနေ့မှသာ အတည်ပြုထုတ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။

ကိုစိုးသူနိုင်ကျဆုံးခြင်းသည် ကိုနိုင်ထွန်းဦး (ခ) ကိုရွှေကျား (SS major, 13th Batch) ကျဆုံးပြီးနောက် MAEU မှ ဒုတိယမြောက်‌ ကျောင်းသား/ကျောင်းသားဟောင်း ကျဆုံးခြင်းဖြစ်သည်။ အကြမ်းဖက်စစ်ကောင်စီမှ စစ်အာဏာသိမ်းပြီးနောက် MAEU မှ ကျောင်းသား/ကျောင်းသားဟောင်း (၉) ဦး ဖမ်းဆီးခံခဲ့ရပြီး (၆) ဦးပြန်လည်လွတ်မြောက်ပြီး (၃) ဦးမှာအကျဉ်းကျနေဆဲဖြစ်သည်။ ကျဆုံးကျောင်းသား/ကျောင်းသားဟောင်းမှာမူ (၂) ဦးဖြစ်သည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာကတက္ကသိုလ် ကျောင်းသားများသမဂ္ဂ

13/03/2025

ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း (၃၇) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ ‌တကသများ-ရန်ကုန်မှ ပေးပို့သော သဝဏ်လွှာ

◾၃၆နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ ထုတ်ပြန်ကြေညာချက်။ရက်စွဲ။   ။ဩဂုတ် ၈၊ ၂၀၂၄။
08/08/2024

◾၃၆နှစ်ပြည့် ရှစ်လေးလုံး အရေးတော်ပုံ ထုတ်ပြန်ကြေညာချက်။

ရက်စွဲ။ ။ဩဂုတ် ၈၊ ၂၀၂၄။

◾ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၆၂) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်ဇူလိုင်လ (၇) ရက်၊ ၂၀၂၄ ခုနှစ်။"၇.၇.၆၂ မမေ့ကြနဲ့""ကျောင်းသားထ...
07/07/2024

◾ဆဲဗင်းဂျူလိုင် အရေးတော်ပုံ (၆၂) နှစ်ပြည့် ထုတ်ပြန်ကြေညာချက်

ဇူလိုင်လ (၇) ရက်၊ ၂၀၂၄ ခုနှစ်။

"၇.၇.၆၂ မမေ့ကြနဲ့"
"ကျောင်းသားထု ညီညွတ်ကြ"
"သမဂ္ဂခွပ်ဒေါင်းအလံတော်အောက်တွင် စုရုံးကြ"


◾"နယ်မြေသစ်မှာ နိုင်ငံတော်သစ်တည်ဆောက်ကြ"(ပြည်သူ့ညီလာခံအကြို တကသများ-ရန်ကုန်၊ ပညာရေးနှင့် သုတေသနကော်မတီ၊ နိုင်ငံတော်သစ်အယ...
07/04/2024

◾"နယ်မြေသစ်မှာ နိုင်ငံတော်သစ်တည်ဆောက်ကြ"

(ပြည်သူ့ညီလာခံအကြို တကသများ-ရန်ကုန်၊ ပညာရေးနှင့် သုတေသနကော်မတီ၊ နိုင်ငံတော်သစ်အယူအဆဆိုင်ရာ လေ့လာရေးအဖွဲ့၏ ရပ်တည်ချက်စာတမ်းများမှ ကောက်နှုတ်ချက်)

ကျွန်တော်တို့ဟာ လက်ရှိမှာ နယ်မြေအဟောင်းပေါ်၌ နေထိုင်နေကြသူတွေဖြစ်တယ်။ သည်နယ်မြေဟောင်းဆိုတာက နယ်နမိတ်စည်းသတ်မှတ်ချက်တွေနဲ့ မြေယာပိုင်ဆိုင်မှုတွေကို ဆိုလိုခြင်းမဟုတ်။ အာဏာရှင်သန္ဓေ၊ အာဏာရှင်ယူဆချက်အဟောင်းတွေကို သိလျက်ဖြစ်စေ၊ မသိဘဲဖြစ်စေ ကိုင်စွဲပြီး ကိုယ့်ရဲ့ တွေးတောချက်၊ လုပ်ဆောင်ချက်တွေမှာ အာဏာရှင်အငွေ့အသက်တွေ ပါဝင်နေဆဲဖြစ်အောင် ပြုလုပ်ထားနိုင်တဲ့ ကိုယ့်တကိုယ်စာ အတွေးအခေါ်နယ်မြေကို ဆိုလိုတာဖြစ်တယ်။ တကသများ - ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော် အနေနဲ့ လက်ရှိ မြန်မာနိုင်ငံရယ်လို့သတ်မှတ်ထားတဲ့ မြေပုံဟာ စစ်မက်ပြုပြီး အနိုင်ရသူစားစတမ်း သဘောတရားနဲ့ သိမ်းပိုက်ထားတဲ့ စစ်ဘုရင်အယူဝါဒကနေ ဖြစ်တည်လာတဲ့ သတ်မှတ်ချက်တခုဖြစ်ကြောင်း ကိုင်စွဲပြောဆိုခဲ့ပြီးဖြစ်တယ်။ ဒီတော်လှန်ရေးဟာ အသစ်ဖြစ်သော၊ အသစ်ရယ်လို့စစ်သော နိုင်ငံတစ်ခု ထူထောင်ကြဖို့ရည်ရွယ်တယ်ဆိုရင် မည်သို့သော အာဏာရှင် အယူအဆကိုမဆို သန္ဓေတည် မွေးထုတ်ခြင်း မပြုမယ့် လူ့ဘောင် အသစ်တစ်ခုကနေ တည်ထောင်မှသာလျှင် တကယ်သစ်သော နယ်မြေတခု၊ နိုင်ငံတခုဖြစ်နိုင်လိမ့်မယ်။

သမိုင်းကိုပြန်လှန်ကြည့်မယ်ဆိုရင် စစ်ဘုရင်ဝါဒကို မျက်ဝါးထင်ထင်မြင်ရမှာဖြစ်တယ်။ ထိုခေတ်ထိုအခါအနေနဲ့ ထူးဆန်းမနေတဲ့ ဝါဒတခုဖြစ်သော်လည်း ထိုဝါဒနဲ့ ထိုဝါဒအောက်က ပေါက်ဖွားလာတဲ့ လုပ်ရပ်များကို ဂုဏ်တခုအနေနဲ့ ရိုက်သွင်းသင်ကြားဖို့ စီစဉ်ထားခဲ့တဲ့ ပညာရေးဆိုတဲ့ ဝါဒသွတ်သွင်းမှုဟာ စစ်ကျွန်ပညာရေးပင်ဖြစ်တယ်။ စစ်ကျွန်ပညာရေးဆိုရင် စစ်တပ်အုပ်ချုပ်မှုအောက်ကပေးတဲ့ အသိအမှတ်ပြုလက်မှတ်တွေကိုသာ မြင်နေခြင်းကို ကျော်ကြည့်ဖို့ လိုအပ်လိမ့်မယ်။ အောင်နိုင်သူတွေရေးတဲ့ သမိုင်းပေါ် အခြေတည်ပြီး စစ်ဘုရင်ဝါဒကို သူကောင်းပြုထားတဲ့ သင်ခန်းစာတွေဟာ ဖိနှိပ်ခံခဲ့ရသူတွေ၊ စစ်မက်အိပ်မက်ဆိုး အမှန်တကယ် ခြောက်လှန့်ခံခဲ့ရသူတွေအပေါ် တရားမျှတမှု မဆောင်ကျဉ်းနိုင်တဲ့အပြင် အောင်နိုင်ခဲ့သူတွေရဲ့ မှားယွင်းမှုတွေကိုလည်း မီးမောင်းထိုးပြနိုင်ခြင်း မရှိဘူး။ ဒါကြောင့်ပဲ အောင်နိုင်လိုသူ စစ်ဘုရင်ဝါဒသမားတွေ တခေတ်ပြီးတခေတ် ပေါ်ပေါက်လာရခြင်းဖြစ်သလို၊ ဒီနိုင်ငံဟာလည်း စစ်တပ်အာဏာသိမ်းမှု ဝဲဂယက်ထဲမှာ လှုပ်လေမြုပ်လေ အခြေအနေထဲ ရောက်နေရခြင်းဖြစ်တယ်။ ဒီလိုပညာရေးမျိုးကို ပေးနေသ၍ စစ်တပ်အုပ်ချုပ်မှမဟုတ်၊ ဘယ်လိုအစိုးရတက်တက် မှားယွင်းနေတဲ့ အယူအဆဟောင်းတွေကို ဖက်တွယ်ပြီး ကိုယ်ချင်းစာတရား ပျောက်ဆုံးနေတဲ့ နယ်မြေအဟောင်းမှာပဲ ဆက်လက်အခြေချ နေထိုင်သူတွေ ဖြစ်နေဦးမှာဖြစ်တယ်။ ဒီအချက်တွေကပဲ နိုင်ငံအသစ်ကို တည်ဆောက်ဖို့အတွက် ဟန့်တားနေတဲ့ အချက်တွေဖြစ်တယ်။

ဒါကြောင့် နိုင်ငံအသစ်လို့ပြောတဲ့အခါမှာ သည်လိုအသစ်ဖြစ်တဲ့ နိုင်ငံကို ဘယ်အရာက အဓိက မောင်းနှင်မလဲလို့ ဆုံးဖြတ်ရာမှာ အရေးကြီးတယ်။ သမိုင်းအဆက်ဆက်၊ ခေတ်အဆက်ဆက်မှာ ‌စစ်မက်၊ အင်အားကိုအခြေပြုတဲ့ အောင်နိုင်သူသာ အဓိကဆိုတဲ့ အတွေးအခေါ်ဟောင်းကိုသာ ဗဟိုပြု သင်ကြားနေခြင်း ဒီသံသရာဆိုးကြီးကို ခြေဖျက်ပစ်ဖို့လိုတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီ ပညာရေးနဲ့ မောင်းနှင်တဲ့ နိုင်ငံဖြစ်မှသာလျှင် ဒီသံသရာဆိုးကြီးထဲက ရုန်းထွက်နိုင်မှာဖြစ်တယ်။ စစ်မှန်တဲ့ ပညာရေးဆိုတာဟာ လူထုရဲ့ လွတ်မြောက်မှုကို ပြဋ္ဌာန်းနိုင်ရမယ်။ အင်အားကြီးသူစားစတမ်းဆိုတဲ့ အယူအဆကင်းစင်ရမယ်။ စစ်အောင်သူ၊ အင်အားကြီးသူကို ဦးထိပ်ထားမှု မရှိရဘူး။ အဖိနှိပ်ခံရခြင်းဆိုတဲ့ အယူအဆကို ကိုယ်ချင်းစာတရားနဲ့ ယှဉ်ထိုးကြည့်တတ်အောင် ရှင်းပြနိုင်ရမယ်။ နိုင်ငံအသစ်ကို လက်နက်နဲ့ မောင်းနှင်လို့မရ၊ အကြောက်တရားနဲ့ မောင်းနှင်လို့မရ၊ တယူသန်စွဲ ငါစွဲတွေနဲ့ မောင်းနှင်လို့မရ။ အဲ့တာတွေနဲ့ မောင်းနှင်နေသ၍ နိုင်ငံအသစ်မမည်။

တော်လှန်ရေးအောင်နိုင်ဖို့၊ နိုင်ငံအသစ်တည်ထောင်ဖို့ ပြောကြ၊ ငြင်းခုန်ကြတဲ့အခါမှာ တပ်ပေါင်းစု၊ ဘုံနိုင်ငံရေးရည်မှန်းချက် စတဲ့စကားရပ်တွေဟာ မပါမဖြစ်တွေဖြစ်တယ်။ အဓိကကျတဲ့အချက်တခုက ဒီစကားရပ်တွေပြောတဲ့အခါမှာ ပြည်ထောင်စုကြီး လွတ်လပ်ရေး ဆိုတာထက် သက်ရှိ၊ လူသား လွတ်မြောက်ရေးက အဓိကကျတယ်ဆိုတာပဲ။ လူထုရှိမှ နိုင်ငံရှိမယ်။ လူထုလွတ်မြောက်မှ နိုင်ငံလွတ်မြောက်မှာဖြစ်တယ်။ ကိုင်တွယ်ထိတွေ့လို့မရတဲ့ ပြည်ထောင်စုကြီး ဆိုတာထက် တကယ်အသက်ရှင်နေထိုင်ဖြတ်သန်းနေရတဲ့ လူထုကို ဦးတည်ပြီးစဉ်းစား ငြင်းခုန်နေကြတာမျိုး ဖြစ်ဖို့လိုတယ်။ လူထုဟာ ခေတ်အဆက်ဆက် ဖြတ်သန်းမှုအောက်မှာ ‌နှောင်ကြိုးအထပ်ထပ်နဲ့ ချည်နှောင်ထားခြင်းခံရတယ်။ စစ်ဘေး၊ စီးပွားရေး၊ လူနေမှု၊ ရှေးရိုးအယူအဆစွဲ၊ နိမ့်ကျတဲ့ပညာရေးစနစ် အစရှိတဲ့ အစားစားသော နှောင်ကြိုးတွေနဲ့ တုပ်နှောင်ခံထားရပြီး ခေါင်းမထောင်နိုင်လောက်အောင် ခံစားနေခဲ့ရတယ်။ ထိုသို့သော နှောင်ကြိုးအလီလီကို ခြေဖျက်ရုန်းထွက်နိုင်တဲ့ လွတ်မြောက်‌ရေးနည်းနာတွေ၊ လုပ်ငန်းစဉ်တွေ ကသာလျှင် စစ်မှန်တဲ့ လွတ်မြောက်ရေးလှုပ်ရှားမှုဖြစ်တယ်။
လက်ရှိကာလမှာတော့ စစ်ဝါဒဟာ အမြင်သာဆုံးနဲ့ အဆိုးဝါးဆုံး နှောင်ကြိုးဖြစ်တယ်ဆိုတာ ငြင်းချက်ထုတ်စရာမရှိ။ ဒါပေမယ့် ဒီတခုတည်းက လွတ်မြောက်ရုံနဲ့ လူထုလွတ်မြောက်သွားပြီလို့ မဆိုနိုင်။ စစ်တပ်ပြုတ်ကျခြင်းသည် အလွန်ဆုံးအဆင့်အနေနဲ့ နိုင်ငံလွတ်လပ်သွားတယ်ဆိုတဲ့ မှတ်တိုင်တခုသာ ဖြစ်နိုင်တယ်။ လွတ်လပ်တယ်ဆိုရာမှာ လက်ရှိစစ်တပ်ရဲ့ စွက်ဖက်မှုကင်းတဲ့၊ သူတို့ကို ထည့်တွေးစရာမလိုတဲ့ ဆွေးနွေးမှုတခု အစပျိုးနိုင်ခြင်းမျှသာ ဖြစ်တယ်။ လူထုတကယ်လွတ်မြောက်ဖို့ဆိုရင် အခြားသော နှောင်ကြိုးများလည်း ရှိသေးတယ်ဆိုတာ သတိချပ်ဖို့လိုမယ်။ ဥပမာအနေနဲ့ဆိုရင် လူမျိုး၊ ဘာသာ၊ ဒေသ၊ လူနေမှု စတာတွေကို အခြေခံတဲ့ ကြောက်ရွံ့မှုနဲ့ တရားသေအစွဲတွေဖြစ်တယ်။ လူထုတရပ်လုံး ဒီနှောင်ကြိုးတွေကနေ လွတ်မြောက်မှသာ အမှန်တကယ် လူထုလွတ်မြောက်ခြင်းဖြစ်တယ်။ လူထုဆိုရာမှာ ကျွန်ုပ်တို့‌တတွေ အားလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်နေတယ်ဆိုတာ သတိချပ်ဖို့လိုအပ်တယ်။ လက်ရှိစစ်တပ်၊ စစ်တပ်ရဲ့ စစ်ဝါဒ၊ နောက်ပြီး အာဏာရှင်စနစ် စတာတွေကို တော်လှန်တိုက်ထုတ်ရာမှာ လူမျိုး၊ ဒေသိယ၊ နယ်နိမိတ်၊ အာဏာ၊ ကိုယ်စားပြုမှု စတဲ့ နှောင်ကြိုးတွေက လူထုလွတ်မြောက်ရေးကို နှောင့်နှေးစေမယ်။ တော်လှန်ရေးမှာ ပါဝင်နေပါတယ်ဆိုတဲ့ သူတွေကိုယ်တိုင် ဒါကို သတိဝင်နေဖို့ လိုအပ်တယ်။ လူထုတရပ်လုံး လွတ်မြောက်မှသာ နိုင်ငံတခုလုံးအတိုင်းအတာနဲ့ လုံခြုံငြိမ်းချမ်းနိုင်မှာ ဖြစ်တယ်။

ဆိုတော့ လက်ရှိတော်လှန်ရေးကာလ စစ်အုပ်စုကို ပြုတ်ကျအောင် တော်လှန်နေကြစဉ် ကတည်းက စစ်အုပ်စုမရှိတော့တဲ့ နယ်မြေတခုကို ငါတို့ဘယ်လိုတည်ဆောက်ကြမယ်ဆိုတာကို တဦးတယောက်ချင်းစီက ကြိုတွေးထားကြဖို့လိုအပ်တယ်။ အဆိုပါဖြစ်တည်လာမယ့် နယ်မြေနဲ့ နိုင်ငံ (တွေ) ဟာ နိုင်ငံတော်သစ်ရယ်လို့ ပီပီပြင်ပြင် ဖြစ်ပေါ်လာဖို့ တင်ကြိုစီစဉ်ထားမှ ရမယ်။ ကျွန်‌တော်တို့ တကသများ - ရန်ကုန်/ ကျောင်းသားလက်ရုံးတပ်တော် အနေနဲ့ နိုင်ငံတော်သစ်ဆိုတာကို “စစ်အုပ်စုကိုဖြုတ်ချပြီးအလွန်ကာလ၌ ဤ‌မြေပေါ်တွင်ဖြစ်ပွားခဲ့သော သမိုင်းဖြစ်ရပ်များကို ပြန်လည်ဆင်ခြင်၍ ဌာနေလူမျိုးများ၏ ဆန္ဒနှင့်စရိုက်လက္ခဏာကိုလေးစားသော၊ အခြေခံ လူ့အခွင့်အရေးအပါအဝင် နိုင်ငံသားတိုင်း၏ အခြေခံအခွင့်အရေးများထွန်းကားသော၊ စစ်ကိုစစ်ဖြင့် မတုံ့ပြန်သော၊ ပြည်သူလူထုသဘောတူညီသည့် နိုင်ငံစုဖွဲ့မှုပုံစံမျိုးဖြင့် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်သစ်တစ်ရပ်” လို့ အဓိပ္ပါယ်ဖွင့်ဆိုတယ်။ ရည်ရွယ်ချက် ကတော့ စစ်အုပ်စုပြုတ်ကျပြီးခါမှ တော်လှန်ရေးအင်အားစုအချင်းချင်း နယ်မြေနဲ့ အာဏာပိုင်းခြားမှုတွေအပေါ် အငြင်းပွားပြိး စစ်ကိုစစ်နဲ့ ပြန်လည်တုံ့ပြန်တဲ့ အမှောင်ခေတ်တခုဆီကို ပြန်မရောက်စေဖို့ပဲ ဖြစ်တယ်။

သမိုင်းကနေ လက်ရှိအထိ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဆိုတာ အထက်မှာ ဖော်ပြခဲ့တဲ့ လူတွေကို ချုပ်နှောင်ထားတဲ့ နှောင်ကြိုးတွေကြောင့် ဖြစ်ပေါ်နေတာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတော်သစ်ကို စဉ်းစားကြတဲ့အခါမှာ နှောင်ကြိုးတွေထံမှ တတ်နိုင်သလောက် လွတ်နိုင်မယ့် အခင်းအကျင်း၊ အယူအဆ၊ လုပ်ငန်းစဉ်တွေ ရှိဖို့လိုတယ်။ ဒါမှသာ ပဋိပက္ခတွေပါ ကျွဲကူး‌ရေပါ ချုပ်ငြိမ်းမှာဖြစ်တယ်။ နိုင်ငံ‌တော်သစ်ဟာ အယူအဆသစ်ပေါ်မှာ အခြေခံရမှာဖြစ်တဲ့အတွက် နိုင်ငံတော်လို့ပြောရာမှာ မြေပုံအဟောင်းကိုပဲ တရားသေကိုင်စွဲမထားခြင်းဟာ တွေးခေါ်ရာမှာ ပိုမိုလွတ်လပ်ပွင့်လင်းစေလိမ့်မယ်။ ဆိုခဲ့ပြီးတဲ့အတိုင်း ပြည်ထောင်စုလွတ်လပ်ရေးမဟုတ်၊ လူထုလွတ်မြောက်ရေးသာ အဓိကဖြစ်တယ်။

လူထုလွတ်မြောက်ရေးသာ အဓိကလို့ ပြောခဲ့ပြီးတဲ့အလျောက် လက်ရှိကျင်းပပြုလုပ်မယ့် ပြည်သူ့ညီလာခံဟာ လူထုညီလာခံစစ်စစ်သဏ္ဍာန်ဆောင်ဖို့ လိုအပ်တယ်။ ပြည်သူဆိုတဲ့ ဝေါဟာရကို အသုံးချပြီး အာဏာတည်ဆောက်မှုတွေ၊ တာဝန်ရှောင်ထွက်မှုတွေကို အဆုံးသတ်ရမယ်။ တကယ်စစ်မှန်တဲ့ နယ်မြေသစ်တခု၊ နိုင်ငံတော်သစ်တခုကို ဦးတည်ပေးနိုင်ဖို့ လိုအပ်တယ်။ ဒီ့အတွက် ဗျူဟာသော်လည်းကောင်း ဒါမှမဟုတ် ဗျူဟာချမှတ်ပေးနိုင်မယ့် တပ်ပေါင်းစုတခု တပ်ဦးတခုသော်လည်းကောင်း ထွက်ပေါ်နိုင်အောင် ဆောင်ကျဉ်းပေးနိုင်ရမယ်။ မည်ကာမတ္တ တပ်ပေါင်းစုရယ်လို့မဟုတ်ဘဲ နိုင်ငံရေး၊ စစ်ရေး ကျေလည်ပြီး ခိုင်မာကျစ်လစ်တဲ့၊ လူထုလွတ်မြောက်မှုကို သစ်လွင်တဲ့ အယူအဆ၊ လုပ်ငန်းစဉ်တွေ ယူဆောင်လာပေးနိုင်မယ့် တပ်ပေါင်းစုတခု မဖြစ်မနေထွက်ပေါ်လာဖို့၊ အနိမ့်ဆုံးတော့ ထွက်ပေါ်လာမယ့် လမ်းကြောင်းတခု တိတိပပ ပေါ်ပေါက်လာဖို့ အရေးတကြီးလိုအပ်တယ်။ ဒီလိုမှမဟုတ်ရင် အယူအဆအဟောင်း၊ မကျေလည်မှုအဟောင်း တွေကနေ စစ်တပ်ပြုတ်လည်း နယ်မြေအဟောင်းပေါ်မှာပဲ လူထုတွေဟာ အနာဟောင်းတွေ၊ ဒုက္ခဟောင်းတွေကို တကျော့ပြန်ခံစားရမယ့် အခြေအနေကိုပဲ ရင်ဆိုင်နေရမှာ ဖြစ်တယ်။


#လူထုလွတ်မြောက်‌ရေးနှင့်နိုင်ငံတော်သစ်ဆီသို့

◾တကသများ-ရန်ကုန်ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်ကြေညာချက်။မတ်လ ၃၁ ရက်နေ့၊ ၂၀၂၄ ခုနှစ်။
31/03/2024

◾တကသများ-ရန်ကုန်ဖွဲ့စည်းခြင်း (၃) နှစ်ပြည့်ကြေညာချက်။

မတ်လ ၃၁ ရက်နေ့၊ ၂၀၂၄ ခုနှစ်။

10/03/2024
◾အမျိုးသားအောင်ပွဲနေ့ (၁၀၃) နှစ်ပြည့် ထုတ်ပြန် ကြေညာချက်။ရက်စွဲ။    ။ဒီဇင်ဘာ (၇)ရက်၊ ၂၀၂၃။လွန်ခဲ့ပြီးသည့် မြန်မာသက္ကရာဇ်...
07/12/2023

◾အမျိုးသားအောင်ပွဲနေ့ (၁၀၃) နှစ်ပြည့် ထုတ်ပြန် ကြေညာချက်။

ရက်စွဲ။ ။ဒီဇင်ဘာ (၇)ရက်၊ ၂၀၂၃။

လွန်ခဲ့ပြီးသည့် မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်နေ့ ဗြိတိသျှကိုလိုနီလက်ထက်တွင် နောင်တော်ကျောင်းသားကြီးများက ရန်ကုန်တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်၍ စစ်မှန်သည့် ပညာရေးစနစ်အတွက် စတင် တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြသည်။

ထိုသို့ နောင်တော်ကြီးများ တောင်းဆိုခဲ့သည့် ပညာရေးစနစ်မှာ ယခုထိ ဗမာပြည်တွင် အကောင်အထည် ပေါ်ပေါက်လာခဲ့ခြင်း မရှိပေ။ အာဏာရှင်တို့၏ ဗျူရိုကရေစီယန္တရားကြီး အားကောင်းကောင်းဖြင့် လည်ပတ်နိုင်ရေးကိုသာ ဦးတည်နေသည့် အဆံချောင်ပညာရေးစနစ်အောက်တွင် မလူးသာ မလှိမ့်သာ နေခဲ့ကြရသည်။

၂၀၂၁ ခုနှစ် စစ်အုပ်စု အာဏာသိမ်းအပြီးတွင်လည်း ကျောင်းသားထုသည် စစ်ကျွန်သပေါက် များအဖြစ် မခံယူဘဲ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ကာ ဆန့်ကျင်ခဲ့ကြသည်။ ကျွန်ုပ်တို့၏ ကျောင်းသားထုသည် အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် မီးစာဖြစ်နေသော ဖောက်ပြန်သည့် ပညာရေးစနစ်ကို လွန်ခဲ့သည့် ၁၀၃ နှစ်မှစ၍ ယနေ့အချိန်ထိ ခေတ်အဆက်ဆက် တော်လှန်တိုက်ပွဲ၀င် ခဲ့ကြသည်။

ကျွန်ုပ်တို့သည်လည်း စစ်မှန်သည့် ပညာရေးစနစ်အတွက် ခေတ်အဆက်ဆက် တော်လှန်ခဲ့ကြ သည့် ကျောင်းသားထု၏ စိတ်ဓါတ်ကို ဦးညွတ်၍ မိမိတို့၏ ပညာရေး စံတန်ဖိုးများဖြစ်သည့် လူမှုရေး တရားမျှတမှု၊ လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာနှင့် ပညာရေးလွတ်လပ်ခွင့်တို့ကို ကိုင်စွဲကာ စစ်မှန်သည့် ပညာရေးစနစ်အတွက်၊ စစ်မှန်သည့် နိုင်ငံတော်သစ်အတွက် ဆက်လက် တိုက်ပွဲ၀င်သွားမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။

"လူထုလွတ်မြောက်ရေးနှင့် နိုင်ငံတော်သစ်ဆီသို့ ချီတက်ကြ"

ရန်ကုန်အခြေစိုက်တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသများ-ရန်ကုန်)
ကျောင်းသားလက်ရုံးတပ်တော် (က.လ.တ)

#အမျိုးသားအောင်ပွဲနေ့

Address

Myanmar Aerospace Engineering University
Meiktila

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Alerts

Be the first to know and let us send you an email when Myanmar Aerospace Engineering University Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Myanmar Aerospace Engineering University Students' Union:

Shortcuts

Share