31/03/2026
Surrounding နဲ့ Environment ဘာကွာလဲ
👉 Surrounding (အနီးဝန်းကျင်)
လူတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဘေးပတ်လည်မှာရှိတဲ့ အရာများကို ဆိုလိုပါတယ်။
"The hotel's surroundings are very peaceful, with nothing but mountains and trees around it."
ဟိုတယ်ရဲ့ အနီးဝန်းကျင်က တောင်တွေ၊ သစ်ပင်တွေကလွဲလို့ ဘာမှမရှိဘဲ အရမ်းငြိမ်းချမ်းတယ်။
👉 Environment (ပတ်ဝန်းကျင်စနစ်)
ဆိုသည်မှာ သက်ရှိတွေ၊ လူတွေရဲ့ ဘဝအပေါ် သက်ရောက်မှုရှိတဲ့ သဘာဝ၊ ရာသီဥတု၊ လူမှုအခြေအနေ စတဲ့ ကျယ်ပြန့်သော အခြေအနေများကို ခြုံငုံပြောတာပါ။
"A positive work environment helps employees feel motivated and reduces stress."
ကောင်းမွန်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို စိတ်အားတက်ကြွစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။
(ဒီမှာ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေပါ ခြုံငုံပြောတာ)
အကျဉ်းချုပ် – Surrounding က မြင်ရတဲ့ အနီးအနား၊ Environment က ကျယ်ပြန့်ပြီး လွှမ်းမိုးမှုရှိတဲ့ ပတ်ဝန်းကျင်ကို ပြောတာပါ။
If you can touch it or see it immediately around you → Surroundings
If it's about the overall conditions affecting growth, mood, or life → Environment
#အင်္ဂလိပ်စာ #အသုံးအနှုန်း #ဗဟုသုတ
12/01/2026
Job Interview Questions & Answers
26/10/2025
♥♥♥ #ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်♥♥♥
♥ဖင်လန်နိုင်ငံမှာ ကလေး အသက် ၇ နှစ်ပြည့်မှ
ကျောင်းစတက်ရပါတယ်။ 😊😊😊😊
♥♥သူတို့ရဲ့ပညာရေးစနစ်ဟာ
ကမ္ဘာပေါ်မှာ အကောင်းဆုံပညာရေးးစနစ်တခုအဖြစ်
သတ်မှတ်ခံထားရပါတယ်။😘😘😘😘
♥♥♥စာသင်ချိန်က ၆၀ မိနစ် (တစ်နာရီ) ဖြစ်ပြီး
၄၅ မိနစ် သင်ကြားချိန်၊ ၁၅ မိနစ် နားချိန် (Break) ပါ။
♥တနင်္လာနေ့မှ ကြာသပတေးနေ့အထိ
တနေ့ကို ကျောင်းတက်ချိန် ၈ နာရီ ရှိပြီး၊
သောကြာနေ့မှာ နေ့လည် ၁ နာရီအထိသာ ထားရှိတယ်။
♥♥စနေနေ့မှာ ကလေးတွေ လုံးဝအားလပ်ပါတယ်။
♥♥♥ဖင်လန်မှာ ကျောင်းပညာရေးဟာ လုံးဝအခမဲ့ ဖြစ်တယ်။
♥😁မိဘတွေအနေနဲ့ တပြားတချပ်မှ ပေးစရာမလိုဘဲ
အားလုံးကို နိုင်ငံတော်က ရံပုံငွေ ထောက်ပံ့ပေးထားတယ်။
♥♥ကလေးတိုင်းကို နိုင်ငံတော်မှ စာအုပ်အားလုံးအပါအဝင်
Tablet(တက်ဘလက်) တခုစီ အခမဲ့ပေးထားတဲ့အတွက်
လေးလံတဲ့ ကျောင်းလွယ်အိတ်တွေ
သယ်စရာမလိုပါဘူး။
♥♥♥ကျောင်းနေ့လည်စာကလည်း အခမဲ့ ဖြစ်ပြီး
အရသာမျိုးစုံနဲ့ သန့်ရှင်းသပ်ရပ်ကာ
ကျောင်းသားတိုင်း
ကြိုက်သလောက် စားသောက်နိုင်တယ်။
💪💪👌👌👌💡 မည်သည့်နိုင်ငံမဆို
ပညာရေးအတွက် ရင်းနှီးမြှုပ်နှံခြင်းဟာ
တိုင်းပြည်အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်တယ်။
ဒါဟာ☺☺☺ အရေးအကြီးဆုံးရင်းနှီးမြှုပ်နှံမှု ဖြစ်တယ်။
♥♥ပညာတတ်တဲ့လူမျိုးဟာ👍👍👍 စီးပွားရေး ကျန်းမာရေးနဲ့
တရားမျှတမှုတို့အတွက် မောင်းနှင်အား ဖြစ်စေပါတယ်။
Every investment in a country's education is
an investment in its future.
This is the most important investment ever.
An educated nation is the drive for economy,
health and justice. What do you think abut this? 📚💡
20/10/2025
ယနေ့ခေတ်မှာ ဆရာ/ဆရာမတစ်ဦးအနေနဲ့
ဖတ်စာအုပ်ထဲကစာဖတ်ပြီး ရှင်းပြတတ်ရုံနဲ့ပဲ ရပ်မနေသင့်တော့ပါဘူးနော် နည်းပညာနဲ့ပေါင်းစည်းသင်ကြားဖို့ လိုအပ်နေပါပြီ
နည်းပညာဆိုတာ တကယ်တော့ "သင်ခန်းစာကိုအသက်သွင်းပေးတဲ့ကိရိယာ"တစ်မျိုးပါပဲ
ဆရာ/ဆရာမတို့အနေနဲ့
🩸ICT skill (Information and Communication Technology skill)
🩸DTP (Desktop Publishing)
🩸Non-teaching skill
🩸AI (Artificial Intelligence)
🩸Automation စတဲ့ နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေကို သင်ယူထားဖို့ အလွန်အရေးကြီးပါတယ်။
အကြောင်းအရင်းကတော့ —
🔹ကမ္ဘာပေါ်မှာ ပညာရေးစနစ်အပြောင်းအလဲတွေအမြန်ဆုံးဖြစ်နေတဲ့အချိန် ဖြစ်လို့ပါ။
ကျောင်းသားတွေကလည်း စာအုပ်ထဲကသာမက အွန်လိုင်းမှတဆင့်လည်း သတင်းအချက်အလက်တွေကို အမြန်ရယူနိုင်တယ်။
အဲ့အတွက် ဆရာ/ဆရာမတွေကလည်း နည်းပညာနဲ့ လိုက်ညှိတတ်ဖို့လိုပါတယ်။
🔹 ICT skill ရှိရင် —
သင်ခန်းစာတွေကို multimedia, video, animation, presentation, e-learning platform နဲ့ ဖန်တီးနိုင်တယ်။
ကျောင်းသားတွေကို စိတ်ဝင်စားအောင် သင်ခန်းစာတင်ပြနိုင်တယ်။
🔹 DTP skill ရှိရင် —
မိမိပိုင် worksheets, posters, flashcards, newsletter စတဲ့ ပညာရေးစာရွက်အမျိုးအစားတွေကို အဆင်ပြေစွာ ဒီဇိုင်းဆွဲနိုင်တယ်။
ဒါက သင်ခန်းစာအရည်အသွေးတိုးစေတယ်။
🔹 Non-teaching skills (ဥပမာ – communication, teamwork, leadership, problem-solving, creativity) ကလည်း ကျောင်းသားတွေနဲ့ ပိုမိုကောင်းတဲ့
ဆက်ဆံရေး၊ အဖွဲ့လိုက်အလုပ်လုပ်နိုင်မှု၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ ဦးဆောင်မှုအတွက် အရေးကြီးတယ်။
🔹 AI နဲ့ Automation ကိုသိခြင်းက —
သင်ခန်းစာပြင်ဆင်ရာမှာ သုံးနိုင်တယ် (ဥပမာ – ChatGPT, Canva AI, Google AI Studio ....စတာတွေ) က
သင်ခန်းစာဖန်တီးတာ၊ မေးခွန်းပြင်တာ နဲ့ သင်ကြားမှုပိုမိုထိရောက်အောင်လုပ်ပေးနိုင်ပါတယ်
နည်းပညာနဲ့ပေါင်းစပ်သင်ကြားနိုင်အောင် ဆရာ/ဆရာမတိုင်း ကြိုးစားသင့်ပါတယ်
゚viralシfypシ゚
05/10/2025
🌠 Thadingyut Vocabulary 🌠
05/10/2025
🌌🌝သီတင်းကျွတ်ဆုတောင်း 🌠🙏
ကမ္ဘာတစ်ဝှမ်းရှိ လူသားအားလုံး ငြိမ်းချမ်းပါစေ။
ဆင်းရဲဒုက္ခရောက်နေသူများ ချမ်းသာကြပါစေ။
အခက်အခဲကြုံနေရသူများ လွယ်ကူချောမောပါစေ။
ကျန်းမာရေးချို့တဲ့နေသူများ သက်သာပျောက်ကင်းပါစေ။
ပူဆွေးသောကရောက်နေသူများ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြပါစေ။
ကျေးဇူးတင်ပါ၏။
မိမိကိုယ်ကို ကျေးဇူးတင်ပါ၏။
မိဘဆရာသမားများအား ကျေးဇူးတင်ပါ၏။
မိတ်ဆွေသူငယ်ချင်းများအား ကျေးဇူးတင်ပါ၏။
ကြီးပြင်းရာမြေ၊ နေထိုင်ရာမြေအား ကျေးဇူးတင်ပါ၏။
မေတ္တာပို့သပါ၏။
မိမိအား မေတ္တာပို့သပါ၏။
မိသားစုဝင်အားလုံးအား မေတ္တာပို့သပါ၏။
ဆရာသမားများအား မေတ္တာပို့သပါ၏။
လူသားအားလုံးအား မေတ္တာပို့သပါ၏။
သက်ရှိအားလုံးအား မေတ္တာပို့သပါ၏။
ဤဆုတောင်းဖြင့်
ကျွန်ုပ်တို့၏ စိတ်နှလုံးများ ပိုမိုကြည်လင်ပါစေ။
ကျွန်ုပ်တို့၏ ဘဝများ ပိုမိုအဓိပ္ပာယ်ရှိပါစေ။
ကျွန်ုပ်တို့၏ လုပ်ရပ်များ ပိုမိုကောင်းမြတ်ပါစေ။
05/10/2025
📚💐 Happy World Teachers’ Day! 💐📚
လူ့ဘဝအလင်းတန်းကို ဖန်တီးပေးတဲ့ ဆရာ၊ ဆရာမ အားလုံးကို
Learn with Tr. Hazel မှ ကျောင်းသား/ကျောင်းသူ အားလုံးကိုယ်စားအထူးဂုဏ်ပြု ဆုတောင်းစကား ပြောကြားလိုက်ပါတယ်ရှင်။
ဆရာ/ဆရာမတို့ရဲ့ သင်ကြားရေးအလုပ်အကိုင်မှာ
အောင်မြင်အဆင်ပြေပါစေ။ ကျန်းမာခြင်း၊ ငြိမ်းချမ်းခြင်း၊
စိတ်ချမ်းသာခြင်းတို့ဖြင့်သာ ပြည့်စုံနေပါစေ။
တပည့်အပေါင်းတို့ရဲ့ မေတ္တာနဲ့ လေးစားမှုတွေဟာ
အမြဲတမ်း ဆရာဆရာမတို့ကို ဝန်းရံနေပါစေ။
- with heartfelt respect from Learn with Tr. Hazel