Ngwe Tha Zin Private High School

Ngwe Tha Zin Private High School Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ngwe Tha Zin Private High School, School, Meiktila.

20/07/2020

#စနစ်သစ်ပညာရေးအကြောင်း
ဖတ်ဖြစ်အောင် ဖတ်ကြည့်ပါ
၂၀၂၀_၂၀၂၁ ပညာသင်နှစ် Grade 10 (ဒသမတန်း)
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၁_၂၀၂၂ ပညာသင်နှစ် Grade 11 (ဧကဒသမတန်း)
ကျောင်းတွင်းစစ်စာမေးပွဲ

၂၀၂၂_၂၀၂၃ ပညာသင်နှစ် Grade 12
(ဒွာဒသမတန်း)

Grade 12တွင် ကျောင်းတွင်းစစ် စာမေးပွဲနှင့် နိုင်ငံတော်အစိုးရစစ်စာမေးပွဲ
စာမေးပွဲနှစ်ခုရှိပါသည်။

Grade 12 ကျောင်းတွင်းစစ် စာမေးပွဲဖြေဆိုအောင်မြင်ပါက သင်ယူပြီးမြောက်ကြောင်းလက်မှတ် ရရှိမည်ဖြစ်ပါသည်။
ထိုလက်မှတ်ဖြင့် ကောလိပ်များ၊Instituteများ(ပညာရေးကောလိပ်၊GTI အစရှိသဖြင့်) ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။

သို့သော်၂၀၂၃ ခုနှစ် မတ်လတွင်ကျင်းပပြုလုပ်သည့် နိုင်ငံတော်အဆင့် အစိုးရစစ်စာမေးပွဲသည်သာ University များတက်ရောက်ခွင့်ရရှိမည့် Grade အဆင့်သတ်မှတ်ချက်ရလဒ်စာမေးပွဲဖြစ်ပါသည်။ထိုရလဒ် Grade အနေအထားအပေါ်မူတည်ပြီးမှသာ တက္ကသိုလ်များကို ဝင်ခွင့်ဖြေဆိုခွင့်ရမည်ဖြစ်ပါသည်။ထိုစာမေးပွဲတွင် Grade A ရထားသောကလေးသည် နှစ်သက်သလို တက္ကသိုလ်များကို ရွေးချယ်ဖြေဆိုခွင့်ရမည်ဖြစ်သော်လည်း၊Grade B,C အစရှိသဖြင့် ရသောကလေးများသည် ထို Grade များကိုလက်ခံဖြေဆိုခွင့်ပြုသော တက္ကသိုလ်များ၌သာ ဖြေခွင့်ရှိမည်ဖြစ်ပါသည်။
Grade များသည်လည်း ဘာသာရပ် တိုင်းအတွက်ကောင်းရန်မလိုပါ။မိမိ အဓိက ရွေးချယ်မည့် တက္ကသိုလ် တစ်ခုကိုတော့ ကို G10တည်းက သေချာ ဆုံးဖြတ်ထားရန် လိုအပ်ပါသည်။

ဥပမာ ဆေးတက္ကသိုလ် ဝင်ခွင့်အတွက်ဆိုလျှင်
English၊Physics၊Chemistry၊Biology လေးဘာသာ၏ Grade ကိုသာကြည့်၍ ဝင်ခွင့်ဖြေဆိုခွင့်ပြုမပြု ဆုံးဖြတ်မည်ဖြစ်ပြီး၊
Engineeringနှင့်IT တက္ကသိုလ်များအတွက်ဆိုလျှင်
English၊Math၊Physics၊Chemistry လေးဘာသာ၏ Grade များကိုသာ ကြည့်မည်ဖြစ်ပါသည်။
ဘာသာစုံ Grade အမြင့်ဆုံးတွေ ရထားရင်တော့ တက္ကသိုလ် ရွေးချယ်နိုင်ခွင့်ပိုများပါလိမ့်မည်။

၁၂ တန်း အစိုးရစစ် စာမေးပွဲကြီးတွင် (၆)ဘာသာ သာဖြေဆိုရပါမည်။General Science ၊Social Science ဘာသာရပ်များ ဖြေရန်မလိုပါ။ရှင်းအောင်ပြောရရင် (၂ဘာသာ/၃ဘာသာ)ပေါင်းစည်းထားသော ဘာသာရပ်များစာမေးပွဲဖြေဆိုရန်မလိုအပ်ပါ။

မှတ်ချက်။ ။၁၂တန်းမှာ Grade လည်း ကောင်းဖို့လိုသလို တက္ကသိုလ်ဝင်ခွင့်ဖြေရာမှာ အဆင်ပြေ အောင်မြင်စေဖို့ G(10,11,12 )သုံးနှစ်စာ သင်ခန်းစာတွေကိုလည်း ကျွမ်းကျင်ခဲ့ဖို့လိုပါတယ်။Grade ကောင်းရုံနဲ့လည်း တက္ကသိုလ် တက်ခွင့်ရမှာမဟုတ်ပါဘူး။ဝင်ခွင့်ဖြေဆိုခွင့်ပဲ ရမှာဖြစ်ပြီး ဝင်ခွင့်ပါမှသာ တက္ကသိုလ်တက်ခွင့်ရမှာပါ။
Crd:Saya Ye Kyaw Thu

20.7.2020 နေ့ (ယနေ့)တွင် လာရောက်စစ်ဆေးသော  စစ်ဆေးရေးအဖွဲ့၏ဆုံးဖြတ်ချက်အရ ငွေသဇင် ကိုယ်ပိုင်အထက်တန်းကျောင်းအား  ့်သတ်မှတ်...
20/07/2020

20.7.2020 နေ့ (ယနေ့)တွင် လာရောက်စစ်ဆေးသော စစ်ဆေးရေးအဖွဲ့၏ဆုံးဖြတ်ချက်အရ ငွေသဇင် ကိုယ်ပိုင်အထက်တန်းကျောင်းအား ့်သတ်မှတ်ပြီး ကျောင်းဖွင့်ခွင့်ရရှိပါကြောင်း ပညာသင်မိသားစုများ၊
မိဘများအား ဝမ်းမြောက်ဖွယ် သတင်းကောင်းပါးအပ်ပါသည်။🙏👏👏👏

အထက်တန်းများ 21.7.2020(မနက်ဖြန်)တွင်ကျောင်းတရားဝင်ဖွင့်လှစ်ကြောင်းအသိပေးအပ်ပါသည်။

(ငွေသဇင်ကိုယ်ပိုင်အထက်တန်းကျောင်းသည် နေ့တက်နှစ်ချိန်ကျောင်းအဖြစ် COVID ကာလအတွင်းခေတ္တသတ်မှတ်ထားမည်ဖြစ်ပြီး နောင်တွင်တစ်ချိန်ကျောင်းပြန်လည်သတ်မှတ်ပါမည်။)............………..........................

မြို့နယ် covid-19ထိန်းချုပ်ရေးကော်မတီမှလာရောက်စစ်ဆေး
08/07/2020

မြို့နယ် covid-19ထိန်းချုပ်ရေးကော်မတီမှ
လာရောက်စစ်ဆေး

မြို့နယ်ကျန်းမာရေးဌာနမှကျန်းမာရေးပညာပေးဟောပြောပွဲလာရောက်ပြုလုပ်ခြင်း
03/08/2017

မြို့နယ်ကျန်းမာရေးဌာနမှ
ကျန်းမာရေးပညာပေးဟောပြောပွဲ
လာရောက်ပြုလုပ်ခြင်း

Address

Meiktila

Telephone

092200052

Website

Alerts

Be the first to know and let us send you an email when Ngwe Tha Zin Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category