18/07/2020
ကျွန်တော်တို့ ကြိုသိ၊ ကြိုတွေးထားတဲ့ တချို့သော အကြောင်းအရာတွေက လက်တွေ့နဲ့ လုံးလုံးကြီး ဆန့်ကျင်နေတာတွေ ကြုံဖူးကြမှာပါ။
အဲဒီအချိန်မှာ ကျွန်တော်တို့က အမှန်တရားနဲ့ ဘယ်လောက်ခြားနားနေကြောင်း ပေါ်လွင်စေဖို့အတွက် #ခနဲ့တဲ့တဲ့ ပြောလေ့ရှိကြပါတယ်။
အင်္ဂလိပ်လို ပြောတဲ့အခါမှာရော ကျွန်တော်တို့ ဘယ်လို ခနဲ့တဲ့တဲ့ ပြောကြမလဲ... ။❓❓❓😅
အခုတစ်ခါမှာ ကျွန်တော်တို့ LWE က
# အင်္ဂလိပ်လို_ခနဲ့တဲ့တဲ့_ဘယ်လိုပြောနိုင်မလဲဆိုတာကို_မျှဝေပေးထားပါတယ်။ 👇👇👇
အရင်ဆုံးဥပမာလေးတွေ ကြည့်ကြရအောင်။
Boy A - ဟေ့ကောင် သားကြီး မင်းက crush လေးနဲ့ chatting ထိုင်နေတာလားဟ။
Boy B - chatting ထိုင်ဖို့ကြိုးစားနေတာပဲ သားကြီးရာ။ ဒီမှာ reply ရဖို့နေသာသာ seen တောင်မပြဘူး။
♻♻♻
Boy A - Hey buddy, are you seriously chatting with your crush ?
Boy B - Of course man, I am still trying to do so. But far from getting any reply , she hasn't seen my message.
Boy - ငါ့ကိုပြန်ချစ်ပါလား
Girl - ဝေးသေး ( ပြန်ချစ်ဖို့ ဝေလာဝေး)။... အခုထိ သူငယ်ချင်းဖြစ်နေတာတောင် နင်ကံကောင်းနေလို့မှတ်။
♻♻♻
Boy - Will you love me back , won't you ?
Girl - Far from it. It is luck of you to be friend with me so far.
Girl A - ဘယ်လိုလဲ ဘဲကြီးက လန်းရဲ့လား။
Girl B - နင်ဘယ်လိုတောင် ပြောထွက်လိုက်တာလဲ။ အလွန်ကြီးလန်းပါလိမ့်မယ်။
♻♻♻
Girl A - Hey... Is that man good-looking?
Girl B - How dare you say that ! He is far from ( being ) good-looking.
ဆိုတော့ ...
အထက်က ဥပမာတွေကို ကြည့်ရင် far from ရဲ့ အသုံးကို ရှင်းရှင်းကြီး တွေ့ရမှာဖြစ်ပါတယ်။ 🙄🙄
✳️eg 1 မှာ
far from getting any reply >>> reply ရဖို့နေနေသာသာ
®Note
far from doing something (or)
far from Ving >>> Ving ဖြစ်ဖို့ နေနေသာသာ
✳️eg 2 မှာ
far from it >>> ဝေးသေး ( ပြန်ချစ်ဖို့ ဝေလာဝေး)။
®Note
far from it >>> ဝေးသေး ။ ( ဝါကျထဲက verb ဖြစ်ဖို့ ဝေးသေး )
( အထက်က ပြောခဲ့တဲ့ statement ကြီး တစ်ခုလုံးကို " it" နဲ့ ညွှန်းထား)
✳️eg 3 မှာ
He is far from (being) good-looking >>>
အလွန်ကြီးလန်းပါလိမ့်မယ်။
®Note
far from (being) adj >>> အလွန်ကြီး adj ဖြစ်ပါလိမ့်မယ်
* * * * * * * * * * * * * * * *
အခုလောက်ဆိုရင် "far from" အသုံးပြုမှု ပုံစံနဲ့ ဘာသာပြန်ပုံ အကြမ်းဖျင်းကို နားလည်လောက်ပြီလို့ ယူဆပါတယ်။🤔💯💯💯
နောက်ထပ် ဥပမာလေးတွေနဲ့ ဆက်လေ့လာကြည့်ကြဦးစို့ ... ။
Person A - Doesn't your boyfriend come to you?
( နင့်ဘဲက နင့်ဆီ မလာဘူးလား )
person B - Far from it, he doesn't call me .
( လာဖို့ နေနေသာသာ ။ ဖုန်းတောင် မခေါ်ဘူး )
Person A - Is his presentation interesting, isn't it ?
( သူတင်ပြပုံက စိတ်ဝင်စားစရာ ကောင်းတယ် မဟုတ်လား)
Person B - It is far from interesting.
( အလွန်ကြီး စိတ်ဝင်စားစရာ ကောင်းပါလိမ့်မယ် )
Person A - Will you party on your birthday?
( မင်းမွေးနေ့မှာ ပါတီပေးမှာလား )
Person B - Far from partying, I don't have a penny to treat you a table.
( ပါတီပေးဖို့ နေနေသာသာ ။ မင်းကို တစ်ဝိုင်းလောက်ကျွေးဖို့တောင် ပိုက်ဆံတစ်ပြားမှ မရှိဘူး )
ကျွန်တော်တို့ရဲ့ sharing တွေကို နှစ်သက်တယ်ဆိုရင်တော့ LWE page ကို like & share လေး လုပ်ထားနိုင်ပါတယ် ခင်ဗျ။💯💯💯
နောက်ထပ် sharing တွေအတွက်လည်း ပြင်ဆင်နေပါတယ် ခင်ဗျ 💯💯💯
သင်တန်းနဲ့ ပတ်သက်ပြီး စုံစမ်းလိုပါက
☎️ 09 775520321
☎️09 768253042
# good_Luck
# Your_LWE