05/08/2023
တစ်ကမ္ဘာလုံးကို ပန်းရောင်တွေလွှမ်းခြုံသွားစေခဲ့တဲ့ “𝐁𝐚𝐫𝐛𝐢𝐞“
Facebook ပေါ်က Barbie ပေါ်အခြေခံထားတဲ့ product တွေနဲ့ pink colour ပါတာတွေက ရောင်းအားကောင်းပြီး ဒီနေ့အချိန်ထိ ရောင်းလို့လက်မလည်နိုင်သေးတာကို သတိထားမိကြလား?
လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပန်းရောင်ကိုမြင်တာနဲ့ Barbie ကို တန်းမြင်တဲ့အထိ အောင်မြင်ခဲ့တဲ့ Barbie က Marketing Strategy တွေကို ဘယ်လိုမျိုး အသုံးချသွားလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။
ကျွန်တော်တို့တွေ ငယ်စဉ်ကသိခဲ့တဲ့ Barbie အရုပ်ကလေးတွေက ကွယ်မြုပ်နေတာကြာနေခဲ့ပြီဖြစ်ပေမယ့် အခုတော့ Barbie ရုပ်ရှင်ထွက်လာတာနဲ့အတူ Social Media မှာရော လူငယ်တွေရဲ့ နှုတ်ဖျားမှာပါရှိနေခဲ့ပါတယ်။
Barbie ရုပ်ရှင်က သုံးခဲ့တဲ့ Marketing Strategy ကိုကြည့်မယ်ဆိုရင် Breadcrumb Strategy လို့ခေါ်တဲ့ အပိုင်းအစသေးသေးလေးတွေဖြစ်တဲ့ Facebook, Tikok အစရှိတာတွေကနေ AI filter တွေ၊ ပန်းရောင်ကို ရုပ်ရှင်တစ်ခုလုံးရဲ့ main highlight လိုသုံးပြီး အပြင်မှာ collaboration လုပ်တာတွေ၊ AirBnB ကို Barbie အပြင်အဆင်နဲ့အပြည့်ဆင်ပြီး marketing ဆင်းတာမျိုးတွေ၊ အစရှိတာလေးတွေနဲ့ Barbie ရဲ့ ရုပ်ရှင်ကို မထုတ်လွှင့်ရသေးခင်မှာတင် ပါးစပ်ဖျားမှာစွဲနေစေခဲ့ပါတယ်။
ဒါကြောင့်လဲ ကျွန်တော်တို့တွေရဲ့စိတ်ထဲမှာ Barbie filter နဲ့ ပန်းရောင်တွေဝတ်ပြီးဓာတ်ပုံတွေမတင်ရသေးရင် ခေတ်နောက်ကျနေပြီဆိုတဲ့အတွေးတွေ ဝင်လာစေတဲ့အထိကို Marketing Strategy တစ်ခုတည်းနဲ့တင် အခြား Live Action movie တွေနဲ့မတူပဲ စံချိန်ချိုးသွားခဲ့ပါတယ်။
နောက်ထပ်ရော ဘယ်လိုလုပ်ငန်းတွေက ဘယ်လို Marketing Strategy တွေနဲ့ လူငယ်တွေကြားထဲကို ထိုးဖောက်ဝင်ရောက်မလဲဆိုတာမျိုးတွေ၊ trending ဖြစ်နေတာတွေကို လေ့လာရတာ စိတ်ဝင်စားတယ်၊ Marketing ကိုလဲ သေချာလေ့လာချင်တယ်ဆိုရင်တော့ NextGen Institue မှာ Marketing ရဲ့ အခြေခံကို သေချာ လေ့လာနိုင်တဲ့ သင်တန်းရှိနေပါပြီ။
Scholarship တွေလဲ ပေးနေလို့ အခုပဲလျှောက်လိုက်ကြပါစို့
သင်တန်းအကြောင်းဖတ်ရှုရန် https://shorturl.at/cyW24