07/06/2026
၀န်ထမ်းအလိုရှိသည်
Main/Assistant Teacher - 2 Post ( Female )
လိုအပ်သော အရည်အချင်းများ
(၁) ကလေးချစ်တတ်ရမည်။
(၂) သင်ယူလိုစိတ်ရှိပြီး သင်တန်းမှ ပို့ချသော သင်တန်းများကို အချိန်မရွေးတက်ရောက်နိုင်ရမည်။
(၃) ဆရာမ အလုပ်ကို အမှန်တကယ် စိတ်ဝင်စားရမည်။
(၄) အသက် ၃၀ နှစ် အောက် ဖြစ်ရမည်။
(၅) အနည်းဆုံး စာသင်နှစ် တစ်နှစ် လက်တွဲ လုပ်ဆောင်နိုင်ရမည်။
(B.Ed လက်မှတ်ရှိသူ ဦးစားပေးမည် Main Teacher - လစာ ညှိနှိုင်း)
လျှောက်ထားလိုသူများအတွက် -
- အလုပ်လျှောက်လွှာ ( Passport ပုံတွဲလျက် )
- ပညာအရည်အချင်း စာရွက်စာတမ်း မိတ္တူများ
- မှတ်ပုံတင်မိတ္တူ
- အိမ်ထောင်စု ဇယားမိတ္တူ များနှင့် အတူ
အမှတ် ၄၄၊ ၄၅၊ ပုညလမ်း၊ မြမာလာရပ်၊ ရ.က.က ၂၊ ပြင်ဦးလွင် ။
(သို့)
Edu-Gate - Learning & Development
(သို့)
[email protected]
Google Form -
https://docs.google.com/forms/d/15plNTihGoXwYh3owLYRr4Svmo_173EKKaN3gqyBVXCk/edit
သို့ အမြန်ဆုံး လာရောက်လျှောက်ထားနိုင်ပါသည်။
09-760579598
28/05/2026
Unforgettable Memories!!
စာမေးပွဲခန်းထဲမှာတုန်းက ဉာဏ်ကြီးရှင်လေးတွေလို ငြိမ်ကုပ်နေပြီး Certificate လည်း ရပြီးရော... ဂုန်နီအိတ်ကိုယ်စီနဲ့ ခုန်ဆွခုန်ဆွ ဖိုက်တာကြီးတွေ ဖြစ်ကုန်ကြတဲ့ Summer Class အဖွဲ့သားများ 🤣🏆
Starting Line မှာတုန်းကတော့ စာမေးပွဲဖြေတုန်းကထက် ပိုတည်ကြည်ပြီး အလေးအနက်ထားနေတဲ့ လိုင်းကြီးပေါ့
ဒါပေမဲ့ အချက်ပေးသံလည်းမြည်ရော အတန်းထဲက အေးဆေးလေးတွေက ဘယ်ပျောက်ကုန်မှန်းမသိဘဲ ညှာတာတမ်းမရှိ ခုန်ကြတော့တာပဲ
တချို့ဆို လေထဲမြောက်နေတဲ့ ခုန်ချက်တွေက Gravity (ကမ္ဘာမြေဆွဲအား) ကိုပါ စိန်ခေါ်သွားတာနော် အဆုံးသတ်မှာ အိပ်ယာလိပ်သလို လဲကျတဲ့အထိ အားရပါးရ ဆော့ခဲ့ကြတာ
စာလည်းကြိုးစား၊ ကစားလည်း ကြမ်းတဲ့ ဒီအဖွဲ့ကတော့ တကယ်လက်ဖျားပါခါ 😂
Edu-Gate - Learning & Development
Edu-Gate English Language Center
28/05/2026
ခေါင်းစဉ် - လွန်ဆွဲပွဲက သင်ခန်းစာ (၃) ခု 🤫📝
ရှေ့ဆုံးကလူ - အဖွဲ့ရဲ့ သိက္ခာကို ထိန်းဖို့ မျက်နှာကြီး နီရဲပြီး အံကြိတ်ဆွဲရရှာသူ (ပုံတွေထဲမှာ မျက်နှာအပျက်ဆုံး လူတန်းစား)
အလယ်ကလူတွေ - ကြိုးကို ဆွဲတာထက် အရှေ့ကလူရဲ့ ခါးကို ဖက်၊ အနောက်ကလူရဲ့ အင်္ကျီကို ဆွဲပြီး "ငါတို့ ပြုတ်ကျရင် အတူတူပဲ" ဆိုတဲ့ ဒိုမီနို စနစ်သမားများ
နောက်ဆုံးကလူ - တစ်ကိုယ်လုံးမှာ ရှိသမျှ အလေးချိန်ကို မြေကြီးထဲ စိုက်ပြီး ကျောက်ဆူးချထားတဲ့ ကျောင်းရဲ့ အားကိုးရဆုံး "အကောင်ကြီးများ"
အချင်းချင်း ညှာတာကြေး လုံးဝမရှိဘဲ ခါးတွေ နာ၊ လက်တွေ စပ်တဲ့အထိ အားရပါးရ ဆော့ခဲ့ကြတဲ့ အမှတ်တရ ပုံရိပ်လေးများ 🤍📸
28/05/2026
Core memories: unlocked 🔓
Edu-Gate - Learning & Development ၏ နွေရာသီ သင်တန်းဆင်းပွဲတွင် ပျော်ရွှင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူလေးများရဲ့ အမှတ်ရဖွယ် ပုံရိပ်လေးများ...
Edu-Gate English Language Center
28/05/2026
Summer plans: Accomplished. 📜✨
27.5.2026 တွင် အမျိုးသားကန်တော်ကြီးဥယျာဥ်၌ ကျင်းပပြုလုပ်သော Edu-Gate - Learning & Development ၏ Summer Class Certificate ပေးအပ်ပွဲ မှတ်တမ်းပုံရိပ်များ...
Edu-Gate English Language Center