Thamardi Private High School

Thamardi Private High School Established 1995
ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်အမှတ်
ကက- ၁၀/၂၃/၅၀၅

Learning without thought is labour lost. Thought without learning is perilous.

📚 အသိပညာပေးဟောပြောပွဲကျောင်းသား၊ ကျောင်းသူများအတွက် "လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် အပြည်ပြည်ဆိုင်ရာ ယာဉ်...
10/08/2026

📚 အသိပညာပေးဟောပြောပွဲ

ကျောင်းသား၊ ကျောင်းသူများအတွက် "လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ နှင့် အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းသိမ်းမှုစနစ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ "တို့ကို ပြုလုပ်ခဲ့ပါ သည်။

ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အန္တရာယ်များကို ကြိုတင်သိရှိကာ မိမိကိုယ်ကို ကာကွယ်နိုင်စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို စနစ်တကျ လိုက်နာတတ်စေရန် ရည်ရွယ်၍ အသိပညာများ မျှဝေပေးခဲ့ပါသည်။ 💙
အသိပညာတိုးပွားခြင်းမှ လုံခြုံသောအနာဂတ်ဆီသို့… 🌱







☎️092200500၊ 09799516700

07/08/2026

📹 Staff Party 2026 – A Memorable Evening

၂၀၂၆ ခုနှစ်၊ မေလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့သော Staff Party ၏ အမှတ်တရ Video File ကို ယခုမှ လက်ခံရရှိသဖြင့် နောက်ကျပြီးမှ မျှဝေတင်ဆက်လိုက်ရပါသည်။

ထိုနေ့၏ ပျော်ရွှင်ဖွယ်အချိန်များ၊ ရင်းနှီးနွေးထွေးသော ဆက်ဆံရေးများ၊ စည်းလုံးညီညွတ်မှုနှင့် အဖွဲ့အစည်း၏ တန်ဖိုးရှိသော အမှတ်တရများကို ဤ Video မှတစ်ဆင့် ပြန်လည်မျှဝေဂုဏ်ပြုအပ်ပါသည်။

Thamardi Private High School (Meiktila)၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစဉ်တစိုက် ကြိုးစားဆောင်ရွက်ပေးနေကြသော ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။ ရှေ့ဆက်၍လည်း ပိုမိုအောင်မြင်သော ခရီးလမ်းများကို အတူတကွ လျှောက်လှမ်းနိုင်ကြပါစေ။

Together We Grow. Together We Succeed.

လာရောက်လျှောက်ထားနိုင်ပါသည်ရှင် 😊😊😊       ☎️092200500၊ 09799516700
05/08/2026

လာရောက်လျှောက်ထားနိုင်ပါသည်ရှင် 😊😊😊







☎️092200500၊ 09799516700

🙏 ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း 🙏၂၄.၇.၂၀၂၆တွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာတော်သံဃာတော်အရှင်မြတ်များအား ဝါဆို...
30/07/2026

🙏 ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း 🙏

၂၄.၇.၂၀၂၆တွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆရာတော်သံဃာတော်အရှင်မြတ်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြပါသည်
ဤကုသိုလ်ကောင်းမှုအစုစုကို အားလုံးအတူ ထပ်တူထပ်မျှ ကုသိုလ်ယူနိုင်ကြပါစေ။ 🙏







☎️092200500၊ 09799516700

ယနေ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် သမာဓိ ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါနေ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမ...
29/07/2026

ယနေ့ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် သမာဓိ ကိုယ်ပိုင်အထက်တန်းကျောင်း ဘော်ဒါနေ ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့်အတူ ဓမ္မစကြာတရားဒေသနာတော်နှင့် ပဋ္ဌာန်းတရားတော်တို့ကို စုပေါင်းရွတ်ဖတ်ပူဇော်၍ မြတ်စွာဘုရားရှင်အား ရိုသေစွာ ပူဇော်ကန်တော့ခဲ့ကြပါသည်။

ဤကောင်းမှုကုသိုလ် မင်္ဂလာအပေါင်းကြောင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ပညာထူးချွန်၍ ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် အနာဂတ်ဘဝခရီးလမ်းတွင် အောင်မြင်မှုများ ရရှိကြပါစေကြောင်း ဆုမွန်းကောင်း တောင်းအပ်ပါတယ်ရှင်...🙏🏻🙏🏻🙏🏻

🙏 ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် 🙏ယနေ့ (၂၉.၇.၂၀၂၆) ဝါဆိုလပြည့်နေ့တွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ စတုဒီသာကျွေးမွ...
29/07/2026

🙏 ဝါဆိုလပြည့်နေ့ အထိမ်းအမှတ် 🙏

ယနေ့ (၂၉.၇.၂၀၂၆) ဝါဆိုလပြည့်နေ့တွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမိသားစုမှ စတုဒီသာကျွေးမွေးလှူဒါန်းခြင်း

အလှူအတန်းများဖြင့် ကုသိုလ်ကောင်းမှုများ တိုးပွားကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏💛








☎️092200500၊ 09799516700

~~~စတုဒီသာဖိတ်ကြားလွှာ~~~~ (၂၉.၇.၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့  ဝါဆိုလပြည့်နေ့တွင် ပြည်သာယာ (၅)လမ်း၊ "သမာဓိ ကိုယ်ပိုင်အထက်တန်းက...
28/07/2026

~~~စတုဒီသာဖိတ်ကြားလွှာ~~~~

(၂၉.၇.၂၀၂၆) ရက်၊ ဗုဒ္ဓဟူးနေ့ ဝါဆိုလပြည့်နေ့တွင် ပြည်သာယာ (၅)လမ်း၊ "သမာဓိ ကိုယ်ပိုင်အထက်တန်းကျောင်း" တွင် မနက် ၈နာရီမှစတင်၍ ကြက်သားဟင်း၊ ပုစွန်ခြောက်ကြော်နှင့် ချဉ်ပေါင်ဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါ၍ မည်သူမဆိုလာရောက်သုံးဆောင်နိုင်ပါတယ်ရှင်







☎️092200500၊ 09799516700

17/07/2026

သမာဓိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီး ဒေါ်ကြည်ကြည်မြင့် (၇၈နှစ်) သည် ၁၃ / ၇ /၂၀၂၆ နံနက် ၉:၄၅ အချိန်တွင် ဘဝတပါးသို့ ကောင်းမွန်စွာ ကူးပြောင်းသွားပါသဖြင့်
၁၈ / ၇ /၂၀၂၆ နေ့လည် (၁၂:၃၀) တွင် သံဃာ (၇၈)ပါးဖြင့် သံရဏဂုံတင်ပြီး နေ့လည် (၂:၀၀) နာရီတွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ မြင်တော်ကန်သုဿန်သို့ ပို့ဆောင်၍
မီးသင်္ဂြိုလ်မည် ဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့်အသိပေးအပ်ပါသည်။

17/07/2026

သမာဓိကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဆရာမကြီး ဒေါ်ကြည်ကြည်မြင့် (၇၈နှစ်) သည် ၁၃-၇ -၂၀၂၆ နံနက် ၉:၄၅ အချိန်တွင် ဘဝတပါးသို့ ကောင်းမွန်စွာ ကူးပြောင်းသွားပါသဖြင့် ၁၈ - ၇ -၂၀၂၆ နေ့လည် (၁၂:၃၀) တွင် သံဃာ (၇၈)ပါးဖြင့် သံရဏဂုံတင်ပြီး နေ့လည် (၂:၀၀) နာရီတွင် သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းမှ မြင်တော်ကန်သုဿန်သို့ ပို့ဆောင်၍ မီးသင်္ဂြိုလ်မည် ဖြစ်ပါကြောင်း ဝမ်းနည်းစွာဖြင့်အသိပေးအပ်ပါတယ်ရှင်.....

15/07/2026

သမာဓိကိုယ်ပိုင်အထက်တန်းကျောင်းများ တည်ထောင်သူ ဆရာမကြီး ဒေါ်ကြည်ကြည်မြင့်၏ ဈာပနကိစ္စများ ဆောင်ရွက်ရန်ရှိပါသဖြင့် သမာဓိ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ရုံးခန်းကို ၁၇-၇-၂၀၂၆မှ ၂၀-၇-၂၀၂၆ထိ ပိတ်ထားမည် ဖြစ်ကြောင်း အသိပေး ကြေငြာအပ်ပါသည်ရှင် ...

Address

No. 288, PyiTharYar Street 5
Meiktila

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00

Telephone

+9592200500

Website

Alerts

Be the first to know and let us send you an email when Thamardi Private High School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Thamardi Private High School:

Shortcuts

Share

Category