STEAM Park Education Center

STEAM Park Education Center

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from STEAM Park Education Center, Education, Maymyo.

02/07/2023
16/07/2022

IT နယ်ပယ်တိုးတက်လာတဲ့နဲ့အမျှ အခြေခံကျတဲ့ C++ programming Language ကို မဖြစ်မနေ သိဖို့လိုအပ်ပါတယ် ဒီဘာသာရပ်တွေကို သိချင် တက်ချင်တယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ရဲ့ STEAM Park Education Center မှာ သင်ကြားပြသပေးနေပါတယ် ခင်ဗျာ

16/07/2022

IT နယ်ပယ်တိုးတက်လာတဲ့နဲ့အမျှ အခြေခံကျတဲ့ C++ programming Language ကို မဖြစ်မနေ သိဖို့လိုအပ်ပါတယ် ဒီဘာသာရပ်တွေကို သိချင် တက်ချင်တယ်ဆိုရင်တော့ဖြင့် ကျွန်တော်တို့ရဲ့ STEAM PART EDUCATION CENTER မှာ သင်ကြားပြသပေးနေပါတယ် ခင်ဗျာ

Photos from STEAM Park Education Center's post 30/05/2022

STEAM Park ရဲ့ online class မှာ သားသားမီးမီးတို့ရဲ့ Electronics လေ့လာနေမှုလေးတွေ...

22/04/2022

သားသားမီးမီးတို့အတွက် 👇👇👇
# # Application သင်ခန်းစာ # # #
=============================
ဤအခြေခံကွန်ပျူတာသင်ခန်းစာများကတော့
သားသားမီးမီးများအတွက် အိမ်သုံးနှင့်ရုံးသုံး
ခောတ်နှင့်အညီ နည်းပညာများကို အသုံးချရာမှာ ​အထောက်အပံ့ဖြစ်စေမှာဖြစ်ပါတယ်။

ယခုသင်ခန်းစာများကနေပြီးတော့
*** ဖိုင်များ၊ Document များ၊ စာရင်းဇယားများ၊ အီးမေးလ်များအား ပေးပို့ခြင်းနှင့်လက်ခံခြင်း၊ တည်ဆောက်ခြင်း၊ ထိန်းသိမ်းခြင်း နှင့် အင်တာနက်အား အကျိုးရှိရှိထိရောက်စွာ အသုံးပြုလာနိုင်မည်ဖြစ်ပါတယ်။***
👩‍🎓👩‍🎓👩‍🎓👨‍🎓👨‍🎓👨‍🎓
သင်ခန်းစာပြီးဆုံးချိန် ရလဒ်များအနေနဲ့ကတော့......
၁)
ကွန်ပျူတာတွင်ပါဝင်သောအစိတ်အပိုင်းများအား ကျွမ်းကျင်စွာအသုံးချနိုင်ခြင်း။

၂)
ကွန်ပျူတာ၏ Operating System(OS) ပတ်လမ်းကြောင်းများနှင့် Application များအား စတင်အသုံးပြုနည်းများအားသိရှိစေခြင်း။

၃)
ဖိုင်များ(Documents) အား အခြေခံစီမံခန့်ခွဲမှုအားလုပ်ဆောင်နိုင်ခြင်းနှင့် အိမ်သုံးနှင့်ရုံးသုံး Microsoft (Word, Excel, PowerPoint) များ၏ အခြေခံလုပ်ဆောင်ချက်များကို လက်တွေ့အသုံးချနိုင်ခြင်းများ။

၄)
Print Setting နှင့် Print Document များ Manage လုပ်နိုင်ခြင်းများ။

၅)
Email Send & Receive( မေးလ်အား ပို့ခြင်းနှင့် လက်ခံခြင်းများ လုပ်ဆောင်ခြင်းများနှင့်

၆)
Web Browser များ( Google Chrome, Firefox,..) များအား မိမိတို့သက်ဆိုင်ရာအသက်မွေးဝမ်းကြောင်းအတွက် အကျိုးရှိစွာအသုံးချစေခြင်းများ သိရှိတတ်မြောက်သွားမည်ဖြစ်ပါသည်။
Thanks...
STEAM Park Education Center

17/04/2022

STEAM Park Education Center တွင်တက်ရောက်နေကြသော သားငယ်သမီးငယ်များ၊ ယုံကြည်စွာ အပ်နှံပေးကြသောမိဘများနဲ့ STEAM Park Education Center ရဲ့ သင်ကြားမှုများကို လေ့လာလျက်ရှိကြသော မိဘပြည်သူများအားလုံး...

# နှစ်သစ်မှစပြီး ဘေးရန်ကင်းကွာကြပါစေ။ ကျန်းမာခြင်း၊ ချမ်းသာခြင်း၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်း၊ ကာယ-ဥာဏ ခွန်အားကြီးခြင်း၊ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်းများ ပြည့်စုံကြပါစေ...

# မရရှိသေးသော ရတနာရွှေ ငွေ စည်းစိမ်ဥစ္စာများ ရာထူးဌာနန္တရများကို ရရှိကြပါစေ။ ရရှိပြီးသော ရတနာရွှေငွေ စည်းစိမ်ဥစ္စာ ရာထူးဌာနန္တရများ တိုးတက် ရရှိပိုင်ဆိုင်နိုင်ကြပါစေ...

# ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး ကောင်းကျိုး လိုရာဆန္ဒမှန်သမျှပြည့်​ဝနိုင်ပါစေ...

# လောကုတ္တရာစည်းစိမ်ချမ်းသာများလည်း အချိန်နဲ့အမျှ တိုး၍ တိုး၍ ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ခင်ဗျာ...

04/04/2022

🎓🎓🎓ကျွန်တော်တို့ STEAM PART EDUCATION CENTER မှ ကျောင်းသား၊ ကျောင်းသူများအား သင်္ချာဘာသာရပ်နှင့် programming ဘာသာရပ်တို့အား ချိတ်ဆက်အသုံးပြုနိုင်မှုကို သင်ကြားပြသနေတာဖြစ်ပါတယ်ခင်ဗျာ

14/03/2022

===================================
ယနေ့သိပ္ပံနယ်ပယ်တွင် အဓိကကျသော
#သင်္ချာနှင့်
#ရူပဗဒေဘာသာရပ် များကို
ဘာသာရပ်နှင့်
ပေါင်းစပ်ပြီး ကျောင်းသားလူငယ်များအား
#လက်တွေ့နှင့်စာတွေ့ ချိတ်ဆက်အသုံးချနိုင်သည့်အထိ ကျွန်တော်တို့၏ STEAM Park Education Center မှ google meet ဖြင့် online မှတစ်ဆင့် တာဝန်ယူသင်ကြားပေးလျှက်ရှိပါသည်။ 👩🏻‍🏫👨🏻‍🏫👩🏻‍🏫

ကျောင်းသားကျောင်းသူများ၏ အသက်အလိုက် အတန်းများ ခွဲ၍ အတွေ့အကြုံရှိသော လူငယ်ဆရာများဖြင့် သင်ကြားပေးလျှက်ရှိပါသည်။ 👨🏻‍💻👨🏻‍💻👨🏻‍💻👩🏻‍💻

ထိုကြောင့် မိဘများအနေဖြင့် မိမိ၏ ရင်သွေးငယ်များ၏ ပညာရေး တိုးတက်ကောင်းမွန်ပြီး ထူးချွန်ထက်မြတ်သော လူရည်ချွန်များဖြစ်စေရန် ကျွန်တော်တို့၏ STEAM Park Education Center ကို ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
====================================
STEAM Park Education Center

Photos from STEAM Park Education Center's post 09/03/2022

ဒီနေ့ခေတ် ကလေးငယ်များဟာ ဘာသာစကား ၃ မျိုးကို မဖြစ်မနေ တတ်မြောက်ရမှာ ဖြစ်ပါတယ်။ အဲဒီ့ ဘာသာစကား ၃ မျိုးကတော့ -
၁။ Foreign Language
၂။ Computer Language
၃။ Mathematics တို့ပဲ ဖြစ်ပါတယ်။
Foreign Language နဲ့ Computer Language ကို Language လို့ နားလည်ကြပေမယ့် Mathematics ကိုတော့ Language တစ်ခုအဖြစ် နားလည်ထားသူ နည်းပါတယ်။ တကယ်တော့ Mathematics ဆိုတာ ကိန်းဂဏန်းဆိုင်ရာ ဘာသာစကားတစ်ခု ဖြစ်ပါတယ်။
STEAM Park Education Center က အနာဂတ်မှာ ထူးချွန်တဲ့ သိပ္ပံပညာရှင်များကို မွေးထုတ်ပေးဖို့ ဘာသာစကားနှစ်ခုဖြစ်တဲ့ Mathematics နဲ့ Computer Language ကို အချိုးကျကျ လိုက်ဖက်ညီအောင် သင်ကြားပေးနေတဲ့အပြင် Mathematics ကို ကြောက်တတ်တဲ့ ကလေးများအတွက် လွယ်ကူလာအောင် Theory ပိုင်းကို စနစ်တကျ သင်ကြားပေးလျက် ရှိပါတယ်။
နောင်လာမယ့်နှစ်များမှာ Foreign Language များကိုပါ သင်ကြားပေးနိုင်ဖို့လည်း စီစဉ်လျက် ရှိပါတယ်။
လူကြီးမင်းတို့ ရဲ့ သားသမီးအနာဂတ်အတွက် STEAM Park Education Center ယုံကြည်စိတ်ချစွာ အပ်နှံလိုက်ပါ။

25/02/2022

သိပ္ပံပညာနဲ့ နိုဘယ်ဆုရတဲ့
အမေရိကန်နိုင်ငံဖွား
ဂျပန်လူမျိူးတစ်ယောက်
စင်ကာပူကို ရောက်လာခဲ့ပါတယ်။

သူ့ကို စင်ကာပူအစိုးရက
စရိတ်အကုန်ခံပြီး
ဖိတ်ကြားခဲ့တာပါ။
သူ့ရဲ့ နိုဘယ်ဆုရအောင်
ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတဲ့အကြောင်း
စင်ကာပူလူငယ်လေးတွေကို
ပြောပြပေးဖို့ပါ။

သူ့ ဟောပြောပွဲကို
စင်ကာပူအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့
NUS တက္ကသိုလ်မှာ ပြုလုပ်ပါတယ်။
စင်ကာပူတက္ကသိုလ်ပေါင်းစုံက
ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူတွေ
တက်ရောက် နားထောင်ကြပါတယ်။

သူက ဟောပြောပြီးသွားတော့
မေးခွန်းမေးစရာရှိရင် မေးပါလို့
ဖိတ်ခေါ်ပါတယ်။
ပရိသတ်က တစ်ယောက်တစ်ခွန်း
မေးကြတယ်။
သူကလည်း ပြန်ဖြေပေးပါတယ်။

ဆရာတစ်ယောက်က
မေးခွန်းတစ်ခုကို
ခုလို မေးလိုက်ပါတယ်။
"ကျွန်တော်တို့ စင်ကာပူနိုင်ငံကရော
သိပ္ပံပညာနဲ့ နိုဘယ်ဆုရနိုင်ဖို့ အခွင့်အလမ်း
ရှိပါသလား" တဲ့။
နိုဘယ်ဆုရှင်က ခုလို ပြန်ဖြေပါတယ်။
"မရှိပါဘူး။ စင်ကာပူနိုင်ငံမှ မဟုတ်ပါဘူး။
အရှေ့တောင်အာရှနိုင်ငံတွေမှာ
သိပ္ပံပညာနဲ့ နိုဘယ်ဆုရှင်
ဘယ်လိုမှ မပေါ်နိုင်ပါဘူး" တဲ့။

အိမ်ရှင် စင်ကာပူနိုင်ငံသားတွေလည်း
မျက်စိမျက်နှာပျက်ကုန်ကြတယ်။
နိုဘယ်ဆုရှင်က ထပ်ပြောပါတယ်။
"ခုလိုပြောရတာ
အရှေ့တောင်အာရှနိုင်ငံတွေမှာ
အများနဲ့မတူ
တစ်မူထူးခြားတဲ့ကလေးကို
မြေတောင်မြှောက်ပေးတဲ့အကျင့်
မရှိလို့ပါ။

ကလေးတစ်ယောက်ဟာ
စာသင်ခန်းထဲမှာ
ဆရာကို ထူးထူးဆန်းဆန်းမေးခွန်းတွေ မေးမယ်။
သာမန်ကလေးတွေနဲ့မတူတဲ့
အပြုအမူတွေ လုပ်နေတယ်ဆိုရင်
ဒီကေလးကို တခြားကျောင်းသားတွေနဲ့တူအောင်
နေခိုင်းမယ်။
ပြောမရရင်
ပြစ်ဒဏ်ပေးပြီး
ဦးချိုးကြတယ်။

ဥပမာတစ်ခုအနေနဲ့ပြောရရင်
ကြမ်းခင်းမှာ ထောင်ထွက်နေတဲ့သံချောင်းတွေ့ရင်
ကြမ်းထဲပြန်ဝင်သွားအောင်
ပြန်ရိုက်သွင်းပေးလိုက်တယ်။
ဒါမှ တခြားသံချောင်းတွေနဲ့
ညီသွားအောင်ပေါ့" တဲ့။

သူက ဆက်ပြောပါတယ်။
သူ ငယ်ငယ်လေးတည်းက
သူ့မိဘတွေနဲ့အတူလိုက်ပါရင်း
အမေရိကန်နိုင်ငံကို ရောက်သွားတယ်။
အဲဒီမှာ ကျောင်းတက်ခဲ့တယ်။
အမေရိကန်ကျောင်းတွေမှာ
မေးခွန်းတွေ ကြံကြံဖန်ဖန် မေးတဲ့ကလေး၊
တခြားကလေးတွေနဲ့မတူဘဲ
ထူးခြားတဲ့အပြုအမူတွေ
လုပ်တတ်တဲ့ကလေးမျိုး တွေ့ပြီဆိုရင်
ဆရာ၊ ဆရာမတွေက
IEP (Individualized Education Plan)
တစ်ကိုယ်ရည်ပညာရေး
အစီအစဉ်ချမှတ်တဲ့အဖွဲ့ကို
အကြောင်းကြားရတယ်။
အဲဒီအဖွဲ့က တာဝန်ရှိသူတွေဟာ
ကျောင်းကို ရောက်လာတယ်။
စိတ်ပညာရှင်လည်း ပါတယ်။

အဲဒီကေလးကို စောင့်ကြည့်တယ်။
စကားပြောကြည့်တယ်။
တကယ်ပဲ ဒီကလေးမှာ
ထူးချွန်နိုင်တဲ့ အရည်အချင်းရှိနေတာတွေ့ရင်
အထူးအစီအစဉ်တွေနဲ့ ကလေးရဲ့
အရည်အချင်းကို မြှင့်တင်ပေးကြတယ်။
ထူးချွန်ပညာရှင် Genius
တစ်ယောက်ဖြစ်လာအောင်
မြေတောင်မြှောက်ပေးကြတယ်။
ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ
နိုဘယ်ဆုရှင်အများဆုံးထွက်တာ
အမေရိကန်နိုင်ငံကပါပဲလို့ ရှင်းပြသွားပါတယ်။

( ဗန်းမော်သိန်းဖေ။ မျှဝေလိုသော အေတြးမ်ား။ စာ - ၉၁ )

credit
ပြန်လည်မျှဝေပါသည်

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Maymyo