Mya Yate Mon

Mya Yate Mon

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mya Yate Mon, School, Maymyo.

02/06/2018

MYM ဘော်ဒါဆောင်မှ လူကြီးမင်းတို့ရဲ့ ရင်သွေးငယ်များကို အနာဂတ် မှာနိုင်ငံအကျိုးပြု သာသမီးရတနာများ ဖြစ်စေရန် တာဝန်ယူပါသည်။ ကျွမ်းကျင်ဆရာ ဆရာမ များဖြင့် စနစ်တကျသင်ကြားပို့ချပေးပီး အားလပ်ချိန်တွင် ဂီတ အနုပညာ အားကစား ပြင်ပဗဟုသုတများကိုလည်း သင်ကြားပေးပါသေးတယ်။ သန့်ရှင်းသောအစားအစာများ သပ်ရပ်သော နေထိုင်မှုပုံစံ အပြင် အခြားသော ဝန်ဆောင်မှုများပါထားရှိပေးလို့ မိဘများ အတွက် ယုံကြည်စိတ်ချထားလို့ရမယ့် ဘော်ဒါဆောင် တခုဖြစ်ဖို့ အာမခံပါတယ်ခင်ဗျာ။
ကျွန်တော်တို့ MYM ဘော်ဒါသည် အနယ်နယ်အရပ်ရပ်မှ ကျောင်းသူ/ကျောင်းသားများအတွက် အောက်ပါအချက်များအားရည်ရွယ်ဖွင့်လှစ်ထားပါသည်။
၁။အတန်းပညာများကို ကိုယ်စိတ်နှစ်ပါး ကျန်းမာစွာဖြင့် ပျော်ပျော်ရွင်ရွင် လေ့လာသင်ယူနိုင်ရန်။
၂။အတတ်ပညာ တစ်ခုတည်းသာ မဟုတ်ဘဲ အသိပညာ၊ညဏ်ပညာတို့ကိုပါ မြင့်တင်နိုင်ရန်။
၃။ပညာများ ဆည်းပူးလေ့လာ သင်ယူရာတွင် အခြေခံကျကျသင်ယူနိုင်ရန်။
၎။မိမိ တို့၏ ညဏ်ရည်ညဏ်သွေးကို တိုးတက်ထက်မြတ်လာအောင်လေ့ကျင့်နိုင်ရန်။

MYM Academy

15/05/2018

#အစဉ်အလာပညာရေးသည် လူ့ပတ်ဝန်းကျင် သို့မဟုတ် လူ့ဘောင်အဖွဲ့အစည်းတွင် သင်ရိုးညွှန်းတမ်းဖြင့် လူ အထူးသဖြင့် လူငယ်များကို သတ်မှတ်သင်ကြားသည့် ကာလတွင် စတင်ခဲ့သည် ဟုဆိုနိုင်သည်။ အစဉ်အလာပညာရေးသည် တဖြည်းဖြည်း စနစ်ကျကျနှင့် ပြည့်စုံတိုးတက်လာခဲ့ရသည်။ အစဉ်အလာ ပညာရေးစနစ်သည် လူ့တန်ဖိုး သို့မဟုတ် စံတို့ကို မြင့်မားစေရန်ကြံဆောင်ပေး နေသကဲ့သို့ ပညာဗဟုသုတတိုးပွားစေရန်လည်းအလေးထားသည် ဖြစ်ရာ မဖြစ်ဖြစ်အောင်လုပ်ခြင်းကြောင့် တစ်ခါတစ်ရံ နှိပ်စက်ကလူ ပြုရသည့် စနစ် သို့မဟုတ် ပုံစံလေးတွေလည်း ဝင်လာခဲ့သည်ကို တွေ့ရသည်။

ဘဝတစ်သက်တာပညာရေး သို့မဟုတ် သက်ကြီးပညာရေးသည် နိုင်ငံတကာတွင် ပြန့်နှံ့လျှက်ရှိနေပြီဖြစ်သည်။ သို့ရာတွင် ပညာရေးသည် ကလေးများအတွက်သာ အဓိကပစ်မှတ်အဖြစ် ထားနေကြသည်ကများသည်။

သက်ကြီးပညာရေးသည် အစဉ်အလာစာသင်ခန်းအတွင်း သင်ကြားရေးမှသည် ကိုယ်တိုင်ပညာရှာရေးအစီအစဉ်များအထိ တိုးတက်ဖွံ့ဖြိုးလာသည်။ သက်ကြီး ပညာရေးတွင် အဓိကကျသည့် စနစ်သည် စာကြည့်တိုက်မှ စာအုပ်စာတန်းများငှားရမ်းဖတ်ရှုနိုင်ခြင်း၊ လမ်းညွှန်များဖတ်ရှုလေ့လာနိုင်ခြင်း တို့ကြောင့် အကုန်အကျနည်းစွာဖြင့် တိုးတက်လာခဲ့ရသည်။ နောက်ပိုင်း ကွန်ပျူတာအသုံးပြုနိုင်ခြင်း၊ အင်တာနက်ကိုအသုံးပြုနိုင်ခြင်းတို့သည် ကိုယ်တိုင်ရှာ ပညာရေး သို့မဟုတ် သက်ကြီးပညာရေးကို များစွာအထောက်အကူပြု သည့်စနစ်များဖြစ်လာသည်။ နည်းပညာနှင့်ပညာရေး

နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာသည်နှင့်အမျှ ပညာရေးကို များစွာလွှမ်းမိုးသည့်အကြောင်းတရားတစ်ခုဖြစ်လာသည်။ ကွန်ပျူတာနှင့် အခြားဆက်စပ်နေသည့်နည်းပညာရပ်များကို ဖွံ့ဖြိုးတိုး တက်သည့်နိုင်ငံတိုင်းလိုလို တွင် ကျယ်ပြန့်စွာသုံးစွဲလာကြသည်။ ပညာရေးလက်တွေ့ဖွံ့ဖြိုးမှုတွင် အွန်လိုင်းပညာရေး (Online Education) ဟုခေါ်သည့် အဝေးသင် ပညာရေးစနစ်သည် တိုးတက်ထွန်း ကားလာသည်။ အဝေးသင်ပညာရေးစနစ် ဆိုသည်မှာ ကွန်ပျူတာ အင်တာနက်တို့ကိုအသုံးပြုပြီး ပညာရှာမှီးခြင်း၊ သင်ကြားခြင်းများကို ဆိုလိုသည်။ စာသင်ခန်းတွင်ထိုင်ပြီး ပညာသင်ကြား သည့်စနစ်ကို တော်လှန်ကာ စာသင်ခန်းမလို၊ ကိုယ်တိုင်ရှာပညာစနစ်ကိုအလေး ပေးပြီး ကိုယ်သင်ကိုယ်တတ်စနစ်ကိုဦးစားပေးထားသဖြင့် မူရင်း ရည်ရွယ်ချက်သည် အထူးကောင်းမွန်လှပေသည်။

#အရှင်းဆုံးဖွင့်ဆိုရလျှင် ပညာရေးဆိုသည်မှာ စိတ်ကူးများ၊ စွမ်းဆောင်နိုင်ရည်များ၊ ကိုယ်ကျင့်တရားများစသည်တို့ကို သင်ကြား ပေးခြင်းဖြစ်သည်။ ဥပမာ ကြောင်တစ်ကောင်သည် သူ့ကလေးကို ကြွက်ခုတ်တတ်စေရန် သင်ကြားပေးနိုင်ခြင်း သည် မွေးရာပါဗီဇစိတ် ကြောင့်ဖြစ်သည်။ လူနှင့်တိရစ္ဆာန် ထိုဥပမာအတိုင်း သိပ်ပြီးကွာခြား မှုမရှိနိုင်ပေ။

သို့သော် လူတို့သည် လက်နက်ပစ္စည်းကိရိယာများကို တီထွင်နိုင်ခြင်း၊ အသိဉာဏ်ကိုအသုံးချနိုင်ခြင်းတို့ကြောင့် အခြား သောတိရစ္ဆာန်များထက် ကျော်လွန်သွားနိုင်ခဲ့သည်။ ထို့အတူ ပညာရေးနှင့်ပတ်သက်၍ "အသိဉာဏ်ရှိခြင်း၊ အသိဉာဏ်ကိုအသုံးချတတ်ခြင်း" တို့သည် အခြားတိရစ္ဆာန်များလူကို ခွဲခြားသတ်မှတ် လိုက်သကဲ့သို့ဖြစ်သွားရသည်။ ပညာရေးဆိုသည်မှာ လူသား၏ "ယဉ်ကျေးမှုဖြစ်စဉ်" ဟုဆိုလျှင်လည်း မှားအံ့မထင်ပေ။

15/05/2018

#ပညာရေးဆိုသည်မှာ လူမှုသိပ္ပံပညာရပ်တစ်ခုဖြစ်ပြီး သင်ကြားခြင်း သင်ယူခြင်းများ နှင့် ဆက်နွှယ်နေသည့် ကျွမ်းကျင်မှု ဆိုင်ရာလုပ်ငန်းရပ်များကိုခေါ်ဆိုသည်။

တစ်နည်းအားဖြင့် လက်ဆုပ်လက်ကိုင်မပြနိုင်သည့်၊ နက်နဲသိမ်မွေ့သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများကိုပေးသော လုပ်ငန်းတစ်ရပ်လည်းဖြစ်သည်။ သတင်းအချက်အလက်နှင့် နည်း ပညာခေတ်ကြီးတွင် ပညာဗဟုသုတများကို ကျွမ်းဝင်စေရန် ကြိုးပမ်းအားထုတ်နေကြရရုံမျှမက ထိုပညာရပ်များကို ကောင်း မကောင်း မှန် မမှန်ဆုံးဖြတ်နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍ တွင်ပါဝင်လာသည်။ ထို့ပြင် ကိုယ်လိုချင်သည့်အချက်အလက်များကို နှိုက်ယူနိုင်စွမ်း၊ မည်သည့်နေရာတွင်ရှိနေမှန်း သိနိုင်သည့်အသိတရား သည်လည်း ပညာဟူ၍ဆိုရပေလိမ့်မည်။ ထို့ပြင် ပညာရေးဆိုသည်မှာ မျိုးဆက်တစ်ဆက်မှ နောက်မျိုးဆက်တစ်ဆက်သို့ အဆင့်ဆင့် လက်ဆင့်ကမ်းနိုင်စွမ်း "ပန်းတိုင်" လည်းရှိရမည်ဖြစ်သည်။

#ပညာရေးကို အကျယ်ပြန့်ဆုံးပြောရလျှင် မွေးသည်မှ သေသည်အထိဖြစ်စဉ်ကြီးတစ်ခုဖြစ်သည်ဟုလည်းဆိုနိုင်သည်။ အချို့ ကလည်း ပညာရေးသည် မမွေးမီကတည်းကစသည်ဟုဆိုပါသည်။ သို့ဖြစ်ရာ အချို့သောမိဘများသည် မိမိတို့ကလေးများကို မမွေးမီ ဝမ်းကြာတိုက်အတွင်းကပင် ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက် ဖြင့် သီချင်းများနားထောင်ခိုင်းခြင်း၊ စာများဖတ်ပြခြင်းတို့ကို ပြုလုပ် လာကြသည်။

"ပညာရေး" ဟုဆိုလိုက်လျှင် အစဉ်အလာပညာရေး ကိုလည်း ပြောရမည်ဖြစ်သည်။ အစဉ်အလာ ပညာရေးဆိုသည်မှာ အတွေ့အကြုံကို အလေးထားသည့် ပညာရေးဖြစ်သည်။ တတ်ကျွမ်းမှု၊ နားလည်မှုတို့ကို နေ့စဉ်အတွေ့အကြုံများဖြင့် တဖြည်းဖြည်းတည် ဆောက်ခဲ့ရသည့် ပညာရေးမျိုးဖြစ်သည်။

လူတစ်ဦးချင်းအနေဖြင့် အစဉ်အလာမဟုတ်သည့် ပညာရေး သည်လည်း အသီးသီးတွင် သူ့နည်းသူ့ဟန်ဖြင့်ရှိနေနိုင်ပါသည်။ မိသားစုများနှင့် ပတ်ဝန်းကျင်သည် လူတစ်ဦးချင်းစီအတွက် သီးခြား လွှမ်းမိုးနိုင်သည့် အစဉ်အလာ မဟုတ်သောပညာရေးဖြစ်သည်။

#"ပညာရေး" ဆိုသည်မှာ လက်တင်ဘာသာစကား educare မှလာပြီး အဓိပ္ပာယ်မှာ "ဦးဆောင်ဦးရွက်ပြုခြင်း" "ရှေ့ဆောင်လမ်းပြခြင်း" ဆိုသည့်သဘောဆောင်သည်။ ယခုအခါ မူရင်းအဓိပ္ပာယ်သည် ပျောက်သလောက်နီးပါးဖြစ်နေပြီ။ မွေးရာပါ အခြေအနေ၊ စွမ်းရည်ထက် ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေရန်ပြုလုပ်ခြင်း ဆိုသည့်သဘောများသည် ခေတ်သစ်ပညာရေး၏ သဘောတရားများ ဖြစ်လာခဲ့ရသည်။

13/05/2018

ညဏ်ပညာကိုပဲ အသုံးပြုကြရအောင်

13/05/2018

Foreword ဆိုတဲ့ခေါင်းစဉ်နဲ့ မိန့်ခွန်း မြန်မာပညာရေး မဟာဗျူဟာ

The national education system in Myanmar needs
to undergo a major transformation over the next
five years if it is to meet the life-long-learning and
career aspirations of our students, youth and
adults. Quality, equitable and relevant education
is essential if we are to provide our children with
new knowledge and competencies, creativity
and critical thinking skills and cultural and ethical
values that will enable them to excel in their
chosen careers and contribute to Myanmar’s socioeconomic development in the 21st century.
Education begins from the time of our birth and
continues throughout our lives. It is a major
contributor to the development of our social and
economic capital. It inspires creativity and fosters
innovation, it provides our youth with the necessary
skills to enable them to compete in the modern labour market and it is a key driver of economic
growth.
Education plays a central role in reducing
poverty and inequity, increasing household
incomes, improving individual and family health,
strengthening our communities, fostering lasting
peace, expanding economic development and
building national unity.
To fully realise the benefits of a quality national
education system, the Government of the Republic
of the Union of Myanmar will implement a new
National Education Strategic Plan (NESP) during the
period 2016-2021. The NESP is a comprehensive,
widely-owned and evidence-based roadmap
intended to reform the entire education sector over
the next five years A key reform focus of the government in the coming
years will be the provision of quality, healthy, playcentred pre-school and primary education for
all children, including those living in remote rural
areas. The physical, intellectual, linguistic, emotional
and social needs of children aged 3 to 6 years must
be met.
With regard to basic education, we must work
together to ensure that all children successfully
complete their primary, middle and high
school education and acquire relevant learning
competencies. This will provide them with a strong
foundation of knowledge and skills that will enable
them to progress to higher education or technical
and vocational education and training. The concept
that higher education is only university education
must be changed.
There is a need for education programmes to
be especially developed to meet the needs of
children who face difficulties in accessing primary
and secondary education, children with mental or
physical disabilities, or those who live in poverty or
in remote areas.
We must also redesign and launch a new basic
education curriculum that focuses on relevant 21st
century knowledge and skills. To ensure the smooth
implementation of this curriculum we must provide
quality in-service training and mentoring for all
teachers in our primary, middle and high schools.
Through innovative, quality and accessible
alternative education programmes, we must strive
to improve the quality of life for youth and adults
who have only had limited educational and career
opportunities.
We are committed to developing a world-class,
higher education system, with a strong focus on
research and innovation, to meet the country’s
social and economic development needs.We must continuously expand and strengthen
the quality of technical and vocational education
and training in the interests of sustained national
economic development. In so doing, we must
ensure that it is in accord with priority development
sectors, while also meeting the expectations and
needs of employers and students.
To sustain and expand our national education
system all educational institutions must have a
Quality Assurance System that will help them
achieve national quality standards and improve
both teaching and learning. In addition, we must
invest in training programmes to build the capacity
of technical specialists, education managers
and those occupying leadership positions in our
schools, training centres and universities.
It is particularly important that parents should be
encouraged and assisted to play a more active
role in their children’s education, as well as in the
educational institutions of their communities. We
must put in place mechanisms that will enable
education stakeholders, national and international
organisations and private sector companies to
support and develop our national education
system.
In conclusion, I would like to take this opportunity
to request all our students, parents, teachers,
school leaders and education stakeholders, as well
as national and international partner organisations,
to cooperate with the Ministry of Education for
the successful implementation of the National
Education Strategic Plan 2016–2021. This plan will
help us to transform our national education system
and to achieve dramatic improvements in teaching
and learning in all our educational institutions.

13/05/2018

Private and international schools gain momentum in Mandalay

As there are many private schools competing, it is also important to know that ability of teachers play a vital role

Since permission was granted by the government, private schools and international schools in Mandalay have increased year by year and till now the momentum is still going strong.

In August 2012, during the tenure of former President U Thein Sein, permission to establish private schools were granted. For those who applied for permission, depending on the facts such as extent of the space, size of the school building, the condition of the library, practical rooms and teaching and learning equipment, a number of private schools were granted permission to be established for different periods like five years, two years and one year on an experimental base.

Permission for establishing private schools, where the curriculum went hand in hand with the usual one taught in government schools, provided a great opportunity for those who had a wide scope and systematic way of creating the education system. As there are parents who are ready to make sacrifices in any way just for their kids’ education, some newly established private schools had difficulties, whereas most gained many benefits.

Parents, when choosing schools to enrol their kids, whether it may be a private or an international school which goes along well with the government curriculum, preference is given in the teaching methods of the school. The curriculum, extent of teaching and learning equipment provided, sports, literature and music sectors, then the extent of cooperation between parents and teachers and school fees are main points which are considered and only then decisions are made. Another important point which goes into consideration by parents is the teaching of English language.

“Our school not only teaches the entire curriculum prescribed by the government whereas science, public relations and mathematics are also added, which are all taught in English. So all these lessons become the foundation for the children as their level of education increases,” says Khin San Yi, Principal of the Royal English Bright Centre (REBC) Middle School in Mandalay.

REBC being situated on Strand Road, between 22nd and 26th Street at the west end of Mandalay, is quite a distance for those students from the east side of the city to attend. However, in our school teaching all subjects in English being an advantage, the school has gained success said Thidar Oo who established and manages the school.

“English teaching begins from pre-school so the children get the basic foundation of the language. As being a private school, we have to place more effort. The school has computer rooms, practical rooms teaching and learning equipment. Then again only when the teachings in a private school exceed then the prescribed curriculum, the school will be able to survive. Just by going along the usual way, our students will shift to other schools,” says Thidar Oo.

rebc-by-pwk-2.jpg
Kids excel computer skills in a classroom at Royal English Bright Centre (REBC) in Mandalay. Photo: Phyo Wai Kyaw

Kids excel computer skills in a classroom at Royal English Bright Centre (REBC) in Mandalay. Photo: Phyo Wai Kyaw

As there are many private schools competing, it is also important that ability of teachers play a vital role. When our private school was first established, on an experimental base, it had to be attached to a government school for a year in teaching said Thidar Oo. When permission was granted, it had to be considered whether the school will be established on a private owned land or on a leased land. That year when permission was granted, there were about 60 schools around the whole country. However, at present, there are probable about 150 private schools in Upper Myanmar and about the same number in Lower Myanmar.

Those who can’t afford, have to depend on government schools. Some parents don’t spend much for their kid’s education while the child is still in the primary or middle level but much investment is made only when the child reaches the senior levels like 9th and 10th Standards. However, as times have changed, nowadays most parents who have a certain level of education have come to understand that it is most important of having a good foundation in English.

Parents who can afford, not only want their kids to be good in school lessons but also in sports, arts and music which can enhance the child’s ability. All these facts are well known by those who establish international schools.

Sai Phone Myat Lwin who is the Executive Officer of the Higher Cambridge International School in Mandalay says that students from his school are not only taught the usual curriculum but the ability of leadership; politeness and civilization are also added to the curriculum.

“Lessons in our school are mostly taught in English but Myanmar language is not neglected and is also added in the lessons. Our intention is not only teaching literature but to build up a new civilized generation and those who will be able to perform good leadership. These days’ parents have come to encourage their children’s education from the pre-school level. Every parent want their kid’s future to be secured. Then again they fear that their child will lack in the knowledge of Myanmar language. So in a way of filling this gap, we have added a subject concerning civilization in the curriculum,” said Sai Phone Myat Lwin.

He says that in his school which goes by the Cambridge curriculum, Information Technology (IT), Sports, and Japanese Mathematics known as Sakamoto, Geography and History are also added. In the 21st Century what will become most essential is not where students give answers learnt by heart but an ability to make decisions on which is right or wrong depending on their own skills and learn to be able to work in a cooperative manner, he added.

At private schools, primary level fees for an academic term can be from K500, 000 to K 700, 000, the middle level around K1000, 000 and for the Higher Level, depending on the outstanding performance of the school, fees can be from K 5000, 000 and above. Then when it comes to international schools, depending on its distinguished ability, fees for the primary level per annum can be approximately K4000, 000, middle school between K5000, 000 to K 6000, 000 and the higher level K 8000, 000.

“International schools will still exist as long as they provide a high quality of education. Then again if these schools are in a position to make arrangements for students to study overseas at foreign educational institutions, there will always be a share for them among the elite class, concerning education. Arrangements have been made and there will be a scholarship programme for 6 outstanding students from our school this May,” said Sai Phone Myat Lwin.

Photos from Mya Yate Mon's post 13/05/2018

Myanmar Student School Uniform is Lovely

13/05/2018

History of Myanmar Education

During British colonial rule, educational access for women improved tremendously. In the pre-colonial era, male education was emphasised in the traditional Buddhist monastic education system. The number of female students enrolled in school rose 61% (by 45,000 students) from 1911-1921, and another 82% (100,000 students) from 1921 to 1931 with expansion of the colonial and private education system, primarily in the form of all-girls schools.[3] This was mirrored by an increase in female employment. From 1921 to 1931, there was a 33% increase in employment of women in public administration, law, medicine (96% increase), education (64% increase), and journalism sectors.[3]

When Burma gained independence in 1948, the government sought to create a literate and educated population, and Burma was believed to be on its way to become the first Asian Tiger in the region. However, 1962 coup d'etat isolated and impoverished Burma. All schools were nationalised and educational standards began to fall. Burmese replaced English as the medium of instruction at Burmese universities in 1965, with the passing of the New University Education Law a year earlier.[4] This led to a rapid decline in English proficiency among the Burmese.[4] English was reintroduced as a medium of instruction in 1982.[4] In 1977, the 2 year regional college system was introduced by the Burmese government, as a way to disperse college students until they were about to graduate (the third and fourth years were spent at a traditional university), a system that was ended in 1981.[4]

Due to students' protest of 8888 Uprising, all universities were closed around Burma for 2 years. Since the 1990s, new structure of education system was weak as government faced crisis to universities' clash and set up a 6th months term for an academic year. The SPDC government arranged irregular commencement dates for universities and colleges, however, students were still in que and clash/ Another series of students' strike in 1996 and 1998 resulted in another 3 years of closure.

After the re-opening of universities and colleges in 1999, the government scattered universities in different regions. The relocation of certain universities were made under relative ministries. New system had been made that the university term was shortened by one year, providing a bachelor's degree for just three-year course. However, improvement were rapidly made despite the early disturbances. In 2005, the Ministry of Foreign Affairs officially announced that Burma education was reaching an international standard and the government had fully entitled to 156 universities and colleges in Myanmar.

Today, Myanmar lags far behind in terms of educational standards. Learn-all-by-rote education system, adversely-trained teachers, practise of bribery, as well as usage of aged resources have been the trademarks of primary and secondary schools of Myanmar.Plus, students are made to take copious tuitions since learning at school is not considered enough. Miserably indeed, students learn everything, from answers of English grammar questions to essays, by heart. All questions asked in tests are seen. Exceptionally, some tests of grade 5, grade 9, grade 11 are unseen unless the test papers are secreted. Many universities have been built and scattered throughout cities to prevent students participation in potential unrest.

Besides these actions, students attending these universities are not allowed to speak freely, to write freely or to publish freely.

13/05/2018

Education in Myanmar
Ministry of Education Union Minister -Dr Myo Thein Gyi
National education budget (2014-15)Budget~US$1152 million[1]
General details
Primary languages Burmese, English
System type National
Established 1910
Literacy (2014)
Total 89.5%[2]
Male 92.6%[2]
Female 86.9%[2]
Enrollment
Total 8,092,510[1]
Primary 4,948,198[1]
Secondary 2,589,312[1]
Post secondary 550,000[1]

06/05/2018

၂၀၁၉ ခုနှစ် မတ်လ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်ဆိုင်ရာ သိမှတ်ဖွယ်ရာ (သတင်းစာဆောင်းပါး)

Date : 2 May, 2018

ဒေါက်တာအောင်မြင့်ဦး

ပါမောက္ခ ဌာနမှူး

မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်

ယခုဆောင်းပါးသည် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်၊ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာဘာသာရပ် မေးခွန်းပုံစံသစ်နှင့် ပတ်သက်သည့် သိမှတ်ဖွယ်ရာများကို ရှင်းလင်းတင်ပြမည့် ဆောင်းပါး ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စတင်အသုံးပြုမည့် မြန်မာစာမေးခွန်းပုံစံသစ်သည် ကျောင်းသူကျောင်းသားတို့ သင်ခန်းစာက ိုနှုတ်တိုက် အလွတ်ကျက်မှတ်ခြင်းထက် သင်ယူလေ့လာ ဆည်းပူးထားသော သင်ခန်းစာများကို ကိုယ်ပိုင်စဉ်းစား တွေးခေါ်မှု၊ ကိုယ်ပိုင် ရေးသားတင်ပြမှု စွမ်းရည်တို့ဖြင့် ပေါင်းစပ်ကာ ဖြေဆိုနိုင်မည့် ပုံစံသို့ ဦးတည်ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ထိုသို့ပြောင်းလဲရာတွင် အလုံးစုံပြောင်းလဲခြင်းမျိုး မဟုတ်ဘဲ ကျောင်းသူ ကျောင်းသားတို့၏ အားသာချက်အား နည်းချက်၊ ဆရာဆရာမများ၏ သင်ကြားမှုအတွေ့အကြုံ၊ စာစစ်အတွေ့အကြုံ၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝ၊ ဘာသာရပ် လိုအပ် ချက်တို့အပေါ် အစစအရာရာ ချိန်ထိုးကာ ကျောင်းသူကျောင်းသားများနှင့် ဘာသာရပ်တို့အတွက် အသင့်လျော်ဆုံးနှင့် ပိုမိုအကျိုးဖြစ် ထွန်းစေနိုင်မည့် အပိုင်းကဏ္ဍ အချို့ကိုသာ မွမ်းမံပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းတို့ ဆောင်ရွက်ထားခြင်း ဖြစ်ပါသည်။

မေးခွန်းပုံစံသစ်ကို ပြောင်းလဲထားသော်လည်း ကျောင်းသူကျောင်းသားများ လေ့လာသင်ယူရမည့် ပြဋ္ဌာန်းချက်နှင့် သင်ခန်းစာတို့မှာ ပြောင်းလဲခြင်းမရှိပါ။ တက္ကသိုလ်ဝင်တန်း မြန်မာစာ ဘာသာရပ်အတွက် ပြဋ္ဌာန်းထားသည့် စာအုပ် ၄ အုပ် ရှိပါသည်။ ယင်းတို့မှာ-မြန်မာသဒ္ဒါအတွဲ(၂) အခန်း(၆)၊ မြန်မာကဗျာလက်ရွေးစင်၊ ပင်ရင်းမြန်မာစကားပြေလက်ရွေးစင်နှင့် ရေသည်ပြဇာတ် တို့ဖြစ်ပါသည်။ စာစီစာကုံးမှာ ပြဋ္ဌာန်းစာအုပ် သတ်မှတ်မထားသော်လည်း ကျောင်းသူ ကျောင်းသားများ လေ့လာဆည်းပူးရမည့် သင်ခန်းစာ တစ်ခု အဖြစ် ပါဝင်ပါသည်။ ယခုမေးခွန်းပုံစံ သစ်တွင် စာစီစာကုံးနှင့်အတူ ကျောင်းသူကျောင်းသားတို့၏ ပင်ကိုဉာဏ်ရည ်ဉာဏ်သွေးနှင့် အစွမ်းအစကို ဖော်ထုတ်ပြသနိုင်မည့် အဆိုဆွေးနွေးသည့် မေးခွန်းတစ်ပုဒ် ပါဝင်လာမည် ဖြစ်ပါသည်။

၂၀၁၉ တွင် ပြောင်းလဲအသုံးပြုမည့် မြန်မာစာမေးခွန်း ပုံစံသစ်ကို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအထိ ကျင့်သုံးခဲ့သော မေးခွန်းပုံစံနှင့် မေးခွန်းနံပါတ် တစ်ခုစီအလိုက် ဆက်လက်ရှင်းလင်း တင်ပြသွားပါမည်။

ခွန်း နံပါတ် ၁ တွင် ယခင်ကမေးခွန်းပုဒ်ခွဲ (က)၊ (ခ)၊ (ဂ)၊ မေးခွန်းပုဒ်ခွဲ သုံးပုဒ်ပါဝင်ပြီး မေးခွန်းပုံစံသစ်တွင် မေးခွန်းပုဒ်ခွဲ (က) နှင့် (ခ) နှစ်ပုဒ်သာ ပါဝင်မည်ဖြစ်ပါသည်။ မေးခွန်းနံပါတ်၁။ (က) သဒ္ဒါ အဓိပ္ပာယ်ဖွင့်ဆိုချက် မေးခွန်းကို ပြောင်းလဲခြင်း မပြုပါ။ သို့ရာတွင် ရွေးချယ်ရန်အတွက် ယခင်က ၅ ခုပေးသော်လည်း မေးခွန်းပုံစံသစ်တွင် ၃ ခုသာ မေးပါမည်။

ယခင် မေးခွန်းနံပါတ်၁။ (ခ) သည် ပေးထားသော စကားလုံးများကို သဒ္ဒါအမျိုးအစား ဖော်ပြစေသော မေးခွန်း ဖြစ်ပါသည်။ ၆ ခုမေး၍ ၄ ခုဖြေဆိုရပါသည်။ မေးခွန်းနံပါတ် ၁။ (ဂ) တွင် ပေးထားသော စကားလုံးကို ဝါကျတွင် သုံးပြစေခြင်း ဖြစ်ပါသည်။ ၅ ခုမေးပြီး ၃ ခုဖြေဆို ရပါသည်။

ပြောင်းလဲသည့် မေးခွန်းပုံစံသစ်တွင် မေးခွန်းနံပါတ် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) တစ်ပုဒ်တည်းအဖြစ် သဒ္ဒါလက်တွေ့ လေ့ကျင့်ခန်းအမျိုးမျိုးကို မေးမြန်းနိုင်ရန် ပြောင်းလဲထားပါသည်။ မြန်မာသဒ္ဒါ ပြဋ္ဌာန်းချက်ပါ သင်ခန်းစာ အသီးသီးမှကျောင်းသူ ကျောင်းသားများ အမှန်တကယ် နားလည်ဖြေဆိုနိုင်မည့် လက်တွေ့လေ့ကျင့်ခန်း အမျိုးမျိုးကို မေးမြန်းမည်ဖြစ်ပါသည်။ ယခင်က ၁။ (ခ) သည် သဒ္ဒါစကားလုံးများ ပေးထားပြီး သဒ္ဒါအမျိုးအစားကို ဖော်ပြစေခြင်းဖြစ်သည်။ ၁။ (ဂ) သည် ပေးထားသော သဒ္ဒါစကားလုံးကို သဒ္ဒါမှန်စွာ ဝါကျဖွဲ့စေခြင်းဖြစ်သည်။ ပြောင်းလဲသည့် မေးခွန်းတွင် ၁။ (ခ) နှင့် ၁။ (ဂ) သဘောတရား နှစ်ခုကို ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ မြန်မာသဒ္ဒါကို ကောင်းစွာနားလည် သဘောပေါက်ပြီး ပြဋ္ဌာန်းစာပါ လေ့ကျင့်ခန်းများကို မှန်မှန်လေ့ကျင့်ထားပါက အလွတ်ကျက်မှတ်ရန်မလိုဘဲ အလွယ်တကူ ဖြေဆိုနိုင်မည့် မေးခွန်းပုံစံဖြစ်ပါသည်။

ယခင်က ၁။ (ခ) ၄ မှတ်ပေးသည့် မေးခွန်းနှင့် ၁။ (ဂ) ၆မှတ်ပေးသည့် မေးခွန်း ပုဒ်ခွဲနှစ်ခုကို ပေါင်းစပ်ကာ ၁။ (ခ) ၁၀ မှတ်ပေးသည့် မေးခွန်းအဖြစ ်စုစည်းလိုက်သည့်အတွက် သဒ္ဒါစကားလုံးနှင့် သဒ္ဒါအမျိုးအစား မေးခွန်းသာမက သဒ္ဒါစကားလုံး ဖွဲ့စည်းရေးသားစေခြင်း (ဥပမာ – ပေါင်းစပ်နာမ် စကားလုံး၊ ပေါင်းစပ်ကြိယာ စကားလုံး၊ ကြိယာဝိသေသန စကားလုံး ဖန်တီးရေးသား စေခြင်း)၊ ဝါကျတွင်း ပုဒ်အထားအသို ပြင်ဆင်ရေးဖွဲ့စေခြင်း၊ ပေးထားသော ဝါကျတွင် ဆီလျော်သော သဒ္ဒါစကားလုံး ဖြည့်စွက်ရေးသား စေခြင်း စသည့် သဒ္ဒါလေ့ကျင့်ခန်း မေးခွန်းအမျိုးမျိုးကို တိုးချဲ့မေးမြန်းနိုင်မည်ဖြစ်ပါသည်။

၂၀၁၈ ခုနှစ်အထိ ကျင့်သုံးခဲ့သော မေးခွန်းနှင့် နှိုင်းယှဉ်ပါက မေးခွန်းပုံစံသစ်သည် ၁။ (ခ) သဒ္ဒါမေးခွန်းများတွင် သဒ္ဒါကို အလွတ်ကျက်မှတ်ခြင်းထက် သဒ္ဒါအကြောင်း နားလည် သဘောပေါက်ပြီး မှန်ကန်စွာ လက်တွေ့ရေးသား အသုံးပြုနိုင်သည့် မေးခွန်း မျိုးကို ပြောင်းလဲသွားမည်ဖြစ်ရာ ကျောင်းသူကျောင်းသားများ လက်တွေ့ဘဝတွင် မြန်မာစာမှန်ကန်စွာ ရေးသားအသုံးပြု နိုင်မှုအတွက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

မေးခွန်း နံပါတ် ၂တွင် မေးခွန်းပုဒ်ခွဲ သုံးပုဒ် ပါဝင်ပါသည်။ ပုဒ်ရေ အရေအတွက် အပြောင်းအလဲမရှိပါ။ မေးခွန်းနံပါတ်၂။ (က) သည် ခက်ဆစ် ဖွင့်ဆိုခိုင်းခြင်းဖြစ်ပါသည်။ မေးခွန်း ပုံစံအပြောင်းအလဲ မရှိသော်လည်း ရွေးချယ်ရန် ပေးသည့် စကားလုံး ၈ ခုအစား စကားလုံး ၇ ခု ပြောင်းလဲပါမည်။ ကဗျာ၊ စကားပြေနှင့် ရေသည်ပြဇာတ် ပြဋ္ဌာန်းစာအုပ်များတွင် အနက်ဖွင့်ဆို ပေးထားသော ဝေါဟာရများ၏ အနက်အဓိပ္ပာယ်ကို သိရှိခြင်း ရှိမရှိ စစ်ဆေးသည့် မေးခွန်း ဖြစ်ပါသည်။

မေးခွန်းနံပါတ်၂။ (ခ) တွင် လက်ရှိ စစ်မေးလျက်ရှိသော ပုံစံမှာ ပေးထားသည့် ဝေါဟာရကို ဝါကျအသီးသီးတွင် အသုံးပြုစေခြင်း ဖြစ်ပါသည်။ အဆိုပါ မေးခွန်းအစား လက်ရှိတွင် ကျောင်းသား ကျောင်းသူများ၏ အားနည်းချက်ဖြစ်နေသည့် စာလုံးပေါင်း သတ်ပုံ လိုအပ်ချက်ကို ဖြည့်ဆည်း နိုင်ရန်အတွက် အမှားအမှန် စကားလုံးအတွဲတွင် စာလုံးပေါင်း သတ်ပုံအမှန် ရွေးချယ်စေခြင်းကို ပြောင်းလဲ စစ်မေးပါမည်။ မြန်မာစာအရေးအသား အခြေခံတွင် စာလုံးပေါင်း သတ်ပုံ မှန်ကန်ရေးသည် အဓိကကျသည့် အလျောက် ဤမေးခွန်းသည် မြန်မာစာ အခြေခံ မှန်ကန်ရေးအတွက် လေ့ကျင့်ဖြည့်ဆည်းပေးခြင်း ဖြစ်ပါသည်။ စာလုံးပေါင်း သတ်ပုံမေးရာတွင် ပြဋ္ဌာန်းစာအုပ်များပါ ဝေါဟာရများကို အခြေခံ၍ တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသူ ကျောင်းသားတို့ သိသင့်သိထိုက်သည့် စာလုံးပေါင်းများကို ရွေးချယ်စစ်မေးမည် ဖြစ်ပါသည်။ ကျောင်းသူကျောင်းသားများ အနေဖြင့် မြန်မာ ဝေါဟာရများ၏ စာလုံးပေါင်း အမှန်ကို ဂရုတစိုက် မှတ်သားထားပါက အထူးတလည် အလွတ်ကျက်မှတ်နေရန် မလိုဘဲ မှန်ကန်စွာ ဖြေဆိုနိုင်မည့် မေးခွန်းမျိုး ဖြစ်ပါသည်။

မေးခွန်းနံပါတ်၂။ (ဂ) သည် အလင်္ကာ မေးခြင်း ဖြစ်ပါသည်။ လက်ရှိမေးနေသည့် အလင်္ကာမေးခွန်းတွင် ဝေါဟာရများကို အလင်္ကာအမျိုး အမည် ဖော်ပြလျက် ပေးထားပြီး သက်ဆိုင်ရာ သင်ခန်းစာတွင် မည်သို့သုံးထားကြောင်းနှင့် အဘယ်ကြောင့် ထိုအလင်္ကာ မြောက်ကြောင်း မေးပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် အလင်္ကာအမျိုးအမည်ကို မဖော်ပြတော့ဘဲ ပေးထားသော ဝေါဟာရ အသုံးအနှုန်းကို အလင်္ကာအမျိုးအစား ဖော်ပြစေခြင်းနှင့် အဘယ့်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း ဖော်ပြစေခြင်းတို့ကို မေးမြန်းပါမည်။ ဖြေဆိုရာတွင ်ပုံစံတစ်မျိုးမျိုးကို သတ်မှတ်ဖြေဆိုစေခြင်းထက် ကျောင်းသူကျောင်းသားတို့၏ အမှန်တကယ် နားလည်ဖြေဆိုနိုင်သည့် ဖြေဆိုချက်အပေါ်တွင်သာ အကဲဖြတ်အမှတ်ပေးသွားမည် ဖြစ်ပါသည်။ ပေးထားသော ဝေါဟာရ အရေအတွက် ကိုလည်း ၈ ခုမှ ၇ ခုသို့ ပြောင်းလဲသတ်မှတ် ထားပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရ မေးခွန်း နံပါတ် ၂ ဝေါဟာရများကို လေ့လာရာတွင် ပြဋ္ဌာန်းစာအုပ်များမှဝေါဟာရတို့၏ အနက်အဓိပ္ပာယ်ကို သိရှိစေခြင်း၊ မြန်မာဝေါဟာရတို့၏ စာလုံးပေါင်း သတ်ပုံမှန်ကန်မှုကို အလေးထားလာစေခြင်း၊ အလင်္ကာကို အလွတ်ကျက်မှတ်ခြင်းထက် အလင်္ကာ၏ သဘောသဘာဝ နားလည်သဘောပေါက်စွာ ဖြေဆိုနိုင်မှုကို ဦးတည်လာစေခြင်း စသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

မေးခွန်း နံပါတ် ၃တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။

နံပါတ်၃။ (က)မှာ ကဗျာမေးခွန်းတို ဖြစ်ပါသည်။ မေးခွန်းပုံစံ အပြောင်းအလဲ မရှိသော်လည်း မေးမည့် မေးခွန်းကို ပိုမိုကျယ်ပြန့်စေရန် ပြင်ဆင်ထားပါသည်။ ကဗျာစာသား ကောက်နုတ်ချက် အတိုကို ပေးထားပြီး ဆိုလိုရင်းရေးသားစေသည့် မေးခွန်းမျိုး တိုးချဲ့မေးမြန်း သွားမည် ဖြစ်ပါသည်။ ဖြေဆိုရန် မေးထားသည့် ပုဒ်ရေအရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲသတ်မှတ် ပါသည်။ ကဗျာမေးခွန်းတိုများကို မေးခွန်းပိုမို ကျယ်ပြန့်လာစေခြင်းဖြင့် ကျောင်းသူ ကျောင်းသား များ၏ ကဗျာလေ့လာမှုကိုလည်း ပိုမိုကျယ်ပြန့် လာစေမည် ဖြစ်ပါသည်။ ရွေးချယ်ရန် ပုဒ်ရေကို လျှော့ခြင်းဖြင့် ကျောင်းသူ ကျောင်းသားများ ပိုမိုကြိုးစားလိုစိတ် ဖြစ်လာစေပါမည်။ နံပါတ်၃။ (ခ) ကဗျာမေးခွန်းရှည် ဖြစ်ပါသည်။ အပြောင်းအလဲမရှိပါ။ ဤမေးခွန်းသည် ကျောင်းသူ ကျောင်းသ ူများ၏ လေ့လာ ကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင် အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်သည့် မေးခွန်းဖြစ်ပါသည်။

မေးခွန်း နံပါတ် ၄တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ်ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။

နံပါတ်၄။ (က)မှာ စကားပြေမေးခွန်းတိုဖြစ်ပါသည်။ မေးခွန်းပုံစံလည်း အပြောင်းအလဲမရှိပါ။ သို့ရာတွင် ဖြေဆိုရန် မေးထားသည့် ပုဒ်ရေအရေအတွက်ကို ၈ ပုဒ်မှ ၇ ပုဒ်သို့ ပြောင်းလဲ သတ်မှတ်ထားပါသည်။ မေးခွန်းနံပါတ်၄။ (ခ)သည် စကားပြေ မေးခွန်း ရှည်ဖြစ်ပါသည်။ အပြောင်း အလဲမရှိပါ။ စကားပြေမေးခွန်းရှည်သည်လည်း ကဗျာမေးခွန်းရှည်ကဲ့သို့ပင် ကျောင်းသူ ကျောင်းသူများ ၏ လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့်မေးခွန်းနှင့် အံဝင် ခွင်ကျဖြစ်အောင် ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏တစ်ဝက် စစ်ဆေးအကဲဖြတ်သည့်မေးခွန်းဖြစ်ပါသည်။

မေးခွန်းနံပါတ် ၅ တွင် မေးခွန်း ပုဒ်ခွဲ နှစ်ပုဒ် ပါဝင်ပါသည်။ ပုဒ်ရေအပြောင်းအလဲမရှိပါ။ နံပါတ်၅။ (က)သည် ရေသည်ပြဇာတ် စကားစပ်မေးခွန်း ဖြစ်ပါသည်။ ယခင်၇ မှတ်ပေးသည့် မေးခွန်းပုံစံအစား ၅မှတ်ပေးသည့် မေးခွန်းပုံစံသို့ ပြောင်းလဲ သတ်မှတ် ထားပါသည်။ ဖြေဆိုရာတွင် စကားစပ်ဆိုင်ရာ အချက် ၆ ချက်အတွက် ၃ မှတ်၊ ဆိုလိုရင်းကို ရှင်းလင်းရေးသား ဖြေဆိုခြင်း အတွက် ၂ မှတ်သတ်မှတ်ထားရာ ဖြေဆိုရသည့် အချက်အလက်နှင့် အမှတ်ခွဲဝေမှုမှာ ပိုမိုရှင်းလင်း ပြတ်သားလာမည် ဖြစ်ပါသည်။

မေးခွန်း နံပါတ်၅။ (ခ)သည် ရေသည်ပြဇာတ် မေးခွန်းရှည်ဖြစ်ပါသည်။ လက်ရှိမေးခွန်းတွင် အကြောင်းအရာပိုင်းကိုသာ မေးပြီး ပေးမှတ်မှာ ၈ မှတ်ဖြစ်ပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် ပြဇာတ် အကြောင်းအရာ တစ်ပုဒ်နှင့် ပြဇာတ်အတတ်ပညာ၊ အရေးအသားတစ်ပုဒ်မေးမြန်းပြီး နှစ်သက်ရာကို ရွေးချယ်ဖြေဆိုစေမည် ဖြစ်ပါသည်။ ပေးမှတ်ကိုလည်း ၈ မှတ်အစား ၁၀ မှတ်သို့ ပြောင်းလဲသတ်မှတ်ပါမည်။ ကျောင်းသူကျောင်းသားများသည် ပြဇာတ်လေ့လာရာတွင် ပြဇာတ်၏ အရေးအသား အတင်အပြနှင့် ပြဇာတ်ဖန်တီးမှု အတတ်ပညာတို့ကိုလည်း မလွဲမ သွေလေ့လာဆည်းပူး သင့်သည်ဖြစ်ရာ အတတ်ပညာနှင့် အရေးအသားတို့ကိုလည်း ပြဇာတ်မေးခွန်းတွင် ထည့်သွင်း မေးမြန်းသွားမည် ဖြစ်ပါသည်။

ပြောင်းလဲအသုံးပြုမည့် မေးခွန်းပုံစံအရမေးခွန်းနံပါတ် ၅ (ခ) ရေသည်ပြဇာတ် မေးခွန်းရှည်တွင် ပြဇာတ်၏ အကြောင်းအရာသာမက ပြဇာတ်စာပေ၏ သဘောလက္ခဏာများ၊ ပြဇာတ်ဖန်တီးမှု အတတ်ပညာများကို ကျောင်းသူကျောင်းသားများ ပိုမိုနားလည် သိရှိလာစေမည်ဖြစ်ပြီး ပြဇာတ်လေ့လာရာတွင် ပိုမို စိတ်ဝင်စားလာမည် ဖြစ်ပါသည်။ ရေသည်ပြဇာတ်မေးခွန်းရှည်၏ သဘော သဘာဝသည်လည်း ကဗျာမေးခွန်းရှည်နှင့် စကားပြေမေးခွန်းရှည်တို့ ကဲ့သို့ပင် လေ့လာကျက်မှတ်မှုအတွက် ပေးမှတ်၏ တစ်ဝက်၊ မိမိကိုယ်ပိုင်အရေးအသား အတင်အပြ စွမ်းရည်ဖြင့် မေးခွန်းနှင့် အံဝင်ခွင်ကျ ဖြေဆိုတင်ပြနိုင်မှုအတွက် ပေးမှတ်၏ တစ်ဝက် စစ်ဆေးအကဲဖြတ်မည် ဖြစ်ပါသည်။

မေးခွန်း နံပါတ် ၆ သည် ယခင်က စာစီစာကုံးတစ်မျိုးတည်းကိုသာဖြေဆိုရသည့်မေးခွန်း ဖြစ်ပါသည်။ ပေးမှတ်မှာအမှတ် ၂၀ ဖြစ်ပါသည်။ ၃ ပုဒ်မေး၍ ၁ ပုဒ်ဖြေဆိုရပါသည်။ ပြောင်းလဲမည့် မေးခွန်းပုံစံတွင် မေးခွန်းနံပါတ် ၆ ကို (က) နှင့် (ခ) ခွဲ၍ မေးခွန်း ပုဒ်ခွဲနှစ်ပုဒ်အဖြစ် ပြင်ဆင်ထားပါသည်။ ၆။ (က) ကို ၁၀ မှတ်ပေးသည့် စာစီစာကုံး မေးခွန်းအဖြစ် လည်းကောင်း၊ ၆။ (ခ) ကို အဆိုတစ်ခုဆွေးနွေးစေသည့် ၁၀မှတ်ပေးသော မေးခွန်းအဖြစ်လည်းကောင်း ပြောင်းလဲ ထားပါသည်။

ယခင်ကနံပါတ် ၆ စာစီစာကုံးမေးခွန်းတွင် ၃ ပုဒ်ပေး ၁ ပုဒ်ဖြေ သတ်မှတ်ခဲ့သော်လည်း ယခုပြောင်းလဲထားသည့် မေးခွန်းပုံစံ ၆။ (က) တွင် ၂ ပုဒ်ပေး ၁ပုဒ်ဖြေ အဖြစ်လည်းကောင်း၊ ပုံကြမ်းအချက်အလက်ကို ယခုပုံစံတွင် အချက် ၅ ချက်သာပေး၍ အချက်တစ်ချက် ၂ မှတ်နှုန်းဖြင့် ဖြေဆိုစေရန်လည်းကောင်း၊ စာစီစာကုံးပေးမှတ်ကို အမှတ် ၂၀ အစား ၁၀ မှတ်သို့လည်းကောင်း ပြောင်းလဲ သတ်မှတ်ပါသည်။ မေးထားသည့် ပုံကြမ်း အချက်အလက်များကို မိမိ၏ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းဖြင့် ရေးသားဖြေဆို ရမည် ဖြစ်ပါသည်။ ပုံကြမ်းအချက်အလက်ကို အခြေခံကာ မိမိစိတ်ကူးစိတ်သန်းဖြင့် ရေးသားရမည် ဖြစ်ရာ ပုံကြမ်းအချက် အလက်များကို အခြေမခံဘဲ အလွတ်ကျက်မှတ် ဖြေဆိုပါက အမှတ်မရရှိနိုင်သည့် ပုံစံသို့ ပြောင်းလဲထားခြင်း ဖြစ်ပါသည်။ ပေးထားသည့်စာစီစာကုံး နှစ်ပုဒ်တွင် သရုပ်ဖော်နှင့် ဖြစ်စဉ်ပြ ရေးနည်းကို အခြေခံသည့် ခေါင်းစဉ်တစ်ပုဒ်နှင့် ကြောင်းကျိုးပြနှင် ့ဖွင့်ဆိုရှင်းပြ ရေးနည်းကို အခြေခံသည့်ခေါင်စဉ်တစ်ပုဒ်ကိုမျှ၍ပေးထားမည်ဖြစ်ပါသည်။

၆။ (ခ) သည်အသစ်ဖြည့်စွက်ထည့်သွင်းထားသောမေးခွန်းဖြစ်ပါသည်။ ပေးထားသော အဆိုတစ်ရပ်ကို ဆွေးနွေးစေသော မေးခွန်းသည် ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင် စဉ်းစားဉာဏ် အတွေးအခေါ်၊ ပင်ကိုအရည်အသွေး ဖော်ထုတ်ပြသ နိုင်သော မေးခွန်းပုံစံ ဖြစ်ပါသည်။ ဖြေဆိုရာတွင် စာဟန်အရေးအသားဖြင့်သာ ဆွေးနွေး တင်ပြကာဖြေဆို ရမည်ဖြစ်ပါသည်။ ကျောင်းသူ ကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ် စိတ်ကူး စိတ်သန်းကောင်းလျှင် ကောင်းသလောက်၊ အရေးအသား အတင်အပြ ကောင်းလျှင် ကောင်းသလောက် အမှတ်ရရှိနိုင်မည့် မေးခွန်း ဖြစ်ပါသည်။ ပေးထားသော အဆိုမှာလည်း ကျောင်းသူကျောင်းသား အားလုံး ရင်းနှီးကျွမ်းဝင် မည့်ယေဘုယျကျသော အဆိုမျိုးကိုသာ ပေးထားမည်ဖြစ်ပါသည်။ သာဓကအားဖြင့်- “နွေရာသီသည် ဆောင်းရာ သီထက်ပို၍သာယာလှပသည်” ၊ “ကွန်ပျူတာကို အလွန်အကျွံအသုံးပြုခြင်းသည် ကျန်းမာရေးကို ထိခိုက်စေသည်” ၊ “ရေဒီယိုနားထောင် ခြင်းသည် သတင်းစာဖတ်ခြင်းထက်ပို၍ အကျိုးရှိသည်”စသည့် အကြောင်းအရာမျိုး ဖြစ်ပါသည်။ အဆိုကိုမှန်သည်မှားသည် အဆုံးဖြတ်ပေးစေခြင်းမျိုး မဟုတ်ဘဲ မိမိအမြင်အတိုင်း၊ မိမိထင်မြင် ယူဆချက်အတိုင်း ထောက်ခံ၍ဖြစ်စေ၊ ကန့်ကွက်၍ ဖြစ်စေ အကျိုးသင့်အကြောင်းသင့် ဆွေးနွေးတင်ပြရန် ဖြစ်ပါသည်။

ယခင်နံပါတ် ၆ စာစီစာကုံး မေးခွန်းသည်အမှတ် ၂၀ ပေးထားရာ ပေးမှတ်များပြား သည့်အလျောက် စစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ကွာဟချက်ကို ကြီးမားစေပါသည်။ ထို့ပြင်ကျောင်းသူကျောင်းသားများ အနေဖြင့် ကိုယ်ပိုင်ရေးသားတင်ပြမှုထက် အလွတ်ကျက် မှတ်မှုကိုသာ အားပြုဖြေဆိုလျက်ရှိကြပါသည်။ ပေးထားသော ပုံကြမ်းအချက်အလက်နှင့် ဆိုင်သည်ဖြစ်စေ မဆိုင်သည်ဖြစ်စေ အလွတ်ကျက်မှတ်ထားသည်ကို များများရေးနိုင်လျှင် အမှတ်များများရနိုင်သည် ဟု ထင်မြင်ယူဆလျက် ရှိကြသည့်အလျောက် ဤမေးခွန်းပုံစံသည် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုရန် အားသန်သည့် မေးခွန်းပုံစံဖြစ်နေပါသည်။ ဤမေးခွန်း ပုံစံကို လျှော့ချ၍ပုံကြမ်းပါအချက်အလက် ၅ ချက်ကိုသာ အခြေခံပြီး ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အတင်အပြဖြင့် တိတိ ကျကျဖြေဆိုနိုင်မည့် စာစီစာကုံးမေးခွန်းနှင့် ကျောင်းသူကျောင်းသားတို့၏ ကိုယ်ပိုင်အတွေးအခေါ်၊ စိတ်ကူးစိတ်သန်းဖြင့် ဖြေဆိုနိုင်မည့် အဆိုဆွေးနွေးသည့် မေးခွန်းကို ဖြည့်စွက်လိုက်ခြင်းဖြင ့်ကျောင်းသူကျောင်းသားတို့အတွက် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

ယခုပြောင်းလဲအသုံးပြုမည့်မေးခွန်းပုံစံသည်အလွတ်ကျက်မှတ်သည့်မေးခွန်းပုံစံထက်ကျောင်းသူကျောင်းသားများ၏ ကိုယ်ပိုင်အတွေးအခေါ် နှင့်တစ်နှစ်ပတ်လုံးပုံမှန်လေ့လာသင်ယူလေ့ကျင့်မှုအပေါ်တွင်အားပြုဖြေဆိုနိုင်မည့်မေးခွန်းပုံစံသို့ ပြောင်းလဲ ထားပါသည်။ ကျောင်းသူကျောင်းသားများ မြန်မာစာဘာသာရပ်ကိုကောင်းစွာနားလည်သဘောပေါက်ပြီး မှန်ကန်စွာလက်တွေ့ရေးသား အသုံးပြုနိုင်သည့်မေးခွန်းပုံစံသို့ပြောင်းလဲထားသည့်အလျောက်ကျောင်းသူကျောင်းသားများ လက်တွေ့ဘဝတွင် မြန်မာစာမှန်ကန်စွာ ရေးသား အသုံးပြုနိုင်မှုအတွက် အကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါသည်။

ယခုမေးခွန်းပုံစံတွင် ကျောင်းသူကျောင်းသားများ အလွတ်ကျက်မှတ်ဖြေဆိုနိုင်မည့်ရာခိုင်နှုန်းမှာ ၅၀ ရာခိုင်နှုန်း၊ ကျောင်းသူ ကျောင်းသားများ တစ်နှစ်ပတ်လုံး လေ့လာဆည်းပူးမှုမှရရှိထားသည့်မြန်မာစာဆိုင်ရာအသိပညာနှင့်ကိုယ်ပိုင်တွေးခေါ်စဉ်းစားမှု၊ ကိုယ်ပိုင်အရေးအသားအတင်အပြစွမ်းရည်တို့ဖြင့်ဖြေဆိုရမည့်ရာခိုင်နှုန်း ၅၀ ရာခိုင်နှုန်းတို့ဖြင့်အချိုးညီမျှစွာဖွဲ့စည်းထားပါသည်။

ပြောင်းလဲ အသုံးပြုမည့် မေးခွန်းပုံစံသစ်သည် ယခင်အသုံးပြုခဲ့သည့်မေးခွန်းပုံစံ၏အားသာချက်အားနည်းချက်များ၊ ကျောင်းသူ ကျောင်းသားတို့၏ အားသာချက်အားနည်းချက်များ၊ သင်ကြား ပို့ချလျက်ရှိကြသည့်ဆရာဆရာမတို့၏ ထိရောက်စွာသင်ကြားနိုင်ရေး၊ မြန်မာစာဘာသာရပ်၏ သဘောသဘာဝနှင့်အနှစ်သာရ၊ စစ်ဆေးအကဲဖြတ်ရာတွင် ကျောင်းသူကျောင်းသားတို့နစ်နာမှုမရှိစေရေး စသည့်ဘက်ပေါင်းစုံမှလေ့လာသုံးသပ်ကာပြုပြင်ပြောင်းလဲထားခြင်းဖြစ်ရာလေ့လာသင်ယူလျက်ရှိသည့်ကျောင်းသူကျောင်းသားများ၊ သင်ကြားသည့် ဆရာဆရာမများ အတွက်အကျိုးဖြစ်ထွန်းစေမည်သာမကစစ်ဆေးအကဲဖြတ်ရာတွင် အမှတ်ခွဲဝေမှုစနစ် ပို၍ရှင်းလင်း ပြတ်သားတိကျမှုရှိလာမည်ဖြစ်ပါသည်။ ထို့ပြင်ကျောင်းသူကျောင်းသားများ၏ စဉ်းစား တွေးခေါ် နိုင်စွမ်းထက်မြက်လာမှု ၊ မြန်မာစာ ထိရောက်မှန်ကန်စွာ ရေးသားအသုံးချနိုင်မှုစသည့်လက်တွေ့ ဘဝအတွက် ပိုမိုအသုံးဝင်မည့် သင်ကြားသင်ယူမှု အခြေအနေများ တိုးတက်ဖြစ်ထွန်းလာစေမည်ဖြစ်ပါကြောင်းတင်ပြလိုက်ရပါသည်။

Share on Facebook
Tweet

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Maymyo

Opening Hours

Monday 09:00 - 15:00
Tuesday 09:00 - 15:00
Wednesday 09:00 - 15:00
Thursday 09:00 - 15:00
Friday 09:00 - 15:00
Saturday 09:00 - 15:00