Green Leaf Online Academy

Green Leaf Online Academy

Share

မြန်မာနိုင်ငံတိုးတက်ဖို့ အိမ်မက်တွ

15/08/2021

နာရီလေး ကြည့်တတ်ပြီလား 😍😍🥰😅

08/08/2020

ညီငယ် ညီမငယ် လေးတွေ နက်ဖန်ထွက်မည့် တက္ကသိုလ်၀င်တန်းအောင်စာရင်း မှာ ကိုယ်လိုချင်တဲ့ (results)ရလဒ် တွေ ထက် ပို ရကြပါစေ ရန် ကျွန်တော်တို့ ညီကိုများက ဆုတောင်းပေးလိုက် ရပါတယ် ။
🙏🙏🙏
လိုချင်တဲ့ results)ရလဒ် မရ ရင် လဲ စိတ်ဓာတ် မကျ ကြပါနဲ့ နော်💐💐💪။

ပိုကောင်း အောင် ကြိုးစားလို့ ရပါသေးတယ်။ နောက်ထပ် ကျော်ဖြတ်ရမယ့် အတန်းတိုင်း အချိန်တိုင်းမှာ အကောင်းဆုံးကြိုးစားပြီးကျော် ဖြတ်လို့ ရပါတယ် ။💪
Good luck all 🙏🤗

21/04/2020

#စိတ်​ဓာတ်​ယိုင်​နဲ့ကာ အလုပ်​လုပ်​ရမ​ပျော်​သူများဖတ်​ဖို့

လူဆိုတဲ့ သတ္တ၀ါ​ဟာ ​လောက​ဆိုတဲ့ ကန္တာရအတွင်းမှာရှိတဲ့ အို​အေစစ်​ကို ရှာ​ဖွေ​နေကြသူများသာ ဖြစ်​ပါတယ်​။ဒီ အို​အေစစ်​ကို ရှာ​ဖွေဖို့အတွက်​ ​လောကကြီးက လူသားတိုင်းအတွက်​ သံပုရာသီး တစ်​လုံးစီ လက်​​ဆောင်​​ပေးပါတယ်​။သင်​မှာ ထိုသံပုရာသီးကို အသုံးချရန်​ နည်းလမ်း.၂ ခုရှိမည်​။
၁။ ၀ါးစားမလား
၂။ ​ဖျော်​​သောက်​မလား

08/04/2020

Web တစ်ခုကို ကိုယ်တိုင် ဖန်တီချင်ပါသလား🧐🤔
ကွန်ပြူတာတစ်လုံးရှိရုံနဲ့ ကိုယ်တိုင် အကောင်ထည်ဖော်နိုင်ပါပီ💻💻💻
👇👇👇👇👇
https://m.facebook.com/story.php?story_fbid=123890942573042&id=112990990329704

06/04/2020

ကျွန်တော် တို့ Page ကနေ
မနက်ဖြန်ညက စပီး
Html နဲ့ Css သုံးပီး web တစ်ခုရေးနိုင်သည်အထိ
video file များကို စုစည်းပီး တင်ပေးသွားပါမယ်

Photos from Green Leaf Online Academy's post 30/03/2020

Induction Motor Working Principle

မော်တာတစ်လုံးမှာ rotor နဲ့ stator ဆိုပြီး main part နှစ်ခုရှိပါတယ်။ working principle ကိုပဲအဓိကရေးမှာမို့ rotor နဲ့ stator တည်ဆောက်ပုံတွေကို အသေးစိတ် မရေးတော့ပါဘူး။ stator ကို ပြင်ပက power supply ပေးပြီး rotor က housing မှာရှိတဲ့ ball bearing တွေနဲ့ stator ထဲမှာ ထိုင်ထားပါတယ်။ rotor နဲ့ stator ကြားမှာ clearance ရှိပါတယ်။ အဲဒီ clearance ကို air gap လို့ခေါ်တာပါ။ air gap ဟာ Motor construction ပေါ်မူတည်ပြီး 0.5 to 2 mm ထိရှိတတ်ပါတယ်။

Wire တစ်ခုကို current ဖြတ်စီးတဲ့အခါ အဲဒီဝါယာရဲ့အနီးနားတစ်လျှောက်မှာ magnetic field ဖြစ်ပေါ်လာပါတယ်။ Induction motor ရဲ့ stator winding တွေထဲကို ac current စီးဝင်တဲ့အခါမှာလည်း stator winding မှာ RMF ခေါ်တဲ့ Rotating Magnetic Field တွေဖြစ်ပေါ်လာပါတယ်။

Frequency ပေါ်မူတည်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ polarity or Orientation ပြောင်းလဲနေတဲ့ AC current ရဲ့ သဘာဝအတိုင်း current စီးဝင်လို့ ဖြစ်ပေါ်လာတဲ့ magnetic field တွေဟာလည်း orientation အမျိုးမျိုး ချိန်းနေပါတယ်။ အခိုက်အတန့် တစ်ခုအတွင်းမှာ ဖြစ်ပေါ်လာတဲ့ polarity တစ်ခု plus or minus တစ်ခုကိုပဲ လိုက်ကြည့်မယ်ဆိုရင် stator winding တွေမှာဖြစ်နေတဲ့ magnetic field တွေဟာ stator winding ရဲ့ wire construction ဝါယာရစ်ပတ်ဖွဲ့စည်းထားပုံကြောင့် frequency အလိုက်ပြောင်းနေပြီး rotating ဖြစ်နေပါတယ်။ ဒါကြောင်ု ဖြစ်ပေါ်လာတဲ့ magnetic field ဟာ RMF ခေါ်တဲ့ Rotating Magnetic Field ပါ။ ac current ရဲ့ frequency အလိုက်လည်ပတ်နေတဲ့ အဲဒီ RMF ရဲ့ speed တစ်နည်းအားဖြင့် stator winding မှာ ဖြစ်နေတဲ့ RMF ရဲ့ speed ကို synchronous speed လို့ခေါ်တာပါ။ ဒီ RMF ဟာ ac motor တစ်လုံးလည်ပတ်ဖို့အတွက် အဓိကကျတဲ့ working principle ဖြစ်ပါတယ်။

Motor တွေကို working principle အလိုက် Induction motor နဲ့ synchronous motor ဆိုပြီး ခွဲခြားထားပါတယ်။ အလွယ်ပြောရင်တော့ synchronous motor ဟာ RMF ရဲ့ synchronous speed အတိုင်းလည်ပတ်နိုင်ပြီး Induction motor ကတော့ Induced EMF (induced electromotive force) နဲ့ အလုပ်လုပ်ပြီး synchronous speed အတိုင်း မလည်ပတ်နိုင်ပါဘူး။

Induction motor

Induction motor ရဲ့ stator winding ကို ac current စီးဝင်တဲ့အခါ ရှေ့မှာရေးခဲ့သလိုပဲ stator မှာ RMF တွေဖြစ်ပေါ်လာပါတယ်။ သံလိုက်စက်ကွင်းတွေထဲမှာ conductor တစ်ခုကို ထားလိုက်မယ်ဆိုရင် ဒီ conductor မှာ လျှပ်ညှို့သတ္တိ induction ကြောင့် induced emf ဖြစ်လာပါတယ်။ stator winding အတွင်းမှာ air gap လေးပဲခြားပြီး rotor ကို လည်ပတ်နိုင်အောင် bearing နဲ့ ထိုင်ထားတယ်ဆိုတာကို ပြောခဲ့ပြီးပါပြီ။ rotor မှာ conductor bar တွေအများကြီးထည့်ထားပြီး closed circuit ဖြစ်အောင်တည်ဆောက်ထားပါတယ်။

ဒါကြောင့် stator ရဲ့ RMF အတွင်းကျရောက်နေတဲ့ rotor မှာ induced emf ဖြစ်ပေါ်လာပြီး magnetic flux တွေ current တွေ ထွက်လာပါတယ်။ F= BIL ဆိုတဲ့ပုံသေနည်းရှိပါတယ်။ magnetic flux တွေရဲ့ density. current နဲ့ winding or conductor ရဲ့ Length တွေနဲ့ တွက်ရတာပါ။ ဒီပုံသေနည်း မှားကောင်းမှားနိုင်ပါတယ်။ ပြန်ရှာဖို့အချိန်ထပ်မပေးချင်တော့လို့ သတိရတာရေးလိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် induction ကြောင့် magnetic flux ထွက်လာတဲ့ rotor မှာ အားတစ်ခုသက်ရောက်နေပြီဆိုတာကို သိစေချင်တာပါ။

ရေနွေးငွေ့အားကြောင့် တွန်းကန်ကြွလာတဲ့ ရေနွေးအိုးအဖုံးကို ကိုဂျိမ်းစ်ဝပ်ကြီး ဖိထားလို့မနိုင်သလို ပဲ အခု rotor မှာဖြစ်လာတဲ့အားဟာ torque တစ်ခုကိုထုတ်ပေးပြီး rotor ကို ရွေ့လျားစေပါတယ်။ အချိန်နဲ့အမျှ frequency ကြောင့်ဖြစ်လာတဲ့ stator ရဲ့ Rotating magnetic flux တွေနဲ့ rotor ရဲ့ magnetic flux တွေရဲ့တွန်းကန်အားမှာ bearing ပေါ်ထိုင်ထားတဲ့ rotor ဟာ အဆက်မပြတ် လည်ပတ်ရပါတော့တယ်။ Electrical ကနေ Mechanical energy ကို ပြောင်းသွားပါပြီ။

ဒါဆိုရင် induction motor ရဲ့ working principle ကို နားလည်လွယ်မယ်ထင်ပါတယ်။ Technical terms တွေ သဘောတရားတွေကို မှတ်လွယ် နားလည်လွယ်အောင် ရေးရတာမို့ တချို့နေရာတွေမှာ term ချင်းမတူပဲ လွဲနေတာတွေရှိနိုင်ပါတယ်။ ကိုင်ပြလို့မရတဲ့ မျက်စိနဲ့မမြင်ရတဲ့ principle တစ်ခုကိုရေးပြရတာဖြစ်လို့ term တွေလွဲတာကို နားလည်ပေးနိုင်မယ်လို့ထင်ပါတယ်။

ဘာဖြစ်လို့ induction motor မှာ synchronous speed မရတာလဲဆိုတဲ့အဖြေကို ဒီ principal နဲ့ တွဲသိထားရင် ပိုအဆင်ပြေမှာပါ။ နောက်ပို့စ်မှာ synchronous motor အကြောင်းကို ဆက်ရေးပါဦးမယ်။
MEk Myanmar #
#

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Maymyo