Smart Education - Meiktila

Smart Education - Meiktila Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Smart Education - Meiktila, Education, Meiktila.

အမေရိကန်နိုင်ငံမှာ လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။ သူ့မှာ သားနှစ်ယောက်ရှိတယ်။ ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။ ဒါပေမယ့်  ပ...
11/08/2022

အမေရိကန်နိုင်ငံမှာ
လူမည်းအမျိုးသမီးကြီးတစ်ဦးရှိတယ်။
သူ့မှာ သားနှစ်ယောက်ရှိတယ်။

ဘယ်သူနဲ့ရမှန်း သူတောင်မသိဘူး။
ဒါပေမယ့် ပြဿနာမရှိဘူး။
သူကျွေးထားတယ်။
ကျောင်းထားတယ်။
ရှာကျွေးတယ်။
လူမည်းမကြီးက အိမ်အကူအလုပ်လုပ်တယ်။

သူ့သားနှစ်ယောက်ကို ပြုစုစောင့်ရှောက်ဖို့
အချိန်မရဘူး။ သားနှစ်ယောက်ကလဲ
ဆိုးချင်တိုင်းဆိုး ဖြစ်နေကျတာပေါ့။

တစ်နေ့တော့

လူမည်းမကြီး အလုပ်သွားတယ်။
အိမ်ပေါ်အလုပ်ဆိုတော့ ချမ်းသာတဲ့အိမ်တွေကို
သွားပြီးလုပ်ပေးရတာပေါ့။ ပထမဆုံးအိမ်မှာ
သူမ တစ်ခုသတိထားမိလိုက်တယ်။

အိမ်နံရံတွေမှာ စာအုပ်တွေအပြည့်ရှိနေတာပေါ့
သူမတွေးလိုက်တယ်။

" သူတို့တွေများ ချမ်းသာလိုက်တာ
ဖတ်စရာ စာအုပ်တွေမှအများကြီး
ငါတို့မှာတော့ ဆင်းရဲတယ်
ဖတ်စရာစာအုပ် တစ်အုပ်မှမရှိဘူး "

နောက်တစ်အိမ်ရောက်သွားတယ်။
ပထမအိမ်ထက်ချမ်းသာတယ်။
စာအုပ်တွေကလည်း လှေကားတွေမှာပါရှိတယ်။
သူမတွေးပြန်တယ်။

" သူတို့တွေများ ဖတ်နိင်လိုက်ကြတာ
ငါတို့မှာတော့ စာဖတ်ချိန်တောင်မရဘူး "

နောက်တစ်အိမ်ကျတော့
စာအုပ်တွေကပိုများတယ် စာကြည့်ခန်း
စာကြည့်စားပွဲတွေနဲ့ အကျအနပေါ့။

ဒီတစ်ခါတော့ သူမ တစ်မျိုးတွေးတယ်။

" စာဖတ်တာနဲ့ ချမ်းသာတာဟာ
ပတ်သတ်မှု့ ရှိတယ်လား ?
စာများများဖတ်လေ
များများ ချမ်းသာလေသလား " ပေါ့

သူမက သားနှစ်ယောက်ကို ခေါ်လိုက်တယ်။

" ငါ့သားတို့ မေမေ့ကို ချစ်လား" လို့မေးတယ်။
သားတွေကလည်း "ချစ်ပါတယ်" ပေါ့။

" ဒါဆို အမေ ခိုင်းတဲ့အတိုင်းလုပ် "

သားနှစ်ယောက်ကို
စာကြည့်တိုက်ခေါ်သွားတယ်။
သူတို့နိုင်ငံမှာ စာကြည့်တိုက်တွေက
အကြီးကြီးတွေ။
သူတို့လူမျိုးတွေက စာဖတ်ကြတယ်။
အရမ်းလည်းတိုးတက်ကြတယ်။

စာကြည့်တိုက်မှူးဆီကို
သားနှစ်ယောက်စလုံးကိုအပ် တယ်။
သင့်တော်တဲ့ စာအုပ်တွေပေးဖို့
တောင်းဆိုလိုက်တယ်။

စာကြည့်တိုက်မှူးကလည်း
စိတ်ချလက်ချသာ ထားခဲ့ပေါ့။
အကြီးကောင်ကို ဘာဝါသနာပါလဲမေးတော့

" ကျွန်တော် ကိုယ်အဂ်ါအစိတ်အပိုင်းတွေကို
လေ့လာချင်တယ် "

သူ့ကို ခန္ခာကိုယ်နဲ့ပတ်သတ်တဲ့
စာအုပ်တွေပေးတယ်။ ရောင်စုံကာလာတွေနဲ့
ဆိုတော့ သဘောကျတာပေါ့။
တစ်အုပ်ပြီး တစ်အုပ်ဖတ်တယ်။

အငယ်ကောင်က အင်ဂျင်နီယာဖြစ်ချင်တယ်။
ကားတွေကို ဝါသနာ ပါတယ်တဲ့။
သူ့ကိုလည်း နိုင်ငံမျိုးစုံက ပညာရှင်တွေ
ကားမျိုးစုံအကြောင်း ပေးဖတ်ခိုင်းတယ်။

နှစ်ယောက်စလုံး သဘောကျတာပေါ့။
နေ့တိုင်း စာကြည့်တိုက်ကိုသွားကြတယ်။

ကလေးတွေကို စာဖတ်ခိုင်းရင်
သူတို့ဝါသနာပါတဲ့ အကြောင်းအရာကို
အရင် ဖတ်ခိုင်းမှ စာဖတ်ဝါသနာ
စွဲမြဲလာပေမည်။

ဒီလိုနဲ့

လူမည်းမကြီးရဲ့ သားနှစ်ယောက်စလုံးဟာ
ကျောင်းစာမှာ တော်လာကြတယ်။ ပြင်ပ
ဗဟုသုတ စုံလာတော့ ကျောင်းစာနယ်ပယ်ဟာ
ကျဉ်းမြောင်းသွားတယ်။

အထူးအထွေ မှတ်စရာမလိုတော့ဘူး။
အတန်းထဲမှာ ပထမဖြစ်လာတယ်။

ကျွန်တော်တို့နိုင်ငံက မိဘတွေဟာ
ဗဟုသုတစာပေဖတ်ရင် ကျောင်းစာ
နောက်ကျတယ်လို့ ထင်ကြတယ်။
တကယ်တော့ ဘယ်လိုစာအုပ်စာပေမျိုး
ဖတ်လေလေ ကျောင်းစာကို
မှတ်ရလွယ်ကူလေပါပဲ။

လူမည်းမကြီးက
သူ့သားနှစ်ယောက်ကိုမှာထားတယ်။
" သားတို့ဖတ်ခဲ့တဲ့ စာအုပ်တွေ
အကြောင်းကို အိမ်ပြန်ရောက်တော့
အမေ့ကို ပြန်ရေးပြရမယ် " ပေါ့

သားတွေကလည်း နေ့တိုင်းရေးပေးကျတယ်။
သူ့သားနှစ်ယောက်စလုံး ပညာတတ်တွေ
ဖြစ်သွားတယ်။
အကြီးကောင်က ဆရာဝန်ဖြစ်သွားတယ်။
အငယ်ကောင်က အင်ဂျင်နီယာပေါ့။

ခရစ်စမတ်နေ့
သူ့တို့သားအမိသုံးယောက် ဆုံကြတယ်။
အငယ်ကောင်က မိခင်ကိုမေးလိုက်တယ်။

" သားတို့ငယ်ငယ်က
အမေစာတွေ ပြန်ရေးခိုင်းပီး
ဘာလို့ မဝေဖန်တာလည်းအမေ "

အမေဖြစ်သူက ထိုင်ရာမှထသွားပြီး
အဝတ်သေတ္တာထဲက လက်ကိုင်ပဝါနဲ့
ထုတ်ထားတဲ့ စာရွက်တွေယူလာတယ်။

" ဒီမှာ သားတို့ရေးထားတဲ့ စာရွက်တွေ
အမေ အမြတ်တနိုးသိမ်းထားပါတယ် "

ပြောပြီး သားနှစ်ယောက်ကိုပြလိုက်တယ်။

" မဝေဖန်ဘူးဆိုတာက
အမေမှ စာမဖတ်တတ်တာ
သားတို့ ရေးထားတာလေးတွေ
မြင်ရယုံသက်သက်ဘဲ
အမေသိမ်းထားတာပါ သားတို့ရယ် "
မျက်ရည်ဝဲပြီး ပြောရှာတာပေါ့။

မိဘဆိုတာ သားသမီးကို
စေတနာထားကြတာချည်းပါ။

ဒါပေမယ့် စေတနာတော့မလွဲကြပါစေနဲ့။

တချို့

ငွေနောက်ကိုလိုက်ပီး
သားသမီးကို ဂရုမစိုက်နိုင်တာတွေ

ချုပ်ချယ်မူ့များစွာနဲ့ အိမ်တွင်း
ချည်နောင်ထားတာတွေ

အလိုလိုက်လွန်းပြီး ပြောဆိုမရတော့တာတွေ

အားလုံးဟာ မိဘတွေပေါ်ဘဲမူတည်တာပါ။

စာပေနဲ့ နီးအောင်ထားရင် သားသမီးတွေ
အောင်မြင်လာမှာပါ။

အနည်းဆုံးတော့ ယဉ်ကျေးလိမ္မာတဲ့
သူတွေဖြစ်လာမှာတော့ သေချာပါတယ်။

ယနေ့ခေတ် မိဘဝတ္တရားထဲမှာ

" သားသမီးကို
စာကြည့်တိုက် နဲ့ နီးအောင်
ဖန်တီးပေးပါလို့ "

အကြံပြုချင်ပါတယ်။

Credit ~ အိမ့်အိမ့်အောင်
Telegram post
Via; မောင်နေ သာ, Min Thu

 #အမေရိကန်ချွေတာရေး အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း က...
05/08/2022

#အမေရိကန်ချွေတာရေး

အမေရိကန်နိုင်ငံမှာ ၁၉၃၀ ခုနှစ် ပတ်ဝန်းကျင်လောက်က ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ ပြည်သူတွေ အရမ်း ကျပ်တည်းခဲ့ကြပါတယ် အဲဒီကျပ်တည်းခဲ့တဲ့ ကာလတွေမှာ ပြည်သူတွေ ကျင့်ကြံဖို့ဆိုပြီး အစိုးရက ချွေတာရေး ဆောင်ပုဒ်လေးနဲ့ ပညာပေးလုပ်ခဲ့ပါတယ်..

အဲဒီ ဆောင်ပုဒ်လေးဟာ အမေရိကန်နိုင်ငံသားတွေမှ မဟုတ်ပါဘူး ကျပ်တည်း ဆင်းရဲနေတဲ့ ဘယ်သူမဆို အသုံးတည့်ပါတယ်
ကျွန်တော် ငွေသခင်ဖြစ်ဖို့အတွက်လည်း ဒီဆောင်ပုဒ်လေးက အထောက်အကူ ဖြစ်စေခဲ့လို့ မျှဝေလိုက်ပါတယ်..

လူတိုင်းဟာ ဘဝမှာ ငွေကြေးကြောင့် သောကရောက်ရတဲ့ အချိန်တွေ အကြိမ်ကြိမ် ရှိကြစမြဲပါ... ချမ်းသာလှပါတယ်ဆိုတဲ့ သူဌေးတွေတောင် ငွေအတွက် တောင့်တ ကြောင့်ကြရတဲ့ အချိန်တွေ ရှိခဲ့၊ ရှိနေကြဆဲ ဖြစ်ပါတယ်..


ဒါကြောင့် ငွေအတွက် ပူပင် သောကရောက်နေရပြီဆိုရင် အားမလျှော့လိုက်ပါနဲ့ဦး
ဒါဟာ လူတိုင်း ကြုံတွေ့ရတဲ့ ဒုက္ခပါ အမှားကို သိ၊ သင်ခန်းစာယူ ပြီး ဆက်ကြိုးစားသွားမယ်ဆို ဒီ အပူအပင်တွေ အေးငြိမ်းသွားမှာပါ...

"ငါ ကံဆိုးလှပါလား" ဆိုပြီး လဲကျရာက ပြန်မထရင်တော့ လဲကျလို့ နာတဲ့ ဒဏ်ရာ အပြင် လူတက်နင်း ကားတက်ကြိတ်တဲ့ သေရာပါ ဒဏ်ရာတွေ ထပ်ရနေပါလိမ့်မယ်...
ဒါကြောင့် ပြန်ထကြပါ
ကျွန်တော် (အရောင် မှိန်မှိန်) ပိုးစုန်းကြူးလေးက တတ်နိုင်သလောက် အမှောင်ထဲမှာ လမ်းပြသွားပါ ဦးမယ်...

ခုလည်း ဒီဆောင်ပုဒ်လေးဟာ ငွေအကျပ်အတည်းဖြစ် နေလို့ ဘာလုပ်ရမှန်းမသိ လမ်းပျောက်နေသူတွေအတွက် ချွေတာဖို့ နည်းလမ်း အချို့ကို လမ်းညွှန်ပေးလိမ့်မယ် လို့ မျှော်လင့်ပါတယ်...

ဆောင်ပုဒ်လေးကတော့ "Use It Up, Wear It Out, Make It Do, Or Do Without"
ပါတဲ့ ခင်ဗျာ..
အချက် လေးချက် ပါပါတယ်...

(၁) Use It Up
**************

တိုက်ရိုက် ဘာသာပြန်ရရင်တော့ "ကုန်အောင်သုံးပါ " ပေါ့။
ရှိသမျှ ငွေနဲ့ စည်းစိမ် ပစ္စည်းတွေကို ကုန်အောင် သုံးခိုင်းတာတော့ မဟုတ်ပါဘူး ခင်ဗျာ။
အိမ်မှာ စားသုံးနေတဲ့ စားစရာတွေ၊ သုံးနေတဲ့ ပစ္စည်းတွေကို မကုန်ခင် လွှင့်ပစ်တာမျိုး မလုပ်ကြဖို့ ပြောတာပါ။

ဥပမာ သွားတိုက်ဆေး၊ ခေါင်းလျှော်ရည် စတာတွေကိုအကပ်အသက် ကျန်တာလေးတွေကို မသုံးတော့ပဲ လွှင့်ပစ်ပြီး အသစ်ဝယ်တာမျိုး ရှောင်ကြဉ် ရပါမယ်တဲ့။

ပစ္စည်းနဲ့ စားစရာ တွေကို မကုန်ခင် မဝယ်ပဲ လုံးဝ ကုန်မှ ထပ်ဝယ်သင့်ပါတယ်တဲ့။ စိတ်ပညာသဘောအရ အိမ်မှာ နောက်တစ်ခု အပိုမရှိတော့ဘူးဆိုရင် နောက်ဆုံးကျန်တာလေးကို တာရှည်ခံအောင် ချွေတာ သုံးတတ်ကြလို့ ပါတဲ့။

(၂) Wear It Out
****************

ဟောင်းစုတ်တဲ့ အထိသုံးပါ တဲ့။ မဟောင်းသေးပဲနဲ့ လွှင့်ပစ်တာမျိုး ပေးပစ်တာမျိုး မလုပ်သင့်ပါဘူး။ အဝတ်အစား၊ ပရိဘောဂ၊ အသုံး အဆောင် ပစ္စည်း အားလုံး အကျုံးဝင်ပါတယ်။

ဟောင်းနေတဲ့ အင်္ကျီအဝတ် အစုတ်တွေကိုလည်း အခြားနေရာမှာ (ဥပမာ ကြမ်းတိုက် အဝတ်၊ လက်နှီး အဖြစ်) ပြန်သုံးသင့်ပါတယ် တဲ့။

(၃) Make It Do
***************

ရှိတာလေးနဲ့ အဆင်ပြေအောင် နေပါ တဲ့။ ရှိတာလေးကိုပျက်နေရင်ပြင်သုံး၊ စုတ်နေရင် ဖာသုံးပါ။ ပစ္စည်းတွေ အပြင်မှာ ပေါပေါလောလော ဝယ်လို့ရနေတော့ ချုပ်ဖို့၊ ဖာဖို့၊ ပြင်ဖို့ထက် အသစ်ဝယ်ကြဖို့သာ စိတ်အားသန်ကြပါတယ်။ ဒီ အချက်ကိုလည်း သတိထားရပါမယ်။

တစ်ခုခုကို အသစ်မဝယ်ခင်မှာ အိမ်မှာရှိသလား စဉ်းစားပါ။ ပျောက်နေတာ ဆိုရင် ရှာကြည့်ပါဦး။ အသစ်ဝယ်မဲ့အစား အိမ်မှာ ရှိတာလေးတွေနဲ့ အဆင်ပြေ အောင် သုံးကြည့်ပါ။ မဖြစ်မနေ ဝယ်ရမယ်ဆိုရင်လည်း ဈေးတော်တဲ့ ပစ္စည်းဟောင်းဆိုင်တွေ မှာ ရှာကြည့်ပါဦး

(၄) Do Without
****************

မရှိတာတွေကို တောင့်တ မနေပဲ ရောင့်ရဲပါ တဲ့။ လိုချင်တာနဲ့ လိုအပ်တာ ကို ခွဲခြားသိပါ။ လိုချင်တာတွေ လျှော့ပါ။ မရှိပဲ နေတတ်အောင် ကြိုးစားပါ။ မဝယ်ခင် ကိုယ့်ကိုယ်ကို ပြန်မေးရမှာက ဒီပစ္စည်းမဝယ်ပဲနဲ့ကော နေလို့မရဘူးလား။ သေရေး ရှင်ရေးလား။ နေလို့ ရသေးတယ်ဆိုရင် မဝယ်ပါနဲ့။

ဒီလောက်ဆိုရင် ကမ္ဘာ့စီးပွားပျက်ကပ်ကြီး ဖြစ်တော့ အမေရိကန် နိုင်ငံသားတွေ ဘယ်လိုနည်းတွေနဲ့ ချွေတာခဲ့တယ်ဆိုတာ သဘောပေါက် နားလည်ကြမယ်လို့ထင်ပါတယ်။

ငွေကျွန် မဖြစ်ချင်ရင် ချွေတာကြပါ၊ ငွေသခင်ဖြစ်မှ ဖြုန်းချင်ဖြုန်းကြပါလို့လည်း ထပ်ပြီး တိုက်တွန်းလိုက်ပါတယ်။

: ပိုးစုန်းကြူး

မေတ္တာဖြင့် ပြန်လည်မျှဝေပါသည်။

🌱🌱Smart Computer Training - Meiktila🌱🌱🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀Smart Education မှ ဖွင့်လှစ် သင်ကြားပေးနေသော ပညာရေး ဝန်ဆောင်မှုမျာ...
05/08/2022

🌱🌱Smart Computer Training - Meiktila🌱🌱

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Smart Education မှ ဖွင့်လှစ် သင်ကြားပေးနေသော ပညာရေး ဝန်ဆောင်မှုများ။
- ✅Computer Office course (Microsoft word, Excel PowerPoint, Adobe Pagemaker 7.0 and internet &Email)
- ✅Advanced Excel
- ✅General English 4 skills (Basic level)
- ✅General English 4 skills (Intermediate level)
- ✅နိုင်ငံခြားသွားမည့် သူများအတွက် သီသန့် English Speaking
- ✅English Grammar class
- ✅English phonics class for children
- ✅Online classes (Computer and English)
-✅ Grade(3) to (10) Subject Guide
- ✅Home based schooling (အိမ်တိုင်ရာရောက် ပညာရေးဝန်ဆောင်မှု)

☘️Smart Educationရဲ့ အဓိက ဝန်ဆောင်မှုကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုဘဲ ဖြစ်ပါတယ် ခင်ဗျာ။
☘️သင်ခန်းစာများအား နေ့စဉ်ဘဝနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးနေခြင်း ဖြစ်ပါတယ်ခင်ဗျာ။
☘️စာတစ်ခုထဲ မဟုတ်ဘဲနဲ့ ကျောင်းသား/သူ များရဲ့ Critical thinking Skill, Problem solving Skills တွေကိုလည်း ထည့်သွင်း သင်ကြားပေးပါတယ် ခင်ဗျာ။
👉👉သင်တန်းစုံစမ်းရန်
🏫ရန်ကုန် - မန်းလေး ကားလမ်းမကြီးဘေး၊ ရှမ်းတဲလေတပ်အနီး၊ မိတ္ထီလာ။
📞📞 09796539673
-Meiktila

🏡🏡Home-based Schooling - Meiktila🏡🏡🍀🍀မိမိတို့ရဲ့ သားသမီးတွေကို အပြင်ထွက်မှာ စိတ်မချ ဖြစ်နေရင်တော့ Home-based schooling ရ...
04/08/2022

🏡🏡Home-based Schooling - Meiktila🏡🏡

🍀🍀မိမိတို့ရဲ့ သားသမီးတွေကို အပြင်ထွက်မှာ စိတ်မချ ဖြစ်နေရင်တော့ Home-based schooling ရှိနေပြီနော်။
😇😇

💯အားနည်းတဲ့ ဘာသာရပ်တွေကိုဘဲ ထိထိရောက်ရောက်သင်လို့ ရသလို။ English4skills ကို ဘာသာစကား တစ်ခုကဲ့သို့ ကျွမ်းကျွမ်းကျင်ကျင်ပြောနိုင်ဖို့ဆိုရင်တော့ Home-based schoolingက စောင့်ကြိုနေပါတယ်ခင်ဗျာ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Smart Education မှ ဖွင့်လှစ် သင်ကြားပေးနေသော ပညာရေး ဝန်ဆောင်မှုများ။
- ✅Computer Office course (Microsoft word, Excel PowerPoint, Adobe Pagemaker 7.0 and internet &Email)
- ✅Advanced Excel
- ✅General English 4 skills (Basic level)
- ✅General English 4 skills (Intermediate level)
- ✅နိုင်ငံခြားသွားမည့် သူများအတွက် သီသန့် English Speaking
- ✅English Grammar class
- ✅English phonics class for children
- ✅Online classes (Computer and English)
-✅ Grade(3) to (10) Subject Guide
- ✅Home based schooling (အိမ်တိုင်ရာရောက် ပညာရေးဝန်ဆောင်မှု)

☘️Smart Educationရဲ့ အဓိက ဝန်ဆောင်မှုကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုဘဲ ဖြစ်ပါတယ် ခင်ဗျာ။
☘️သင်ခန်းစာများအား နေ့စဉ်ဘဝနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးနေခြင်း ဖြစ်ပါတယ်ခင်ဗျာ။
☘️စာတစ်ခုထဲ မဟုတ်ဘဲနဲ့ ကျောင်းသား/သူ များရဲ့ Critical thinking Skill, Problem solving Skills တွေကိုလည်း ထည့်သွင်း သင်ကြားပေးပါတယ် ခင်ဗျာ။
👉👉သင်တန်းစုံစမ်းရန်
🏫ရန်ကုန် - မန်းလေး ကားလမ်းမကြီးဘေး၊ ရှမ်းတဲလေတပ်အနီး၊ မိတ္ထီလာ။
📞📞 09796539673
-Meiktila

🌱🌱Computer ရုံးပိုင်းကို ကျွမ်းကျင်စွာ ပြီးဆုံးသွားသော ညီလေးနဲ့ ညီမလေး‌တွေ ဖြစ်ပါတယ် ခင်ဗျာ။🌳🌳Smart Education မှ ဖွင့်လှ...
10/07/2022

🌱🌱Computer ရုံးပိုင်းကို ကျွမ်းကျင်စွာ ပြီးဆုံးသွားသော ညီလေးနဲ့ ညီမလေး‌တွေ ဖြစ်ပါတယ် ခင်ဗျာ။🌳🌳
Smart Education မှ ဖွင့်လှစ် သင်ကြားပေးနေသော ပညာရေး ဝန်ဆောင်မှုများ။
- ✅Computer Office course (Microsoft word, Excel PowerPoint, Adobe Pagemaker 7.0 and internet &Email)
- ✅General English 4 skills (Basic level)
- ✅General English 4 skills (Intermediate level)
- ✅နိုင်ငံခြားသွားမည့် သူများအတွက် သီသန့် English Speaking class
- ✅English Grammar class
- ✅English phonics class for children
- ✅Online classes (Computer and English)
- ✅Home based schooling (အိမ်တိုင်ရာရောက် ပညာရေးဝန်ဆောင်မှု)

☘️Smart Educationရဲ့ အဓိက ဝန်ဆောင်မှုကတော့ ကျောင်းသူ ကျောင်းသားတွေရဲ့ ကျွမ်းကျင်မှုဘဲ ဖြစ်ပါတယ် ခင်ဗျာ။
☘️သင်ခန်းစာများအား နေ့စဉ်ဘဝနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးနေခြင်း ဖြစ်ပါတယ်ခင်ဗျာ။
☘️စာတစ်ခုထဲ မဟုတ်ဘဲနဲ့ ကျောင်းသား/သူ များရဲ့ Critical thinking Skill, Problem solving Skills တွေကိုလည်း ထည့်သွင်း သင်ကြားပေးပါတယ် ခင်ဗျာ။
👉👉သင်တန်းစုံစမ်းရန်
09796539673


နွေရာသီ Englishစာ သင်တန်းများ..👇👇👇👇
19/03/2022

နွေရာသီ Englishစာ သင်တန်းများ..👇👇👇👇

‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ”❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝ...
11/02/2022

‟ ပြည်သူ့ပညာရေးယန္တရားကို ပြည်သူ့အစိုးရနှင့်ပြည်သူ အကောင်းဆုံးလက်တွဲညီ တည်ဆောက်ကြမည် ”

❝အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကြားကာလ နေအိမ်အခြေပြုပညာသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် အသုံးပြုသွားမယ့် Learning Channels များကို အိမ်အိမ်က မိတ်ဆက်ပြောပြသွားမှာ ဖြစ်ပါတယ်။❞

☑️ သင်ယူလေ့လာနိုင်မယ့် Learning Channels များအဖြစ် Moodle, Facebook, Telegram, Viber နှင့် YouTube ဆိုတဲ့ Channels (၅) ခုမှ စဉ်ဆက်မပြတ် ထုတ်လွှင့်ပေးသွားမည်ဖြစ်ပြီး မိမိတို့နှင့်အဆင်ပြေကိုက်ညီသည့် Channel ကို ရွေးချယ်၍ အတန်းအလိုက် သင်ခန်းစာများကို ရယူလေ့လာနိုင်မည် ဖြစ်ပါတယ်။

📌 Moodle Learning Platform (Textbooks and Teacher’s Guide များနှင့် နေအိမ်အခြေပြုသင်ယူခြင်းဆိုင်ရာ လမ်းညွှန်အကြံပြုချက်စာအုပ်များကို ရယူနိုင်မည်ဖြစ်ပါသည်)
→ Moodle Link - https://learning-moe.nugmyanmar.org/be/

📌 Facebook Learning Channels (သင်ခန်းစာဆိုင်ရာအခက်အခဲများကို မေးမြန်းဆွေးနွေးနိုင်ပါမည်)
→ Myanmar Basic Education Home Page - https://m.facebook.com/BE.moeNUG/
→ KG - https://www.facebook.com/groups/kg.moe
→ Grade 1 - https://www.facebook.com/groups/grade1.moe
→ Grade 2 - https://www.facebook.com/groups/grade2.moe
→ Grade 3 - https://www.facebook.com/groups/grade3.moe
→ Grade 4 - https://www.facebook.com/groups/grade4.moe
→ Grade 6 - https://www.facebook.com/groups/grade6.moe
→ Grade 7 - https://www.facebook.com/groups/grade7.moe
→ Grade 8 - https://www.facebook.com/groups/grade8.moe
→ Grade 9 - https://www.facebook.com/groups/grade9.moe
→ Grade 10 - https://www.facebook.com/groups/grade10.moe
→ Grade 11 - https://www.facebook.com/groups/grade11.moe
→ IT & General Knowledge - https://www.facebook.com/groups/itgk.moe

📌 Telegram Learning Channels (သင်ခန်းစာများကို အလွယ်တကူ Download ရယူဖြန့်ဝေပေးနိုင်ပါမည်)
Myanmar Basic Education Home Channel - https://t.me/BEmoeNUG
→ KG MBEH Channel - https://t.me/joinchat/Wv9mDvMa7aFkOWVl
→ Grade 1 MBEH Channel - https://t.me/joinchat/9ntMcoRSIdtmMWI1
→ Grade 2 MBEH Channel - https://t.me/joinchat/U2R4xHQtnBhiOThl
→ Grade 3 MBEH Channel - https://t.me/joinchat/C9JBzMp09Gw0YTU1
→ Grade 4 MBEH Channel - https://t.me/joinchat/3LCw19ztMcowOGI1
→ Grade 6 MBEH Channel - https://t.me/joinchat/IHxvVfJgZUxiOTQ9
→ Grade 7 MBEH Channel - https://t.me/joinchat/h8CsmPfQscNkMDQ1
→ Grade 8 MBEH Channel - https://t.me/joinchat/TxHWca5RuotjNzll
→ Grade 9 MBEH Channel - https://t.me/joinchat/h_dGU4hsGHc3MzA1
→ Grade 10 MBEH Channel - https://t.me/joinchat/0dB_0tSgLTowMjI9
→ Grade 11 MBEH Channel - https://t.me/joinchat/Z6cZ9Gf-ubxlMWQ1
→ MBEH (IT+General Knowledge) Channel - https://t.me/joinchat/eeU8nffeqag2NmNl

📌 Viber Learning Channel (သင်ခန်းစာများကို အလွယ်တကူရှာဖွေနိုင်ပါမည်)

https://invite.viber.com/?g2=AQB5lCL%2FhrtC%2Fk3hm340WJmjtc%2BAezP%2Busmn%2BUv9l7mGoNEN7EbBvZE1DuZtXP8M

IT + General Knowledge MBEH Channel - https://invite.viber.com/?g2=AQAGS%2BnP374R8U3%2BWo2GrZmDVr3vQH6qr1yjcNYCmNWDtJKtGYB0Jbek25vCuSmd

KG MBEH Channel - https://invite.viber.com/?g2=AQAfvt8hRwBQ7E3%2BWwTqHFaVtYMCYtYwK70pVr7sTRE4XcX4ZyFxR%2FG1JbOuv9pa

Grade 1 MBEH Channel - https://invite.viber.com/?g2=AQBl2Ay29Si5lU37TyAqLCUrJmGVdgpzTUYywNHY%2F1br8XwRQclYGDbkFSj%2BnEGs

Grade 2 MBEH Channel - https://invite.viber.com/?g2=AQAR6sIWKXMH8037UEsXyz5hVRwCZKEKeGUOsFy3N7pHi2o1KGTly2YKoql32RpD

Grade 3 MBEH Channel - https://invite.viber.com/?g2=AQAJTBeb1qgFrk37UGTAnuTJKw7XH5%2FVPwu%2F%2FStotzhFKtKH0yRzShS98Br9ewxf

Grade 4 MBEH Channel - https://invite.viber.com/?g2=AQA89%2BKRtWpOuE37UJlsufcVCs7h%2FJVJRJqX9wTunBDaiL7WX4FsXTzu2wvsIgj6

Grade 6 MBEH Channel - https://invite.viber.com/?g2=AQApCsc8Xlvms037UQMxcqzzvQ3PMd4wK1507yIKsgpIP0qroVZlGiLQls1efVON

Grade 7 MBEH Channel - https://invite.viber.com/?g2=AQABKfNXev9k6k37USoyhnppTAE8kygQH726s29Y3SmUQG0VeW0%2Bbqf%2F6F5RsPW9

Grade 8 MBEH Channel - https://invite.viber.com/?g2=AQBfxHUwA53IPE37UUFiGgcXJyp8FlmlUX5qWDjr7g89RRuQNYVoUZbz7WsFgraG

Grade 9 MBEH Channel - https://invite.viber.com/?g2=AQAICKjAk0ageE37UXJDs6CXCsa%2B8nXu9IfhPw9ElczKeWT9Sw2lEHqDqT9VNpW5

Grade 10 MBEH Channel - https://invite.viber.com/?g2=AQA1Vj1h9HuS1E37Uk78OtCWLM9qw%2FEAMpn3c32qZhkNe1LOCr9oFVDveS0%2BmJEP

Grade 11 MBEH Channel - https://invite.viber.com/?g2=AQBO4Ste4aH4Ok37UmJqhoWRJCdTY2pFKQpwi93cxPvflU4iKmYtFv2yLYYwiR0g

📌 YouTube Learning Channel (သင်ခန်းစာများကို အလွယ်တကူ ဝင်ရောက်လေ့လာ ရယူဖြန့်ဝေနိုင်ပါမည်)
https://www.youtube.com/channel/UCvfxMmBn5nn819JoPL1Fu1A/playlists

☑️ နေအိမ်အခြေပြုသင်ယူခြင်းအစီအစဉ်ဆိုင်ရာအချက်အလက်များ
အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ်တွင် သင်ယူ‌ပါဝင်မည့် ကျောင်းသူ/ကျောင်းသားများနှင့် မိဘ/အုပ်ထိန်းသူ များသည် အောက်ပါလင့်တွင် အမည်စာရင်း ထည့်သွင်းနိုင်ပါသည်။
https://register-moe.nugmyanmar.org/basic-form
https://fb.watch/87aOjA1697/

☑️ နေအိမ်အခြေပြုပညာသင်ယူခြင်း လုပ်တဲ့အခါ မိဘတွေအနေနဲ့ ဘယ်လိုကူညီရမလဲ?
https://www.facebook.com/BE.moeNUG/posts/140083851659480
https://fb.watch/87bAHlqE5D/
ကြားကာလ အခြေခံပညာအဆင့် နေအိမ်အခြေပြုသင်ယူခြင်း (Home-Based Learning) အစီအစဉ် သင်ယူစဉ် စစ်ဆေးအကဲဖြတ်မှတ်တမ်းနှင့် စစ်ဆေးအကဲဖြတ်မှတ်တမ်းချုပ် နမူနာပုံစံများ
https://www.facebook.com/BE.moeNUG/posts/137968371871028

❝အထက်ဖော်ပြပါ NUG MoE Learning Channels တွေမှာ ထုတ်လွှင့်လျက်ရှိတဲ့ သင်ကြားရေးရင်းမြစ်များကို အခကြေးငွေပေးသွင်းစရာမလိုဘဲ ရယူလေ့လာနိုင်မှာဖြစ်ပြီး အင်တာနက်မရရှိသော ဒေသများသို့လည်း ရောက်ရှိအောင် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူများအနေနှင့်လည်း အင်တာနက်မရရှိသော ဒေသများသို့ NUG MoE Learning Channels မှ သင်ကြားရေးရင်းမြစ်များကို မိမိတို့လက်လှမ်းမီနိုင်သမျှ ကူညီဆက်လက်ဖြန့်ဝေပေးပါရန် အလေးအနက် တိုက်တွန်းပန်ကြားအပ်ပါတယ်။❞

❝ဖေဖေ၊ မေမေ၊ ဦးဦး၊ ဒေါ်ဒေါ်တို့နဲ့ သူငယ်ချင်းတို့ရေ .. အခြေခံပညာရေးဆိုင်ရာ မူဝါဒများနှင့် သတင်းအချက်အလက်များကို အပေါ်မှာ ဖော်ပြထားခဲ့တဲ့ Learning Channelsတွေနဲ့ Bluemark အမှတ်အသားပါတဲ့ Myanmar Basic Education Home Page (https://m.facebook.com/BE.moeNUG/) မှာ စဉ်ဆက်မပြတ် တင်ပေးသွားမှာ ဖြစ်တဲ့အတွက် Join, Like & Follow လေးလုပ်ထားကြပါနော် ❞

သူငယ်ချင်းတို့ရေ .. အိမ်အိမ်နဲ့အတူ နေအိမ်အတွင်းမှာ လုံခြုံပျော်ရွှင်စွာ အခုကစပြီး စာတွေ စတင် လေ့လာလိုက်ကြရအောင် …

The Republic of the Union of Myanmar, The National Unity Government

03/01/2022

အိပ်ပါ‌တော့ကွယ်...😴😴

great advices for younger generation 🥰
22/11/2021

great advices for younger generation 🥰

It is a shame to be a happy person in a country where people are suffering. Daw Aung San Suu Kyi
18/11/2021

It is a shame to be a happy person in a country where people are suffering.

Daw Aung San Suu Kyi

"ကျွန်တော်တို့ အားလုံးဟာ မြောင်းထဲမှာ။ ဒါပေမယ့် ကျွန်တော်တို့ထဲက တချို့က ကြယ်တွေကို ကြည့်နေကြတယ်။"                     (...
18/11/2021

"ကျွန်တော်တို့ အားလုံးဟာ မြောင်းထဲမှာ။
ဒါပေမယ့် ကျွန်တော်တို့ထဲက တချို့က
ကြယ်တွေကို ကြည့်နေကြတယ်။"
(အော်စကာ ဝိုင်းလ်)

Address

Meiktila

Telephone

+959796539673

Website

Alerts

Be the first to know and let us send you an email when Smart Education - Meiktila posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Smart Education - Meiktila:

Shortcuts

Share

Category