Kyaw Programming

Kyaw Programming Computer Programming Learning Channel

🚀 Telegram Ads ဆိုတာ ဘာလဲ။Telegram Ads ဆိုတာက Telegram App ပေါ်မှာ သင့် Channel, Group, Bot, Product Page တို့ကိုလူသိမျာ...
28/10/2025

🚀 Telegram Ads ဆိုတာ ဘာလဲ။
Telegram Ads ဆိုတာက Telegram App ပေါ်မှာ သင့် Channel, Group, Bot, Product Page တို့ကို
လူသိများအောင် ကြော်ငြာဖော်ပြနိုင်တဲ့ Official Advertising System တစ်ခုပါ။
အခြား Social Media Ads တွေလိုပဲ
📲 Telegram Ads မှာလည်း သင့် target audience ကို ရှိသလိုပြသနိုင်ပါတယ်။
ဥပမာ – Myanmar ထဲက Tech Channel တွေ၊ Fashion Channel တွေကို ရည်ရွယ်ပြီး သင့် channel link ကို join ဖြစ်အောင် ပြသနိုင်ပါတယ်။

💡 ဘယ်လိုအလုပ်လုပ်သလဲ
Telegram Ads မှာ အဓိက 3 ပိုင်းရှိပါတယ်👇
1️⃣ Ad Post – title, image , short video
2️⃣ Link – သင့် channel / group link
3️⃣ Target Channels – Telegram မှာ သင့်ကြော်ငြာ ပြချင်တဲ့ channel များ (အများအားဖြင့် တွေ)

Ads တင်ပြီးနောက်မှာTelegram Algorithm က သက်ဆိုင်ရာ audience များထံမှာ သင့် message ကို organic-style ပေါ်အောင် ပြသပေးပါတယ်။
👉 တစ်ခါသုံးသလောက် မဟုတ်ဘဲ “per 1000 views (CPM)” အနေနဲ့ ငွေချသွင်းရပါတယ်။

🌟 Telegram Ads ရဲ့ အားသာချက်များ
✅ Telegram ရဲ့ organic reach မြင့်မားတယ် — ကြော်ငြာတွေကို မူရင်း post လိုပဲ မြင်ရတယ်။
✅ “Join” action ပြုလုပ်သူ အရေအတွက်ကို တိတိကျကျ track လုပ်လို့ရတယ်။
✅ Audience targeting လုပ်ရာမှာ Channel-based ဖြစ်တဲ့အတွက် niche လုပ်ရာကောင်းတယ်။
✅ Budget ကို မိမိလိုသလို သတ်မှတ်နိုင်တယ် (CPM အနေနဲ့ — ဥပမာ 0.10 / 0.13 kyat per 1000 views)

⚠️ အားနည်းချက်များ
❌ Facebook Ads လို detailed targeting (age, gender, interest) မရှိပါ။

💼 ဘယ်သူတွေ အသုံးပြုသင့်လဲ
🔹 Telegram Channel သုံးတဲ့ Content Creator များ
🔹 2D, Crypto, Tech, Job, Entertainment Channel Owner များ
🔹 Telegram Bot Developer များ
🔹 Telegram ကို Main Marketing Channel အနေနဲ့ သုံးချင်သူများ

💰 ဘာလို့ Business တိုးတတ်လာနိုင်သလဲ
Telegram Ads က သင့် content ကို Channel တွေထဲမှာ
တစ်နေ့လျှင် သောင်းထောင်၊ သိန်းချီတဲ့ Views ပေးနိုင်တယ်။ အဲဒီအတွက် သင့် Channel followers, Group joiners, Bot users တွေ တဖြည်းဖြည်း တိုးလာတယ်။
ဒီလိုနဲ့ — brand visibility, traffic, conversion တွေ
တိုးလာပြီး သင့်စီးပွားရေးအတွက် ROI (Return On Investment) တန်ဖိုး ပြန်လာတတ်တယ်။
🧩 ROI ဆိုတာ – သင်ရိုက်သုံးသွားတဲ့ ငွေတန်ဖိုးနဲ့ ပြန်ရတဲ့ အကျိုးအမြတ်အချိုးပါ။
ဥပမာ – သုံးသွားတဲ့ 50,000 Ks နဲ့ 100,000 Ks ဝင်လာရင် ROI = 200% ဖြစ်တယ်။

🌈 အခုခေတ်မှာ Telegram Ads ကို သုံးတာက ပိုမိုလွယ်ကူပြီး – Result မြင့်တတ်ပါတယ်။
📩 သင့် Channel / Business ကို Telegram Ads နဲ့ Boost လုပ်ချင်ရင် ကျနော့်စီမှာ လာအပ်လို့ရပါတယ်။
➡️ Ad Setup
➡️ Channel Targeting
➡️ Budget Optimization
➡️ Daily Report & Performance Review

🧠 “Telegram Ads Campaign ကို တည်ဆောက်ဖို့
Kyaw Programming က အကူအညီပေးပါမယ်။”

📲 Message ပေးလိုက်ပါ။
ဒီလကတည်းက သင့် Telegram Channel ကို လူသိများအောင် ပြသလိုက်ကြရအောင်! 🚀

📢 Google Ads နဲ့ သင့်စီးပွားရေးတိုးတက်ရေးအခုခေတ်မှာ စီးပွားရေးတစ်ခု တိုးတက်ဖို့ဆိုရင်အွန်လိုင်းပေါ်မှာ သက်ဆိုင်ရာ custom...
23/10/2025

📢 Google Ads နဲ့ သင့်စီးပွားရေးတိုးတက်ရေး

အခုခေတ်မှာ စီးပွားရေးတစ်ခု တိုးတက်ဖို့ဆိုရင်
အွန်လိုင်းပေါ်မှာ သက်ဆိုင်ရာ customer တွေကို တိကျတယ်၊ မြန်တယ်၊ တန်ဖိုးရှိတဲ့ နည်းလမ်းနဲ့ ရောက်ဖို့လိုတယ်။အဲ့တာကို အကောင်အထည်ဖော်ပေးနိုင်တာကတော့ — Google Ads ပဲ ဖြစ်ပါတယ်။ 💡

🔍 Google Ads ဆိုတာဘာလဲ။

Google Ads ဆိုတာ သင့်ရဲ့ Product / Service ကို
Google Search, YouTube, Gmail, App မျိုးစုံပေါ်မှာ ပြသပေးတဲ့အွန်လိုင်းကြော်ငြာစနစ်တစ်ခု ဖြစ်ပါတယ်။

Customer တစ်ယောက်က “Yangon food delivery” လို့ရှာတဲ့အခါ သင့် Restaurant App ကို ပထမဆုံးနေရာမှာ မြင်နိုင်တာက Google Ads ရဲ့ အကျိုးပါ။

⚙️ ဘယ်လိုအလုပ်လုပ်သလဲ။

➡ Keyword တွေသတ်မှတ်ပြီး
➡ သက်ဆိုင်ရာ Audience တွေရှာတဲ့အခါ
➡ သင့် Ads ကို ပထမဆုံးနေရာတွင် ပြသပေးပါတယ်။

ဒါကြောင့် Intent-based Marketing လို့ ခေါ်ပါတယ်။
အနည်းငယ်သော Budget နဲ့ပင် သက်ဆိုင်သူတွေကို တိုက်ရိုက်ရောက်နိုင်ပါတယ်။

📊 Performance Comparison – Last Month vs This Month

သင့် Ads Performance ကို ဥပမာအနေနဲ့ ပြောရရင် 👇

Last Month (September):

Clicks – 11.2K

Impressions – 78K

Cost – $83.11

Installs – 1.92K

Cost per Install – $0.04

This Month (October):

Clicks – 15.5K

Impressions – 410K

Cost – $105

Installs – 5.13K

Cost per Install – $0.02

📈 Clicks, Impressions, Installs အားလုံး တိုးလာသလို
Cost per Install လည်း အတော်လေး ကျလာတယ်။
ဒီလို result ပေးတာကတော့ targeting မှန်၊ creative ပြင်ပြီး optimization လုပ်ထားတာကြောင့်ပဲဖြစ်ပါတယ်။

🌟 Google Ads ရဲ့ အားသာချက်များ

✅ Customer ကို တိကျတဲ့ keyword နဲ့ ရှာတွေ့နိုင်တယ်
✅ Daily/Monthly Budget ကို မိမိလိုသလို ထိန်းနိုင်တယ်
✅ Real-time Report တွေကြည့်နိုင်တယ်
✅ Short period အတွင်း ROI ( Return On Investment)ပြန်ရတတ်တယ်

🔴 အားနည်းချက်များ

⚠️ Competition keyword တွင် CPC မြင့်တတ်တယ်
⚠️ Creative မကောင်းရင် Click rate နည်းတတ်တယ်

🚀 ဘယ်သူတွေ အသုံးပြုသင့်လဲ

New business owners

App download & sales တိုးချင်သူများ

Local business / online service providers

Brand awareness တိုးချင်သူများ

💬 နောက်ဆုံးအကြောင်းပြောရရင်...

Google Ads က သင့်စီးပွားရေးအတွက် “အမြန်ဆုံး customer ရောက်နိုင်တဲ့ နည်းလမ်း” ဖြစ်တယ်။
နည်းလမ်းမှန်ရင် သေးငယ်တဲ့ budget နဲ့ပင် ကြီးမားတဲ့ reach ရနိုင်ပါတယ်။

📲 သင့်စီးပွားရေးအတွက် Google Ads Campaign တည်ဆောက်ဖို့ / Optimize လုပ်ဖို့ Kyaw Programming ဆီမှာ လာအပ်နိုင်ပါတယ်။ Keyword research, setup, performance analysis, budget control အကုန်အကူအညီပေးပါမယ်။

ဒီလကတည်းက သင့် Brand ကို Google ပေါ်မှာ တက်လာအောင် စလုပ်လိုက်ပါ။ Message ပေးလိုက်ပါ။
Kyaw Programming က Step by Step
အကူအညီပေးမယ်။ 💬

Kyaw Programming စီမှာ ယုံကြည်စွာ အပ်ပြီးရေးခိုင်းထားသော 2D3D Live Software ကို customer ထံ အပ်နှံပြီး။ ကြော်ငြာများဖြင့...
16/01/2025

Kyaw Programming စီမှာ ယုံကြည်စွာ အပ်ပြီးရေးခိုင်းထားသော 2D3D Live Software ကို customer ထံ အပ်နှံပြီး။ ကြော်ငြာများဖြင့် ငွေများများရှာနိုင်ပါစေလို့ KPမှ ဆုတောင်း ပေးလိုက်ပါတယ်ဗျ။

📲User App မှာ ပါသော features များ

🔰 2D3D Live and Calendar , tips
🔰 Sign-in Google and Group Chatting Message
🔰 Google Admob Ads
🔰 Light/Dark Theme
🔰 Language change

==================================

📲Admin App မှာ ပါသော features များ

🔰 2D/3D Calendar Management
🔰 Sending Notification Management
🔰Version Alert Management
🔰Category Tips Management
🔰User Management
🔰Setting Management
🔰Slider Image Management

==================================

Technology Stacks

🌐 Mobile React Native
🌐 Server Node.js
🌐 Database MongoDB
🌐 Messaging Socket.io
🌐 Deployment AWS ec2
🌐 Domain from Namecheap
🌐 Notification with Firebase Cloud Messaging (FCM)
🌐 Authentication with Google

27/11/2020

Free domain name vs hosting ( lesson-2 )
Heroku ကို backend server အနေနဲ့ အသုံးပြုပြီး
- update ပြုလုပ်ပုံ
- Json ပြန်ထုတ်ပုံကို
ရှင်းပြပေးထားပါတယ်။
Development tool တစ်ခုအသုံးပြုပုံကိုရှင်းပြပေးထားတာပါ။
Programming language ပိုင်းကို မိမိစိတ်ကြုက်
Language တစ်ခုကို အသုံးပြုနိုင်ပါတယ် ။

27/11/2020

Free domain name vs hosting တစ်ခုကို ဘယ်လို set up လုပ်မလဲ။

Heroku မှာ registration လုပ်ပြိး web application တစ်ခု
ဖန်တီးပုံ အဆင့်ဆင့်ကိုဖော်ပြပေးထားပါတယ်။ နားမလည်တာရှိရင်၊
error တစ်ခုခု ဖြေရှင်းမရလျှင် မေးမြန်းနိုင်ပါတယ်။

-မိတ်ဆွေတို့ စက်ထဲမှာ git install သွင်းထားရပါမယ်။
-Heroku cli ကို install လုပ်ထား ရပါမယ်။

ကျွန်​တော်ရဲ့  မိတ်ဆွေ၊ ဦးကြီး၊ ဒေါ်ကြီး များများကကျနော် ကွန်ပျူတာတက္ကသိုလ်ကြီး တတ်နေလို့ကျောင်းပြီးရင်... ဘာအလုပ်လုပ်မ...
31/10/2020

ကျွန်​တော်ရဲ့ မိတ်ဆွေ၊ ဦးကြီး၊ ဒေါ်ကြီး များများက
ကျနော် ကွန်ပျူတာတက္ကသိုလ်ကြီး တတ်နေလို့
ကျောင်းပြီးရင်... ဘာအလုပ်လုပ်မှာလဲ၊ ဘာအလုပ်တေလုပ်လို့ရလဲလို့
မကြာခနဆိုသလို မေးကြပါတယ်။ သေချာရှင်းပြချိန်မရလို့
ကုမ္ပဏီ မှာလုပ်လို့ရပါတယ်လို့ပဲ အရင်းမရှိ အဖျားမရှိဖြေ
ပေးလိုက်ပါတယ်။ သူတို့အတွက်ကတော့ ကုမ္ပဏီ ဆိုတဲ့
ဝေါဟာရနဲ့ပင် အတော်ကြီးပြည့်စုံ သွားပါပြီ။ ကောင်းတယ်
ကြိုစား ကြိုစား လို့ပြောကြသလို အစိုးရအလုပ်မလုပ်ဘူးလားလို့
တွန်းအားပေးတဲ့ လူကြီးတွေလည်းရှိပါတယ်။
သည်ကနေ့မှာတော့ သိသလောက်၊ လေ့လာထားသလောက် အသေးစိတ်လေး ရေးမယ်လို့ စိတ်ကူးထားမိပါတယ်။

ကွန်ပျူတာကျောင်းပြီးရင် ဘာလုပ်လို့ရလဲ
========================

အပိုင်း ( ၁ )

ယနေ့ခေတ်က အင်တာနက်ခေတ်ဆိုတော့ လူတိုင်းနီးပါး အင်တာ
နက်ကို အသုံးပြုလာကြပါတယ်။ စီးပွားရေး လုပ်ငန်းရှင် အများ
အပြားကလည်း သူတို့ရဲ့ ထုပ်ကုန်တွေကို တွင်ကျယ်စွာရောင်းချ
နိုင်ဖို့ လူအသုံးများတဲ့ အင်တာနက်ကို အမှီပြုလာကြပါတယ်။
အင်တာနက်ပေါ်မှာ စီးပွားရေးလုပ်ငန်းရဲ့ ကြော်ညာသတင်းတွေတင်
မယ်၊ ကုမ္ပဏီ ရဲ့ အလုပ်ခေါ်စာတွေ တင်မယ်၊ အလုပ်လာအပ်တာတွေ လက်ခံမယ် စတာတွေ တင်ကြမယ်။
အခုလိုတင်ဖို့ဆိုရင် websites (web application)
တွေရေးဆွဲရပါတော့မယ်။ ဝက်ဆိုဒ် တွေကိုထောင်ရပါတော့
မယ်။ ဝက်ဆိုဒ် ထောင်မယ်ဆိုတာ နို့ဆီဗူးထောင်သလို
မလွယ်ကူပါဘူး။ Web programming ဘာသာရပ်တွေလေ့
လာထားပြီး၊ တတ်ပြီးမှ ရေးဆွဲလို့ရတာပါ။ ရေးဆွဲပြီးသား
ဝက်ဆိုဒ် ကို လူတကာဝင်ရောက်ကြည့်နိုင်ဖို့ internet web
server ကို ဝယ်ပြီးမှတင်လို့ရပါတယ်။ စီးပွားရေး ကုမ္ပဏီ
များ ၊ သတင်းစာ ဂျာနယ် ဆောင်းပါး လုပ်ငန်းများ ၊ အစိုးရအဖွဲ့
အစည်းများ ၊ ကိုယ်ပိုင် ကျောင်း ဆေးရုံများ ၊ ရုပ်ရှင်ရုံများ ၊
လေကြောင်းလိုင်း လုပ်ငန်းရှင် များက အခုလိုမျိုး ဝက်ဆိုဒ် ရေးဆွဲတာ၊ ဝက်ဆိုဒ် အင်တာ နက်ပေါ်တင်တာတွေကို ကိုယ်တိုင်မလုပ်နိုင်ကြပါဘူး။
ကွန်ပျူတာကျောင်းပြီး Web Developer တွေကိုရေးဆွဲခိုင်းပါ
တယ်။ ( ကွန်ပျူကျောင်းပြီးမှ မဟုတ်ပါဘူး၊ ပြင်ပ IT နည်းပညာ ကျောင်း၊ သင်တန်းပြီးတွေလည်း ရေးဆွဲနိုင်ကြပါတယ်။)
Web Developer များက လုပ်ငန်းရှင်များရဲ့
စိတ်တိုင်းကျ ရေးဆွဲပေးခြင်းအားဖြင့် အခကြေးငွေရပါတယ်။
နောင်တစ်ချိန် ပြီးစီးသွားတဲ့ website ကို လုပ်ငန်းရှင်က
ပြုပြင်ချင်ရင်လည်း အခကြေးငွေယူပါတယ်။ အဆင့်မြင့်ချင်ရင်
လည်း အခကြေးငွေယူမှာပါ။ ထိန်းသိမ်းခ်ိုင်းချင်ရင်လည်း ထိန်း
သိမ်းခယူပါတယ်။ ( website ကလည်း စက် ပစ္စည်းတွေ
လိုပါပဲ😊။)

ဒါဖြင့် ကုမ္ပဏီ မှာ ဝက်ဆိုဒ်ရှိဖို့လိုအပ်သလား။ ကုမ္ပဏီမှာ
ဝက်ဆိုဒ်ရှိမှ ဂုဏ်သိက္ခာရှိမယ် ဆိုရင်တော့ဆွဲပေါ့။ မရှိရင်လည်း
ဘာမှ မဖြစ်ဘူးဆိုရင်လည်း မဆွဲနဲ့ပေါ့။ သို့သော် ဝက်ဆိုဒ်ရှိခြင်း
ရဲ့ကောင်းကျိုးတွေတင်ပြပါ့မယ်။

ဥပမာ - လူကြီးမင်းရဲ့ ကုမ္ပဏီဟာ ကမ္ဘာလှည့် ခရီးသွားတွေကို
နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေပို့ဆောင် စီစဉ်ပေးတဲ့ ကုမ္ပဏီဆိုပါစို့။
နိုင်ငံရဲ့ ထင်ရှားတဲ့နေရာတွေရဲ့ ကုန်ကျနိုင်စရတ်နဲ့ အကြောင်းအရာ
တွေ ဝက်ဆိုဒ်မှာတင်ထားမယ်။ တာဆို ခရီးသွားတွေက သူတို့စိတ်ဝင်စားတဲ့နေရာကို ကုမ္ပဏီထိလာရောက်စုံစမ်းနေစရာ
မလိုဘဲ အလွယ်တကူ သိနိုင်မယ်၊ အလွယ်တကူ ကြိုတင်းစားရင်း
သွင်းနိုင်သောကြောင့် ကိုယ့်စီကို လာတဲ့ ဧည့်သည်
ပိုများနိုင်ခြေရှိပါတယ်။ ဆိုးကျိုးကတော့ ဝက်ဆိုဒ်ကြေးကုန်မယ်၊ အင်တာနက်ကြေးကုန်မယ်။ ဝက်ဆိုဒ်ကို ကိုင်တွယ်လုပ်ဆောင်ပေးဖို့ ဝန်းထမ်းလိုမယ်။

ဆိုတော့က ကွန်ပျူတာကျောင်းပြီးရင် Web Developer
လုပ်လို့ရပါတယ်။

🔰What  is React Js?React ဟာဆိုရင် javascript ရဲ့ open source libraryတစ်ခုဖြစ်တယ်။ Dynamic နဲ့ interactive ဖြစ်တဲ့ user i...
25/10/2020

🔰What is React Js?
React ဟာဆိုရင် javascript ရဲ့ open source library
တစ်ခုဖြစ်တယ်။ Dynamic နဲ့ interactive ဖြစ်တဲ့ user interface (UI) ကို ဖန်းတီးဖို့အတွက် အသုံးချနိုင်တယ်။

React ဟာဆိုရင် user interface တွေဖြစ်တဲ့ web layer တွေ၊ mobile application တွေကို သက်ရောက်မှု
ရှိစွာ ကိုင်ဆောင်နိုင်ပါတယ်။

React ကို software engineer အဖြစ် Facebook မှာလုပ်လုပ်နေတဲ့ Jorden Walke က တီထွင်ခဲ့တယ်။
On April 2017, React fiber ကို ကြော်ညာခဲ့တယ်။
Initial release ကတော့ May 29, 2013 ပဲဖြစ်ပါတယ်။
React ရဲ့ current version ဟာ 16.13.2 ဖြစ်တယ်။

==================================

🔰What is React Native?
React Native ဟာ mobile application တွေတည်
ဆောက်ဖို့အတွက် Javascript နဲ့ React library နှစ်ခု
ပေါင်းစပ်ထားတဲ့ Framework တစ်ခု ဖြစ်တယ်။

Cross platform တစ်ခုဖြစ်ပြီး Android, IOS application တွေကို ဖန်တီးနိုင်တယ်။

React Js ရဲ့ concepts တွေဖြစ်တဲ့ components,
state, props, lifecycle, စတာတွေကို အသုံးချထားတယ်။

React Native app တွေက hybrid app တွေမဟုတ်ကြ
ပါဘူး။ Webview အတွင်းမှာ မ run ပါဘူး။ Swift,
Objective-c, Java တွေနဲ့တည်ဆောက်ထားတဲ့ native app တွေလို တူညီတဲ့အခြေခံ အစိတ်အပိုင်းတွေနဲ့ တည်ဆောက်
ပါတယ်။ အခြား cross platform တွေဖြစ်တဲ့ Cordova,
PhoneGap, Ionic တွေထက် မြန်ဆန်ပြီး စွမ်းဆောင်ရည်
မြင့်ပါတယ်။

React native ကို စတင်ပြီး လေ့လာမယ်ဆိုရင်
-Expo-cli
-React-native-cli
ဆိုပြီးနှစ်ခုရှိပါတယ်။
သူတိူ့တွေမှာ အားသာချက်၊ အားနည်းချက်ကိုယ်စီရှိကြပါတယ်။

Expo-cli နဲ့ စတင်ပြီးလေ့လာမယ်ဆိုရင်
Hello World app ကို မီနစ်အနည်းငယ်အတွင်းမှာ စတင်နိုင်
ပါတယ်။ React-native-cli နဲ့ဆိုရင်တော့ နာရီပိုင်းလောက်ထိ
ကြာမြင့်နိုင်ပါတယ်။ Android development အတွက်ဆို
ရင် android studio setup လုပ်ရမယ်။ Java SDK
install လုပ်ရမှာဖြစ်ပါတယ်။ IOS အတွက်ဆိုရင်လည်း
XCode & ios-simulator စတဲ့ environment setup တွေလူပ်ရမှာဖြစ်ပါတယ်။ Mobile development
နဲ့မရင်းနှီးသော beginner အတွက်ကတော့ အနည်းငယ်
ခက်ခဲနိုင်ပါတယ်။ Expo-cli က React native ကို အခုမှ
စလေ့လာမည့်သူအတွက် အဆင်ပြေပါတယ်။ အခြား မည်သည့်
setup မှလုပ်စရာမလိုပဲ Browser မှာ
Code ရေးပြိး Browser မှာပင် run လို့ရပါတယ်။

Javascript Web Developer များ mobile development ကို စတင်လှမ်းချင်ရင် react native ဟာ သင့်တော်သော ရွေးချယ်မှူ တစ်ခုဖြစ်ပါတယ်။

Address

Meiktila

Alerts

Be the first to know and let us send you an email when Kyaw Programming posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Kyaw Programming:

Shortcuts

Share

Category