23/06/2026
PSC အကြိုသင်တန်း ဘယ်တော့ဖွင့်မှာလဲ မေးနေကြလို့ time table တင်ပေးလိုက်ပါတယ်။
စာအုပ်ကတော့ ၆လပိုင်းကုန်မှရပါမယ်။
Established in 2005
23/06/2026
PSC အကြိုသင်တန်း ဘယ်တော့ဖွင့်မှာလဲ မေးနေကြလို့ time table တင်ပေးလိုက်ပါတယ်။
စာအုပ်ကတော့ ၆လပိုင်းကုန်မှရပါမယ်။
22/06/2026
ကိုယ့်သင်တန်းက ကျောင်းသား Interview ဖြေခဲ့တာကိုgroupထဲမှာပြန်ပြောထားတာ။ သူရေးတာကိုကြည့်ပြီး သူ့level ကိုမှန်းကြည့်🤩
အဲ့ဒါကြောင့် ရာထူး၀င်ခွင့်သင်တယ်ဆိုတာ ဆရာတွေကိုယ်၌က သေချာသင်နိုင်မှ အဆင်ပြေတာ။ တစ်ချို့ကလေးတွေ အင်မတန်တော်တယ်။ သူတို့ကိုသင်နိုင်ဖို့ ဘာသာရပ်ဆိုင်ရာမှာ သူတိုထက်ပိုသိ ပိုတတ်မှ ရပါမယ်။
ဖြိုးသင်တန်းမှာ အထွေထွေဗဟုသုတဆရာက ပါမောက္ခ(ငြိမ်း)။ သမိုင်းကိုအရည်ကျိုသောက်ထားတာ။သိချင်တာမေးလိုက်။ ချက်ချင်းဖြေနိုင်တယ်။ကမ္ဘာ့ရေးရာ ကြိုက်တာလာခဲ့ပဲ။ ဆရာက ရုပ်ထွက်မပြလို့သာ။
English ကလည်း တိုးဂိုက်လုပ်နေတဲ့ဆရာ။နိုင်ငံခြားမှာတောင် English စာသင်ခဲ့တာ။ ငယ်ငယ်ကလည်းလူရည် ချွန်ရခဲ့တာ။စေတနာအပြည့်နဲ့ အချိန်ပိုအခေါ်ဆုံး ဆရာ။
မြန်မာစာကတော့ ဆရာမသင်တာ။ဆရာမကတော့ အထွေထွေနဲ့ English သင်နိုင်လောက်တဲ့ အရည်အချင်း မရှိပါဘူး။ မြန်မာစာကိုတော့ ၀ါသနာပါတာရယ်၊စာဖတ်များခဲ့တာရယ်၊စာသင်သက်ကြာတာရယ်ကြောင့် သင်နိုင်ပါတယ်။
ခုနောက်ပိုင်း English အားနည်းကြတော့ အချိန်ရရင် Guide Sectiionပါထည့်ပေးတယ်။သင်ပေးတဲ့သူက ဆရာမရဲ့သမီး။သူကတော့ငယ်ပေမယ့် ၃နှစ်သမီးကတည်းက Englishကျောင်းတွဲထားခဲ့တယ်။British Council မှာ Advanced ပြီးတော့မယ်။နိုင်ငံတကာ အသိအမှတ်ပြု Teaching Certificate ရထားတယ်။ UFLမှာဒုတိယနှစ် တက်နေတယ်။
ဆရာမရဲ့ husband ကတော့ YTUကနေ Mechanical နဲ့ ပါရဂူဘွဲ့။ပါရဂူဘွဲ့သာရတာ။ သူသင်ရင် ကိုယ်တောင်နားမလည်ဘူး။သူကဥာဏ်ကောင်းတော့ အဆင့်တွေကျော်သင်တာ။ သူလည်းကိုယ့်သင်တန်းမှာ သင်ဖို့အစီအစဥ်မရှိသလို ကိုယ်လည်းသူ့ကို ခန့်ဖို့ အစီအစဥ်မရှိဘူး။😁
အဓိကပြောချင်တာက ရာထူး၀င်ခွင့်သင်တယ် ဆိုတာ ကိုယ်တိုင်ကလည်း စာတော်ရမယ်။စာလည်းသင်တတ်ရမယ်။စာတော်တိုင်းလည်း မသင်တတ်ဘူး။ ဖြိုးသင်တန်းက ဆရာတွေက ကိုယ်တိုင်လည်းတော်တယ်။ သင်လည်းသင်တတ်တယ်ဆိုတာ ပြောချင်တာ🤩
အကြိုသင်တန်းလည်း ဖွင့်ပေးပါမယ်။ခဏလောက်လေး နားချင်လို့ပါ❤️
21/06/2026
ရန်ကုန်
မန္တလေး ရေးဖြေ အောင်စာရင်း
ရန်ကုန်တက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်က ရေးဖြေအောင်စာရင်းအရင်ထွက်ပြီး ရေးဖြေအောင်တဲ့သူတွေကိုပဲ လူတွေ့စစ်လိုက်တာပါ။ကျန်တက္ကသိုလ်တွေကတော့ အားလုံးကို လူတွေ့စစ်ပါတယ်။ ရေးဖြေရော လူတွေ့ရောပြီးမှ final result ထွက်မှာပါ။ အောင်စာရင်းကတော့ သင်တန်းသားတွေရိုက်ထားတာမို့ မစုံပါဘူး။ ကိုယ်တိုင် မကြည့်နိုင်ရင် လူကြုံနဲ့ကြည့်ခိုင်းလိုက်ပါ။
ရေးဖြေမပါလည်း စိတ်ဓါတ်မကျပါနဲ့။ ကိုယ့်မေဂျာက ဖြေတဲ့သူများရင် အောင်ဖို့ခက်ပါလိမ့်မယ်။ ပါရဂူဘွဲ့ရပြီး ထိပ်ဆုံးထိတက်လှမ်းနိုင်ပါစေ🥰🥰
21/06/2026
Tutor စခေါ်ကတည်းက ပြောခဲ့တယ်။
ရေးဖြေအောင်ဖို့က အဓိက။ မဟာပဲပြီးပြီး၊part timeပဲလုပ်လုပ် ရေးဖြေအောင်မှရမှာ။ ခု M1နဲ့အောင်တဲ့သူ မဟာတန်းမပြီးသေးတဲ့သူ အများကြီးအောင်သွားပြီ။
Tutor ခေါ်တော့ အကြိုသင်တန်းရယ်၊Section A,B,C ရယ်၊စုစုပေါင်း ၄တန်း။
တစ်ချို့ကလေးတွေ တော်တော်ကိုတော်တယ်။အရိပ်ပြ အကောင်မြင် မဟုတ်ဘူး။အကုန်မြင် အကုန်သိပဲ။
နောက်ပြီး သင်တန်းကလည်း စာမေးပွဲစစ်တဲ့ပုံစံ ပြောင်းလိုက်တယ်။အရင်က စာအကုန်သင်ပြီးမှ စစ်တယ်။ခုကတော့ သင်ပြီးသလောက် အပါတ်တိုင်းစစ်တယ်။ အိမ်စာပေးလည်းသေချာလုပ်တယ်။ အတန်းချိန်မပျက်ဘူး။
telegram group မှာ recording တင်တာပဲ ဆိုပြီး zoom နဲ့သင်ချိန်ကို ပျက်လို့မရဘူး။zoom နဲ့ face to face သင်ရတာမို့ နားမလည်တာရှိရင် ချက်ချင်းမေးလို့ရတယ်။စာပြန်ကြည့်လည်း recording နားထောင်ပြီး ကြည့်လို့ရတယ်။
မအောင်တဲ့သူတွေကလည်း စိတ်ဓါတ်မကျနဲ့။PhD ဆက်တက်ပါ။ပါရဂူဘွဲ့ရတော့မှ Tutor ၀င်လျှောက်။
21/06/2026
ဖြေနိုင်ကြလား ကလေးတို့ရေ--
20/06/2026
အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန
အငယ်တန်းစာရေးရာထူး(၁၆)နေရာအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း။
18/06/2026
#မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဖြေမည့်သူများအတွက်
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်ဘဏ်တစ်ခုဖြစ်သည်။
သမိုင်းကြောင်း
၁၉၅၃ခုနှစ်၊ ဇွန်လ(၁) ရက်နေ့တွင် “နိုင်ငံတော်စိုက်ပျိုးရေးဘဏ်” အဖြစ် စတင်တည်ထောင်ခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံ၊ ပြည်သူ့ဘဏ်၏ စိုက်ပျိုးရေးချေးငွေဌာန အဖြစ် လည်းကောင်း၊ ၁၉၇၅ ခုနှစ်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော် ဘဏ်ဥပဒေအရ ၁-၄-၁၉၇၆ မှ စတင်၍ “မြန်မာ့စိုက်ပျိုးရေးဘဏ်” အဖြစ်လည်းကောင်း၊ ၁၉၉၀ ပြည့်နှစ်တွင် “မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ်” ဟုလည်းကောင်း၊ အဆင့်ဆင့် ပြောင်းလဲဆောင်ရွက်ခဲ့ပြီး ၁၉၉၆ ခုနှစ်၊ ဩဂုတ်လ(၁၄) ရက်နေ့တွင် ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအောက်သို့ လွှဲပြောင်းရောက်ရှိခဲ့သည်။ ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ (၃၀)ရက် နေ့စွဲပါ မြန်မာ့စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးရေးဘဏ် ကို ပြင်ဆင်သည့် ဥပဒေအရ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ဟု အမည်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ လုပ်ငန်းတာဝန်များမှာ-
နိုင်ငံပိုင်စိုက်ပျိုးရေးအဖွဲ့အစည်းများ၊ မွေးမြူရေးအဖွဲ့အစည်းများ၊ သမဝါယမ အသင်းများ၊ ပုဂ္ဂလိကများ၊ ကျေးရွာဘဏ်များ၊ တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် အလုပ်သမားများအား လိုအပ်သော စည်းကမ်းချက်များကို သတ်မှတ်၍ နှစ်စဉ်၊ နှစ်တို၊ နှစ်ရှည်ချေးငွေများထုတ်ပေးခြင်း၊
ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အခြေခံ၍ အပ်ငွေများလက်ခံခြင်း၊ အာမခံနှင့် ဖြစ်စေ၊ အာမခံမဲ့ဖြစ်စေ၊ ချေးငွေများ ထုတ်ပေးခြင်းနှင့် ကြိုတင်ထုတ်ပေးခြင်း (သို့မဟုတ်) အပ်ငွေထက်ပို၍ ငွေထုတ်ခွင့်ပြုခြင်း၊
ကျေးရွာဘဏ်များဖွဲ့စည်းခြင်း၊ အသိအမှတ်ပြုခြင်းနှင့် ကြီးကြပ်ခြင်း၊ ကျေးရွာ ဘဏ်များ၏ လုပ်ငန်းတာဝန်များကို သတ်မှတ်ခြင်း၊
ငွေလွှဲလက်မှတ်များ၊ ကြေးနန်းငွေလွှဲစာများ၊ ငွေပေးအမိန့်လက်မှတ်များနှင့် အခြားငွေလွှဲစာများကို ထုတ်ပေးခြင်း၊ ဝယ်ယူခြင်း၊
ဘဏ်၏လုပ်ငန်းများကို ဆောင်ရွက်ရန် ပြည်တွင်းဖြစ်စေ၊ ပြည်ပမှဖြစ်စေ ငွေချေးယူခြင်း၊
ဘဏ်၏လုပ်ငန်းများကို ပိုမိုချောမွေ့စေမည့် ကိစ္စရပ်များကို ဆောင်ရွက်ခြင်း၊ ထိုလုပ်ငန်းနှင့်ဆက်စပ်နေသော ထိုလုပ်ငန်းကို အထောက်အကူပြုသော စီမံ ခန့်ခွဲမှုနှင့် ကျွမ်းကျင်မှုဆိုင်ရာ အကြံဉာဏ်များပေးခြင်းနှင့် ရယူခြင်း၊
ဝန်ကြီးဌာနက သဘောတူညီသော လုပ်ငန်းများကို ဆောင်ရွက်ခြင်း တို့ဖြစ်သည်။
18/06/2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့
ဝန်ထမ်းရေးရာဦးစီးဌာန
18/06/2026
နယ်စပ်ရေးရာဝန်ကြီးဌာန
ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန
နည်းပြ/သရုပ်ပြ ရာထူးနေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်း။