No.3 Basic Education High School Pyin Oo Lwin

No.3 Basic Education High School Pyin Oo Lwin

Share

ကျောင်းတော်သူကျောင်းတော်သားများ

16/09/2025

#သမီးကိုသူငယ်ချင်းတွေကအဆင့်၂၃"လို့
ခေါ်ကြတယ် သမီးတို့အခန်းမှာ
အတန်းသားပေါင်း(၅ဝ)ရှိတယ်။
စာမေးပွဲဖြေတိုင်း အဆင့်၂၃မှာ
သမီးအမြဲတမ်း ရှိနေခဲ့တယ်။
ကြာလာတာနဲ့အမျှ
အဆင့်၂၃ဆိုတဲ့အခေါ်ဟာ
သမီးရဲ့နာမည်ပြောင်တစ်ခု
ဖြစ်လာခဲ့သလို သမီးကလည်း
အလယ်အလတ်ကျောင်းသူ
အဆင့်မှာပဲ ရှိနေခဲ့တယ်။
ဒီအခေါ်က ကျွန်မတို့နားထဲ
အဝင်ရခက်ပေမယ့်
သမီးကတော့ ကျေကျေနပ်နပ်
လက်ခံပါတယ်။
ကုမ္ပဏီက ပွဲပျော်ရွှင်ပွဲမှာပဲဖြစ်ဖြစ်၊
သူငယ်ချင်းဟောင်းတွေနဲ့
မိတ်ဆုံစားပွဲမှာပဲဖြစ်ဖြစ်
တခြားမိသားစုတွေက
သူတို့ရဲ့ "စူပါ"သားသမီးတွေ
အကြောင်း
ဂုဏ်ယူဝင့်ကြွားပြောတဲ့အခါ
သူကတော့ နှုတ်ဆိတ်နေရကြောင်း
ကျွန်မအမျိုးသားက
မကြာခဏညည်းပါတယ်။
တခြားလူရဲ့သားသမီးတွေက
ကျောင်းစာမှာထူးချွန်ကြသလို
တခြားအရာတွေမှာလည်း
ထက်မြက်ကြတယ်။
ကျွန်မတို့အိမ်က
"အဆင့်၂၃ သမီးလေး"မှာတော့
ဂုဏ်ယူဝင့်ကြွားဖို့ ဘာမှမရှိခဲ့ပါဘူး။
ပျော်ပွဲရွှင်ပွဲတွေမှာ
အတတ်ပညာအမျိုးမျိုးနဲ့
ဖော်ထုတ်ပြတတ်ကြတဲ့
ကလေးတွေကို
သူအားကျကြောင်း
ကျွန်မအမျိုးသားက ပြောပါတယ်။
သတင်းမှာ
(၉)နှစ်အရွယ်ကလေး
တက္ကသိုလ်ကျောင်းတက်ကြောင်းကို
ကြေညာတော့ သူကြေကွဲစွာနဲ့
သမီးက ဘာဖြစ်လို့ သူတို့လို
ထူးခြားတဲ့ကလေး
မဟုတ်ရတာလဲ လို့
မေးတော့ သမီးက
ဖေဖေက ထူးခြားတဲ့ဖေဖေ
မဟုတ်လို့ပေါ့"လို့ပြန်ဖြေတယ်။
သားအဖနှစ်ယောက်ရဲ့
စကားကိုကြားတော့
ကျွန်မရယ်မိတယ်။
အထိမ်းအမှတ်နေ့တစ်နေ့မှာ
ဆွေမျိုးအပေါင်းဖော်တွေစုပြီး
ကျွန်မတို့ ပျော်ပွဲရွှင်ပွဲပြုလုပ်ခဲ့တယ်။
စကားစမြည်းတွေပြောကြ
ရင်းက
သူ့သားသမီး၊ ကိုယ်သားသမီး
အကြောင်းနား ရောက်ကုန်တော့
ကလေးတွေကိုခေါ်ပြီး
သူတို့ရည်မှန်းချက်အကြောင်း
ပြောခိုင်းကြတယ်။
ကလေးတွေက စန္ဒယားပညာရှင်၊
ရုပ်ရှင်မင်းသား၊
နိုင်ငံရေးခေါင်းဆောင် စတဲ့
သူတို့ရဲ့ရည်မှန်းချက်ကို ပြောပြကြတယ်။
(၄)နှစ်ခွဲအရွယ်
သမီးလေးတစ်ယောက်ကတောင်
ကြီးလာရင် တီဗီအစီအစဉ်
တင်ဆက်သူလုပ်မယ်ဆိုလို့
လူတွေက လက်ခုပ်တီးခဲ့ကြတယ်။
ကျွန်မရဲ့(၁၂)နှစ်သမီးလေးကတော့
သူ့ဘေးက မောင်ငယ်၊ ညီမငယ်တွေကို
ပုဇွန်ခွာပေးလိုက်၊
ထမင်းဟင်းခွံပေးလိုက်နဲ့
သူ့ရည်မှန်းချက်ကို ပြောဖို့တောင်
မအားလပ်ခဲ့ပါဘူး။
ကိုယ့်ရည်မှန်းချက်ကို မဖြေသူထဲမှာ
သမီးတစ်ယောက်ပဲကျန်တာကို
အားလုံးသတိထားမိတော့
သူ့ကို အတင်းအကျပ် မေးကြတယ်။
-
တလေးတစားနဲ့ သူ ပြန်ဖြေခဲ့ပါတယ်။
ကြီးလာရင် သမီးဖြစ်ချင်တဲ့
ပထမရည်ရွယ်ချက်က
မူကြိုကျောင်းမှာ ဆရာမလုပ်ဖို့ပါ။
ကလေးတွေနဲ့ ဆိုမယ်၊
ကမယ်၊ ကစားမယ်"
လူကြီးတွေက
သူ့ရည်ရွယ်ချက်ကို
အားတုံ့အားနာလက်ခံကြပြီး
ဒုတိယရည်ရွယ်ချက်ကို
အလျင်စလို မေးကြပြန်တယ်။
သမီးရဲ့ဒုတိယရည်ရွယ်ချက်က
မီးဖိုချောင်ခါးစည်းလေးပတ်ပြီး
မီးဖိုထဲဝင်ချက်ပြုတ်တဲ့
အိမ်ရှင်မ ဖြစ်ချင်ပါတယ်။
ကိုယ့်သားသမီးတွေကို
ပုံပြင်ပြောပြမယ်။
သူတို့လေးတွေနဲ့ ဝိုင်းဖွဲ့ပြီး
ဝရံတာမှာ
ကြယ်လေးတွေကို ငေးမောမယ်
သမီးရဲ့စကားကိုကြားတော့
ဆွေမျိုးတွေက
တစ်ယောက်မျက်နှာ
တစ်ယောက်ကြည့်ပြီး
ဘာပြောရမှန်းမသိ ဖြစ်ကုန်ကြတယ်။
သူ့ဖေဖေ
ကျွန်မအမျိုးသားကတော့
နေရထိုင်ရ ခက်နေတာပေါ့။
-
အိမ်ပြန်ရောက်တော့ သမီးကို
မူကြိုကျောင်းဆရာမနဲ့ပဲ
ငါတို့ကျေနပ်ရတော့မလား
အလယ်အလတ်
ကျောင်းသူအဆင့်နဲ့ပဲ
ငါတို့ ဒီအတိုင်းကြည့်နေရတော့မလားလို့
အမျိုးသားက သက်ပြင်း
တချချနဲ့ ညည်းပါတယ်။
တကယ်တော့ ကျွန်မတို့လည်း
အကြံဉာဏ်အမျိုးမျိုးသုံးပြီး
သမီးအဆင့်တက်အောင် လုပ်ခဲ့ပါတယ်။
အိမ်မှာ ဆရာမခေါ်သင်တာ၊
အချိန်ပိုတက်စေတာ၊ လိုအပ်တဲ့
အမျိုးမျိုးသောစာအုပ်တွေကို ဝယ်ခဲ့ပါတယ်။
သမီးကလည်း လိမ္မာပြီး
ကျွန်မတို့စကားကို
နားထောင်ခဲ့ပါတယ်။
ကာတွန်းစာအုပ်လည်း
မဖတ်တော့ပါဘူး။
စက္ကူတွေနဲ့ ပန်းတွေမညှပ်တော့ပါဘူး။
နေ့လယ်နေ့ခင်း
တရေးတမောလည်း
မအိပ်တော့ပါဘူး။
သမီးဟာ အမောပန်းလွန်တဲ့
ငှက်ကလေးတစ်ကောင်လို
ဒီသင်တန်းကနေ ဟိုသင်တန်း၊
ဒီစာအုပ်ကနေ ဟိုစာအုပ်
မနားမနေလုပ်ခဲ့ပါတယ်။
ဒါပေမဲ့ ကလေးတစ်ယောက်ရဲ့
ကိုယ်ခံအားက
ဒါတွေကို မခံနိုင်တော့
သမီးလေး အပြင်းဖျားခဲ့ပါတယ်။
ဆေးတွေသွင်း
ကုတင်ပေါ်လဲနေရသည့်တိုင် တောင့်ခံပြီး
ကျောင်းစာတွေကို သူလုပ်ခဲ့လို့
နောက်ဆုံးမှာ
အဆုတ်ရောင်ရောဂါပါ
အဆစ်ရလိုက်တယ်။
ရောဂါပျောက်တော့
သမီးရဲ့ဝဝလုံးလုံး မျက်နှာက
တဝက်လောက် ပိန်ကျသွားခဲ့တယ်။
စာမေးပွဲဖြေတော့လည်း
သမီးရဲ့အဆင့်က(၂၃)က မတက်ခဲ့တော့
ကျွန်မတို့မှာရယ်ရမလို
ငိုရမလိုဖြစ်ခဲ့ကြတယ်။
သမီးအတွက် အာဟာရတွေတိုး၊
အားပေးမှုတွေတိုးပြီး
ကျွန်မတို့ ကြိုးစား စမ်းသပ်ခဲ့ပါတယ်။
ဒါပေမဲ့ သမီးရဲ့မျက်နှာက
ပိုပြီးဖြူဖပ်လျော့ရဲလာခဲ့တဲ့ အပြင်
စာမေးပွဲဆိုတဲ့အသံကြားတာနဲ့
အစာစားမဝင်၊
အိပ်မပျော်တော့ဘဲ ချွေးစီးပါ
ပြန်လာတတ်ပါတယ်။
အဲဒီနောက်တော့
အတန်းထဲကအဆင့်(၃၃)အဖြစ်နဲ့
ကျွန်မတို့ကို ဆွံအသွားစေခဲ့ပါတယ်။
-
နောက်ဆုံးမှာ
ကျွန်မနဲ့ကျွန်မအမျိုးသားက
တက်တက်ကြွကြွလုပ်ခဲ့တဲ့
ပျိုးပင်သန်မာကြီးထွားရေး
လှုပ်ရှားမှုကို အသံတိတ်
ရပ်နားလိုက်တော့တယ်။
သမီးလေးကို
ပုံမှန်ပြန်ဖြစ်လာအောင်
ကာတွန်းဆွဲတဲ့အခွင့်အရေး
ပြန်ပေးလိုက်တယ်။
"ကလေးရုပ်စုံစာစောင်"တွေ
ဖတ်ခွင့်ပေးလိုက်တယ်။
အိမ်တစ်အိမ်လုံး ရက်အတန်ကြာ
တိတ်ဆိတ်ငြိမ်သက်သွားခဲ့ပါတယ်။
သမီးလေးရဲ့အဖြစ်ကိုကြည့်ပြီး
ကျွန်မတို့ရင်နာသနားမိပေမယ့်
သူ့အမှတ်၊ သူ့အဆင့်အတွက်
ကျွန်မတို့သက်ပြင်းချခဲ့ရပါတယ်။
ရုံးပိတ်ရက်မှာ
အဖော်တစ်သိုက်နဲ့ ကျွန်မတို့
ပျော်ပွဲစားထွက်ခဲ့ကြတယ်။
လူတိုင်းက ကိုယ်အပိုင်ဆုံး
အစားအသောက်တွေ
လုပ်ပြီး သားသမီး၊
လင်ယောက်ျားတွေပါခေါ်ခဲ့ကြတယ်။
တစ်လမ်းလုံး ပျော်ပျော်ပါးပါး၊
သူ့သားမီးက သီချင်းဆို၊
ကိုယ့်သားသမီးက ကနဲ့ ပျော်ခဲ့ကြတယ်။
ကျွန်မရဲ့သမီးကတော့
မိဘတွေကိုမျက်နှာ မပွင့်စေခဲ့ပါဘူး။
တခြားကလေးတွေ
ကတာဆိုတာကိုပဲ ဘေးကနေ
လက်ခုပ်တီးအားပေးနေခဲ့ပြီး
မကြာခဏဆိုသလို
အစားအစာထားရာကို
ပြေးသွားပြီး စောင်းသွားတဲ့
ပန်းကန်တွေကို လိုက်စီလိုက်၊
အချိုရည်ဖုံးတွေ လိုက်ဖုံးလိုက်၊
ဟင်းရည်ပေနေတဲ့ စားပွဲခုံကို
သုတ်လိုက်ဆိုသလို သူ့ဟာနဲ့သူ
အိမ်ရှင်မလေးတစ်ယောက်လို
အလုပ်များနေခဲ့ပါတယ်။
ပျော်ပွဲစားနေတုန်း
မတော်တဆမှုတစ်ခု
ဖြစ်သွားခဲ့ပါတယ်။
ကလေးနှစ်ယောက်ပါ ...
တစ်ယောက်က သင်္ချာစူပါ၊
နောက်တစ်ယောက်က အင်္ဂလိပ်စာ စူပါ..
ဒီကလေးနှစ်ယောက်က
ပန်းကန်ထဲက
မုန့်တစ်ချပ်ကိုလုယူရင်း
သူလည်း လက်မလွတ်နိုင်၊
ကိုယ်လည်း လက်မလွတ်ချင်
ဖြစ်နေခဲ့ကြတယ်။
လူကြီးတွေက
တခြားမုန့်တွေနဲ့ချော့လည်း
ကလေးနှစ်ယောက်က
ခေါင်းမာနေခဲ့တယ်။
နောက်ဆုံးမှာ သမီးလေးကပဲ
ခေါင်းပန်းလှန်ပြီး
တင်းမာတဲ့လုယက်ပွဲကို
ပေါ့ပေါ့ပါးပါး
အဆုံးသတ်ပေးခဲ့ပါတယ်။
အိမ်အပြန်လမ်းမှာ
ကားလမ်းပိတ်ကျပ်နေခဲ့လို့
ကလေးတချို့ မနေနိုင်၊
မထိုင်နိုင်ခဲ့တော့ပါဘူး။
အဲဒီကလေးတွေကို သမီးက
ရယ်စရာဟာသတွေ
တစ်ခုပြီးတစ်ခုပြောပြပြီး ထိန်းခဲ့ပါတယ်။
အဲဒီအပြင် အစားအစာထုပ်တဲ့
ရောင်စုံစက္ကူတွေကို
အသုံးပြုပြီး တိရစ္ဆာန်ပုံလေးတွေ
သမီးညှပ်ပေးတော့
ကလေးတစ်သိုက်
ပျော်ရွှင်ဝမ်းသာခဲ့ကြတယ်။
အိမ်ပြန်ရောက်
ကားပေါ်ဆင်းကြတော့
ကလေးတိုင်းရဲ့လက်ထဲမှာ
အရုပ်လေးတွေ ကိုယ်စီကိုင်လို့....
သမီးကိုကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောတဲ့ စကားကိုကြားတော့
သူ့ဖေဖေ ကျွန်မအမျိုးသားက
ဂုဏ်ယူဝင့်ကြွားဟန်နဲ့ ပြုံးမိခဲ့ပါတယ်။
စာမေးပွဲတွေဖြေပြီးနောက်
သမီးအတန်းပိုင်ဆီက
ကျွန်မတို့ဖုန်းရခဲ့တယ်။
-
ပထမဆုံးသိရတာက
သမီးလေးရဲ့အဆင့်ဟာ
အလယ်အလတ်မှာပါပဲ။
ဒါပေမဲ့ ထူးဆန်းတဲ့အရာတစ်ခု
သူပြောပြချင်တယ်လို့
အတန်းပိုင်ဆရာမက ပြောပါတယ်။
ဒါဟာ သူ့စာသင်သက် အနှစ်(၃ဝ)အတွင်းမှာ
ပထမဆုံးကြုံရတဲ့ အထူးအဆန်းပါတဲ့။
အဲဒါကတော့ စာမေးပွဲဖြေတဲ့
ဘာသာရပ်တစ်ခုမှာ
အပိုမေးခွန်းတစ်ခု သူထည့်မေးခဲ့တယ်။
အဲဒီမေးခွန်းက
ဒီအတန်းထဲမှာ ဘယ်သူကို
အနှစ်သက်ဆုံးလဲ
ဘာကြောင့်လဲ?" ဆိုတာပဲဖြစ်တယ်။
သမီးကလွဲလို့ တစ်တန်းလုံးက
အဲဒီမေးခွန်းမှာ သမီးရဲ့နာမည်ကို
ရေးခဲ့ကြတယ်လို့
အတန်းပိုင်ကပြောပါတယ်။
သမီးနာမည်ရေးရတဲ့
အကြောင်းရင်းတချို့က ကူညီတတ်လို့၊
ယုံကြည်စိတ်ချရလို့၊
စိတ်မဆိုးတတ်လို့၊
ပေါင်းသင်းရတာလွယ်လို့
စတာတွေဖြစ်တယ်။
အများဆုံးရေးကြတဲ့ အကြောင်းရင်းက--
ပျော်ပျော်နေတတ်ပြီး
ရယ်စရာတွေ ပြောတတ်လို့ဖြစ်တယ်။
ကျောင်းသားအများက
သူ့ကိုအတန်းခေါင်းဆောင်
တင်မြှောက်ဖို့ တောင်းဆိုကြောင်း
အတန်းပိုင်ဆရာမက ပြောပါတယ်။
ရှင်တို့ရဲ့သမီးလေးက ကျောင်းစာမှာ
သာမန်အဆင့်ပဲဆိုပေမယ့်
ပေါင်းသင်းဆက်ဆံရေးမှာတော့
ထက်မြက်ထူးချွန်လှပါတယ်" လို့
ဆရာမက ပြောပါတယ်။
ကျွန်မက သမီးလေးကို "
သမီးလေး...အတန်းထဲမှာ
သူရဲကောင်းဖြစ်တော့မယ်"လို့
စနောက်တော့
ဆွယ်တာထိုးနေတဲ့သမီးလေးက
ခေါင်းငဲ့စဉ်းစားပြီး စိတ်ပါပါနဲ့ပြောပါတယ်။
ဆရာမက ပြောဖူးတယ်....
သူရဲကောင်းတွေ
လမ်းဖြတ်လျှောက်သွားတဲ့အခါ
ဘေးကနေ
လက်ခုပ်တီးပေးတဲ့လူရှိရမယ်တဲ့....
မေမေ သမီး သူရဲကောင်းမဖြစ်ချင်ဘူး။
ဘေးကနေပြီး
လက်ခုပ်တီးပေးတဲ့လူပဲ ဖြစ်ချင်တယ် လို့
ညင်ညင်သာသာနဲ့ ပြောတော့
သမီးရဲ့စကားကိုကြားတော့
ကျွန်မတစ်ချက် တုန်လှုပ်သွားပြီး
သမီးကို အကဲခတ်ကြည့်လိုက်တယ်။
-
သမီးက ငြိမ်ငြိမ်သက်သက်နဲ့
ပန်းနုရောင်သိုးမွှေးချည်ကို
အပ်နှစ်ချောင်းလဲ
ကျွမ်းကျင်စွာထိုးနေခဲ့တယ်။
အချိန်တစ်စက္ကန့်
တစ်စက္ကန့်တိုင်းလို
သိုးမွှေးချည်တွေဟာ
သူ့ရဲ့လက်ထဲကနေတဆင့်
ပန်းကလေးတွေ တစ်ပွင့်ပြီးတစ်ပွင့်
ဖူးပွင့်လာခဲ့တယ်။
သူရဲကောင်းမဖြစ်ချင်တဲ့
သမီးလေးကိုကြည့်ပြီး
ကျွန်မစိတ်ထဲမှာ
အသိတရားတစ်ခု
ရလိုက်မိတယ်။
လောကမှာ ငယ်ရွယ်စဉ်
သူရဲကောင်း
ဖြစ်ချင်ခဲ့ကြသူတွေ
ကြီးပြင်းလာတော့
သာမန်လူအဖြစ်နဲ့ပဲ ကျေနပ်ခဲ့ကြရတာ
ဘယ်လောက်များပြီလဲ!
တကယ်လို့ ကျန်းကျန်းမာမာ၊
ပျော်ပျော်ရွှင်ရွှင်၊ ကိုယ့်ဆန္ဒကို
ကိုယ်မဆန့်ကျင်ခဲ့ရင်
ကျွန်မတို့ရဲ့ကလေးလည်း
သာမန်လူအဖြစ်နဲ့
ပျော်ရွှင်ရှင်သန်နိုင်ပါတယ်။
ကြီးပြင်းလာရင်
အိမ်ထောင်မှုနိုင်တဲ့ အိမ်ရှင်မ၊
နွေးထွေးနူးညံ့တဲ့မိခင်၊
အဲဒီအပြင် ကူညီတတ်တဲ့
လုပ်ဖော်ကိုင်ဖက်တစ်ဦး၊
အိမ်နီးချင်းကောင်းတစ်ဦး သူဖြစ်နိုင်ပါတယ်။
ရှည်လျားလှတဲ့
နှစ်လရာသီတွေထဲမှာ သမီးလေးက
သူလိုချင်တဲ့ဘဝအတိုင်း
သူငြိမ်းငြိမ်းချမ်းချမ်း နေနိုင်သေးရင်
မိဘဖြစ်တဲ့ကျွန်မတို့က
သူ့အနာဂတ် ဒီထက်ပိုကောင်းဖို့ဆိုပြီး
ဘာတွေများ ဆုတောင်းနေချင်ဦးမလဲ..
-
To Liu Ji-Rong
#မိဘများနဲ့ကလေးတွေနားလည်မှုရှိဖို့_မျှဝေပေးကြပါအုံးနော်🙏

Photos from ဟောရေးပြောရေးတရားတော်များ's post 22/06/2025
22/04/2025
18/04/2025

ဒေါင်းယောင်ဆောင်သော ကျီး
======================

ရှေးအခါက ကြွားဝါတတ်သော ကျီးတစ်ကောင်ရှိလေသည်။ ထိုကျီးသည် ဒေါင်းများကိုမြင်လျှင် ‌ဒေါင်းကဲ့သို့ လှပလို၏။ ထို့ကြောင့် ‌ဒေါင်းတောင်များကို ရှာပြီးလျှင် သူ့ကိုယ်၌တပ်ဆင်၍ ‌ဒေါင်းတို့နေရာသို့ သွားလေ၏။

ဒေါင်းတို့နှင့်တွေ့သောအခါ ကျီးက "ငါသည် ‌ဒေါင်းဖြစ်သည်"ဟုဆိုကာ ‌ဒေါင်းယောင်ဆောင်၍ နေလေ၏။ ‌‌ဒေါင်းတို့ကလည်း "ဟယ် ငှက်ကြွား၊ သင်သည် ဒေါင်းမျိုးမဟုတ်၊ ကျီးမျိုးသာဖြစ်သည်"ဟု ဆိုကြလေ၏။ ဒေါင်းတို့သည် ကျီးကို ဝိုင်း၍ ထိုးဆိတ်ကြကုန်၏။ ထိုအခါ ကျီး၏ကိုယ်မှ ‌ဒေါင်းတောင်များသာမက ကျီးတောင်များပါ ကျွတ်ကျကုန်၏။

ကျီးသည် လွန်စွာနာကျင်လျက် မိမိတို့အမျိုးဖြစ်သော ကျီးတို့ထံ ပြန်ပြေးလေ၏။ ကျီးတို့ကလည်း "သင်သည် မိမိတို့၏အမျိုးကို အထင်မကြီး၊ သူတစ်ပါးအမျိုးကိုသာ အထင်ကြီးသည်။ ငါတို့ထံ မလာနှင့်"ဟု နှင်ထုတ်ကြ၏။

ဒေါင်းယောင်ဆောင်သောကျီးကို ‌ဒေါင်းတို့သာမက ကျီးတို့ကပါ မုန်းတီးကြလေသတည်း။


#ပုံပြင်မှတ်စု
#မြန်မာ

Photos from 89 Myanthai Authorized Distributor's post 17/04/2025
Photos from Bookman's post 31/12/2024
Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Maymyo