Sky Walk Japanese Language Centre スカイウォーク日本語センター

  • Home
  • Myanmar
  • Meiktila
  • Sky Walk Japanese Language Centre スカイウォーク日本語センター

Sky Walk Japanese Language Centre スカイウォーク日本語センター 🌸🌸ဂျပန်စာသင်ပြီး ဂျပန်သွားမယ်ဆို မိတ္ထီလာ 𝐒𝐤𝐲 𝐖𝐚𝐥𝐤 𝐉𝐋𝐂 ကို ဆက်သွယ်လိုက်ပါ။🍁🍁

27/03/2026

ဂျပန် Food Service (SSW) ဗီဇာ အသစ်လက်ခံမှု ယာယီရပ်နားခြင်း
Food Service ကဏ္ဍမှာ SSW (Specified Skilled Worker) ဗီဇာနဲ့ လုပ်ကိုင်နေသူ အရေအတွက်ဟာ သတ်မှတ်ထားတဲ့ အောက်ခြေလူဦးရေ ၅၀,၀၀၀ ပြည့်လုနီးပါး ဖြစ်နေပါတယ်။

ဒါကြောင့် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနက အောက်ပါအတိုင်း အရေးပေါ် ထုတ်ပြန်ထားပါတယ် -

အဓိကအချက်များ
၁။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် နောက်ပိုင်း တင်သွင်းတဲ့ Food Service SSW ဗီဇာလျှောက်လွှာ (COE နှင့် ဗီဇာအမျိုးအစားပြောင်းလဲခြင်း) အသစ်များကို လက်ခံတော့မည် မဟုတ်ပါ။

၂။ ဧပြီလ ၁၃ ရက် မတိုင်ခင် လျှောက်ထားပြီးသူများကိုသာ ဦးစားပေး စစ်ဆေးပေးသွားမှာဖြစ်ပြီး ကြန့်ကြာမှုတွေ ရှိနိုင်ပါတယ်။

✅ ဘယ်သူတွေ ဆက်လျှောက်လို့ရလဲ? (ခြွင်းချက်)
-Food Service SSW ဗီဇာနဲ့ လက်ရှိအလုပ်လုပ်နေပြီး အလုပ်ပြောင်းချင်သူများ။

-စိုက်ပျိုးရေး/အစားအသောက် (TITP) လုပ်ငန်းမှ Food Service SSW သို့ ပြောင်းလဲမည့်သူများ။

-Food Service အတွက် ဗီဇာပြင်ဆင်မှု (Tokutei Katsudo) ဗီဇာ ရရှိထားသူများ။

⚠️ ဗီဇာသက်တမ်းတိုးမည့်သူများ (Renewal)
လက်ရှိ Food Service SSW နဲ့ အလုပ်လုပ်နေသူတွေရဲ့ ဗီဇာသက်တမ်းတိုးခြင်း ကိုတော့ ပုံမှန်အတိုင်း ဆက်လက်လျှောက်ထားနိုင်ပါတယ်။

အကြံပြုချက်-
Food Service ဗီဇာ လျှောက်ဖို့ ပြင်နေသူတွေအနေနဲ့ ဒီအချက်ကို သေချာသတိပြုပြီး မိမိတို့ရဲ့ အေးဂျင့် ဒါမှမဟုတ် ကုမ္ပဏီတွေနဲ့ အမြန်ဆုံး တိုင်ပင်ဆွေးနွေးကြဖို့ တိုက်တွန်းလိုပါတယ်။

#ဂျပန်အလုပ်အကိုင်

27/03/2026
27/03/2026

🇯🇵 ဂျပန်မှာ 🚲စက်ဘီးစီးသူတွေ သတိထားရမယ့် ဥပဒေသစ် (၂၀၂၆ ဧပြီကစပြီး ဒဏ်ငွေတွေ တိုးပြီ)

ဂျပန်မှာ စက်ဘီးစီးနေသူတွေအတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလကစတင်ပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို ပိုမိုတင်းကျပ်တော့မှာဖြစ်ပါတယ်။
အသက် ၁၆ နှစ်အထက် စက်ဘီးစီးသူတွေ စည်းကမ်းဖောက်ဖျက်ရင် "Blue Ticket" နဲ့ ဒဏ်ငွေ တိုက်ရိုက်ပေးဆောင်ရတော့မှာပါ။

ဘယ်လိုအချက်တွေက ဒဏ်ငွေအများဆုံးဖြစ်မလဲဆိုတာ ကြိုတင်လေ့လာထားရအောင် 👇

🔹 ဒဏ်ငွေအများဆုံး ပြစ်မှုများ
• စက်ဘီးစီးရင်း ဖုန်းသုံးခြင်း - ၁၂,၀၀၀ ယန်း (ဒဏ်ငွေအများဆုံးပါ)

• မီးနီဖြတ်မောင်းခြင်း (သို့) လမ်းဘေးလူလျှောက်လမ်းပေါ် မဆင်မခြင်မောင်းခြင်း - ၆,၀၀၀ ယန်း

• ကားလမ်းရဲ့ ညာဘက်ခြမ်းမှာ ပြောင်းပြန်မောင်းခြင်း - ၆,၀၀၀ ယန်း

🔹 အခြားဒဏ်ငွေများ (၅,၀၀၀ ယန်း ဝန်းကျင်)
• နားကြပ်တပ်ပြီး စက်ဘီးစီးခြင်း

• ထီးဆောင်းပြီး စက်ဘီးစီးခြင်း

• とまれ (Stop) လမ်းညွှန်မှာ မရပ်ဘဲ မောင်းခြင်း

• ကွေ့ရမယ့်နေရာတွေမှာ အရှိန်မလျှော့ခြင်း

🔹 အသေးစားဒဏ်ငွေများ (၃,၀၀၀ ယန်း ဝန်းကျင်)
• ညဘက် မီးမထွန်းဘဲ စီးခြင်း

• လူနှစ်ယောက် ထပ်စီးခြင်း (ကလေးခုံမပါဘဲ)

• ဘေးချင်းယှဉ်ပြီး စီးခြင်း

⚠️ အထူးသတိပြုရန် - အရက်သောက်ပြီး စက်ဘီးစီးခြင်း
ဒါကတော့ Blue Ticket အဆင့်တင်မဟုတ်ဘဲ ရာဇဝတ်မှု (Criminal Procedure) အဆင့်ထိ အရေးယူခံရနိုင်ပြီး ဒဏ်ငွေ ယန်း ၁ သန်းအထိ (သို့မဟုတ်) ထောင်ဒဏ် ၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

💡 စက်ဘီးစီးရင် လိုက်နာရမယ့် အခြေခံ ၅ ချက်
၁။ ကားလမ်းရဲ့ ဘယ်ဘက်ကပ်ပြီး စီးပါ။ (လူလျှောက်လမ်းက လိုအပ်မှသာ စီးခွင့်ရှိပါတယ်)

၂။ လမ်းဆုံလမ်းခွတွေမှာ အချက်ပြမီးနဲ့ ဆိုင်းဘုတ်တွေကို လိုက်နာပါ။

၃။ ညဘက်ဆိုရင် မီးထွန်းပါ။

၄။ အရက်သောက်ပြီး လုံးဝမစီးပါနဲ့။

၅။ ဦးထုပ် (Helmet) ဆောင်းဖို့ တိုက်တွန်းထားပါတယ်။ (ဦးထုပ်အတွက်တော့ ဒဏ်ငွေ မရှိသေးပါဘူး)

နိဂုံးချုပ်
စည်းကမ်းတွေကို သေချာလိုက်နာခြင်းက မိမိရဲ့ ငွေကြေးကို သက်သာစေရုံသာမက ဘေးကင်းလုံခြုံမှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။
၂၀၂၆ မှာ ဒဏ်ငွေမဆောင်ရလေအောင် အခုကတည်းက စည်းကမ်းရှိရှိ စီးနင်းကြဖို့အကြံပေးချင်ပါတယ်။ 🚴‍♂️

#ဂျပန်ဥပဒေ #စက်ဘီးစီးသူများအတွက်

21/03/2026
⚠️ သွေးတိုးရှိသူများ သတိထားစားသုံးရန် (အစားအစာ လမ်းညွှန်)ဂျပန်မှာ နေထိုင်ရင်း သွေးပေါင်ချိန် ထိန်းညှိချင်သူများအတွက် "စာ...
20/01/2026

⚠️ သွေးတိုးရှိသူများ သတိထားစားသုံးရန် (အစားအစာ လမ်းညွှန်)
ဂျပန်မှာ နေထိုင်ရင်း သွေးပေါင်ချိန် ထိန်းညှိချင်သူများအတွက် "စားသင့်တာ နဲ့ ရှောင်သင့်တာ" စာရင်းကို ပြုစုပေးထားပါတယ်။

✅ စားသင့်တာတွေက - ငါး (အထူးသဖြင့် ငါးသေတ္တာ ရေပြုတ်)၊ ဟင်းနုနွယ်၊ ခရမ်းချဉ်သီး၊ နတ္တို၊ ငှက်ပျောသီး။

❌ ရှောင်သင့်တာတွေက - ဝက်အူချောင်း၊ ဟမ်၊ အချဉ်ဖတ်၊ ခေါက်ဆွဲဟင်းရည်၊ ဆားနယ်ငါးခြောက်။

ဈေးဝယ်ထွက်ရင် အလွယ်တကူ ကြည့်လို့ရအောင် ပုံတွေကို Save ထားလိုက်ပါ 📸

12/09/2025

🇯🇵April 2026 Intake Language School🇯🇵

၂၀၂၆ ခုနှစ်၊ ဧပြီလတွင် စတင်မည့် Language School အတွက် ကျောင်းသား/သူများကျောင်းလျှောက်ထားနိုင်ပါတယ်။

လျှောက်ထားရန် လိုအပ်သော အရည်အချင်းများ
🔹တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) အောင်မြင်ပြီးသူ ဖြစ်ရမည်။
🔹ဂျပန်စာ အရည်အချင်းမှာ အနည်ဆုံး JLPT N5 သို့မဟုတ် ယင်းနှင့်ညီမျှသော စာမေးပွဲတစ်ခုခု အောင်မြင်ထားသူ ဖြစ်ရမည်။
🔹မိဘ၏ ဘဏ်စာရင်းရှင်းတမ်း (Bank Statement) အား တင်ပြနိုင်ရမည်။

ကျောင်းလျှောက်လိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ကျောင်းသားဦးရေ ကန့်သတ်ထားပြီး အနည်းငယ်ပဲ ရွေးချယ်သွားမှာဖြစ်ပါတယ်။🫶🧑‍💻

17/02/2024

(Japanese version is below)
●ဂျပန်နိုင်ငံသို့ လာရောက်ကြမည့်သူများသို့ မေတ္တာရပ်ခံခြင်း
အခြေခံသတ်မှတ်ချက်မူအရ အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စသည်တို့ကို ဂျပန်နိုင်ငံသို့ သယ်ဆောင်လာ၍မရပါ။ ၎င်းတို့ကို အပြည်ပြည်ဆိုင်ရာ ချောထုပ်ပို့ဆောင်ရေး လုပ်ငန်းများမှတစ်ဆင့်လည်း ဂျပန်နိုင်ငံသို့ ပို့ဆောင်၍မရပါ။
 လတ်တလောတွင် ဖော်ပြပါတားမြစ်စားသောက်ကုန်များ တရားမဝင်သယ်ဆောင်ခြင်းကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖမ်းဆီးခံခဲ့ရသည့် သာဓကဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသည်။ စည်းကမ်းဖောက်ဖျက်သူများသည် ကြီးလေးသော ပြစ်ဒဏ်များချမှတ်ခံရမည်ဖြစ်သည့်အတွက် အထူးသတိပြု ကြပါရန် အသိပေး အကြောင်းကြားအပ်ပါသည်။
အသေးစိတ်ကို သံရုံး၏ ဝက်ဘ်ဆိုဒ်စာမျက်နှာ (https://www.mm.emb-japan.go.jp/itpr_my/20240216_food_restriction_mm.html) တွင် လေ့လာကြည့်ရှုနိုင်ပါသည်။
#ဂျပန် #အလည်အပတ်သွားခြင်း #လက်ဆောင်

●来日する皆様へのお願い
 肉製品や果物・野菜等は、原則、外国から日本に持ち込むことはできません。国際郵便でも日本に送ることはできません。
 今般、違法な持ち込みを繰り返したミャンマー国籍の男性1名が逮捕される事案がありました。違反者は重い罰則の対象になりますので御注意ください。

 詳細は、当館HP(https://www.mm.emb-japan.go.jp/itpr_ja/20240216_food_restriction_ja.html)を御確認ください。
#日本 #観光 #おみやげ

10/02/2024
06/02/2024

⚠️နှင်းကျပြီးနောက်ရက် သတိထားစရာ⚠️

နှင်းကျပြီးနောက်ရက်ဆို နှင်းတွေကခဲပြီး ရေခဲပြင်လိုဖြစ်သွားပါတယ်။

အလုပ်သွားတဲ့ခါ ပုံမှန်ထက် (၁၅) မိနစ်လောက်စောပြီး အိမ်ကထွက်တာကောင်းပါတယ်။

လမ်းကိုဖြေးဖြေးလျှောက်ပြီးသွားကြပါ။

အလုပ်နောက်ကျ၊ ကျောင်းနောက်ကျလို့အမြန်ပြေးမယ်ဆို အန္တရာယ်များပါတယ်။

⚠️လျှော်လဲတတ်ပါတယ်⚠️

ကျောင်းသားများကို ဘုရားလိုက်ပို့
07/10/2023

ကျောင်းသားများကို ဘုရားလိုက်ပို့

ဂျပန်မြေသို့ အဆင်ပြေစွာရောက်ရှိပါပြီ
30/09/2023

ဂျပန်မြေသို့ အဆင်ပြေစွာရောက်ရှိပါပြီ

Address

မိတ္ထီလာတက္ကသိုလ်ရှေ့၊ မန်ကျီးကုန်း စက်တန်းလမ်း၊ အောင်ဆန်းရပ်ကွက်
Meiktila

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959408772211

Alerts

Be the first to know and let us send you an email when Sky Walk Japanese Language Centre スカイウォーク日本語センター posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Sky Walk Japanese Language Centre スカイウォーク日本語センター:

Shortcuts

Share