29/09/2021
Fuzzy Logic
Fuzzy Logic သည် အမှန် နှင် အမှား ပြိုင်တူ ဖြစ်နေခြင်းကို လက်ခံသောဝါဒ ဖြစ်သည်။ (ref: dr.Khin Maung Win - Math)
မည်သည့် အရာကမျှ ရာခိုင်နှုန်း ပြည့် မှန်သည် မှားသည် ဟူ၍ မရှိချေ။ အမှား နှင့် အမှန် တို့သည် အခြေအနေ အခြေခံ အကြောင်းအရင်း ပေါ်မူတည်၍ ရာခိုင်နှုန်း အလိုက် ပါဝင်နေကြပါတယ်။
အရာဝထ္တု တစ်ခုသည် အဖြူ မဟုတ်လျှင် ဘာအရောင် ဖြစ်မည်နည်း။
မည်သည့်အရောင်ကို အဖြူ အဖြစ် သတ်မှတ် သနည်း။
ဉပမာ
Pixel တစ်ခုတွင် RGB တန်ဖိုးတို့ရှိလေရာ
(255,255,255) သည် အဖြူဖြစ်သတ်မှတ်သော်
(240,240,240) သည် မည်သည့် အရောင်ဖြစ်မည်နည်း။
ကျောင်းစာသင်ခန်းရှေ့ white board သည် အဖြူရောင် ဟု ဆို သော်
A4 စာရွက်နှင့် ယှဉ်ကြည့်လိုက်သောအခါ မည်သည့် အရောင်က အဖြူရောင်နည်း။
White board ရော A4 ရော အဖြူရောင်ပါ။ သို့သော် အဖြူပါဝင်နှုန်းတော့ ကွာခြား သွားပေမည်။
မဖြူရင်မဲ ၊ မမဲရင်ဖြူ ဆိုသည့် classical set ပုံစံ စဉ်းစားတွေးခေါ် ခြင်းထက်
အဖြူ ရာနှုန်း အမဲ ရာနှုန်း တို့ကို တွက်ချက်ဖော်ပြသည့်
အဖြူနှင့် အမဲ အတူယှဉ်တွဲကာ ဖော်ပြ ဆောင်ရွက်နိုင်သည့်
Fuzzy Logic ကို တော့ ပိုမိုနှစ်သက် မိပါတယ်။
Classical မှ Fuzzy logic ဆီသို့ .................
တစ်နေ့ ရေးပါဦးမယ်။
Myo Min Hein
Myanmar Machine Learning Learner Group