27/10/2024
Google က ဈေးကွက်ကြီးတစ်ခုလုံးကိုသိမ်းထားတာမို့ ဒီလိုအကျိုးရှိတဲ့ Search Engine တွေကိုကျွန်တော်တို့သိပ်မသိကြတော့ဘူး။ ပြောရရင် Google က တော်ရုံပေးမသိထားတာလဲပါမှာပေါ့လေ။
www.refseek.com - Academic Resource တွေရှာနိုင်တယ်။ ဘီလီလျံနဲ့ချီပြီး ရှိတယ်။ encyclopedia, monographies, magazines တွေအစုံရှိတယ်။
www.worldcat.org - ကမ္ဘာအနှံ့က စာကြည့်တိုက် ၂၀,၀၀၀ ကျော်ဆီကရှားရှားပါးပါးစာအုပ်တွေအစုံအလင်ရှိတယ်။
https://link.springer.com - သိပ္ပံပညာနဲ့ပတ်သတ်တဲ့စာအုပ်တွေ documents တွေစာတမ်းတွေ ၁၀ မီလီလျံကျော်ရှိတယ်။
www.bioline.org.br - ဖွံဖြိုးဆဲနိုင်ငံတွေဆီကနေပြုစုထားတဲ့ BioScience နဲ့ ပတ်သတ်တဲ့ journal တွေ တစ်ပုံကြီးရှိတယ်။
http://repec.org - Economics နဲ့ သိပ္ပံပညာပိုင်းဆိုင်ရာ စာတမ်းတွေ ၄ မီလီလျံကျော်ရှိပြီး ဒါဟာနိုင်ငံပေါင်း ၁၀၂ နိုင်ငံကနေ Volunteer တွေကပြုစုထားပေးတာပဲဖြစ်တယ်။
www.science.gov - အမေရိကန်သိပ္ပံပညာနဲ့ပတ်သတ်တဲ့ website တွေကိုရှာဖွေနိုင်တဲ့ search engine ကြီးတစ်ခုဖြစ်ပါတယ်။
www.base-search.net - Academic Studies နဲ့ပတ်သတ်ပြီးအတော်လေးကောင်းတဲ့ search engine တစ်ခုဖြစ်ပြီး ၁၀၀ မီလီလျံသောစာတမ်းတွေရှိပါတယ်။ အဲ့ထဲကမှ ၇၀% လောက်တောင်ကိုမှအခမဲ့ အနေနဲ့လေ့လာနိုင်တာဖြစ်ပါတယ်။
Smart ဖြစ်တဲ့အသိဉာဏ်ရအောင်ကျွန်တော်တို့ကြိုးစားလို့ရသေးတယ်။ ဒီ website တွေက အထောက်အကူပြုလိမ့်မယ်။ Linkedin မှ ပြန်လည်ဝေမျှပါတယ်။
အကျိုးရှိသွားပြီဆိုရင် ဝေမျှနိုင်ပါတယ်။ ဖတ်ရှုပြီး တစ်စုံတစ်ဦးအဆင်ပြေသွားနိုင်ရင်ရပါပြီ။
Nang Htike Aung
Academic search engine for students and researchers. Locates relevant academic search results from web pages, books, encyclopedias, and journals.