My Little Garden

My Little Garden

Share

အသက် ၃လ မှ ၅နှစ် အရွယ် ကလေးများအား ဖွ?

01/03/2023

🔹အမေ့ကို အိပ်ချိန်ပိုပေးလိုက်ပါတဲ့....🔹

သားက ကျမကို ပြောတယ် မာမားကို အရမ်းကောင်းတဲ့ လက်ဆောင်တခု ပေးမယ်တဲ့...
ဘာလည်းဆိုတော့ မာမားအိပ်ရေးဝအောင်အိပ်ရမယ့် လက်ဆောင်တဲ့လေ......
မာမားသဘောကျမယ်ထင်ပါတယ်တဲ့....

သူကတော့ you tube ကနေကြည့်လာတဲ့ ရယ်စရာ video တပုဒ်ကို အမေပျော်အောင်ပြောပြပေးတာ
ဆိုပေမယ့်...
ကျမကတော့ ရှေ့ဆက်အတွေး‌ပေါင်းများစွာနဲ့ပေါ့....

ပြီးတော့ သားကကျမကို မေးတယ်
မာမားရဲ့အမေသာ မသေသေးရင် ဘာလုပ်ပေးချင်လည်းတဲ့....
လုပ်ပေးချင်တာ အများကြီးပေါ့လို့..
မလုပ်ပေးနိုင်ခဲ့လို့ ရင်နာခဲ့ရတာ ဆိုတော့...

အဖွားသာ မသေသေးရင် သားတို့က အဖိုးနှစ်ယောက် အဖွားနှစ်ယောက်ရှိမှာနော်တဲ့...
မာမား အမေက အိပ်ရေးမဝလို့ ရောဂါဝင်ပြီး စောစော
သေရတာဖြစ်မှာတဲ့......
မာမား မေမေသာ အိပ်ရေးဝဝအိပ်ဖို့ အခွင့်အရေးရှိခဲ့ရင်
စောစောသေသွားမှာ မဟုတ်ဘူးနော်တဲ့....
(သူက အမေတွေကို ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ
အမြဲမလုပ်ခိုင်းပဲ အနားယူဖို့ အခွင့်အရေးပေးရမယ်လို့
ပြောချင်တာ...)

အဲ့ဒါကြောင့် မေမေတွေကို ပေးရမယ့် အကောင်းဆုံး လက်ဆောင်က အိပ်ရေးဝအောင် ပေးအိပ်လိုက်တာပဲတဲ့..

ဟုတ်သားပဲ..
မိခင်ဘဝကို စတင်လိုက်တည်းက အကြောင်းအမျိုးမျိုးနဲ့ အိပ်ရေးမဝခဲ့တာ....
အခုဆို နေသားတကျတောင်ဖြစ်နေပြီ မဟုတ်လား....

အေးအေးဆေးဆေး အိပ်ခွင့်ရတဲ့နေ့ဆိုရင်‌တောင်
ရှားရှားပါးပါးမို့ နှမျောပြီး မအိပ်ရက်နိုင်ခဲ့တာ....
အကျင့်တွေတောင်ပါလို့....

သားပြောတာလေး နားထောင်ပြီး
ငါလည်း အသက်ရှည် အနာကင်းဖို့ အိပ်ရေးဝအောင်
အိပ်ဖို့လိုတယ်လို့ စဉ်းစားမိလာတော့တာ......

လူတိုင်းမှာရှိသလို ကိုယ့်မှာလည်းရှိတဲ့
အပူတွေ သောကတွေ ဖိစီးမှုတွေကို
လျှော့နိုင်သမျှလျှော့ရင်း
ကိုယ်ကျန်းမာဖို့နဲ့ စိတ်အေးချမ်းဖို့လည်း
ကြိုးစားရအုံးမှာ...

£sU (ရွှေကြာဆစ်ကြိုး)
2023 February 28
Credit to original writer

09/06/2022

အိမ်မှာသင်တဲ့မေမေတွေအတွက်
အဖေနဲ့ ပက်သက်တာသင်ချင်တဲ့အခါ

09/06/2022

မဂ်လာပါဖေဖေမေမေတို့
ကလေးတေွအသက်အပိုင်းအခြားအလိုက် သူတို့ရဲ့ သဘာဝဗီဇအရကြောက်တတ်တာလေးတွေ research လုပ်ထားတာလေးတွေလေ့လာဖို့တင်ပေးထားပါတယ်ရှင်🙏🏻🙏🏻🙏🏻

09/02/2022
11/05/2021

Playing With Your Child
Play outdoors. Throw balls. ...
Play games – card games – board games – silly and wacky kids games. ...
Get involved in a craft project together. ...
Listen to music together. ...
Read a book together. ...
Watch a movie together. ...

12/10/2020

Breaking News
============
အောက်တိုဘာ ၁၀ ရက်နေ့ ည၈ နာရီမှ...
အောက်တိုဘာ ၁၁ ရက်နေ့ ည၈ နာရီအထိ
ဓါတ်ခွဲနမူနာ #၁၄၈၀၉ခု တွင်...
ကိုဗစ်ရောဂါပိုးရှိသူ အသစ် #၁၉၁၀ဦး တွေ....

သေဆုံးသူ #၄၈ဦး ဖြင့် စံချိန်သစ်တင်....😱😱😱

ဆေးရုံမှဆင်းသူ #၂၆၉၂ဦး

ယနေ့အထိ
အတည်ပြု ပိုး‌တွေ့သူ စုစုပေါင်း #၂၇၉၇၄ဦး....
သေဆုံးသူ စုစုပေါင်း #၆၄၆ဦး...
ဆေးရုံမှဆင်းသူ စုစုပေါင်း #၉၇၄၂ဦး ရှိသွားပြီဖြစ်....

😱😱😱😷😷😷🙏🙏🙏

Chronic diseases 08/10/2020

ပန်းနာရင်ကြပ် အမြစ်ပြတ်သည် (မှား)
ပန်းနာရင်ကြပ် သေနိုင်သည် (မှန်)
ပန်းနာရင်ကြပ် အရေးအကြီးပါ (မှား)
ပန်းနာရင်ကြပ် တခါတလေပဲဖြစ်သည်(မှန်/မှား)
ပန်းနာရင်ကြပ် အမြဲဖြစ်သည် (မှန်/မှား)
=========================

ကလေးတွင် ဖြစ်သော ပန်းနာရင်ကြပ်ရောဂါ (Bronchial Asthma) သည် နှစ်ပေါင်းများစွာ ဆေးလိပ်သောက်၍ရသော လူကြီး ရင်ကြပ်ရောဂါနှင့် ချွတ်ဆွတ် မတူပါ။ ပန်းနာရင်ကြပ်ကတော့ လူကြီးကလေး ဖြစ်နိုင်ပါသည်။

အခြေခံကျကျ လေ့လာကြရအောင်။

(၁) ဘာကြောင့်ဖြစ်။
အဆုတ်ထဲရှိလေပြွန်များ တုန့်ပြန်မှု လွန်ကဲ၍ ဖြစ်သည်။ ဥပမာ လူတစ်ယောက် ဖုန် ရုတ်တရက်ရှူမိသော် တစ်ချက် နှစ်ချက် နှာချေပြီး ပြီးသွားသော်လည်း ပန်းနာရင်ကြပ်ရှိသူက ကြာရှည်စွာ ပြင်းထန်စွာ တုန့်ုပြန်မည်။

(၂) ဘာကို တုန့်ပြန်
-ဖုန်, ဆေးလိပ်မီးခိုး, အခြားလောင်စာမီးခိုးများ, (မဆေးတာကြာသော အဲကွန်းများသည် ဖုန်ထုတ်စက်များဖြစ်သည်)
- ရေမွှေးနံ့, ပန်းဝတ်မှုန်, ဓာတုဗေဒဆေးနံ့များ,
-ဆောင်းလေအေး
- ဆေးဆိုင်တွင်ရောင်းသော အကိုက်အခဲပျောက်ဆေးအမျိုးမျိုး,
-စားစရာအချို့(ဘာအစားစာလဲ- သင့်ကလေးနှင့် အခြားကလေး မတည့်တာခြင်း မတူနိုင်ပါ)
-ကိုယ်လက် လှုပ်ရှားအားကစား,
-စိတ်လှုပ်ရှားခြင်း နှင့်
-ရောဂါပိုးမွှားသေးသေးလေးများ (ဗိုင်းရပ်စ်) စသည်တို့ဖြစ်သည်။

(၃)ဘယ်လိုတုန့်ပြန်
လေပြွန်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။ ချောင်းဆိုးမည်။ အသက်ရှူရခက်လာမည်။ အသက်ကို တိုး၍ရှူမည်။ အဆုတ်ထဲ လေဝင်နည်းလာမည်။

လေပြွန်များထဲ ပုံမှန်ထုတ်သော အရည်ကြည်များ တိုး၍ ထုတ်မည်။ ချွဲများထုတ်သည်။ လေပြွန်များကျဉ်းချိန် ချွဲက အပေါ်တက်မလာနိုင်။ ရင်ပိုကြပ်လာမည်။

(၄) ဘာကြောင့်သေနိုင်
အသက်ရှူလေပြွန်များက ကျဉ်းလွန်း၍ တိုးရှူသော်လည်း လေမဝင်ပါ။ အောက်စီဂျင် တဖြည်းဖြည်းလျှော့နည်းလာပြီးသေည်။

(၅) ကုလို့ရလား
ကမ္ဘာပေါ်တွင် အတော်ဆုံး အဆုတ်အထူးကုများပင် အမြစ်ပြတ်အောင် ကု၍မရပါ။ အမြစ်ပြတ်အောင် ကုသည်ဟုရေးထားသောဆေးများသုံးလို့ရလား ဟု မမေးပါနှင့်။

(၆) ကာကွယ်၍ ရလား
မွေးရာပါ တုန့်ပြန်မှု လွန်ကဲခြင်းသည် မိဘအပြစ်မဟုတ်သလို ကလေးတွင်လဲ အပြစ်မရှိပါ။ ကလေးငယ်တွင် ရောဂါရှိသည်ဟု သိလျှင် ကိုယ့်ကလေးကို တုန့်ပြန်မှုလွန်ကဲစေနိုင်သော အရာများကို မှတ်သားပါ။ ရှောင်ရှားပါ။ ဆေးလိပ်သောက်လျှင် ဖြတ်ဖို့ကြိုးစားပါ။

(၇) ဖြစ်ရင်ဘာလုပ်မလဲ
အခြေခံ ရှူဆေးအုပ်စု ၂ မျိုးရှိသည်။

- ပထမ အုပ်စုက ventolin ဟုလူသိများသော လေပြွန် ချဲ့ကားဆေး။ ရုတ်တရက် လေပြွန်ကျဉ်းပြီး ပန်းနာ ထချိန် အသက်ကယ်ပေးမည်။ နောက်တခါ ဖြစ်မဖြစ်တာဝန်မယူသောဆေးဖြစ်သည်။ **အသက်ကယ် ချဲ့ကားဆေး ၄/၅ ရှိုက်ရှူ ပြီး မသက်သာလျှင် အရေးပေါ်ဌာန ခေါ်သွားပေးပါ။

-ဒုတိယ အုပ်စုက လေပြွန်များ၏ လွန်ကဲစွာ တုံ့ပြန်မှုကို လျော့ချထိန်းသိမ်းပေးသည်။ Seretide, Symbicort, Alvesco, Pulmicort- ဆေးနာမည်များစုံလှသည်။ သင်မှတ်မိစရာမလိုပါ။ ကလေးဆရာဝန်က သင့်လျော်သောဆေးကို ရွေးချယ်ပေးမည်။ ပန်းနာရင်ကြပ်တိုင်း ဒုတိယ အုပ်စုမလိုပါ။ အကြမ်းဖြင်းပြောသော် Ventolin သုံးဖို့ တစ်ပတ် ၃ ကြိမ်ထက် လိုလျှင် အုပ်စု ၂ မှ ဆေးတစ်မျိုးလိုပြီ။

-အုပ်စု ၂ ဆေး လိုသော် ဆရာဝန်နှင့်ပုံမှန်ပြ၍ ဆေးအတိုးအလျှော့ ညှိဖို့လိုသည်။

-ခဏခဏ ဖြစ်သော် အုပ်စု (၁) ဆေး အမြဲဆောင်ပါ။ ရှူနည်း မှန်မမှန် ဆရာဝန်နှင့် အမြဲ စစ်ပါ။ အသက်ငယ်သော ကလေးများတွင် ဆေးမရှူတတ်၍ spacer ဟုခေါ်သော ပြောင်း (သို့မဟုတ်) ပလတ်စတစ်ပြွန်ကျယ်ကြီးများ တဆင့်ခံသုံးပါ။

အခြား အသုံးနည်းသော ဆေးများအကြောင်း မဆွေးနွေးတော့ပါ။

(၈) ကလေး တစ်သက်လုံး ရောဂါ ဖြစ်မှာလား

သတင်းကောင်း- ကလေး ၅ ယောက်လျှင် တစ်ယောက်ဖြစ်သော်လည်း အများစုက ရောဂါ အပျော့စားသာဖြစ်သည်

အများစုတွင် ပျိုဘော်ဝင်ချိန် ရောက်သည်နှင့် အလိုလို ပျောက်သွားတတ်သည်။

ကလေးဘဝတွင် နာတာရှည်ရောဂါဖြစ်နိုင်သလို တခါတလေမှ ဖြစ်တာလည်းဖြစ်မည်။ နွေမှဖြစ်သူလည်းရှိသလို ဆောင်းတွင်းဖြစ်သူလည်းရှိသည်။

(၉) ရောဂါ ရှိကြောင်း ဘယ်လိုသိနိုင်လဲ
-ချောင်းဆိုးချွဲကြပ်တိုင်း ပန်းနာရင်ကြပ် မဟုတ်ပါ။
-ပန်းနာရင်ကြပ်က ဖြစ်လိုက်ပျောက်လိုက် ပြန်ပြန်ဖြစ်သည်။
-အသက်ရှူ ပြွန် ဘယ်လောက်ကျဉ်းသလဲကို တိုင်းတာ၍ ရသော spirometry ရှိသည်။
-အတွေ့ အကြုံများသော ကလေးဆရာဝန်များက စက်မလိုပဲ ရာဇဝင်မေးပြီး ဖြစ်ချိန်တွင် နားကျပ်နှင့် နားထောင်ပြီး ရောဂါ ရှိကြောင်း သိနိုင်သည်။

(၁၀) ဘာလုပ်ရအုံးမလဲ
-မိမိကလေး၏ ရင်ကြပ်ပန်းနာက ဘယ်လောက်ဆိုးသလဲ ဘယ်လောက်တစ်ခါ ဖြစ်တာလဲ ပြန်စဉ်းစားပါ။

-ရင်ကြပ်ပန်းနာ သိစရာများလွန်း၍ တစ်ခေါက်ဖတ်ပြီး မမှတ်မိနိုင်ပါ။ နားလည်သည်ထိ အကြိမ်ကြိမ်ဖတ်ရန် တိုက်တွန်းပါသည်။

သတိ- ပန်းနာရင်ကြပ် အမြစ်ပြတ်အောင် မကုနိုင်ပါ။ ဖြစ်သော် မသေအောင် အသက်ကယ်ပါ။ ခဏခဏ မဖြစ်အောင် ရှောင်စရာရှိသည် ရှောင်ပါ။

#နေနေမိုးဆွေ- Child Health Myanmar Page

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Maymyo

Opening Hours

Monday 08:30 - 16:00
Tuesday 08:30 - 16:00
Wednesday 08:30 - 16:00
Thursday 08:30 - 16:00
Friday 08:30 - 16:00
Saturday 08:30 - 17:00