Dr. Yar

Dr. Yar

Share

Mechatronics & Mathematics Trainer

14/03/2026

အငယ်တန်းတွေ မသင်ဘူးဆိုပြီး ... ငြင်းခဲ့တာ...

"အခြေခံပါချင်လို့၊ G12 ထိ ဆက်ပြီး ဆရာမ အာဘော်မိချင်တာမို့" .... ဆိုပြီး လက်ခံလိုက်တာကနေ...

"အငယ်လေးတွေ မသင်ဘူးထင်လို့ သင်တယ်ဆို ထားချင်လို့ပါ" "ထပ်ဖွင့်မယ်ဆို ပြောပါဦး" နဲ့ ယုံကြည်ပေးကြတဲ့ မိဘများ...

✅G4 Math (online) - (3) ဦးရ

✅G5 Math (အိမ်လာသင်) - (1) ဦးရ (17/3/2026) စပါမယ်။

✅G6 Math (အိမ်လာသင်)- (1) ဦးရ (သင်္ကြန်အပြီးစပါမယ်)

✅G6 Math (online) - Full

✅G7 Math (အိမ်လာသင်) - Full

✅G11 Math Regular Class (online) - (4) ဦးရ

✅G12 Math Regular Class (online) - (7) ဦးရ

ထိထိရောက်ရောက် ဂရုတစိုက် သင်ပေးချင်တာကြောင့် Class size limit လုပ်ထားပါတယ်။

ကျောင်းဖွင့်ချိန် ဘော်ဒါဝင်မယ့်ကလေးတွေ အချိန်ထွက်လာမှာမို့ ထပ်မံအပ်လိုသော One-on-one, Private Group Class အတန်းများ ၅ လပိုင်းအစမှာ ကြိုတင်စာရင်းပေးသွင်းထားနိုင်ပါတယ်။

ပုံက ကျွန်မသမီးလေး (G5) သူ့ဘာသာ self study လုပ်ရင်း၊ မသိတာ လာမေးလိုက်နဲ့ လေ့လာတွက်ထားတာလေးပါ။ သူ့ကိုလဲ Train ရတော့မှာမို့၊ G5 လေး တက်ချင်လို့ လာအပ်ထားတာလဲရှ်ိတော့ ဖွင့်ပေးလိုက်တာပါ။

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

12/03/2026

ဒီနေ့အတွက် ...

(၁) Text Book (Theory, Concepts, Formulae) ပိုင်အောင် Overview ကြည့်ပြီး၊ အချို့ ကိုယ်မရနိုင်တဲ့ Example & Exercises တွေ အရင်ဦးစားပေးလုပ်ပါနော်။

(၂) မေးခွန်းဟောင်းထဲက ကိုယ်မရခဲ့တာ၊ မတွေးတတ်၊ မတွက်နိုင်ခဲ့တာတွေ ပြန်ကြည့်ပါ။

(၃) 2024 SQ (3 sets) မှ မရသေးတာတွေ တွက်ကြည့်ပါ။ (ချတွက်ဖို့အချိန်မရတော့ရင် မျက်လုံးနဲ့ဖြစ်ဖြစ် ကြည့်သွားပါ။)

(၄) Journal (SQ) 2024,2025,2026 မရတာတွေ ရွေး ကြည့်ပါ။ (တကယ်တမ်း ဒါတွေက လုပ်ထားပြီးသား ဖြစ်နေရမှာပါ။)

(၅) အရင်တုန်းက CET တို့ Exam တို့မှာ မှားခဲ့ဖူးတာတွေ သေချာလေး ပြန်ကြည့်ပါ။ (မနက်ဖြန် ပါလာခဲ့ရင် ထပ်ပြီး မှားသွားနိုင်တာမို့၊ မရနိုင်တာမို့ပါ။)

ပိုလှသောမနက်ဖြန်အတွက် 🥰🍀🎉

🌌ဒီညကို နောက်အကျဆုံး (၁၂) နောက်ဆုံးထားပြီး အိပ်ရာဝင်ပါ။
မနက်ကို အစောထနိုင်ရင် ထကြည့်ပါ။ ပုံမှန်အိပ်ချိန် အပြည့်အဝတော့ ရအောင် ယူပါ။ (အိပ်ရေးပျက်ရင် စာမေးပွဲခန်းမှာ ဘာမှ စဉ်းစားမရ ဖြစ်နိုင်ပါတယ်။)

🧘🏻‍♀️စာမေးပွဲခန်းအသွားပဲဖြစ်ဖြစ် စိတ်တအားလှုပ်ရှားပြီး စိုးရိမ်စိတ်များနေရင် အသက်ပြင်းပြင်းရှူတဲ့ လေ့ကျင့်ခန်းလုပ်ပြီး မျက်လုံး ခဏမှိတ်ထားပါ။ ယုံကြည်ကိုးကွယ်ရာ ဘာသာအလိုက် စိတ်ကနေ အာရုံပြုပြီး ဆုတောင်းပါ။

📝မေးခွန်းအားလုံးကို ကြိုပြီး မဖတ်ပါနဲ့။ ဖြေမယ့်အစီအစဉ်အတိုင်း (ကိုယ် plan ထားတဲ့အတိုင်း) နံပါတ်သေချာတပ်ပြီး ဖြေသွားပါ။ မလောပါနဲ့။ မပြာပါနဲ့။ မလျှမ်းပါနဲ့။

⏭️မရတဲ့အပုဒ်ပါလာရင် ကျော်သွားပါ။ တွက်ရင်း မရတာဖြစ်လာရင် အဲ့ တပုဒ်မှာပဲ အဖြေလဲ မထွက်နိုင်ဘဲ တဝဲလည်လည် အချိန်မဖြုန်းမိပါစေနဲ့။ မရ‌ဘူးဆိုပြီး ပြာယာခတ်တာလဲ မဖြစ်ပါနဲ့။ စိတ်အေးအေးထားပြီး တခြားအပုဒ်တွေ ဆက်တွက်သွားပါ။ ပြီးမှ ပြန်စဉ်းစားပါ။

🍀သင်္ချာက ခေါင်းအေးအေးထားပြီး တွက်ရင် ကိုယ်တစ်နှစ်ပတ်လုံးလေ့ကျင့်ထားသမျှ တန်းစီပြီး ပေါ်လာပါတယ်။

👌🏻Calculator လဲ အလောတကြီး မနှိပ်ပါနဲ့ မှားနှိပ်မိလို့ အဖြေအမှားကြီး ကူးမိနိုင်ပါတယ်။

❌အရေးအကြီးဆုံးက မေးခွန်းကို မှားမကူးမိဖို့ပါပဲ။

✅(၁)မှတ်၊ (၂) မှတ်တန် နောက်ဆုံးမှ ဖြေဖို့ချန်ထားရင် မရတဲ့အပုဒ် (အပုဒ်ကြီး) ကို ပြန်စဉ်းစားဖြေပြီးမှပဲ ဖြေမယ်ဆိုတာမျိုး မလုပ်ဘဲ အရင် ဖြေပါ။ အချိန်မရတော့ရင် (၁/၂ မှတ်တန်‌တွေမှာ အမှတ်ပြည့်ရသင့်ရဲ့သားနဲ့ အမှတ်မရနိုင်ဖြစ်သွားနိုင်ပါတယ်။) စဉ်းစားမရ၊ တွက်မရတဲ့ (၃/၅ မှတ်တန်) တပုဒ်၊ နှစ်ပုဒ်အတွက် အချိန်ကုန်ခံ ထိုင်စဉ်းစားမလား၊ (၁/၂) မှတ်ကနေ (၃၀) ဖိုး ရအောင် ယူမလား ? ဘယ်ဟာက ပို သာမလဲနော်။

💥အားလုံးပြီးရင် ပြန်စစ်ပါ။
ပုံတွေမှာ ပါသင့်တာတွေ ပါ၊ မပါ ပြန်စစ်ဖြည့်ပါ။ အဖြေကို Calculator နဲ့ နောက်တခါ ပြန် စစ်ပါ။

💯အချိန်ပြည့် ဖြေဆိုခဲ့ကြပါ။ ရရ၊ မရရ၊ ကြိုးစားပြီး ဖြေခဲ့ကြပါ။

👍🏻အောင်ဖို့အတွက်ရော၊ ဂုဏ်ထူး၊ (၉၀) ကျော်အတွက်ရော စိုးရိမ်စိတ်၊ ကြောက်စိတ်ကိုဖျောက်ပြီး "ငါရတယ်" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ အစွမ်းကုန် ကြိုးစား ဖြေခဲ့ကြပါ ကလေးတို့ရေ ...

🎉မနက်ဖြန် (၁၃. ၃.၂၀၂၆) နေ့လည် ၁၂ နာရီ စာမေးပွဲအခန်းကနေ ကိုယ်စီကိုယ်စီ အပြုံးပန်းဝေပြီး ထွက်လာနိုင်ကြပါစေ။

👩🏻‍🏫ဆရာမ ကလေးတွေရော၊ ကျန်တဲ့ ကလေးတွေ အားလုံးရော ...

"မရတဲ့ ပုစ္ဆာ မရှိ အပြည့် တွက်နိုင်ကြပြီး ရည်မှန်းထားတဲ့ အမှတ် (ဂုဏ်ထူးမှတ်‌ကျော်) တွေနဲ့ အပြည့်အဝ ဖြေဆိုအောင်မြင်နိုင်ကြပါစေ" လို့ ဆရာမက ဆုတောင်း၊မေတ္တာ ပို့သပေးနေပါမယ် ကလေးတို့ရေ 🥰🍀🎉

Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

Photos from Dr. Yar's post 12/03/2026

2024 SQ (3) စုံထဲက မေးဖို့ကျန်နေသေးတာလေး ရွေးထုတ်ပေးထားပါတယ်။
မတွက်ဖူးသေးရင် တွက်ကြည့်ပါနော် ကလေးတို့ရေ
အစုံလိုက် pdf file က Telegram Public Channel မှာ တင်ပေးထားပါတယ်။ OQ questions သီးသန့်လဲ တင်ပေးထားပါတယ်။ ဝင်ပြီး download နိုင်ပါတယ်။

Mathematics Sharing
https://t.me/mathbydryar

ကလေးတို့ ရည်ရွယ်ရာတွေ အောင်ပါစေ။ 💖💖💖🍀🍀🍀🍀🍀🍀

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

Photos from Dr. Yar's post 12/03/2026
Photos from Dr. Yar's post 12/03/2026

ပြည်နယ်/တိုင်း၊
ခက်ခဲသောဒေသအချို့၊စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးကျောင်းများတွင် စစ်ဆေးခဲ့သော
၂၀၂၆ မြန်မာစာ (၃)စုံ

စုံရေနည်းတော့ OQ VDR Channel အတွက်လဲ lecture video ရိုက်ရတာ သက်သာတာပေါ့။ ကျေးဇူးပါရှင် 🥰

ဒီနှစ် မေးခွန်း စုံရေ နည်းလို့ လာမယ့် ၂၀၂၇ ဖြေမယ့် ကလေးတွေနဲ့ ထပ်တူ ဝမ်းသာရပါတယ် 😄

Photos from Dr. Yar's post 11/03/2026

G12 Math (၇)ဦး၊ G11 Math (၄)ဦးသာ ရပါတော့မယ်

Photos from Dr. Yar's post 10/03/2026

တပတ် (၄) ရက် G6 အတန်းလေး... တက်တက်ကြွကြွ စိတ်ဝင်တစား သင်ကြတယ်။
ဒီနေ့ CET -1 ‌စစ်တယ်...

"အငယ်တန်းလေးတွေ လက်မခံပါဘူး။ မသင်ပါဘူး..." ပြောပေမယ့်လဲ ... ပြီးခဲ့တဲ့နှစ် August ထဲက "လာမယ့်နှစ်(ယခုနှစ်)အတွက် အချိန်ဖယ်ထားပေးပါ။ G12 ထိသင်မှာ၊ သင်ပေးပါနော်" ဆိုပြီး ခဏခဏကို သတိ‌ပေးပြီး အချိန်လာတောင်းထားသော မေမေ...

ဒီမေမေကြောင့် အားနာ၊ လက်ခံအချိန်ရ‌အောင် ညှိယူပြီး သင်ပေးဖြစ်တဲ့ အတန်းလေး ...
အငယ်တန်းလဲ အငယ်တန်းအလျောက် တာဝန်ကြီးတာမို့၊ Class Control ကအစ မတူတာမို့ အတတ်နိုင်ဆုံး သေချာလေး ပြင်ဆင်ပြီး သင်ကြားတယ်။

စိတ်ဝင်တစား လိုက်ပါ သင်ယူပေးကြတဲ့ ကလေးတို့ကို ကျေးဇူးတင်ရသလို၊ ယုံကြည်စွာနဲ့ လာအပ်ထားတဲ့ မိဘတွေကိုလဲ ကျေးဇူးတင်ပါတယ်ရှင်... ❤️

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

10/03/2026

မနှစ်က (၈) လပိုင်းမှာ Group Class စ join ပြီး Jan/Feb (၂) လ one-on-one အချိန်ထပ်တိုးယူ သင်ခဲ့သော သမီးလေး...

All D မှန်းထားပြီး ဆေးကျောင်းတက်မယ်လုပ်ထားတာ၊ ခုကျ တီချယ်နဲ့ သင်ပြီး Math မှာ ပျော်လာလို့ Engineering ဘက် ရွေးရမလားတွေးနေသောလေး ...

ပေးရင် ပေးသလောက်ကို အပြည့် ယူချင်စိတ်ရှိသော၊ စာသင်ချိန်မှာလဲ concentration အပြည့်ရှိသော ကလေး ...

ခုနောက်ပိုင်း ကလေးတွေကို ကိုယ့်သင်ကြားမှုအပေါ် review တောင်းတာမျိုး မလုပ်ဘူး။ ပေးချင်၊ ပြောချင်ရင် လာပြောလိမ့်မယ်ပဲ ထားလိုက်တယ်။

ခုလိုလေး လာပြောပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်။ ပီတိဖြစ်ရပါတယ် သမီးရေ 🥰

ရည်ရွယ်ရာ ပန်းတိုင်ဆီ အဆင်ပြေချောမွေ့စွာ ရောက်ရှိပါစေ 🎉🍀

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

Photos from Dr. Yar's post 10/03/2026

✅G12 Zoom Class - 40000ks/month (၈) ဦးသာ လက်ခံနိုင်ပါတော့မယ်။
Sat & Sun - 8pm to 9:30pm

✅G11 Zoom Class - 30000ks/month (၄) ဦးသာ လက်ခံနိုင်ပါတော့မယ်။
Tue & Thur - 8pm to 9:30pm

🍀အရမ်းသက်သာတဲ့ သင်တန်းကြေးနဲ့ ဖွင့်ပေးထားတာမို့ အမြန် join ကြပါ။ (ဒီနှစ်အတွက် Zoom Group Class နောက်ထပ်ဖွင့်ဖြစ်ဖို့လဲ မသေချာသလို ဖွင့်ဖြစ်ခဲ့ရင်လဲ သင်တန်းကြေးပြောင်းမှာပါ။)

🎬📝သင်ကြားပြီးသား zoom Recorded Video နဲ့ Lecture pdf file တွေ တင်ပေးထားတာမို့ ပြန်ကြည့်လေ့လာပြီး၊ မီတဲ့နေရာကနေ လိုက်တက်လို့ ရပါတယ်။ 👌🏻

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

Photos from Dr. Yar's post 04/03/2026

G11 Zoom Group Class တန်းလေး
ခုထိ လာ join တဲ့ ကလေး (10) ယောက်စလုံး စာသင်ချိန်လဲ စိတ်ဝင်တစားနားထောင်ကြတယ်။ စာမေးရင်‌လဲ အားတက်သရောဖြေကြတယ်။ HW လဲ ထပ်ကြတယ်။ စာလိုလားတဲ့ ကလေးတွေမို့ ကျေနပ်မိတယ်။ ဆရာမဆီမှာ လာရောက်သင်ယူပေးကြလို့ ကျေးဇူးတင်ပါတယ် ကလေးတို့ရေ 🥰

💯G11 Math Regular Zoom Class လစဉ်ကြေး 30000ks
G12 Math Regular Zoom Class လစဉ်ကြေး 40000ks

2026 အတွက်က ထပ်မဖွင့်ဖြစ်တော့ပါဘူး။ နောက်ထပ် ၅ ဦးသာ ထပ်မံ လက်ခံတော့မှာမို့ ဒီအတန်းကိုပဲ ရအောင် join ကြပါ ကလေးတို့ရေ ...

လွတ်သွားတဲ့ရက်အတွက်က Lecture pdf & Zoom Recorded Video တင်ပေးထားတာမို့ ပြန်ကြည့်ပြီး မီအောင်လိုက်လို့ရပါတယ်နော် 👌🏻

ကိုယ်နဲ့တောင် မသိပါဘဲ social media platform တွေကတဆင့် ကိုယ့်ကို သိပြီး ယုံကြည်စွာနဲ့ တဆင့်ညွှန်းပေးကြတဲ့ ဆရာ/ဆရာမ တွေကိုလဲ ကျေးဇူးတင်ပါတယ်။

Problems with Math?
Sharpen your math skills at our training center!

👩‍🏫Dr. Khin Muyar Aye
Ph.D; Mechatronic Engineering
B.E (M.T.U), M.E(Y.T.U), Ph.D (M.T.U)
Mechatronics & Mathematics Trainer
09250074090 (Viber/Telegram)

If you can, please Like, Subscribe, Love & Follow my YouTube Channel & TikTok Account, Facebook Account & Page. Thank a million 🥰

page
https://www.facebook.com/Dr.KhinMuyarAye?mibextid=ZbWKwL

YouTube Channel

https://youtube.com/?si=_vV7Ko3Q1kymC4nz

TikTok Account

https://www.tiktok.com/?_t=ZS-8xxdeDDSads&_r=1

Old Questions Video Recording Class

https://www.facebook.com/share/v/1JQiToKCdx/

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address

Mandalay-Lashio Road (Near December Garden)
Maymyo