16/07/2026
🔈🔈🔈 Workshop Announcement
🍀 Finding the Right Balance in Early Childhood Education 🍀
ဒီကနေ့ခေတ် မူကြိုကျောင်းတွေမှာ ကလေးအသက်ငယ်ငယ်လေးကတည်းက Academics ဘာသာရပ်တွေကို အလေးပေးသင်ကြားလာကြပါတယ်။ ဒါပေမဲ့ ဒီသင်ကြားမှုတွေဟာ ကလေးတွေရဲ့ ကိုယ်၊စိတ်၊နှလုံး သုံးပါးလုံး ဟန်ချက်ညီညီ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့ လိုအပ်ချက်တွေနဲ့ ကိုက်ညီနေရဲ့လားဆိုတာကို ထည့်သွင်းစဉ်းစားဖို့ အလွန်အရေးကြီးပါတယ်။
ဒီworkshop လေးကတော့ မိမိကလေးငယ်ရဲ့ ကလေးဘဝမှာ ဘယ်အရာတွေက အရေးအပါဆုံးလဲ၊ ကလေးရဲ့ ဘဝတလျှောက်လုံး စိတ်အနာတရကင်းကင်းနဲ့ ပျော်ပျော်ရွှင်ရွှင် အောင်အောင်မြင်မြင်ဖြတ်သန်းနိုင်ဖို့ မူကြိုအရွယ်မှာ ဘယ်အရာတွေ လုပ်ပေးရမလဲ၊ ဘယ်လိုပုံစံနဲ့ လုပ်ပေးလို့ရမလဲဆိုတာတွေ ဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပါတယ်။
Workshop လေးမှာ အတူတကွ ဆွေးနွေးကြမည့်အကြောင်းအရာများ
🍀 Early Academics ၏ အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုများ
🍀မူကြိုအရွယ်ကလေးတို့အတွက် မူကြိုဆရာ၊ ဆရာမများနှင့် မူကြိုအရွယ်ကလေးတို့၏ မိဘများက လုပ်ဆောင်ပေးရမည့်အရာများနှင့် စောင့်ထိန်းလိုက်နာရမည့် အကြောင်းအရာများ။
🍀 ကလေးတစ်ဦးစီရဲ့ Holistic development အတွက် Play based learning ရဲ့ အရေးပါပုံ
🍀 School Readiness နှင့် ကလေး၏ ကိုယ်၊စိတ်၊ နှလုံး သုံးပါးလုံး ပျော်ရွှင်မှု၊ ကျန်းမာဖွံ့ဖြိုးမှုကို မျှတစွာ ပံ့ပိုးနည်း
🍀 လက်တွေ့အသုံးချနိုင်သော ပြုစုပျိုးထောင်ရေး နည်းလမ်းများ
🍀 မိဘ၊ ဆရာမများ လက်တွေ့ရင်ဆိုင်နေရသော အခက်အခဲများကို အတူဆွေးနွေးအဖြေရှာခြင်း ။
🍀 အထူး bonus အနေနဲ့ကတော့ ဒီ workshop လေးမှာ ငယ်ငယ်က ကစားနည်းတွေ အတူတူပြန်ကစားကြရင်း ပျော်ရွှင်စရာ ကလေးဘဝဆီ ပြန်လည်ငေးမော ကြည်နူးနိုင်ကြမှာပါ။
တက်ရောက်နိုင်မည့်သူများ
- မွေးကင်းစမှ အသက်(၇) နှစ်အတွင်း သားသားမီးမီးတို့ရဲ့ မိဘများ
- မူကြိုဆရာ၊ဆရာမများ
- Early childhood education ကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။
Fees : 80,000 MMK per person
Date : 18.7.2026 (စနေနေ့)
Time : 1pm to 4pm
Venue: Little Eurekas Preschool, No (780), Myakabar St, Pyin Oo Lwin. 09885851519
🍀 Childhood is not a race, it is to be cherished.🍀