Coffee Couple Roastery & Academy

Coffee Couple Roastery & Academy

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Coffee Couple Roastery & Academy, Academic camp, Maymyo.

02/05/2025
29/11/2023

အမှတ်တရဆိုတာ
သီချင်းကောင်းကောင်းလေး တစ်ပုဒ်ကို
နားထောင်ရသလိုပဲ
ဘယ်တော့မှ မဆုံးစေချင်ဘူး
အဲ့ဒီလိုပဲ
ကော်ဖီကောင်းကောင်းတစ်ခွက် သောက်ရပြီးဆိုရင်
ဘယ်တော့မှ မကုန်‌ဆုံးစေချင်ဘူး။။။

27/10/2023

COFFEE JOURNEY (SEED TO CUP)

ကော်ဖီရဲ့ ထူးခြားတဲ့ ခရီးစဉ်တွေကို အသိမှတ်ပြုရင်း ကိုယ်တိုင်လျှောက်လှမ်းနိုင်ဖို့

“အထူးတန်းဝင် ကော်ဖီလို့ ဆိုလိုလိုက်တာနဲ့ ကော်ဖီခရီးစဉ်မှာ စိတ်ဝင်စားမှုအသစ်ကို နိုးထစေပါတယ်။
ကော်ဖီချစ်သူတိုင်းက ကော်ဖီကို အစိတ်အပိုင်းတစ်ခုအနေနဲ့ သတ်မှတ်လာကြသလို ကော်ဖီနဲ့ ပတ်သက်ပြီး အသက်မွေးဝမ်းကြောင်းပြုနေကြသူတွေအနေနဲ့ကလည်း အမြဲ တလေးတစား ကြိုးစားလာကြပါပြီ”

ဒါတွေက ကျွန်တော်တို့တတွေ ဖြစ်စေချင်တဲ့ ဆန္ဒကို အတူတကွ ပူပေါင်းလုပ်ဆောင်လာကြပြီလို့ ဆိုလိုလို့ရပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလ၊ ၄ ရက်မှ ၁၃ ရက်နေ့ထိ ကော်ဖီရဲ့ ခရီးစဉ်တစ်လျှောက်ကို ကျွန်တော်တို့ အတူတူဖြတ်သန်းကြဖို့ စီစဉ်ထားပါတယ်။

ဒီခရီးစဉ်လေးမှာ - ကော်ဖီရဲ့ ကွင်းဆက်အားလုံးကို လေ့လာသွားမှာမို့ ကော်ဖီနဲ့ ပတ်သက်ပြီး မည်သည့်အစိတ်အပိုင်းမှာပဲ သက်ဆိုင်နေသူဖြစ်ပါစေ အတူတူ ကော်ဖီခရီးစဉ်လေးမှာ စီးမျောလိုက်ပါကြလို့ရပါတယ်။
ကော်ဖီ မျိုးစေ့မှ ကော်ဖီခွက်ထိ ကော်ဖီတွေ သောက်ရင်း ကော်ဖီကွင်းဆက်တွေကို စီးမျောနိုင်ဖို့ ကြိုးစားထားပါတယ်။

“ကော်ဖီစေ့ရဲ့ ခရီးစဉ်က ရှုပ်ထွေးပြီး အမျိုးမျိုးနဲ့ နက်ရှိုင်းတဲ့အပြင် ပုဂ္ဂိုလ်ရေးအရလည်း နက်ရှိုင်းပါတယ်”

ကော်ဖီအရည်အသွေးနှင့် ထုတ်ကုန်ကို ယှဉ်တွဲပြီး ကြိုးစားနေရတဲ့ အထူးတန်းဝင်ကော်ဖီလောကမှာ ကော်ဖီကွင်းဆက်အားလုံးကို နားလည် သဘောပေါက်နိုင်ရန် ရည်ရွယ်ပြီး ကြိုးစားထားတာဖြစ်ပါတယ်။

- ကော်ဖီကို မျိုးစေ့မှ အသီးရွေးချယ်ဆွတ်ခူးခြင်း
- အရည်အသွေးမြင့်ကော်ဖီကို ထုတ်လုပ်ခြင်း (ထုတ်လုပ်မှုအမျိုးမျိုး)
- အရသာများကို ထူးခြားမှု ဝိသေသ လက္ခဏာများကို လေ့လာခြင်း
- အစိမ်းရောင် ကော်ဖီစေ့များမှ အနုပညာနှင့် သိပ္ပံပညာတစ်ခုဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနှင့် ဓါတုဗေဒ ဆိုင်ရာ အရသာ ပြောင်းလဲခြင်းများ လေ့လာခြင်း
- အရသာကောင်းကို ကောင်းမွန်စွာ ဖျော်စပ်နိုင်ဖို့ Brewer တစ်ယောက်သိရှိနားလည်ရမယ့် အကြောင်းအရာများ လေ့လာခြင်း
- မိမိ ထုတ်ကုန်နှင့် ပတ်သက်ပြီး အရည်အသွေး တသမတ်တည်းဖြစ်စေရန် ထိန်းသိမ်းခြင်း
- ကော်ဖီကွင်းဆက်ကို နားလည်ပြီး ကော်ဖီဆိုင်တစ်ဆိုင်ရဲ့ ကိုယ်ပိုင်အရသာကို စီမံဖန်တီးခြင်းနှင့်
- ကော်ဖီအရသာများကို ကောင်မွန်စွာ သိရှိနားလည်ပြီး သောက်သုံးတတ်ခြင်း

ကော်ဖီတစ်ခွက်ရဲ့ နောက်ကွယ်က ရာနဲ့ချီတဲ့လူတွေရဲ့ နေစဉ်ပါဝင်မှု အခန်းကဏ္ဍတွေနဲ့ မယုံနိုင်စရာကောင်းတဲ့ ခရီးစဉ်တစ်ခုကို ကျွန်တော်တို့ ကိုယ်တိုင် လက်တွေ့ကျကျပြုမူလုပ်ဆောင်ကြပြီး အတူတူ ဖြတ်သန်းရင်း လေ့လာသွားကြရမှာဖြစ်ပါတယ်။

ဒီအကြောင်းအရာတွေကို သိရှိသွားတယ်ဆိုရင် ကျွန်တော်တို့ တတွေ နေ့စဉ်သောက်နေတဲ့ ကော်ဖီတစ်ခွက်ဟာ အဓိပ္ပါယ်အပြည့်၊ ခံစားမှုအပြည့်နဲ့ အရသာရှိနေမှာပါ။

ဒီကော်ဖီခရီးစဉ်လေးကို Genius Coffee & Coffee Couple တို့မှအတူပူးပေါင်းပြီး ပြင်ဦးလွင်မြို့၊ မြို့ရှောင်လမ်းမှာရှိတဲ့ Coffee Couple မှာ လေ့လာသွားကြမှာဖြစ်ပါတယ်။

ဒီခရီးစဉ်လေးမှာ တစ်ဦးတစ်ယောက်ရဲ့ ကုန်ကျစရိတ်လေးကတော့ 600,000 ကျပ်ဖြစ်ပါတယ်။

ကော်ဖီခရီးစဉ်လေးမှာ ပါဝင်ချင်တယ်ဆိုရင် ကျွန်တော်တို့ Page Messenger မှာ သို့မဟုတ် 09-796570803 / 09- 427044813 တွေမှာလဲ ဆက်သွယ် စာရင်းပေးနိုင်ပါတယ်။

Photos from Coffee Couple's post 27/10/2023
Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Maymyo
8051