Little Eurekas

Little Eurekas

Share

Nurturing creativity, fostering a love for learning, and encouraging collaboration in a supportive environment 🍀

21/04/2026

2026-2027 ပညာသင်နှစ်အတွက်
Little Eurekas မူလတန်းကျောင်းတွင် တာဝန်ထမ်းဆောင်ရန် အောက်ပါရာထူးများ လျှောက်ထားနိုင်ပါသည်။

(၁) Cambridge English Teacher (1 post)
- ဘွဲ့ရဖြစ်ရမည်။ ( Green Card ရှိသူဦးစားပေးမည်။)
- သက်ဆိုင်ရာဘာသာရပ်တွင် စာသင်သက် အနည်းဆုံးနှစ်နှစ်ရှိရမည်။
- ဆရာ၊ဆရာမတစ်ဦးရှိရမည့် ကိုယ်ရည်ကိုယ်သွေးများနှင့် ပြည့်စုံရမည်။
- အနိမ့်ဆုံး TESOL လက်မှတ်ရှိရမည်။
- ကလေးများအားလုံးကို တန်းတူညီတူ ဆက်ဆံနိုင်ရမည်။
- မူလတန်းပြဆရာ၊မ ရာထူးဖြစ်သည့်အတွက် ကလေးတို့အပေါ် ချစ်ခင်ပြီး စိတ်ရှည်သည်းခံနိုင်ရမည်။
- အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်တတ်ပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- ကျောင်းမှ အခါအားလျော်စွာ သင်ကြားရေးနှင့်သက်ဆိုင်သည့် သင်တန်းများပေးသည့်အခါ တက်ရောက်နိုင်သူဖြစ်ရမည်။

(၂) လက်ထောက်ဆရာ၊မ (၂)ဦး
- ဘာသာရပ်သင်ဆရာမကို ထိထိရောက်ရောက် ကူညီနိုင်ရမည်။
- မိမိတာဝန်ကျသည့် အခန်းတွင်းမှ ကလေးတစ်ဦးစီတိုင်းကို သိရှိနားလည်အောင်ကြိုးစားပြီး သင်ကြားသင်ယူမှုလုပ်ငန်းများတွင် ကူညီပေးနိုင်ရမည်။
- ဆရာ၊ဆရာမတစ်ဦးရှိရမည့် ကိုယ်ရည်ကိုယ်သွေးများနှင့် ပြည့်စုံရမည်။
- English language proficiency အနိမ့်ဆုံး B1 level ရှိရမည်။
- ကလေးများအားလုံးကို တန်းတူညီတူ ဆက်ဆံနိုင်ရမည်။
- ကလေးတို့အပေါ် ချစ်ခင်ပြီး စိတ်ရှည်သည်းခံနိုင်ရမည်။
- အဖွဲ့အစည်းနှင့် ပူးပေါင်းလုပ်ဆောင်တတ်ပြီး သင်ယူလိုစိတ်ရှိသူဖြစ်ရမည်။
- ကျောင်းမှ အခါအားလျော်စွာ သင်ကြားရေးနှင့်သက်ဆိုင်သည့် သင်တန်းများပေးသည့်အခါ တက်ရောက်နိုင်သူဖြစ်ရမည်။
(၃) လုံခြုံရေးဝန်ထမ်း (၁) ဦး
- ကိုယ်နှုတ်အမူအရာ ယဉ်ကျေး၍ စည်းကမ်းလိုက်နာသူ ဖြစ်ရမည်။
- အများနှင့်ပူးပေါင်းပြီး ညှိနှိုင်းဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
လျှောက်ထားလိုသူများသည်
-CV form
-Personal Statement
-Required Certificates
တို့နှင့်အတူ
[email protected] သို့ Mail ပို့၍ဖြစ်စေ
အမှတ် (780)၊ မြကမ္ဘာလမ်းသွယ်၊ ရကက (၆)၊ ပြင်ဦးလွင် ။ (09885851519) သို့ လူကိုယ်တိုင် လာရောက်၍ဖြစ်စေ ပေးပို့လျှောက်ထားနိုင်ပါသည်။

21/04/2026

၂၀၂၆_၂၀၂၇ ပညာသင်နှစ်အတွက် Little Eurekas Private School တွင် Waiting list ကျောင်းသားစာရင်းများ စတင်လက်ခံပါပြီရှင့်။
🌟🌟 တက်ရောက်နိုင်မည့်အတန်းများ_KG_Grade 1_Grade 2_Grade 3_Grade 4_Grade 5
🌟🌟 သင်ကြားမည့် ဘာသာရပ်များ
1. အစိုးရသင်ရိုး
2. Cambridge Curriculum_English_Mathematics_Science
3. တွဲဖက်သင်ရိုးများ_Arts_Taekwondo_Music and Dancing_Sports
မိဘများနှင့် ကျောင်းသား၊ကျောင်းသူများအပေါ် ပေးထားသည့် ကတိများကို အမြဲတည်အောင် ကြိုးစားပေးတတ်သည့် Little Eurekas ၏ အစဉ်အလာအတိုင်း မူလတန်းကလေးများအတွက် အောက်ပါဝန်ဆောင်မှုများအားလုံးကို တာဝန်ယူဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။
၁။ ကျွန်မတို့ကျောင်းမှ တာဝန်ယူသင်ကြားသော အစိုးရသင်ရိုးနှင့် Cambridge Curriculum နှစ်ခုလုံးအတွက် ပြင်ပကျူရှင်များ ထပ်မံယူရန် လုံးဝ မလိုအပ်ပါ။ အားနည်းသည့် ဘာသာရပ်များအတွက် ထပ်ဆောင်းအချိန်ပို သင်ကြားလေ့ကျင့်ခြင်းကို ကျောင်းမှသာ အခမဲ့ ပြန်လည် တာဝန်ယူသင်ကြားမည် ဖြစ်ပါသည်။
၂။ ကလေးတစ်ဦးစီတိုင်းကို အသေးစိတ် ဂရုစိုက်မှုပေးနိုင်ရန် တစ်တန်းတွင် ကျောင်းသားဦးရေ (၂၅) ဦးသာ လက်ခံသင်ကြားသွားမည် ဖြစ်ပါသည်။
၃။ Little Eurekas Preschool တွင် Pre KG တန်းထိ တက်ရောက်လာသော ကျောင်းသား‌ဟောင်းများအားလုံး Admission Fees များပေးသွင်းစရာမလိုပါ။
၄။ ကလေး၏ အတန်းနှင့်လိုက်သော အရေးအဖတ်စွမ်းရည်၊ သင်္ချာစွမ်းရည်၊ အသိပညာ၊ အတတ်ပညာ၊ လိမ္မာယဉ်ကျေးမှု၊ လူသားဆန်မှုများ တိုးတက်စေရပါမည်။
၅။ ရာနှုန်းပြည့် အနိုင်ကျင့်မှုကင်းသော Little Eurekas Preschool ၏ ဂုဏ်သတင်းကို ဆက်လက်ထိန်းသိမ်းပြီး မိဘများစိုးရိမ်ပူပန်သည့် ကျောင်းသားအချင်းချင်း အနိုင်ကျင့်ခြင်းများ ကင်းဝေးအောင် ဂရုတစိုက် ဆောင်ရွက်သွားပါမည်။
၆။ Little Eurekas ကျောင်းသား၊ ကျောင်းသူတစ်ဦးစီတိုင်းကို မိဘရင်းနှင့်မခြား ချစ်ခင်စောင့်ရှောက်သွားပါမည်။
🌟🌟🌟အတန်းတစ်တန်းတွင် ကလေး (၂၅) ဦးသာ လက်ခံမည်ဖြစ်၍ စာရင်းပေးသွင်းထားသူများကိုသာ ဦးစားပေးလက်ခံသွားမည် ဖြစ်ပါတယ်ရှင့်။
Little Eurekas Private Schoolအမှတ် (780)၊ ၊ မြကမ္ဘာလမ်သွယ်း၊ ရကက (၆) ၊ ပြင်ဦးလွင်မြို့။
09885851519, 09974422751

21/04/2026

Little Eurekas Preschool, Pyin Oo Lwin တွင် တာဝန်ထမ်းဆောင်ရန် Preschool Teacher Positions များလျှောက်ထားနိုင်ပါတယ်ရှင့်။
🍀🍀🍀
လိုအပ်သောအရည်အချင်းများ
🍀 ပညာအရည်အချင်း ဘွဲ့ရမည်။
🍀 ကလေးများကို ချစ်ခင်လေးစားသူဖြစ်ရမည်။
🍀 မူကြိုပညာရေးကို စိတ်ဝင်စားပြီး မူကြိုသင်ကြားရေးအတွေ့အကြုံအနည်းဆုံး နှစ်နှစ်ရှိရမည်။
🍀 အဖွဲ့အစည်းနှင့်ညှိနှိုင်းလုပ်ကိုင်တတ်ပြီး သင်ယူလိုစိတ်ရှိသူ၊ အပြုသဘောဆောင်သော အတွေးအခေါ်ရှိသူ ဖြစ်ရမည်။
🍀 ကလေးတစ်ဦးစီ၏ မတူကွဲပြားမှုကို လက်ခံနိုင်ပြီး ခွဲခြားဆက်ဆံတတ်သော စိတ်ထားလုံးဝမရှိသူ ဖြစ်ရမည်။
🍀🍀🍀
လျှောက်ထားလိုပါက No 780,မြကမ္ဘာလမ်းသွယ်၊ ဖိုးဝကော်ဖီဆိုင်ဘေးလမ်း၊ ရကက(၆)၊ , Pyin Oo Lwin
09885851519
သို့ ကျောင်းဖွင့်ရက် ရုံးချိန်အတွင်း လျှောက်ထားလိုသူကိုယ်တိုင် လိုအပ်သောစာရွက်စာတမ်းများနှင့်တကွ လာရောက်လျှောက်ထားနိုင်ပါသည်။

❗အစမ်းခန့်ကာလ (၁) လ ရှိပါမည်။ ❗

11/04/2026

ကျောင်းပြင်ပ မူလတန်းပညာရေး

အသက် ၁၀ နှစ်မှ ၁၄ နှစ် အတွင်း (လျှော့ပေါ့အဖြစ် အသက် ၉ နှစ် ၉ လ နှင့် ၁၄ နှစ် ၃ လ အတွင်း)

စတင်ဖွင့်လှစ်သည့်ရက် ဇူလိူင်လ ပထမပတ်အတွင်း

မူလတန်း - Level 1 ..... မူလတန်းအောက်ဆင့် ( ကျောင်းမတက်ဖူးသေးသော ကလေးများ၊ KG, G1, G2 အောင်မြင်ထားသော ကလေးများ၊ G3 တက်ရောက်ခဲ့ဖူးသော ကလေးများ) (၁ နှစ်)

ပညာသင်ကာလ တနှစ်ပြီးမြောက်လျှင် မည်သည့်အခြေခံပညာရေးကျောင်းရှိ Grade 4 သို့ ပြောင်းရွှေ့တက်ရောက်နိုင်သည်။

မူလတန်း - Level 2 ..... မူလတန်းအထက်ဆင့် (G3, G4 အောင်မြင်ထားသော ကလေးများ၊ G5 တက်ရောက်ခဲ့ဖူးသော ကလေးများ) (၁ နှစ်)

ပညာသင်ကာလ တနှစ်ပြီးမြောက်လျှင် မည်သည့်အခြေခံပညာရေးကျောင်းရှိ Grade 6 သို့ ပြောင်းရွှေ့တက်ရောက်နိုင်သည်။ကျောင်းပြင်ပ အလယ်တန်းပညာရေး

အသက် ၁၃ နှစ်မှ ၁၈ နှစ် အတွင်း (လျှော့ပေါ့အဖြစ် အသက် ၁၂ နှစ် ၉ လ နှင့် ၁၈ နှစ် ၃ လ အတွင်း)

စတင်ဖွင့်လှစ်သည့်ရက် ဩဂုတ်လ ပထမပတ်အတွင်း

အလယ်တန်း - Level 1 ..... (မူလတန်းပညာရေးပြီးမြောက်သောကလေးများ၊ G5 အောင်မြင်ပြီးသော ကလေးများ၊ G6 တက်ရောက်ခဲ့ဖူးသော ကလေးများ ) (၁ နှစ်)

အလယ်တန်း - Level 2 ..... (G6 အောင်မြင်ပြီးသော ကလေးများ၊ G7 တက်ရောက်ခဲ့ဖူးသော ကလေးများ) (၁ နှစ်)

အလယ်တန်း - Level 3 ..... (G7 အောင်မြင်ပြီးသော ကလေးများ၊ G8 တက်ရောက်ခဲ့ဖူးသော (သို့) အောင်မြင်ပြီးသော ကလေးများ၊ G9 တက်ရောက်ခဲ့ဖူးသော ကလေးများ) (၁ နှစ်)

ပညာသင်ကာလ သုံးနှစ်ပြီးမြောက်လျှင် မည်သည့်အခြေခံပညာရေးကျောင်းရှိ Grade 10 သို့မဟုတ် စက်မှု၊ စိုက်ပျိုးရေးနှင့် မွေး​မြူရေးကျောင်းများသို့ ပြောင်းရွှေ့တက်ရောက်နိုင်သည်။

Photos from Little Eurekas's post 09/04/2026

ကျွန်မတို့ကျောင်းကလေးမှာ ရာသီပွဲတော်လေးတွေကို အခါအားလျော်စွာ အမြဲကျင်းပဖြစ်ပါတယ်။ နွေးထွေးလုံခြုံတဲ့၊ ကလေးတို့ သက်သာသက်သာရှိတဲ့ ဝန်းကျင်မှာ သူတို့ချစ်ခင်ရတဲ့ ရွယ်တူသူငယ်ချင်းတွေ၊ ကစားဖော်ကစားဖက်တွေ၊ ဆရာမတွေ၊ မိသားစုဝင်တွေနဲ့အတူ မြန်မာ့ရိုးရာပွဲတော်လေးတွေကို ဆင်နွှဲခြင်းဖြင့် ကြီးလာတဲ့အခါ ပွဲတော်အခါရက်တွေရောက်တိုင်း ပျော်စရာအမှတ်တရတွေနဲ့ ကြည်ကြည်နူးနူး မှတ်မိနေစေချင်လို့ပါ။

အဲဒီကနေတဆင့် ငယ်ငယ်က မူကြိုကျောင်းမှာရခဲ့တဲ့ ပျော်ရွှင်မှုကလေး၊ အတွေ့အကြုံကလေးတွေစုပြီး ကိုယ့်ရိုးရာယဉ်ကျေးမှုကို နားလည်တန်ဖိုးထားတတ်တဲ့ နိုင်ငံသားကောင်းတွေဖြစ်လာဖို့ ရည်ရွယ်ပါတယ်။

မိဘတွေအနေနဲ့လည်း ရာသီပွဲတော်တစ်ခုပြောင်းတိုင်း ကုန်ဆုံးသွားတဲ့အချိန်ကာလတစ်ခုနဲ့အတူ ပြောင်းလဲတိုးတက်လာတဲ့ ကလေးလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုတစ်ခုချင်းစီကို သတိပြုမိစေဖို့ ဒီလိုပွဲလေးတွေ ကျင်းပပေးရခြင်းဖြစ်ပါတယ်။ တစ်ရာသီစာကာလမှာ သားသားမီးမီးတို့ အတွက် ကိုယ့်ရဲ့အားထုတ်ကြိုးပမ်းမှုတွေကို ပြန်သုံးသပ်ပြီး ကိုယ့်ရဲ့ Parenting journey ကို လိုတိုးပိုလျော့ ပြုပြင်ပြောင်းလဲနိုင်ဖို့ပဲ ဖြစ်ပါတယ်။

မိဘတွေအနေနဲ့ ဒီလို ပွဲကလေးတွေကို ကလေးနဲ့

အတူရှိနေပေးခြင်းကနေတဆင့် ကလေးလေးတွေအပေါ် ထားတဲ့ အလေးထားမှု၊ အချိန်ပေးမှု၊ စိတ်ဝင်တစားရှိမှု စတဲ့ ချစ်ခြင်းမေတ္တာတွေကို စကားလုံးတွေအများကြီးမပါဘဲ ကလေးတွေနားလည်ခံစားနိုင်စေပါတယ်။ အဲဒီနားလည်မှုလေးကနေပဲ ကိုယ့်ကိုယ်ကိုယ်ယုံကြည်အားကိုးတဲ့၊ လွတ်လပ်ပြည့်ဝတဲ့၊ ပျော်ရွှင်တဲ့ လူသားကလေးတွေအဖြစ် ပြောင်းလဲပေးနိုင်ပါလိမ့်တယ်။ ဒါကြောင့် ဒီပွဲလေးမှာ ကလေးလေးတွေနဲ့အတူရှိပေးကြတဲ့ မိသားစုဝင်အားလုံးကို ကျေးဇူးတင်ရှိပါတယ်ရှင်။

အားလုံး နှစ်သစ်မှာ နှလုံးစိတ်ဝမ်းရွှင်လန်းကြပါစေ။

ချမ်းမြေ့ပျော်ရွှင်ကြပါစေ။

အေးချမ်းသာယာကြပါစေရှင်။

07/04/2026

Our spring diary 🍀🍀🍀

01/04/2026

ကိုယ်တိုင်ဖောက်ကြတဲ့ ထောပတ်ပေါက်ပေါက်နဲ့ Movie Date.
Sweet Summer Memories 🍀🍀🍀

26/03/2026

Little Eurekas Preschool
Summer days 🍀

Photos from Little Eurekas's post 26/03/2026

Engaged in their art works 🍀
Calm and soft days.

Photos from Little Eurekas's post 24/03/2026

What we played today.

23/03/2026

Little Eurekas Primary School 🏫

23/03/2026

Waiting List လေးတွေ လက်ခံပါပြီရှင့်။
KG waiting list မရလိုက်တဲ့ မိဘတွေအတွက် တန်းခွဲသစ်တစ်ခု စီစဉ်ပေးထားတဲ့အတွက် ကလေးအနည်းငယ်စာ နေရာကျန်ပါသေးတယ်ရှင့်။

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No 780, Myakabar Street
Maymyo

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00