စံဖြူ အိမ်

စံဖြူ အိမ်

Share

Japan-ဘာသာသင်တန်း နှင့် Eco-နည်းပြ။

Photos from စံဖြူ အိမ်'s post 25/01/2024

ဖြစ်ချင်တာတွေထဲက ဖြစ်မြောက်မှုနဲ့ ဖြစ်သင့်တာတွေကို အကောင်အထည်ဖော်ဆောင်ရွက်ခွင့်
ပေးပါသော တည်ထောင်အုပ်ချုပ်သူများနှင့်တကွ
လက်ထောက်အကူ ဆရာ၊ဆရာမများအားလုံး၊
အားကိုးရတဲ့ ဆရာ့ရဲ့ ချစ်တပည့်အားလုံးကို ရင်ထဲကနေ
အထူးပင် ကျေးဇူးတင်ရင်း ဝမ်းမြောက်ဂုဏ်ယူမိပါတယ်ခင်ဗျာ😊🥰😊💐💐💐

Photos from စံဖြူ အိမ်'s post 23/01/2024

💐💐💐International JLPT Exam, တွင် Reading 120/120 အပြည့်ရရှိသူ ဆရာမ စန်းစန်းလှ နှင့်
🎉🎉🎉အောင်မြင်ခဲ့သူ အားလုံးကို ဝမ်းသာဂုဏ်ယူ မှတ်တမ်းတင်အပ်ပါတယ်ဗျာ။🎉🎉🎉

14/05/2023

တနှစ်ပြီး တစ်နှစ် 👍တစ်တန်းပြီး တစ်တန်း👍
သင်တန်းတွေ ဆင်းသွားလိုက်ကြတာ👏
နိုင်ငံခြား ရောက်သူတွေက ရောက်👍
ဆရာ၊ဆရာမ ဖြစ်သူတွေက ဖြစ်လို့ 👍
ဂုဏ်ယူ ပီတိ ဝမ်းသာကြည်နူးရင်း
ဇရာ ကို အံတု အချိန်ကို မေ့နေတာက
ကိုယ်တစ်ယောက်ထဲမှန်းလား😊😊😊

16/03/2023

ကြယ်လေးတွေကြွေသွားရင် ဆုတောင်းမှုလေးတွေပြုလုပ်ကြတဲ့အခါမှာ⭐🌟✨

08/03/2023

N.3 ကျောင်းသားလေးရဲ့ လက်စွမ်း🥰

04/03/2023

အချိန်တန်ရင်တော့ အရာရာဟာ ချန်ထားခဲ့ရမှာဘဲ😭😭😭

Photos from စံဖြူ အိမ်'s post 09/12/2022

စနိုးကွင်း ကိုယ်ပိုင်အထက်တန်းကျောင်း Grade - 11 စနစ်သစ်ကလေးတွေရဲ့ Presentation ပုံရိပ်များ✍️

07/12/2022

ကလေးတွေရဲ့အမှတ်တရစကားစုလေးများ🎎🎌🍁🌸

03/12/2022

မနက်ဖြန် နေ့လည် ၂း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ
H1 စာမေးပွဲကို 🎌လင်းထက် 🎌ကိုယ်ပိုင်အထက်တန်းကျောင်း🎌 စာဖြေဌာနမှ ပထမဦးဆုံး အကြိမ်ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်ဗျာ🎌
みんなさん🎍がんっばてください🎍

02/09/2022

"တပည့် ( ၄ ) မျိုး"

၁။ ဆရာဖြစ်သူရဲ့အတင်းအဖျင်းကို အရသာခံပြောတတ်တဲ့ အရှက်မဲ့ကျေးဇူးမသိတတ်သော
#တပည့်။

၂။ အတတ်ပညာလေး မတောက်တစ်ခေါက်စုံလာတော့
ဆရာကိုယှဉ်ပြိုင်အံတု နေရာယူဖို့ကြိုးစားတတ်သော
#တပည့်။

၃။ အရာရာမှာ အလိုက်သိတာဝန်ကျေပြီး စာပေ၊ ပညာကိုသာ အလေးထားဆည်းပူးသင်ယူသဖြင့် ဆရာဖြစ်သူ၏ ချီးမြှောက်ပသမှုခံယူရသော
#တပည့်။

၄။ အနေအထိုင်ပိရိ၊ ပညာလည်းကြိုးစား၊ ဆရာသမား၏ကွယ်ရာမှာကော ရှေ့မှာပါ စိတ်ချရသဖြင့် အမြဲတသတမ်းတနေရမည့်
#တပည့်။

ဤတပည့် လေး မျိုးထဲမှာ (၁) နဲ့ (၂) တပည့်တွေက မက္ခပလာပ ကျေးဇူးတရားဖျက်စီးစော်ကားသူတွေ ဖြစ်တာကြောင့် "သက်ရှည်လို့ဘုန်းမကြီး ဘုန်းကြီးလို့သက်မရှည်" ဖြစ်တတ်တယ် ရှောင်ကြဉ်ကြ။

နံပါတ် (၃) (၄) တပည့်မျိုးတွေဖြစ်အောင် အကောင်းဆုံးပြုပြင်နေထိုင်ကြ။

ကိုယ်ကတပည့်ကောင်းဖြစ်ခဲ့ဖူးမှ နောင်တစ်ချိန်မှာ ဆရာကောင်းပြန်ဖြစ်နိုင်တယ်။

ဥုးမဟောသဓာပဏ္ဍိတာလင်္ကာရ
(အမေရိကန်၊သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် ပိဋကတ်တိုက်မှူးဟောင်း) စာချရင်းပြောခဲ့ဖူး တဆင့်ကြားဖူးသည်ကား
စစ်ကိုင်းသက်တော်ရှည်ရွှေဟင်္သာ
ဆရာတော်ကြီးသြဝါဒပါ ...

Credit : အရှင်ဣန္ဒာသိရီ(မန္တလေး)

16/08/2022

日本(にほん)の 四季(しき)
ဂျပန်​၏ ရာသီဥတု(၄)မျိုး
====================
春 (はる) ​နွေဦး
(3月、4月、5月)
夏 (なつ) ​နွေရာသီ
( 6月、7月、8月)
秋 (あき) ​ဆောင်းဦး
( 9月、10月、11月)
冬 (ふゆ) ​ဆောင်းရာသီ 
( 12月、1月、2月)

07/08/2022

ဂျပန်မှာအလုပ်လုပ်ချင်သူများအတွက် ဝမ်းသာစရာသတင်းပါ👍

လက်ရှိTokuteiginouစနစ်ကို ပြုပြင်မွမ်းမံသည့် မူကြမ်းက ၂၀၂၂ခုနှစ် ၈ လပိုင်း ၄ ရက်နေ့မှာ ထွက်လာပါတယ်။

နံပါတ်①

တရိန်နင်သင်တန်းသား၃နှစ်ပီးသူများ
(မည်သည့်အလုပ်အမျိုးအစားမဆို)
Tokuteiginou ဟိုတယ်/ငါးဖမ်း/စားသောက်ကုန် အလုပ်၃မျိုး သို့ပြောင်းချင်ပါက သက်ဆိုင်ရာကျွမ်းကျင်စာမေးပွဲဖြေစရာမလိုတော့ပါဘူး။

နံပါတ်②

Tokuteiginouအတွက်လိုအပ်တဲ့ဂျပန်စာအရည်အချင်းသတ်မှတ်စာမေးပွဲကို JLPT/JFTအပြင် NAT TESTအစရှိသည့် အခြားစာမေးပွဲတွေလဲ လက်ခံပေးပါမယ်။

နံပါတ်③

Tokuteiginou Visaစားသောက်ကုန်လုပ်ငန်း
၃၄၀၀၀ ဦးရေမှ ၈၇၂၀၀ ဦးရေအထိ တိုးမြှင့်လက်ခံမည်

Tokuteiginou Visaစက်ရုံလုပ်ငန်း
၃၁၄၅၀ မှ ၄၉၇၅၀ အထိ တိုးမြှင့်လက်ခံမည်

Tokuteiginou Visa ဟိုတယ်လုပ်ငန်း ကိုတော့
လက်ရှိ ၂၀၀၀၀ ကျော်မှ ၁၁၂၀၀ဦးရေအထိ လျှောချမည်

အားလုံးအောင်မြင်ကြပါစေ🇯🇵🇯🇵🇯🇵




Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


သော်ကလမ်းသွယ်၊ မြမဉ္ဇူဘုရားလမ်း၊ အိမ်အမှတ် ( စီစီ/၁၀၈ )၊ ပဒေသာမြို့သစ်၊ ပြင်ဦးလွင်မြို့။
Maymyo