11/08/2022
အမေရိကန်နိုင်ငံမှာ
လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။
သူ့မှာ သားနှစ်ယောက်ရှိတယ်။
ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။
ဒါပေမယ့် ပြဿနာမရှိဘူး။
သူကျွေးထားတယ်။
ကျောင်းထားတယ်။
ရှာကျွေးတယ်။
လူမည်းမကြီးက အိမ်အကူအလုပ်လုပ်တယ်။
သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ
ဆိုးချင်တိုင်းဆိုး ဖြစ်နေကျတာပေါ့။
တစ်နေ့တော့
လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပြီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမ တစ်ခုသတိထားမိလိုက်တယ်။
အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။
" သူတို့တွေများ ချမ်းသာလိုက်တာ
ဖတ်စရာ စာအုပ်တွေမှအများကြီး
ငါတို့မှာတော့ ဆင်းရဲတယ်
ဖတ်စရာစာအုပ် တစ်အုပ်မှမရှိဘူး "
နောက်တစ်အိမ်ရောက်သွားတယ်။
ပထမအိမ်ထက်ချမ်းသာတယ်။
စာအုပ်တွေကလည်း လှေကားတွေမှာပါရှိတယ်။
သူမတွေးပြန်တယ်။
" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ
ငါတို့မှာတော့ စာဖတ်ချိန်တောင်မရဘူး "
နောက်တစ်အိမ်ကျတော့
စာအုပ်တွေကပိုများတယ် စာကြည့်ခန်း
စာကြည့်စားပွဲတွေနဲ့ အကျအနပေါ့။
ဒီတစ်ခါတော့ သူမ တစ်မျိုးတွေးတယ်။
" စာဖတ်တာနဲ့ ချမ်းသာတာဟာ
ပတ်သတ်မှု့ ရှိတယ်လား ?
စာများများဖတ်လေ
များများ ချမ်းသာလေသလား " ပေါ့
သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။
" ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။
" ဒါဆို အမေ ခိုင်းတဲ့အတိုင်းလုပ် "
သားနှစ်ယောက်ကို
စာကြည့်တိုက်ခေါ်သွားတယ်။
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက
အကြီးကြီးတွေ။
သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက်ကြတယ်။
စာကြည့်တိုက်မှူးဆီကို
သားနှစ်ယောက်စလုံးကိုအပ် တယ်။
သင့်တော်တဲ့ စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။
စာကြည့်တိုက်မှူးကလည်း
စိတ်ချလက်ချသာ ထားခဲ့ပေါ့။
အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့
" ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို
လေ့လာချင်တယ် "
သူ့ကို ခန္ခာကိုယ်နဲ့ပတ်သတ်တဲ့
စာအုပ်တွေပေးတယ်။ ရောင်စုံကာလာတွေနဲ့
ဆိုတော့ သဘောကျတာပေါ့။
တစ်အုပ်ပြီး တစ်အုပ်ဖတ်တယ်။
အငယ်ကောင်က အင်ဂျင်နီယာဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။
သူ့ကိုလည်း နိုင်ငံမျိုးစုံက ပညာရှင်တွေ
ကားမျိုးစုံအကြောင်း ပေးဖတ်ခိုင်းတယ်။
နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။
ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို
အရင် ဖတ်ခိုင်းမှ စာဖတ်ဝါသနာ
စွဲမြဲလာပေမည်။
ဒီလိုနဲ့
လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာ တော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။
အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။
ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ
ဗဟုသုတစာပေဖတ်ရင် ကျောင်းစာ
နောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ ဘယ်လိုစာအုပ်စာပေမျိုး
ဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါပဲ။
လူမည်းမကြီးက
သူ့သားနှစ်ယောက်ကိုမှာထားတယ်။
" သားတို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့
အမေ့ကို ပြန်ရေးပြရမယ် " ပေါ့
သားတွေကလည်း နေ့တိုင်းရေးပေးကျတယ်။
သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။
အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။
အငယ်ကောင်က အင်ဂျင်နီယာပေါ့။
ခရစ်စမတ်နေ့
သူ့တို့သားအမိသုံးယောက် ဆုံကြတယ်။
အငယ်ကောင်က မိခင်ကိုမေးလိုက်တယ်။
" သားတို့ငယ်ငယ်က
အမေစာတွေ ပြန်ရေးခိုင်းပီး
ဘာလို့ မဝေဖန်တာလည်းအမေ "
အမေဖြစ်သူက ထိုင်ရာမှထသွားပြီး
အဝတ်သေတ္တာထဲက လက်ကိုင်ပဝါနဲ့
ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။
" ဒီမှာ သားတို့ရေးထားတဲ့ စာရွက်တွေ
အမေ အမြတ်တနိုးသိမ်းထားပါတယ် "
ပြောပြီး သားနှစ်ယောက်ကိုပြလိုက်တယ်။
" မဝေဖန်ဘူးဆိုတာက
အမေမှ စာမဖတ်တတ်တာ
သားတို့ ရေးထားတာလေးတွေ
မြင်ရယုံသက်သက်ဘဲ
အမေသိမ်းထားတာပါ သားတို့ရယ် "
မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။
မိဘဆိုတာ သားသမီးကို
စေတနာထားကြတာချည်းပါ။
ဒါပေမယ့် စေတနာတော့မလွဲကြပါစေနဲ့။
တချို့
ငွေနောက်ကိုလိုက်ပီး
သားသမီးကို ဂရုမစိုက်နိုင်တာတွေ
ချုပ်ချယ်မူ့များစွာနဲ့ အိမ်တွင်း
ချည်နောင်ထားတာတွေ
အလိုလိုက်လွန်းပြီး ပြောဆိုမရတော့တာတွေ
အားလုံးဟာ မိဘတွေပေါ်ဘဲမူတည်တာပါ။
စာပေနဲ့ နီးအောင်ထားရင် သားသမီးတွေ
အောင်မြင်လာမှာပါ။
အနည်းဆုံးတော့ ယဉ်ကျေးလိမ္မာတဲ့
သူတွေဖြစ်လာမှာတော့ သေချာပါတယ်။
ယနေ့ခေတ် မိဘဝတ္တရားထဲမှာ
" သားသမီးကို
စာကြည့်တိုက် နဲ့ နီးအောင်
ဖန်တီးပေးပါလို့ "
အကြံပြုချင်ပါတယ်။
Credit ~ အိမ့်အိမ့်အောင်
Telegram post
Via; မောင်နေ သာ, Min Thu