StudyFlow Education 1

Call Directions Contact the school

StudyFlow Education 1 Oxford Phonics
Starters, Movers, Flyers
Grammar and Writing
Grade 5 to 12 English (Government Curriculum) Special Teaching for Eng & Maths from All Grades

📕 English Grammar: 12 Tenses ကို လွယ်လွယ်နဲ့ မှတ်ကြမယ်English Tenses 12 ခုကို အုပ်စု (4) ခုနဲ့ မှတ်နိုင်ပါတယ်။✅ Simple T...
21/06/2026

📕 English Grammar: 12 Tenses ကို လွယ်လွယ်နဲ့ မှတ်ကြမယ်

English Tenses 12 ခုကို အုပ်စု (4) ခုနဲ့ မှတ်နိုင်ပါတယ်။

✅ Simple Tenses
✅ Continuous Tenses
✅ Perfect Tenses
✅ Perfect Continuous Tenses

4 Groups × 3 Tenses (Present, Past, Future) = 12 Tenses

━━━━━━━━━━━━━━━

♦️ Present Tenses (လက်ရှိ)

1. Simple Present
👉 အမြဲတမ်းလုပ်သော အလုပ်၊ အလေ့အကျင့်
🔹 V1 / V1+s(es)
Example: I go to school every day.

2. Present Continuous
👉 ယခုလုပ်နေဆဲ အလုပ်
🔹 am/is/are + V-ing
Example: She is reading a book.

3. Present Perfect
👉 အတိတ်တွင်စပြီး ယခုထိ သက်ရောက်မှုရှိသော အလုပ်
🔹 has/have + V3
Example: I have finished my homework.

4. Present Perfect Continuous
👉 အတိတ်တွင်စပြီး ယခုထိ ဆက်လက်လုပ်နေသော အလုပ်
🔹 has/have been + V-ing
Example: They have been studying for two hours.

━━━━━━━━━━━━━━━

♦️ Past Tenses (အတိတ်)

5. Simple Past
👉 အတိတ်တွင် ပြီးဆုံးသွားသော အလုပ်
🔹 V2
Example: He visited Yangon last week.

6. Past Continuous
👉 အတိတ်အချိန်တစ်ခုတွင် လုပ်နေဆဲဖြစ်သော အလုပ်
🔹 was/were + V-ing
Example: I was watching TV at 8 p.m.

7. Past Perfect
👉 အတိတ်အချိန်တစ်ခုမတိုင်မီ ပြီးခဲ့သော အလုပ်
🔹 had + V3
Example: She had left before I arrived.

8. Past Perfect Continuous
👉 အတိတ်အချိန်တစ်ခုမတိုင်မီကတည်းက ဆက်တိုက်လုပ်နေခဲ့သော အလုပ်
🔹 had been + V-ing
Example: We had been waiting for an hour.

━━━━━━━━━━━━━━━

♦️ Future Tenses (အနာဂတ်)

9. Simple Future
👉 အနာဂတ်တွင် လုပ်မည့် အလုပ်
🔹 will + V1
Example: I will call you tomorrow.

10. Future Continuous
👉 အနာဂတ်အချိန်တစ်ခုတွင် လုပ်နေမည့် အလုပ်
🔹 will be + V-ing
Example: She will be studying tonight.

11. Future Perfect
👉 အနာဂတ်အချိန်တစ်ခုမတိုင်မီ ပြီးစီးမည့် အလုပ်
🔹 will have + V3
Example: They will have finished the project by Friday.

12. Future Perfect Continuous
👉 အနာဂတ်အချိန်တစ်ခုအထိ ဆက်တိုက်လုပ်နေပြီး ဖြစ်မည့် အလုပ်
🔹 will have been + V-ing
Example: By next year, I will have been teaching for 10 years.

━━━━━━━━━━━━━━━

📌 မှတ်ရန် Formula

✅ Simple → V1 / V2 / will + V1

✅ Continuous → be + V-ing

✅ Perfect → have/has/had/will have + V3

✅ Perfect Continuous → have/has/had/will have been + V-ing
👌 Tense Formula ကို နားလည်ထားရင် Sentence တွေ ရေးတဲ့အခါ ပိုပြီး လွယ်ကူလာပါလိမ့်မယ်။

StudyFlow Education 1




👨‍⚕️ 20 Types of Doctors & Their Specialties 👩‍⚕️(ဆရာဝန်အမျိုးအစား ၂၀ နှင့် အထူးကုနယ်ပယ်များ)🧒 1. Pediatrician – ကလေးအထူ...
14/06/2026

👨‍⚕️ 20 Types of Doctors & Their Specialties 👩‍⚕️

(ဆရာဝန်အမျိုးအစား ၂၀ နှင့် အထူးကုနယ်ပယ်များ)

🧒 1. Pediatrician – ကလေးအထူးကုဆရာဝန်
❤️ 2. Cardiologist – နှလုံးအထူးကုဆရာဝန်
🧴 3. Dermatologist – အရေပြားအထူးကုဆရာဝန်
🧠 4. Neurologist – ဦးနှောက်နှင့် အာရုံကြောအထူးကုဆရာဝန်
🦴 5. Orthopedic Surgeon – အရိုးနှင့် အဆစ်အထူးကု ခွဲစိတ်ဆရာဝန်
👁️ 6. Ophthalmologist – မျက်စိအထူးကုဆရာဝန်
😊 7. Psychiatrist – စိတ်ကျန်းမာရေးအထူးကုဆရာဝန်
🌸 8. Gynecologist – အမျိုးသမီးရောဂါအထူးကုဆရာဝန်
🤰 9. Obstetrician – ကိုယ်ဝန်ဆောင်နှင့် မွေးဖွားမှုအထူးကုဆရာဝန်
🎗️ 10. Oncologist – ကင်ဆာအထူးကုဆရာဝန်
🫘 11. Nephrologist – ကျောက်ကပ်အထူးကုဆရာဝန်
🫁 12. Pulmonologist – အဆုတ်နှင့် အသက်ရှူလမ်းကြောင်းအထူးကုဆရာဝန်
🍽️ 13. Gastroenterologist – အစာအိမ်နှင့် အစာခြေစနစ်အထူးကုဆရာဝန်
🚻 14. Urologist – ဆီးလမ်းကြောင်းအထူးကုဆရာဝန်
🩺 15. General Practitioner (GP) – အထွေထွေရောဂါကုဆရာဝန်
🧪 16. Endocrinologist – ဟော်မုန်းနှင့် ဂလင်းအထူးကုဆရာဝန်
👂👃🗣️ 17. ENT Specialist (Otolaryngologist) – နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်
🚑 18. Emergency Medicine Doctor – အရေးပေါ်ဆေးကုသမှုအထူးကုဆရာဝန်
💉 19. Anesthesiologist – မေ့ဆေးအထူးကုဆရာဝန်
🩻 20. Radiologist – ဓာတ်မှန်နှင့် ဆေးဘက်ဆိုင်ရာ ပုံရိပ်ဖတ်ရှုစစ်ဆေးသည့် အထူးကုဆရာဝန်

✨ Learn English Every Day
📚 Knowing medical vocabulary helps you communicate better in English.


📚 Singapore Mathematics Online Class for  Primary 1 (Age 5 – 6) & Primary 3 (Age 9 – 10) 📢Singapore Mathematics သည် ကလေး...
10/06/2026

📚 Singapore Mathematics Online Class for
Primary 1 (Age 5 – 6) & Primary 3 (Age 9 – 10) 📢
Singapore Mathematics သည် ကလေးများ၏ ✅ Logical Thinking ✅ Problem Solving Skills ✅ Critical Thinking Ability များကို တိုးတက်စေပြီး သင်္ချာကို နားလည်လွယ်အောင် Critical Thinking ဖြစ်အောင် သင်ကြားပေးသော နိုင်ငံတကာ အသိအမှတ်ပြု သင်ရိုးတစ်ခု ဖြစ်ပါသည်။

👦👧 Primary 1 တွင်
📍Number Sense
📍Addition & Subtraction
📍Shapes & Patterns တို့ကို
Fun & Interactive Learning ဖြစ်အောင် သင်ယူခွင့်ရရှိမှာ ဖြစ်ပြီး
👦👧 Primary 3 တွင်
📍Multiplication & Division
📍Fractions
📍Problem Solving Strategies
📍Higher Order Thinking Skills တို့ကို သင်ယူရမှာ ဖြစ်ပါတယ်

Zoom ဖြင့် face to face သင်ကြားပြီး 📝 Regular Practice & Guidance လည်းရှိမှာ ဖြစ်ပါတယ်
Homework ပြရန် Telegram အသုံးပြုပေးရပါမယ်
လူဦးရေအများကြီး လက်မခံတဲ့ Small Class Size မို့
လူမပြည့်ခင် အမြန်အပ်နှံစေချင်ပါတယ်နော်
တစ်လသင်တန်းကြေး - 40000 ks
သင်တန်းချိန် ⏬
⏩ Primary 1 - 9:00 - 10:00 a.m (Sat, Sun)
⏩ Primary 3 - 7:30 - 8:30 a.m (Sat, Sun)

စတင်သင်ကြားမည့်ရက် ⏩ 27.6.2026 (Saturday)

သင်္ချာကို အလွတ်ကျက်မဟုတ်ဘဲ "နားလည်စွာ တွေးခေါ်ဖြေရှင်းတတ်သော" ကလေးများ ဖြစ်လာစေရန် Singapore Mathematics ကို ယနေ့ပဲ စတင်လေ့လာလိုက်ပါ။

📩 အသေးစိတ်သိရှိလိုပါက
Page Messenger /
09798220296 (Viber ) သို့
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်

27/05/2026

“ကြိုးစားရင် အောင်မြင်မယ်” လို့ အများကပြောတတ်ကြတယ်။
မမှားပါဘူး… ဒါပေမယ့် အားလုံးအတွက် မမှန်နိုင်သလို တူလည်းမတူနိုင်ဘူး။

အထူးသဖြင့် လူငယ်တစ်ယောက် အောင်မြင်ဖို့ဆိုတာ
သူ့ရဲ့ကြိုးစားမှုတစ်ခုတည်းနဲ့ မလုံလောက်တဲ့အ‌ကြောင်းအရင်းတွေ အများကြီးရှိတယ်။
မိဘရဲ့ background ၊ မိသားစုရဲ့ အခြေအနေ ၊ မိဘရဲ့ရှေ့ကိုကြိုမြင်နိုင်မှုတွေကလည်း အရမ်းအရေးကြီးတယ်။

တချို့က ကလေးဘဝကတည်းက
ပညာရေးကောင်းကောင်းရတယ်
လမ်းညွှန်ပေးမယ့် လူရှိတယ်
အခွင့်အရေးတွေ ရတယ်
အဘက်ဘက်က support ရတယ်
အမှားလုပ်လည်း ပြန်ထနိုင်ဖို့ support ရှိတယ်။

ဒါပေမယ့် တချို့လူတွေကျတော့
ငယ်ငယ်ကတည်းက ရုန်းကန်ရတယ်
အိမ်အခြေအနေကို စိတ်ပူရတယ်
ပညာရေးထက် ဝမ်းရေးကို ဦးစားပေးရတယ်
အိပ်မက်ထက် တာဝန်တွေကို အရင်ထမ်းရတယ်။

ဒါကြောင့် လူတစ်ယောက်ကို “ဘာလို့ မအောင်မြင်သေးတာလဲ” လို့ မမေးခင် မဆုံးဖြတ်ခင် သူ ဘယ်လို background ကလာလဲ
ဆိုတာကို အရင်သိအောင်လုပ်သင့်တယ် လေ့လာသင့်တယ်

တချို့မိဘတွေက ကိုယ့်ဘဝတစ်ခုတည်းအတွက် ကြိုးစားတာမျိုး မဟုတ်ဘူး သူတို့ရဲ့ ကြိုးစားမှုက နောက်မျိုးဆက် မပင်ပန်းရအောင် လမ်းခင်းပေးနေတာ တည်ဆောက်ပေးနေတာမျိုး ဒါကလည်း
အမြော်အမြင်ကြီးတဲ့ မိသားစုကိုချစ်တဲ့လူတွေမှာပဲ တွေ့ရတတ်တယ်

မိဘတွေကိုယ်တိုင်က
စီးပွားရေးမတိုးတက်အောင် မလုပ်နိုင်ခဲ့ရင်
သားသမီးပညာရေးကို မထောက်ပံ့နိုင်ခဲ့ရင်
အနည်းဆုံး မျိုးဆက်တစ်ဆက်ကတော့ ပိုပြီး ရုန်းကန်ရတတ်တယ်။
တချို့ဆို မျိုးဆက် ၂/၃ ဆက်ထိ ရုန်းကန်နေရတတ်တယ်

အရေးကြီးဆုံးက —
ကိုယ်ကနေ စပြီး မျိုးဆက်ကောင်းနိုင်ဖို့ ကြိုးစားတာပါပဲ။

ခုချိန် ကိုယ်ပင်ပန်းနေတာက
တစ်နေ့မှာ ကိုယ့်သားသမီးတွေ ပိုလွယ်တဲ့ဘဝကို
ရဖို့ ဖြစ်နိုင်တယ်လေ

ဒါကြောင့် မိဘတိုင်းကြိုးစားပါ မိသားစုကိုချစ်ပါ
အမြော်အမြင်ရှိတတ်ပါစေ

💟



Surrounding နဲ့ Environment ဘာကွာလဲ 👉 Surrounding (အနီးဝန်းကျင်) လူတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဘေးပတ်လည်မှာရှိတဲ့ အ...
31/03/2026

Surrounding နဲ့ Environment ဘာကွာလဲ
👉 Surrounding (အနီးဝန်းကျင်)
လူတစ်ဦး သို့မဟုတ် အရာဝတ္ထုတစ်ခုရဲ့ ဘေးပတ်လည်မှာရှိတဲ့ အရာများကို ဆိုလိုပါတယ်။

"The hotel's surroundings are very peaceful, with nothing but mountains and trees around it."

ဟိုတယ်ရဲ့ အနီးဝန်းကျင်က တောင်တွေ၊ သစ်ပင်တွေကလွဲလို့ ဘာမှမရှိဘဲ အရမ်းငြိမ်းချမ်းတယ်။

👉 Environment (ပတ်ဝန်းကျင်စနစ်)
ဆိုသည်မှာ သက်ရှိတွေ၊ လူတွေရဲ့ ဘဝအပေါ် သက်ရောက်မှုရှိတဲ့ သဘာဝ၊ ရာသီဥတု၊ လူမှုအခြေအနေ စတဲ့ ကျယ်ပြန့်သော အခြေအနေများကို ခြုံငုံပြောတာပါ။

"A positive work environment helps employees feel motivated and reduces stress."

ကောင်းမွန်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို စိတ်အားတက်ကြွစေပြီး စိတ်ဖိစီးမှုကို လျှော့ချပေးတယ်။

(ဒီမှာ ရုပ်ပိုင်းဆိုင်ရာတင်မဟုတ်ဘဲ လူမှုဆက်ဆံရေး၊ ယဉ်ကျေးမှု၊ စိတ်ပိုင်းဆိုင်ရာ လွှမ်းမိုးမှုတွေပါ ခြုံငုံပြောတာ)

အကျဉ်းချုပ် – Surrounding က မြင်ရတဲ့ အနီးအနား၊ Environment က ကျယ်ပြန့်ပြီး လွှမ်းမိုးမှုရှိတဲ့ ပတ်ဝန်းကျင်ကို ပြောတာပါ။

If you can touch it or see it immediately around you → Surroundings
If it's about the overall conditions affecting growth, mood, or life → Environment

#အင်္ဂလိပ်စာ #အသုံးအနှုန်း #ဗဟုသုတ

08/02/2026

IS ( မြန်မာအခေါ် အင်္ဂလိပ်ကျောင်း) မတက်ဘဲ နိုင်ငံခြားတက္ကသိုလ်ထိ လှမ်းနိုင်တဲ့ လမ်းကြောင်းများ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
📍အခြေခံလူတန်းစား နဲ့ လူလတ်တန်းစား မိဘများအတွက် အထူး ရည်ရွယ်ပါတယ်။
မြန်မာနိုင်ငံမှာ မိဘအများစု ယုံကြည်နေကြတာက “International School (IS) မတက်ရင် ကိုယ့်သားသမီး နိုင်ငံခြားတက္ကသိုလ်တွေ မရောက်နိုင်ဘူးလို့ ထင်နေကြတာပါ။ ဒါဟာ အမှန်တရား မဟုတ်ပါဘူး။

နိုင်ငံခြားတက္ကသိုလ်ကို သွားဖို့အတွက် IS သည် တစ်ခုတည်းသော လမ်း မဟုတ်ပါဘူး။
IS က ငွေကြေးအရ အလွန်ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု လိုအပ်တယ်။
မိသားစုအများစုအတွက် မရောက်နိုင်တဲ့ စနစ်တစ်ခု ဖြစ်နေတယ်
ဒါပေမယ့် တက္ကသိုလ်တွေက ကြည့်တာ “ကျောင်းအမည်” မဟုတ်ပါ။ အရည်အချင်း (qualification) ကိုပဲ ကြည့်ပါတယ်။

🟥 လက်ရှိ မြန်မာ့အခြေအနေမှာ မိဘတွေက “အသက် (၁၈) မပြည့်ခင် ကိုယ့်ကလေးကို နိုင်ငံခြားကို လွှတ်ချင်ကြပါတယ်။
ဒါကြောင့် IS ကို မဖြစ်မနေ ရွေးကြတာပါ။
ဒါပေမယ့် IS မတက်ဘဲလည်း အသက် (၁၈) မပြည့်ခင် နိုင်ငံခြားတက္ကသိုလ်လမ်းကြောင်းကို ဖွင့်နိုင်ပါတယ်။

ဘယ်လမ်းကြောင်းကနေ သွားနိုင်မလဲဆိုရင် Homeschooling ကနေ International University ကို တကယ်ရှိတဲ့ ပေါင်းကူးလမ်းပါ။
Homeschooling ဆိုတာ ကျောင်းမတက်ဘူးလို့ အဓိပ္ပါယ်မဟုတ်ပါ။ ကိုယ့်ကလေးနဲ့ ကိုက်ညီတဲ့ ပညာရေးလမ်းကြောင်းကို ကိုယ်တိုင် စီမံပေးတာ ပါ။
Homeschooling ကနေ နိုင်ငံတကာ တက္ကသိုလ်ထိ ပေါင်းကူးပေးနိုင်တဲ့ စာမေးပွဲတွေ ရှိပါတယ်။
🔷 အထက်တန်းနဲ့ ညီမျှတဲ့
✓ GED
✓ IGCSE / A Level

🔷 တက္ကသိုလ်ဝင်စာမေးပွဲ
SAT / ACT

🔷 ဘာသာစကား
Duolingo / IELTS / TOEFL (အင်္ဂလိပ်)
JLPT (N5–N1) (ဂျပန်) နဲ့ အခြားဘာသာစကားများ
ဒီစာမေးပွဲတွေက ကျောင်းတက်ခဲ့လား မတက်ခဲ့လား မမေးပါဘူး။
ကျွမ်းကျင်မူ့ ရှိ မရှိ နဲ့ ဖြေနိုင်လား မဖြေနိုင်လားပဲ ကြည့်ပါတယ်။

🟩 ဒီလမ်းကြောင်းနဲ့ လျှောက်လို့ရတဲ့ နိုင်ငံများ
✓ အမေရိကန်( ယခု ပိတ်ထား)
✓ ယူကေ
✓ ကနေဒါ
✓ ဂျပန်
✓ ဩစတြေးလျား
✓ ဥရောပ တချို့နိုင်ငံများ
✓ မြန်မာနိုင်ငံနဲ့ အနီးဆုံးဖြစ်တဲ့ ထိုင်းနိုင်ငံ
✓ မလေးရှားနိုင်ငံ
တချို့တက္ကသိုလ်တွေမှာဆို Foundation မလိုဘဲ တိုက်ရိုက် လျှောက်လို့ရပါတယ်။

🟨 ငွေကြေးအမြင်ကနေ ပြန်စဉ်းစားကြည့်ရအောင်
IS တစ်နှစ်စာ ကုန်ကျစရိတ်သည်
homeschooling နဲ့ စာတတ်မြောက်အောင် သင်ကြားမူအတွက် ကုန်ကျစရိတ် အပြင်
✓ နိုင်ငံတကာ စာမေးပွဲကြေး
✓ ဘာသာစကား skill
✓ Academic skill
✓ Portfolio / skill-based preparation တွေ အားလုံးကို ပြီးမြောက်ဖို့ ကုန်ကျစရိတ်နဲ့ ညီမျှနိုင်ပါတယ်။

🟥 ကျောင်းတက်ပြီး စာမတတ်နိုင်တဲ့ ပညာရေး စနစ်အတွက် ငွေကုန်၊ အချိန်ကုန် ခံနေမလား???
အနာဂတ်မှာ အသုံးချနိုင်တဲ့ လုပ်လို့ရမယ့် skill တွေအတွက် အချိန် နဲ့ ငွေကို ရင်းနှီးမလား???
မိဘတွေ ပြန်ရွေးရမယ့် အချိန်ပါ။

🟧 English ၊ သင်္ချာ၊ သိပ္ပံကို primary မှာကတည်းက
အခြေခံပါအောင် ကျွမ်းကျင်မှုရှိအောင် လုပ်ထားပါ
အလယ်တန်းရောက်ရင် ကိုယ်တိုင် self study လုပ်တတ်အောင်
လေ့ကျင့်ပေးပါ။ self study လုပ်တတ်တဲ့ကလေးတစ်ယောက်အတွက်က IS မတက်လည်း နိုင်ငံခြားတက္ကသိုလ်တွေကို တက်လို့ရတဲ့ အခွင့်အလမ်းတွေအများကြီး ရှိပါတယ်။

🟦 Homeschooling ဆိုတာ
အခြေခံလူတန်းစား၊ လူလတ်တန်းစား မိဘတွေအတွက် အခွင့်အလမ်းကို မပိတ်ထားပဲ အခွင့်အလမ်းကို ဖွင့်ပေးတာပါ။
မသိလို့ ကြောက်နေတာပါ။ သိလာရင် ကြောက်စရာ မရှိတော့ပါဘူး။

အသက်အရွယ်အလိုက် homeschooling ပုံစံကို အသေးစိတ် ထပ်ပြီး ဖော်ပြသွားပေးပါမယ်။

မူရင်း post ပိုင်ရှင်ကို လေးစားစွာဖြင့် credit ပေးပါတယ် 🥰


Job Interview Questions & Answers
12/01/2026

Job Interview Questions & Answers

11/01/2026

အော် 🫡

Address

Block 5
Maymyo

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00

Telephone

+959787827831

Website

Alerts

Be the first to know and let us send you an email when StudyFlow Education 1 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to StudyFlow Education 1:

Shortcuts

Share

Category