28/02/2026
စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်သင်ယူနိုင်တဲ့
Scholar ရဲ့ ဓာတုဗေဒ အတန်း
ဓာတုဗေဒ (Chemistry) ဘာသာရပ်ကို သင်ယူတဲ့အခါ စာသင်ခန်းထဲက သင်ခန်းစာတွေကို လက်တွေ့စမ်းသပ်ခွင့်ရတဲ့အခါ ကလေးတွေရဲ့ မျက်နှာပေါ်က စိတ်ဝင်စားမှုနဲ့ တက်ကြွမှုတွေကို ဒီဗီဒီယိုလေးထဲမှာ မြင်တွေ့ရမှာပါ။
ဓာတုဗေဒ (Chemistry) ဘာသာရပ်ကို စာအုပ်ထဲမှာတင် မဟုတ်ဘဲ၊ အခုလို ကိုယ်တိုင် ကိုင်တွယ်စမ်းသပ် လေ့လာခွင့်ရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သင်ခန်းစာတွေကို ပိုပြီး မှတ်မိလွယ်စေပါတယ်။ ဒါ့အပြင် အဖြေတစ်ခုကို ကိုယ်တိုင်ရှာဖွေတတ်တဲ့ အလေ့အကျင့်ကောင်းတွေကိုလည်း လက်တွေ့ ရရှိစေပါတယ်။
Scholar Private High School က ကျောင်းသား၊ ကျောင်းသူလေးတွေရဲ့ တက်ကြွတဲ့ သင်ယူမှုပုံရိပ်လေးတွေကို အတူတူ ကြည့်ရှုအားပေးရင်း၊ သူတို့ရဲ့ ကြိုးစားမှုအတွက် အားပေးစကားလေးတွေ မှတ်ချက်ရေးပေးခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။