Nelson Private School-NPS

Nelson Private School-NPS

Share

စိတ်ထားကောင်းမြတ် ၊ ကျင့်ဝတ်လိုက်နာ ၊ ပညာထူးချွန် ၊ လူရည်မွန်များ ၊ မွေးဖွားပေးလျက် ဒို့ NPS

30/04/2026

🌕 ညောင်ရေသွန်းလောင်းရာ ကဆုန်လပြည့်ဗုဒ္ဓနေ့ 🙏

ကဆုန်လပြည့်ဗုဒ္ဓနေ့တွင် ကဆုန်ရေသွန်းလောင်းသကဲ့သို့ စိတ်နှလုံးများ အစဉ်အမြဲ အေးမြကြပါစေ။ မြတ်စွာဘုရားရှင်၏ မေတ္တာရိပ်ဝယ် ဘေးရန်ခပ်သိမ်း ကင်းငြိမ်းကြပါစေ။ 🌸

ပြုပြုသမျှသော ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုတို့ကြောင့် မိဘပြည်သူအပေါင်းနှင့် ကျောင်းသား၊ ကျောင်းသူများအားလုံး ကိုယ်စိတ်နှစ်ပါး ကျန်းမာရွှင်လန်းကာ အေးချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Nelson Private School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 🙏✨


#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့

13/04/2026

🌼 ပျော်ရွှင်စရာ အတာနှစ်ကူး မဟာသင်္ကြန်ရက်မြတ်အချိန်အခါ 🌼

💦 ‌‌ရွှေမြန်မာတို့ရဲ့ နှစ်ဟောင်းကုန်လွန်ပြီး နှစ်သစ်ကို ကူးပြောင်းမယ့် တန်ခူးလ အတာသင်္ကြန်ရက်မြတ်လေးမှာ ချစ်ခင်ရတဲ့ လူကြီးမိဘများနှင့် ကျောင်းသား/သူ၊ မိဘအုပ်ထိန်းသူများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင် ပျော်ရွှင်အေးချမ်းကြပါစေကြောင်း Nelson Private School မိသားစု မှ အတာရေစင်ပက်ဖျန်းရင်း လှိုက်လှိုက်လှဲလှဲ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင်။ 💛✨



11/04/2026

တန်ခူးလအခါ အတာနှစ်ကူးအတွက် နှစ်သစ်ဆုမွန်ကောင်း 🌼💦

မြန်မာတို့ရဲ့ နှစ်ကူးဖြစ်တဲ့ တန်ခူးလရဲ့ အတာသင်္ကြန်ပွဲတော်လေးမှာ အတာရေစင်တို့နှင့်အတူ မကောင်းသော အညစ်အကြေးများ စင်ကြယ်သွားကြပါစေ။ ကောင်းသော နိမိတ်၊ လာဘ်လာဘတွေကိုလည်း ရရှိပိုင်ဆိုင်နိုင်ကြပါစေ။

အခါရာသီ နွေဦးအချိန်အခါ အတာသင်္ကြန်သို့ ရောက်ရှိလို့ လာခဲ့ပါပြီ။ မြန်မာတို့ရဲ့ နှစ်သစ်ကူး အချိန်အခါသမယလေးမှာ ဘေးဘယာဝေးကွာ စိတ်အေးချမ်းကြပါစေကြောင်း Nelson Private School မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

"ပိတောက်ရနံ့တို့ သင်းပျံ့နေသည့် ဤနှစ်သစ်အခါသမယတွင် ကျွန်မတို့ Nelson Private School မှ ကျောင်းသား၊ ကျောင်းသူလေးများနှင့် မိဘအုပ်ထိန်းသူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ နှစ်သစ်မှစ၍ ပညာရေး၊ လူမှုရေး၊ စီးပွားရေးနယ်ပယ်အသီးသီးတွင် အောင်မြင်မှုအသစ်များအား အားမာန်အသစ်ဖြင့် လှမ်းကိုင်နိုင်ကြပါစေကြောင်း ထပ်ဆင့်၍ ဆုမွန်ကောင်းတောင်းအပ်ပါသည်။" 🙏✨

====================



30/03/2026

💦 သင်္ကြန်မှာ ကလေးနဲ့အတူ အပြင်ထွက်တော့မယ်ဆိုရင် ဒါလေးတွေ ကြိုတင်ပြင်ဆင်ထားပါ 💦

ပျော်စရာကောင်းတဲ့ သင်္ကြန်ရက်ရှည်အားလပ်ရက်မှာ မိသားစုနဲ့အတူ အပြင်ထွက်လည်ပတ်ဖို့ ပြင်ဆင်နေကြပြီလားရှင့်။ 😍

ကလေးငယ်တွေနဲ့အတူ ရေကစားထွက်တဲ့အခါ သူတို့လေးတွေရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းလုံခြုံရေးက အားလုံးထက် အရေးကြီးပါတယ်။ ကလေးတို့ရဲ့ နုနယ်တဲ့ ခန္ဓာကိုယ်ကို ကာကွယ်ပေးနိုင်ဖို့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင်။ ✨

☀️ ၁။ နေပူဒဏ်ကနေ ကာကွယ်ပါ

ပြင်းထန်တဲ့ နွေနေပူဒဏ်ကနေ ကလေးရဲ့ အသားအရေကို ကာကွယ်ဖို့ ကလေးသုံး Sunscreen ကို အပြင်မထွက်ခင် မိနစ် ၂၀ ခန့် ကြိုလိမ်းပေးပါ။ အနားကျယ်တဲ့ ဦးထုပ်၊ နေကာမျက်မှန်နဲ့ အင်္ကျီလက်ရှည်လေးတွေက နေလောင်ဒဏ်ရော ရေစိုတဲ့အအေးဒဏ်ကနေပါ ကာကွယ်ပေးနိုင်ပါတယ်။

🍎 ၂။ အစားအသောက်နဲ့ ရေဓာတ်ကို ဂရုစိုက်ပါ

အပြင်မှာ ရေဓာတ်ခမ်းခြောက်မှု မဖြစ်စေဖို့ သန့်ရှင်းတဲ့ သောက်ရေသန့်ဘူးနဲ့ အာဟာရဖြစ်စေမယ့် အိမ်လုပ်မုန့်လေးတွေကို အိတ်ထဲမှာ အသင့်ဆောင်ထားပါ။ သင်္ကြန်ကာလ ပြင်ပစာတွေဟာ ကလေးတွေအတွက် ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်လို့ တတ်နိုင်သမျှ ရှောင်ကြဉ်ပေးဖို့ လိုပါတယ်။

🎒 ၃။ ရေစိုခံအိတ် (Dry Bag) ဆောင်ပါ

ရေဆော့ပြီးတဲ့အခါ ကလေးကို ချက်ချင်းပြန်လဲပေးဖို့ ချည်သားအဝတ်အစားအပိုနဲ့ တဘတ်တွေကို ရေစိုခံအိတ်ထဲမှာ သေချာထည့်သွားပါ။

🛡️ ၄။ လူစုမကွဲစေဖို့ ကြိုတင်ပြင်ဆင်ပါ

လူစည်ကားတဲ့နေရာတွေမှာ ကလေးကို မျက်ခြေမပြတ် ကြည့်ရှုရမှာဖြစ်သလို၊ အရေးပေါ်အခြေအနေအတွက် မိဘဖုန်းနံပါတ်နဲ့ လိပ်စာပါတဲ့ အဆက်အသွယ်ကတ်ပြား (Contact Card) လေးကို ကလေးရဲ့အိတ်ကပ်ထဲမှာ ထည့်ပေးထားတာက အကောင်းဆုံးနည်းလမ်းပါပဲရှင်။

🔇 ၅။ ဆူညံသံပြင်းထန်တဲ့နေရာတွေကို ရှောင်ပါ

ကလေးတို့ရဲ့ နားစည်လေးတွေက နုနယ်သေးတဲ့အတွက် အသံချဲ့စက် အလွန်အကျွံဖွင့်ထားတဲ့ မဏ္ဍပ်အနီးအနားတွေကို ရှောင်ကြဉ်ပေးဖို့ သတိပြုရပါမယ်ရှင်။ 🤗

ဖေဖေ၊ မေမေတို့အားလုံးလည်း တစ်နှစ်မှ တစ်ခါသာ ကျရောက်တဲ့ မြန်မာတို့ရဲ့ အတာနှစ်ကူး သင်္ကြန်ပွဲတော်မှာ ရင်သွေးလေးတွေနဲ့အတူ ဘေးကင်းပျော်ရွှင်စရာကောင်းတဲ့ အမှတ်တရလေးတွေ ဖန်တီးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်။ 🙏✨




Photos from Nelson Private School-NPS's post 30/03/2026

🪱🐛 𝐂𝐥𝐚𝐲 တွေကို အသုံးပြုပြီး ရုပ်ပုံဖော်ကြမယ့် 𝐍𝐏𝐒 နေပြည်တော်မှ သားသား၊ မီးမီးလေးများ 🐤🦩

🦎 သားသား၊ မီးမီးလေးတွေအတွက် ဆော့ကစားနည်းတွေများစွာရှိတဲ့ အထဲကနေမှ Clay (ဂျုံ) လေးတွေနဲ့ ဆော့ကစားခြင်းဟာ အနုပညာပိုင်းမှာ ထူးချွန်မှုရှိစေရုံသာမက ငြိမ်ပြီး ထိုင်ဆော့လို့ရတဲ့ ကစားနည်းလေးတစ်ခုလည်းဖြစ်တာကြောင့် နွေရာသီလိုရာသီဉတုမှာ ချွေးမထွက်ဘဲ သက်သောင့်သက်သာဆော့လို့ရတာဖြစ်ပါတယ်။ 🦕

🫶 NPS နေပြည်တော်ကျောင်းခွဲလေးရဲ့ KG တန်းမှာ တက်ရောက်နေတဲ့ သားသား၊ မီးမီးလေးတွေအတွက် Doodle Town 1 Unit 5 သင်ခန်းစာလေးကို လက်တွေ့သင်ကြားပြသခဲ့တာဖြစ်ပါတယ်။ ဒီသင်ခန်းစာလေးကနေ သားသား၊ မီးမီးလေးတွေက " clay, roll, round, long, flat, snake, make " စတဲ့ စကားလုံးလေးတွေကို နားလည်လာနိုင်စေမှာဖြစ်ပါတယ်။ 👏🏻👏🏻

🤗 သင်ခန်းစာလေးမှာ စိတ်ပါဝင်စားစွာ သင်ယူနေခဲ့ကြသော သားသား၊ မီးမီးလေးတွေရဲ့ ပုံရိပ်လေးများကို ဖေဖေ၊ မေမေတို့ပါပြန်လည်ကြည့်ရှုနိုင်စေရန်အတွက် မျှဝေပေးလိုက်တာကြောင့် ပုံလေးတွေကို အဆုံးထိကြည့်ရှုပေးကြပါဦးရှင့်။ ✨⭐️

=======================================================

🏡𝐍𝐏𝐒 နေပြည်တော် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း
အမှတ်(ဇ-၂၂၈၈)၊ သိင်္ဂီ(၁)လမ်း၊ ရွှေကြာပင်ရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။

☎️09-898 030 133, 09 -768 510 145






27/03/2026

✨🙆‍♀️ 𝐇𝐢𝐠𝐡-𝐄𝐧𝐞𝐫𝐠𝐲 𝐃𝐚𝐧𝐜𝐞 𝐏𝐞𝐫𝐟𝐨𝐫𝐦𝐚𝐧𝐜𝐞 𝐨𝐟 𝐈𝐤𝐨 𝐈𝐤𝐨 (𝐌𝐲 𝐁𝐞𝐬𝐭𝐢𝐞) 🙆‍♀️✨

NPS (Nelson Private School) မန္တလေးကျောင်းခွဲရဲ့ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားတွင် ကျောင်းသားများက သူတို့ရဲ့ ချစ်ရတဲ့ မေမေတို့နဲ့အတူ "Iko Iko (My Bestie)" သီချင်းလေးနဲ့ တက်ကြွစွာ သရုပ်ဖော်ကပြခဲ့ကြတာဖြစ်ပါတယ်။🤗✨

🙆‍♀️သူငယ်ချင်းသံယောဇဉ်ကို အခြေခံထားတဲ့ ဒီသီချင်းလေးဟာ မူလက New Orleans မြို့ရဲ့ Mardi Gras (မာဒီဂရယ်) ပွဲတော်ကနေ ဆင်းသက်လာတာဖြစ်ပြီး "ကိုယ့်အဖွဲ့၊ ကိုယ့်လူကို အကောင်းဆုံး ဂုဏ်ပြုတာ" ဆိုတဲ့ အဓိပ္ပာယ်ရှိပါတယ်။

အခုခေတ်မှာတော့ "ကိုယ့်သူငယ်ချင်း၊ ကိုယ့်မိတ်ဆွေနဲ့ အပေးအယူအမျှတဆုံးပဲ" ဆိုတဲ့ ခိုင်မြဲတဲ့သံယောဇဉ်ကို ဖော်ညွှန်းတဲ့ သီချင်းလေးအဖြစ် လူကြိုက်များနေတာပါ။

🤝💖 မေမေတို့နဲ့ သားသားတို့ရဲ့ ချစ်စရာကောင်းတဲ့ ဟန်ချက်ညီညီ ဖျော်ဖြေမှု ဗီဒီယိုလေးကို အဆုံးထိ ကြည့်ရှုအားပေးကြပါဦးရှင်။ 🙋🏻‍♀️⭐️

==================================================

🏠 NPS Mandalay Campus

📍 ဦးပိုင်အမှတ် (၃+၄+၅)၊ အကွက်အမှတ် (မ-၆၁/၂)၊ ၅၆ လမ်းနှင့် ၃၇(ဘီ) လမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

☎️ 09-951371681, 09-964 410 083




26/03/2026

⭐️ 𝐅𝐫𝐨𝐦 𝐒𝐭𝐮𝐝𝐞𝐧𝐭𝐬 𝐭𝐨 𝐒𝐭𝐞𝐰𝐚𝐫𝐝𝐬: 𝐓𝐚𝐤𝐢𝐧𝐠 𝐭𝐡𝐞 𝐑𝐞𝐢𝐧𝐬 𝐨𝐟 𝐎𝐮𝐫 𝐅𝐮𝐭𝐮𝐫𝐞 ✨💫

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ NPS (Nelson Private School) မန္တလေးကျောင်းခွဲ ရဲ့ ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားလေးမှာ စာသင်နှစ်တစ်ခုလုံး ကြိုးစားခဲ့ကြတဲ့ သားသား၊ မီးမီးလေးတွေကို ဂုဏ်ပြုဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ 🫶

ဒီပွဲလေးမှာ ထူးခြားတာကတော့ ဆုရရှိတဲ့ သားသား၊ မီးမီးလေးတွေက သူတို့ရဲ့ ကြိုးစားမှုတစ်လျှောက် ကူညီပေးခဲ့ကြသူအားလုံးကို စင်ပေါ်ကနေ ရဲရဲဝံ့ဝံ့နဲ့ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်ရှင်။ 🙆‍♀️💫

သားသား၊ မီးမီးလေးတွေဟာ သူတို့ရဲ့ ရင်တွင်းစကားတွေကို ယုံကြည်မှုအပြည့်၊ အသံထွက်ပီပီသသနဲ့ ပြောဆိုနိုင်ခဲ့ကြတာ တွေ့ရမှာပါ။ စင်ပေါ်မှာ တကယ့် Speaker လေးတွေလို ရဲရဲဝံ့ဝံ့ မိန့်ခွန်းပြောနေကြတဲ့ NPS Mandalay က သားသား၊ မီးမီးတို့ရဲ့ Video လေးကို ပြန်လည်မျှဝေပေးလိုက်တာမို့ အဆုံးထိ ကြည့်ရှုအားပေးသွားကြပါဦးရှင့်။ 🤗✨

==================

📍 NPS Mandalay Campus
🏠 ဦးပိုင်အမှတ် (၃+၄+၅)၊ အကွက်အမှတ် (မ-၆၁/၂)၊ ၅၆ လမ်းနှင့် ၃၇(ဘီ) လမ်းထောင့်၊ ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
☎️ 09 951 371 681, 09 964 410 083




Photos from Nelson Private School-NPS's post 26/03/2026

✨ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် 𝐍𝐏𝐒 𝐓𝐚𝐜𝐡𝐢𝐥𝐞𝐢𝐤 မှ ဖေဖေ၊ မေမေတို့အတွက် အထူးခံစားခွင့် 𝐒𝐢𝐛𝐥𝐢𝐧𝐠𝐬 𝐃𝐢𝐬𝐜𝐨𝐮𝐧𝐭 များ ✨

သားသား၊ မီးမီးတို့ ညီအစ်ကို မောင်နှမတွေ တစ်ကျောင်းတည်းမှာ ပျော်ပျော်ပါးပါး ပညာသင်ကြားရင်း မိဘတွေအတွက်လည်း ကျောင်းဝင်ကြေးသက်သာစေမယ့် အထူးအစီအစဉ်လေး လာပါပြီရှင်။ နေသားတကျရှိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ရင်သွေးလေးတွေကို အတူတကွ ယုံကြည်စိတ်ချစွာ ထားရှိနိုင်ဖို့ NPS Tachileik ရဲ့ Siblings Discount တွေကို အခုပဲ အရယူလိုက်ကြရအောင်ပါ ဖေဖေ၊ မေမေတို့ရှင့်။ 🤝💖

🌟 NPS Tachileik ကျောင်းတော်ကြီးကို ဘာကြောင့် ရွေးချယ်သင့်သလဲ?
ဖေဖေ၊ မေမေတို့ရဲ့ အနာဂတ်မျှော်မှန်းချက်လေးတွေဖြစ်တဲ့ သားသား၊ မီးမီးလေးတွေရဲ့ ပညာရေးလမ်းကြောင်းမှာ ထူးချွန်ထက်မြက်တဲ့ ကြယ်ပွင့်လေးတွေအဖြစ် ဂုဏ်ယူဝင့်ကြွားနိုင်စေဖို့ ကျွန်မတို့ကျောင်းမှာ...

✅ အရည်အသွေးမြင့် သင်ရိုးညွှန်းတမ်းများနှင့် လက်တွေ့အသုံးချ သင်ကြားမှုပုံစံများ။
✅ လုံခြုံစိတ်ချရပြီး ပျော်ရွှင်စရာကောင်းသော ကျောင်းပတ်ဝန်းကျင်။
✅ မေတ္တာရှေ့ထားပြီး အတွေ့အကြုံရှိသော ကျွမ်းကျင်ဆရာ၊ ဆရာမများ။
✅ စာသင်ခန်းတိုင်းနှင့် ကျောင်းဝန်းအတွင်း CCTV များ တပ်ဆင်ထားသည့်အပြင် Ferry ပေါ်တွင်လည်း အထူးဂရုစိုက်ကာ ကြည့်ရှုပေးလျက်ရှိပါတယ်။

📕 ထူးခြားကောင်းမွန်သော သင်ကြားရေးစနစ်:
အစိုးရသင်ရိုးညွှန်းတမ်းများအပြင် ကလေးဗဟိုပြု CCA နည်းစနစ်ဖြင့် သင်ကြားပေးသောကြောင့် ကလေးများ၏ အင်္ဂလိပ်စာစွမ်းရည်မှာ သိသိသာသာ တိုးတက်လာစေမှာဖြစ်ပါတယ်။ ကျယ်ဝန်းသော ကျောင်းဧရိယာနှင့် သန့်ရှင်းသပ်ရပ်သော စာသင်ခန်းများကလည်း ကလေးတို့ကို ကျောင်းနေပျော်စေမှာ အသေအချာပါပဲရှင်။

ထပ်ဆောင်းသင်ကြားပေးနေသည့် ဘာသာရပ်များ
🟦Cambridge English
🟦Cambridge Science
🟦Phonics
🟦ICT
🟦Art & Craft
🟦Sport
🟦Music နှင့်
🟦အတွေးအခေါ်ဆိုင်ရာ ပညာရပ်များ
🟦စာစီစာကုံး ရေးသားခြင်း ပညာရပ်များ

😱 Special Siblings Discount အစီအစဉ်များ:
🎁 ဒုတိယမြောက်ရင်သွေးအတွက်: 5% Discount
🎁 တတိယမြောက်ရင်သွေးအတွက်: 10% Discount
🎁 စတုတ္ထမြောက်ရင်သွေးအတွက်: 10% Discount
(မှတ်ချက် - တစ်လချင်းပေးသွင်းလျှင် 5% ရရှိမည်ဖြစ်ပြီး၊ တစ်နှစ်စာ ကြိုတင်ပေးသွင်းပါက 10% အထိ အထူးခံစားခွင့် ရရှိမှာဖြစ်ပါတယ်ရှင်) ✨💰

လူကြီးမင်းတို့ရဲ့ ရင်သွေးငယ်များအတွက် အကောင်းဆုံးပညာရေးနဲ့ အထူးခံစားခွင့်တွေကို လက်လွှတ်မခံရစေဖို့နှင့် သားသား၊ မီးမီးတို့အတွက် ပညာရေးစံနှုန်းများ တစ်နှစ်ထက်တစ်နှစ် နောက်မကျရအောင် ကျောင်းသားဦးရေမပြည့်ခင်လေး အခုပဲ Waiting List လေး တင်ထားလိုက်တော့နော်။ ‼️🙋🏻‍♀️

========================

📍 အသေးစိတ်ဆက်သွယ်စုံစမ်းရန်:
🏠 အမှတ်-(၁၀/၉၄)၊ လမ်းသွယ် ၁/၂၊ မြန်မာ့တိုးနယားအိမ်ရာ၊ ဆန်ဆိုင်း (ခ) ရပ်ကွက်၊ တာချီလိတ်မြို့။
☎️ 09 967681698 / 09 687460025





Photos from Nelson Private School-NPS's post 26/03/2026

💫✨ 𝐍𝐏𝐒 ကျိုင်းတုံကျောင်းခွဲ အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲအခမ်းအနား ✨💫

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွင်း အဖက်ဖက်က ကြိုးစားအားထုတ်ခဲ့ကြတဲ့ NPS (Nelson Private School) ကျိုင်းတုံကျောင်းခွဲ မှ ကျောင်းသား၊ ကျောင်းသူလေးတွေကို ဂုဏ်ပြုသောအားဖြင့် "ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ" အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါတယ်ရှင်။ 🙆‍♀️🎉

ပွဲလေးအတွင်းမှာ သားသား၊ မီးမီးလေးတွေက ချစ်စရာကောင်းတဲ့ အကအလှလေးတွေနဲ့ ကပြဖျော်ဖြေခဲ့ကြသလို၊ တစ်နှစ်တာလုံး ကြိုးစားခဲ့ကြတဲ့အတွက် ထိုက်တန်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း ပျော်ရွှင်စွာ လက်ခံရယူခဲ့ကြပါတယ်။ ဝိုင်းဝန်းကူညီပေးကြတဲ့ ဆရာ၊ ဆရာမများ၊ လာရောက်အားပေးကြတဲ့ မိဘအုပ်ထိန်းသူများနှင့် ကြိုးစားအားထုတ်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူများ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်။

နောင်နှစ်များမှာလည်း ယခုထက်မက ထူးချွန်ထက်မြက်သူများ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရင်း ဖေဖေ၊ မေမေတို့နဲ့ ဆရာ၊ ဆရာမများပါ ပြုံးပျော်ကြည်နူးခဲ့ကြရတဲ့ ဒီပွဲလေးရဲ့ အမှတ်တရ မှတ်တမ်းဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်ရှင်။ 🌞🎓

========================================================

🏠 𝐍𝐏𝐒 ကျိုင်းတုံ ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း
အမှတ် (၂၂၁၊ ၂၂၃၊ ၂၂၄၊ ၂၂၅၊ ၂၂၆)၊ ခတ္တာလမ်းသွယ် (၄)၊ မြို့သစ်ရပ်ကွက် (၃)၊ ကျိုင်းတုံမြို့၊ ရှမ်းပြည်နယ် အရှေ့ပိုင်း။

☎️ 09 783 365 513, 09 449 698 100, 09 262 290 975





Photos from Nelson Private School-NPS's post 25/03/2026

🌊🏄🏻‍♂️ 𝐇𝐚𝐯𝐢𝐧𝐠 𝐅𝐮𝐧 𝐓𝐢𝐦𝐞 𝐢𝐧 𝐓𝐡𝐞 𝐏𝐨𝐨𝐥 𝐰𝐢𝐭𝐡 𝐍𝐏𝐒 𝐋𝐚𝐬𝐡𝐢𝐨 𝐊𝐢𝐝𝐬 🌊🏄🏻‍♂️

🧜 ပျော်ရွှင်စရာကောင်းတဲ့ 2025-2026 ပညာသင်နှစ်လေးမှာတော့ NPS (Nelson Private School) လားရှိုးကျောင်းခွဲမှ KG နှင့် Grade-1 သားသား၊ မီးမီးလေးတွေကို ပျော်ရွှင် လန်းဆန်းစေရန်အတွက် ရေကူးကန်သို့ အပန်းဖြေခရီးလေးလိုက်ပို့ပေးခဲ့ပါတယ်ရှင့်။ 🐬

💦 သားသား၊ မီးမီးလေးတွေကို စိတ်အပန်းပြေစေပြီး သဘာဝနှင့်လည်း ထိတွေ့ခွင့်ရခဲ့စေတဲ့အတွက် သားသား၊ မီးမီးလေးတို့ရဲ့ စိတ်ထဲမှာလည်း ကြည်နူးမှုတွေကို ရရှိခံစားမိစေမှာဖြစ်ပါတယ်။ ‌သားသား၊ မီးမီးလေးတို့ရဲ့ ပျော်ရွှင်ဖွယ်ကောင်းသော ရေဆော့ကစားနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်တာကြောင့် အဆုံးထိကြည့်ရှုပေးကြပါဦးရှင့်။ 🌊

🍀Let’s cherish the opportunity to spend quality time with our wonderful friends during the 2025-2026 academic year before the school year concludes, as we continue to create unforgettable memories together.🍀

========================================================

🏠 NPS လားရှိုး ပုဂ္ဂလိကကိုယ်ပိုင်ကျောင်း
အမှတ်(၁)၊ နယ်မြေ (၂)၊ သာသနာ (၂၅၀၀)၊ တောင်ဆင်းလမ်း၊ လားရှိုးမြို့။

☎️ ဆက်သွယ်ရန်: 09-787 009 047, 09-787 009 147




Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 4D, RA-3, Kwat Pyin/3, Myo Pat Street, Ward 1, Pyin Oo Lwin
Maymyo
05081