PPS International Education Center

Directions

PPS International Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PPS International Education Center, Education Website, Ingyin Street Quarter 10, Maymyo.

GED & English Four Skills သင်တန်းများ
သင်၏လေ့လာသင်ယူနိုင်စွမ်းကိုမရပ်တန့်လိုက်ပါနဲ့🏆🏆🏆
Learn Without Limits💥
09954859770သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။
လိပ်စာ -No 35 အင်ကြင်းလမ်း ၊ရပ်ကွက်ကြီး၁၀၊ပဒေသာမြို့သစ်၊ပြင်ဦးလွင်မြို့။

အနာဂတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကသင်ယူမယ့်နေရာကို မှန်မှန်ကန်ကန်ရွေးချယ်ခြင်းပါ။PPSGED မှာတော့ စာမေးပွဲအောင်ဖို့...
18/08/2026

အနာဂတ်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုက
သင်ယူမယ့်နေရာကို မှန်မှန်ကန်ကန်ရွေးချယ်ခြင်းပါ။

PPSGED မှာတော့ စာမေးပွဲအောင်ဖို့တစ်ခုတည်းမဟုတ်ဘဲ
✅ Concept ကိုနားလည်အောင်သင်ကြားပေးခြင်း
✅ Critical Thinking & Problem Solving Skills တိုးတက်စေခြင်း
✅ Presentation, Discussion & Collaboration Skills လေ့ကျင့်ပေးခြင်း
✅ Future Study Pathway အတွက်ပြင်ဆင်ပေးခြင်း
တို့ကိုပါ အလေးထားပြီး သင်ကြားပေးပါတယ်။

📌 New Batch အတွက် ကျောင်းအပ်လက်ခံနေပါပြီ။

📩 အသေးစိတ်သိရှိလိုပါက Page Messenger မှတစ်ဆင့် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Your Future Starts with the Right Learning

#𝐏𝐲𝐢𝐧𝐎𝐨𝐋𝐰𝐢𝐧

ကျောင်းသားတစ်ယောက်ရဲ့နေ့စဉ်သင်ယူမှုနဲ့သုံးသပ်မှုအတွက်အရေးကြီးတဲ့မှတ်တမ်းဘယ်လိုရေးကြမလဲ?📔 Student Journal ဆိုတာဘာလဲ?Stude...
18/08/2026

ကျောင်းသားတစ်ယောက်ရဲ့နေ့စဉ်သင်ယူမှုနဲ့သုံးသပ်မှုအတွက်အရေးကြီးတဲ့မှတ်တမ်းဘယ်လိုရေးကြမလဲ?

📔 Student Journal ဆိုတာဘာလဲ?

Student Journal ဆိုတာ ကျောင်းသား/သူတွေက မိမိရဲ့ သင်ယူမှု၊ အတွေ့အကြုံ၊ အတွေးအမြင်၊ ခံစားချက်နဲ့ တိုးတက်မှု တွေကို ပုံမှန်ရေးမှတ်ထားတဲ့ မှတ်တမ်းစာအုပ် ဖြစ်ပါတယ်။

Reflection Journal ကတော့ အထူးသဖြင့်—

“ဒီနေ့ ဘာသင်ယူခဲ့လဲ? ဘာအခက်အခဲရှိလဲ? ဘာကိုသဘောပေါက်လာလဲ? နောက်တစ်ကြိမ် ဘာလုပ်မလဲ?”

ဆိုတာတွေကို ကိုယ်တိုင်ပြန်လည်စဉ်းစားပြီး ရေးသားခြင်း ဖြစ်ပါတယ်။

🧠 Class Note နဲ့ Reflection Journal ဘာကွာလဲ?

Class Note
→ ဆရာ/ဆရာမ သင်ပေးတာကို မှတ်သားခြင်း

Reflection Journal
→ မိမိ ဘာသင်ယူခဲ့လဲ၊ ဘယ်လိုခံစားခဲ့လဲ၊ ဘာအခက်အခဲရှိလဲ၊ ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာကို ပြန်လည်စဉ်းစားခြင်း

Reflection Journal ဘယ်လိုရေးမလဲ?

ကျောင်းသားတွေကို ဒီ 5-Step Formula လေးနဲ့ သင်ပေးလို့ရပါတယ်။

1️⃣ ဘာသင်ယူခဲ့လဲ?

ဒီနေ့ ဘာအသစ်တွေ သိလာသလဲ?

ဥပမာ—

ဒီနေ့ Newton’s Laws အကြောင်းကို လေ့လာခဲ့တယ်။ Force နဲ့ Motion တို့ရဲ့ ဆက်နွယ်မှုကို ပိုနားလည်လာတယ်။

2️⃣ ဘာအတွေ့အကြုံရခဲ့လဲ?

ဘယ်လို Activity / Discussion / Presentation လုပ်ခဲ့လဲ?

ဒီနေ့ Group Discussion မှာ ပါဝင်ပြီး မိမိအမြင်ကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးခဲ့တယ်။

3️⃣ ဘာကိုစိတ်ဝင်စား/အခက်အခဲရှိခဲ့လဲ?

ဘယ်အရာက စိတ်ဝင်စားစရာကောင်းလဲ၊ ဘာကခက်ခဲလဲ?

အစပိုင်းမှာ Force နဲ့ Acceleration ဆက်နွယ်မှုကို နားလည်ဖို့ ခက်ခဲခဲ့တယ်။

4️⃣ ကိုယ့်အကြောင်း ဘာသိလာလဲ?

ကိုယ့်ရဲ့ အားသာချက်/အားနည်းချက် ဘာတွေတွေ့လာလဲ?

မိမိက Concept ကို နားလည်ပြီးမှ လေ့ကျင့်ခန်းလုပ်ရင် ပိုကောင်းကောင်းမှတ်မိတယ်ဆိုတာ သိလာတယ်။

5️⃣ နောက်တစ်ဆင့် ဘာလုပ်မလဲ?

နောက်တစ်ကြိမ် ဘယ်လိုတိုးတက်အောင်လုပ်မလဲ?

နောက်တစ်ပတ်မှာ Science practice questions တွေ ပိုလေ့ကျင့်ပြီး မနားလည်သေးတဲ့အပိုင်းတွေကို ဆရာ/ဆရာမကို မေးမယ်။

⸻

🌱 ကျောင်းသားတွေအတွက် အလွယ်ဆုံး Formula

“သင်ယူခဲ့တယ် → တွေ့ကြုံခဲ့တယ် → သဘောပေါက်ခဲ့တယ် → အခက်အခဲရှိခဲ့တယ် → နောက်တစ်ဆင့်လုပ်မယ်”

📔 PPSGED အတွက် Weekly Reflection Journal ကို ဒီလိုပုံစံနဲ့ရေးကြမယ်

Student Name: __________
Week: __________
Subject: __________

1. ဒီအပတ်မှာ ကျွန်တော်/ကျွန်မ အရေးကြီးဆုံး သင်ယူခဲ့တာက —

⸻

2. အကြိုက်ဆုံး Activity က —

⸻

3. အခက်ခဲဆုံးအရာက —

⸻

4. ဒီအပတ်မှာ ကျွန်တော်/ကျွန်မ ပြုလုပ်မိတဲ့ အမှားတစ်ခုက —

⸻

5. အဲဒီအမှားကနေ သင်ယူခဲ့တာက —

⸻

6. ဒီအပတ်မှာ တိုးတက်လာတဲ့ Skill တစ်ခုက —

7. ကိုယ့်ကိုယ်ကို ဂုဏ်ယူမိတဲ့အရာက —

⸻

8. နောက်အပတ်အတွက် ကိုယ့်ရဲ့ Learning Goal က —

⸻

🎯PPSGED မှာ တစ်ဘာသာအတွက် တစ်ပတ်ကို တစ်ကြိမ်စီရေးခိုင်းပါမယ်။

Learning → Reflection → Feedback → Improvement

ဒါက ကျောင်းသားတွေကို စာမေးပွဲအောင်ဖို့သာမက ကိုယ့်ရဲ့သင်ယူမှုကို ကိုယ်တိုင်သိရှိ၊ ပြန်လည်သုံးသပ်ပြီး တိုးတက်အောင်လုပ်တတ်တဲ့ Future-Ready Learner ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။

#𝐏𝐲𝐢𝐧𝐎𝐨𝐋𝐰𝐢

08/08/2026
08/08/2026

08/08/2026

Pyin Oo Lwin

🎓 “GED Diploma လက်မှတ်တစ်ခု လိုချင်တာလား… ဒါမှမဟုတ် အနာဂတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်ချင်တာလား?”ယနေ့ခေတ်မှာ အ...
05/08/2026

🎓 “GED Diploma လက်မှတ်တစ်ခု လိုချင်တာလား… ဒါမှမဟုတ် အနာဂတ်ကို ဦးဆောင်နိုင်တဲ့ လူငယ်တစ်ယောက် ဖြစ်ချင်တာလား?”

ယနေ့ခေတ်မှာ အောင်လက်မှတ်တစ်ခုတည်းက မလုံလောက်တော့ပါဘူး။

တက္ကသိုလ်တွေက ရှာဖွေနေတာ…
အလုပ်ရှင်တွေက လိုချင်နေတာ…
ကမ္ဘာကြီးက တန်ဖိုးထားနေတာ…

တွေးခေါ်နိုင်စွမ်း၊ ဆက်သွယ်နိုင်စွမ်း၊ ပြဿနာဖြေရှင်းနိုင်စွမ်းနဲ့ ကိုယ်တိုင်သင်ယူနိုင်စွမ်းရှိတဲ့ လူငယ်တွေပါ။

ဒါကြောင့် PPS International Education Center (PPSGED) GED Program ဟာ စာမေးပွဲအောင်ဖို့ သင်ပေးတဲ့ သင်တန်း တစ်ခုသာ မဟုတ်ပါဘူး။

ကျွန်ုပ်တို့ရဲ့ သင်ကြားရေးခံယူချက်က…

✨ နားလည်အောင် သင်ပေးမယ်။
✨ တွေးတတ်အောင် လေ့ကျင့်ပေးမယ်။
✨ မေးခွန်းဖြေတတ်ရုံမဟုတ်ဘဲ၊ ဘဝကို ရင်ဆိုင်နိုင်တဲ့ Confidence တည်ဆောက်ပေးမယ်။
✨ University နဲ့ Career အတွက် Future-Ready Students များအဖြစ် ပြင်ဆင်ပေးမယ်။

💙 PPSGED ကို ယုံကြည်ပြီး သားသမီးတို့၏ ပညာရေးခရီးကို အပ်နှံပေးကြသော မိဘများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။
မိဘတို့၏ ယုံကြည်မှုကို ရလဒ်ကောင်းများ၊ အရည်အသွေးမြင့် သင်ကြားမှုများဖြင့် ပြန်လည်ပေးဆပ်နိုင်ရန် ကျွန်ုပ်တို့ ဆက်လက်ကြိုးစားသွားပါမည်။

🚀 PPSGED GED Batch အသစ်7 တန်းခွဲသစ်ဖွင့်လှစ်ပါပြီ!
📌 ယခုမှစ၍ စာရင်းပေးသွင်းနိုင်ပါပြီ။

📍 ဘယ်မြို့၊ ဘယ်ဒေသကမဆိုတက်ရောက်နိုင်ပါသည်။ အဆောင်နေစားငြိမ်းလက်ခံပါသည်။

သင့်အနာဂတ်ကို စောင့်မနေပါနဲ့။
ဒီနေ့ သင်ယူတဲ့ ဆုံးဖြတ်ချက်က မနက်ဖြန်ရဲ့ အခွင့်အလမ်းတွေကို ဖန်တီးပေးပါလိမ့်မယ်။

📩 Seats Limited — Register Now!

PPS International Education Center (PPSGED)
“GED အောင်မြင်မှုကို ကျော်လွန်ပြီး အနာဂတ်အတွက် အဆင်သင့်ဖြစ်သော လူငယ်များကို ပျိုးထောင်ပေးနေသော ပညာရေးစင်တာ။”

☎️09954859770
☎09682129967

စျ ၃၅၊အင်ကြင်းလမ်း၊ရပ်ကွက်ကြီး၁၀၊ပြင်ဦးလွင်

04/08/2026

04/08/2026

GED တန်းခွဲသစ်အတွက်ကျောင်းအပ်လက်ခံနေပါပြီ #တန်းခွဲသစ်

Address

Ingyin Street Quarter 10
Maymyo
058

Website

Alerts

Be the first to know and let us send you an email when PPS International Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share