Nursing Training School Meiktila Students' Union

Nursing Training School Meiktila Students' Union ကျောင်းသားရှိရင် ကျောင်းသားသမဂ္ဂ ရ?

14/11/2022

သူနာပြုနှင့်သားဖွားလိုင်စင်များ​ထုတ်​ပေး​နေပြီဖြစ်ကြောင်း ​ကြေညာခြင်း
********************************
မင်္ဂလာပါရှင့်
ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ သို့ ​လိုင်စင်လျှောက်ထားလာ​သော သူနာပြု၊သားဖွားများအနက် အချက်အလက်များကို စီစစ်ပြီး ပြည့်စုံမှုရှိသူများအား သူနာပြုနှင့်သားဖွားလိုင်စင်များကို Email ဖြင့် ​ပေးပို့လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ ဆရာ/ဆရာမတို့၏ Email များကို စစ်​ဆေးကြည့်ပါရန်နှင့် အ​သေးစိတ်သိရှိလိုပါက IFNMC telegram account - https://t.me/fnmcmyanmar သို့ ဆက်သွယ်​မေးမြန်းနိုင်ပါ​ကြောင်း သတင်း​ကောင်းပါးအပ်ပါသည် ...

​လေးစားလျက်
ကြားကာလဖက်ဒရယ်သူနာပြုနှင့်သားဖွား​ကောင်စီ
Interim Federal Nursing and Midwifery Council (IFNMC)

14/11/2022
◾ International Democracy Day 2022 အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SU...
15/09/2022

◾ International Democracy Day 2022 အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့အခမ်းအနားသို့ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ (SURC) မှ ပေးပို့သောသဝဏ်လွှာ

◾International Democracy Day 2022 Message sent by the Student Union Representatives Committee (SURC) to the International Democracy Day Celebration

◾ကျောင်းသားသမဂ္ဂ(၂၁၀)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်| စက်တင်ဘာ (၁၄)ရက်၊ ၂၀၂၂ခုနှစ် အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာကို အကြိမ်က...
15/09/2022

◾ကျောင်းသားသမဂ္ဂ(၂၁၀)ဖွဲ့၏ ပူးတွဲထုတ်ပြန်ချက်
| စက်တင်ဘာ (၁၄)ရက်၊ ၂၀၂၂ခုနှစ်

အကြမ်းဖက်စစ်တပ်သည် တိုင်းပြည်အာဏာကို အကြိမ်ကြိမ် အဓမ္မလုယူ၍ လက်နက်အားကိုးဖြင့် ပြည်သူလူထုအပေါ် ဖိနှိပ်အုပ်ချုပ်ကာ တိုင်းပြည်ကို အဘက်ဘက်မှ ဆင်းရဲတွင်းနက်အောင် ဆွဲချလျက်ရှိသည်။ ဖက်ဆစ်စစ်တပ်သည် ပြည်သူလူထု၏ စည်းဇိမ်ဥစ္စာမြို့ရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ လေကြောင်းအသုံးပြု၍ လက်နက်ကြီးများ ကြဲချခြင်း၊ ကလေးသူငယ်နှင့် သက်ကြီးဘိုးဘွားများအပါအဝင် အပြစ်မဲ့ပြည်သူပေါင်းများစွာအား ပစ်ခတ်သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ပြောင်ပြောင်တင်းတင်း ကျူးလွန်လျက်ရှိသည်။ ၎င်းတို့လက်ချက်ဖြင့် တိုင်းပြည်အတွင်းရှိ ပြည်သူလူထုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုခက်ခဲကြပ်တည်းလာသည့်အပြင် စစ်ဘေးရှောင်ပြည်သူဦးရေသည်လည်း တစ်စတစ်စ ပိုမိုများပြားလာသည်မှာ ကျွန်ုပ်တို့မျက်မြင်ပင် ဖြစ်သည်။

တော်လှန်းရေးကာလ တစ်နှစ်ကျော်လာသည့်တိုင် စစ်အာဏာရှင်လက်အောက် ခေါင်းငုံ့မခံ၊ အလံမလိပ် အရှိန်အဟုန်ကောင်းကောင်းဖြင့် ဒီမိုကရေစီပန်းတိုင်သို့ ချီတက်လျှောက်လှမ်းနေသော ပြည်သူ့တော်လှန်ရေးကြီးသည် ရဲရင့်ပြတ်သားသော ပြည်သူလူထု၏ဆန္ဒသဘောထားအမှတ်သင်္ကေတ ပင် ဖြစ်သည်။အကြမ်းဖက်နည်းပေါင်းစုံနှင့် ဖြတ်တောက်ဖိနှိပ်နေသည့်ကြားမှ ယနေ့ထက်တိုင် ဘက်ပေါင်းစုံဆင်နွှဲလျှက်ရှိသော ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကြီးအား မိမိတို့ကျောင်းသားသမဂ္ဂများမှ ဦးညွတ်အလေးပြုအပ်ပါသည်။

လူ့အခွင့်အရေးနှင့် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်လျှက်ရှိသော မြန်မာပြည်သူလူထု၏ ဒီမိုကရေစီလှုပ်ရှားမှုများကို သိမြင်လျှက် ဖက်ဆစ်စစ်တပ်၏ ပြည်သူလူထုအပေါ် နှိပ်စက်ကူလူပြုနေမှုများကို နှုတ်ဆိတ်လျှက်ရှိသော အဖွဲ့အစည်းကြီးပေါင်းများစွာကိုလည်း မိမိတို့မှ ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ယင်းသို့ အဖွဲ့အစည်းများ နှုတ်ဆိတ်နေသည့်ကြားမှ မြန်မာပြည်သူလူထုနှင့်အတူ ပေါ်ပေါ်တင်တင် ရပ်တည်ကူညီပေးနေသော နိုင်ငံများနှင့် အဖွဲ့အစည်းများကို ကျွန်ုပ်တို့မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ဖက်ဆစ်စစ်တပ်သည် ယင်းတို့၏ အာဏာသိမ်းမှုကို နိုင်ငံတကာမှအသိအမှတ်ပြုရန် နည်းပေါင်းစုံမှ ကြိုးစားလျှက်ရှိသည်ကိုလည်း တွေ့မြင်နေရပါသည်။ ပြည်သူလူထုသည်“ဖက်ဆစ်နှင့်ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ”ဟူသော ခံယူချက်ဖြင့် ဖက်ဆစ်စစ်တပ်အား အကူအညီပေးနေသည့် နိုင်ငံများ အဖွဲ့အစည်းများကို အပြင်းအထန်ဆန့်ကျင်ကန့်ကွက်ခဲ့ကြကာ ၎င်းတို့၏ သဘောထားကို ပြသခဲ့ပြီးဖြစ်သည်။ ကမ္ဘာကုလသမဂ္ဂအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ၊ ဒေသတွင်းနိုင်ငံများအနေဖြင့် အကြမ်းဖက် ဖက်ဆစ်စစ်တပ်အား အသိအမှတ်ပြုဆက်ဆံခြင်းများကို ရှောင်ကျဉ်ကြပါရန် ကျွန်ုပ်တို့ကျောင်းသားသမဂ္ဂများမှ မေတ္တာရပ်ခံအပ်ပါသည်။ ဖက်ဆစ်စစ်တပ်အား အသိအမှတ်ပြုဆက်ဆံရန် ကြိုးစားလာသော အဖွဲ့အစည်းမှန်သမျှအား ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် သတိပေးလိုက်သည်။

“ဖက်ဆစ်စစ်တပ်နှင့် ပူးပေါင်းသူမှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ကြ”

▪️အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဋ္ဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဋ္ဌာန ၊ ကေအဲန်ယူ - ကရ...
12/09/2022

▪️အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဋ္ဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဋ္ဌာန ၊ ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ၊ B.M.W.E.C နှင့်သက်ဆိုင်ရာ ပြည်တွင်းပြည်ပ အဖွဲ့စည်းများ သို့အိတ်ဖွင့်ပေးစာပေးပို့ခြင်း

ရက်စွဲ။ ။စက်တင်ဘာလ (၁၂)ရက် ၊ ၂၀၂၂ ခုနှစ်

မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထူထောင်ခြင်း(၃)နှစ်ပြည့်အခမ်းအနား သို့ ပေးပို့သော သ၀ဏ်လွှာ
09/08/2022

မိတ္ထီလာစီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ထူထောင်ခြင်း(၃)နှစ်ပြည့်အခမ်းအနား သို့ ပေးပို့သော သ၀ဏ်လွှာ

◾(၃၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ| ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်လူထုလူတန်းစားတရပ်လုံးက စစ်အ...
08/08/2022

◾(၃၄)နှစ်မြောက် ၈၈၈၈ နှစ်ပတ်လည် အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာ

| ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၈) ရက်

လူထုလူတန်းစားတရပ်လုံးက စစ်အာဏာရှင်စနစ်ကို တခဲနက်ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြသော ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးသည် ယနေ့ ၈၊၈၊၂၀၂၂တွင် ၃၄ နှစ်တိုင်ခဲ့ပြီဖြစ်သည်။ စစ်အာဏာရှင်တို့ တိုင်းပြည်ကို နှစ်ပေါင်းခုနှစ်ဆယ်ကျော် ဖိနှိပ်မှုပုံစံအမျိုးမျိုးဖြင့် ဖိနှိပ်အုပ်ချုပ်ခဲ့သော ကာလတလျှောက် ကျောင်းသားပြည်သူအပေါင်းသည် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် မျိုးဆက်အဆက်ဆက်ပင် အလံမလှဲစတမ်း တိုက်ပွဲဝင်ခဲ့ကြသည်။ ယနေ့နွေဦးတော်လှန်ရေးကာလတွင်လည်း ကျွန်ုပ်တို့ ကျောင်းသားပြည်သူအပေါင်းသည် ရှေ့မျိုးဆက်များကတွန်းရွှေ့ခဲ့သော စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးတာဝန်ကို ဆက်လက်ထမ်းဆောင်လျှက်ရှိကြသည်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းချိန်မှစ၍ ကျောင်းသားပြည်သူလူထု တစ်ရပ်လုံးသည် နွေဦးတော်လှန်ရေးကို စတင်ခဲ့ကာ စစ်အုပ်စုနှင့် ပတ်သတ်သော အရာမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ကာ စစ်အုပ်စုအမြစ်ပြတ်ဖယ်ရှားရေးကို ပြည်သူများမှ တစ်ညီတစ်ညွတ်တည်း သန္နိဋ္ဌာန်ပြုပြီးဖြစ်သည်။ ထို့အပြင် စစ်ကို စစ်ဖြင့် ခုခံတုံ့ပြန်မှသာလျှင် တော်လှန်ရေးအောင်နိုင်မည်ဟု ဆုံးဖြတ်ပြီးဖြစ်၍ လက်နက်ကိုင်တိုက်ပွဲကိုပင် ရွေးချယ်ခဲ့ပြီးဖြစ်သည်။

သို့ဖြစ်၍ ကျွန်ုပ်တို့ ကျောင်းသားသမဂ္ဂများအနေဖြင့် လူထုလွတ်မြောက်ရေး၏ အဓိကလမ်းစဉ်များဖြစ်သော စစ်(၃)စစ်ကို တိုက်ဖျက်ရေး၊ ဖက်ဆစ်ဝါဒချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီရေးတို့အတွက် နည်းလမ်းမျိုးစုံဖြင့် တိုက်ပွဲဝင်နေကြသော သပိတ်အင်အားစုများ၊ CDM အင်အားစုများ၊ လက်နက်ကိုင် တော်လှန်ရေးအင်အားစုများ၊ လူမျိုးစုလက်နက်ကိုင်အဖွဲများ အဖိနှိပ်ခံလူထုတရပ်လုံးနှင့် တသားတည်းရပ်တည်ပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီး၏ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအမွေကို ဆက်လက်သယ်ဆောင်ကာ စစ်အုပ်စုနှင့် မည်သည့်အခြေအနေတွင်မှ စေ့စပ်ညှိနှိုင်းမှုမပြုစတမ်း မဖောက်မပြန်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဤသဝဏ်လွှာမှတဆင့် ကြေညာလိုက်သည်။

“မပြီးဆုံးသေးတဲ့ ၈လေးလုံး၊ လူထုလွတ်မြောက်ရေး တို့အတူရုန်း”

တော်လှန်ရေးသစ္စာဖြင့်
ကျောင်းသားသမဂ္ဂကိုယ်စားလှယ်များကော်မတီ(SURC)

၁။ Mayလတွင် အလှူငွေ‌သီးသန့်ကောက်ခံခဲ့ပြီးရရှိခဲ့သော အလှူငွေ(၅၀,၀၀၀)ကျပ်အား KNDF-BO2 သို့ ထောက်ပို့ပေးခဲ့ပါတယ်။၂။ June လတ...
31/07/2022

၁။ Mayလတွင် အလှူငွေ‌သီးသန့်ကောက်ခံခဲ့ပြီးရရှိခဲ့သော အလှူငွေ(၅၀,၀၀၀)ကျပ်အား KNDF-BO2 သို့ ထောက်ပို့ပေးခဲ့ပါတယ်။
၂။ June လတွင်လည်း အလှူငွေ သီးသန့်ကောက်ခံခဲ့ပြီး ရရှိခဲ့သောအလှူငွေ(၈၀,၀၀၀)ကျပ်အား KNDF-BO2 သို့ ထောက်ပို့ပေးခဲ့ပါတယ်။
၃။ ယခု July လအတွက်လည်း ဆက်လက်ထောက်ပို့ပေးနိုင်ရန် ကျွန်တော်တို့သမဂ္ဂမှ အလှူငွေများဆက်လက်ကောက်ခံလျှက်ရှိရာ ယခုစာတင်‌နေဆဲအချိန်ထိ (၃၃,၀၀၀)ကျပ်သာ ရရှိသေးသည့်အတွက် ထပ်မံအားဖြည့်ပေးကြပါရန် ကျောင်းသားကျောင်းသူများအားလုံးကို တိုက်တွန်းအပ်ပါတယ်။ အလှူငွေထည့်ရန်အတွက် Page Cb သို့သော်လည်းကောင်း ကျောင်းသားကိုယ်စားလှယ်များမှတဆင့်သော်လည်း လစဉ် ထည့်၀င်လှူဒါန်းနိုင်ပါတယ်။

- လှူဒါန်းမှုမှတ်တမ်းများကို ပုံနှင့်တကွ ထည့်သွင်းဖော်ပြအပ်ပါသည်။

#သူနာပြုသင်တန်းကျောင်း_မိတ္ထီလာ_ကျောင်းသားများသမဂ္ဂ

“အဆင့်မြင့်ပညာကဏ္ဍမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ်  သဘောထားစစ်တမ်း ကောက်ယူခြင်း”စစ...
28/07/2022

“အဆင့်မြင့်ပညာကဏ္ဍမှ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ၏ ကြားကာလပညာရေးအစီအစဥ်များအပေါ် သဘောထားစစ်တမ်း ကောက်ယူခြင်း”

စစ်အာဏာသိမ်းမှုအပြီး အားကောင်းစွာပေါ်ထွက်လာတဲ့ ပညာရေးသပိတ်မှောက်မှုမှာ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေ၊ ၀န်ထမ်းတွေ တစ်တပ်တစ်အား ပါဝင်ခဲ့ကြတာ မိဘပြည်သူများ အသိဆုံးပဲ ဖြစ်ပါတယ်။ အခုလို တစ်နှစ်ကျော်ကြာလာတဲ့အထိ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ရာထူးလစာခံစားခွင့်မှစ၍ အသက်သွေးချွေးများအထိ စွန့်လွှတ်ပြီး အကျပ်အတည်းများကြားမှာ ကြံ့ကြံ့ခံပြီး ပညာရေးရပ်ဝန်းမှ ရင်ဆိုင်တိုက်ပွဲဝင်ပေးနေတဲ့ ကျောင်းသားကျောင်းသူတွေ၊ ဆရာဆရာမတွေနဲ့ ဝန်ထမ်းများကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်။

အခုလို ကြားကာလမှာ အဆင့်မြင့်ပညာရေးကဏ္ဍအတွက် အဖွဲအစည်းအသီးသီးက ကြိုးပမ်းနေကြတဲ့အချိန်မှာ အဆိုပါ ပညာရေးအစီအစဉ်တွေမှာပါဝင်နေကြတဲ့ ကျောင်းသူကျောင်းသားတွေ၊ ဆရာဆရာမတွေရဲ့ အတွေ့အကြုံတွေ၊ လိုအပ်ချက်တွေ၊ အခက်အခဲတွေကို သေချာသိရှိလိုပြီး နောင်ပညာရေးအစီအစဉ်များအတွက် ဘယ်လိုမျှော်မှန်းချက်တွေ ရှိနေလဲဆိုတာကို သဘောထားစစ်တမ်း ကောက်ယူလိုပါတယ်ရှင်။

ကောက်ခံရရှိတဲ့ သုတေသနတွေ့ရှိချက်များမှတဆင့် တက္ကသိုလ်အဆင့် ကျောင်းသူကျောင်းသားများအတွက် ပိုမိုထိရောက်တဲ့ ကြားကာလပညာရေး အစီအစဥ်တွေ ပေါ်ထွက်လာနိုင်ရန်၊ အခက်အခဲများ၊ စိန်ခေါ်မှုများကို ပိုမိုသိရှိနားလည်ပြီး တခြားသော မိတ်ဖက်အဖွဲအစည်းများနှင့် ပူးပေါင်း၍ လိုအပ်နေသည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်နှင့် နောက်တဆင့်အနေနဲ့ ကျွန်မတိုအားလုံးရည်မှန်းထားတဲ့ ဖက်ဒရယ်ပညာရေးစနစ်ကို တည်ဆောက်တဲ့အခါမှာ ကျောင်းသားလူငယ်တွေ၊ ဆရာဆရာမတွေရဲ့ အသံတွေ ထင်ဟပ်နိုင်အောင် ရည်ရွယ်ပါတယ်။ ဒီအစီအစဥ်ကို အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေး၀န်ကြီးဌာန (Ministry of Education, NUG)၊ ဘားမားအကယ်ဒမီ (Burma Academy) နဲ့ နွေဦးတက္ကသိုလ် (Spring University Myanmar) တိုက ဦးစီးဆောင်ရွက်တာဖြစ်ပြီး မိမိတို [ ကျောင်း IUC နာမည် ] မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။

ဒါကြောင့်မိုလို ကျောင်းသူကျောင်းသားတွေ ဆရာဆရာမတွေအနေနဲ့ အချိန် (၅) မိနစ်လောက်ပေးပြီးတော့ ကိုယ့်ရဲ့အခက်အခဲတွေ၊ မျှော်မှန်းချက်တွေ၊ ခံစားနေရတာတွေကို မျှဝေဖြေကြားပေးဖို မေတ္တာရပ်ခံ ဖိတ်ကြားအပ်ပါတယ်ရှင်။

For Students>
For Teachers>

Students Survey
https://forms.gle/UVDckdkHiWLzZhHaA

Teachers Survey
https://forms.gle/bTFxCmjjK6DgKPGH8

#သူနာပြုသင်တန်းကျောင်း_မိတ္ထီလာ_ကျောင်းသားများသမဂ္ဂ

" သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ) မှ ထပ်တိုး Non CDM လောက်ကောင်များအား ကြေညာခြင်း "ကြေညာချက်အမှတ် - ၆/၂၀၂၂ရက်စွဲ ။ ။ ၂၀၂...
26/07/2022

" သူနာပြုသင်တန်းကျောင်း(မိတ္ထီလာ) မှ ထပ်တိုး Non CDM လောက်ကောင်များအား ကြေညာခြင်း "

ကြေညာချက်အမှတ် - ၆/၂၀၂၂
ရက်စွဲ ။ ။ ၂၀၂၂ခုနှစ်၊ ဇူလိုင်လ (၂၆)ရက်

#သူနာပြုသင်တန်းကျောင်း_မိတ္ထီလာ_ကျောင်းသားများသမဂ္ဂ

" အာဇာနည်နေ့ တို့မမေ့ "(၇၅)နှစ်မြောက် အာဇာနည်နေ့ ရက်စွဲ။ ။ ၁၉၊ ၀၇၊ ၂၀၂၂ #သူနာပြုသင်တန်းကျောင်း_မိတ္ထီလာ_ကျောင်းသားများသမ...
19/07/2022

" အာဇာနည်နေ့ တို့မမေ့ "

(၇၅)နှစ်မြောက် အာဇာနည်နေ့
ရက်စွဲ။ ။ ၁၉၊ ၀၇၊ ၂၀၂၂

#သူနာပြုသင်တန်းကျောင်း_မိတ္ထီလာ_ကျောင်းသားများသမဂ္ဂ

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာကျောင်းသားများသမဂ္ဂ (၉) နှစ်ပြည့်အခမ်းအနားသို့တကသများကွန်ရက်-မိတ္ထီလာမှ ပေးပို့သောသဝဏ...
19/07/2022

မြန်မာနိုင်ငံလေကြောင်းနှင့်အာကာသပညာကျောင်းသားများသမဂ္ဂ (၉) နှစ်ပြည့်အခမ်းအနားသို့
တကသများကွန်ရက်-မိတ္ထီလာမှ ပေးပို့သောသဝဏ်လွှာ

ရက်စွဲ။ ။ ၁၉၊ ၀၇၊ ၂၀၂၂

Address

Https://www. Google. Com/maps/place/20. 8762082, 95. 8455275
Meiktila

Website

Alerts

Be the first to know and let us send you an email when Nursing Training School Meiktila Students' Union posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Nursing Training School Meiktila Students' Union:

Shortcuts

Share

Category