Myanmar Machine Learning Learner Group

Myanmar Machine Learning Learner Group

Share

AI, Machine Learning and Deep Learning

Basic Applied Neural Network and Deep Learning Presented By Dr Myo Min Hein.pdf 12/10/2022

ကျွန်တော်တို့ကို မွေးဖွားပေးခဲ့တဲ့ မြန်မာ နိုင်ငံကို ကျေးဇူးဆပ်တဲ့ အနေနဲ့
ကျွန်တော် ရေးသားပြုစုထားတဲ့

Basic Applied Neural Network and Deep Learning

စာအုပ်ကို

မြန်မာသက္ကရာဇ် ၁၃၈၄ သီတင်းကျွတ် လပြည့်ကျော် ၃ ရက် ဗုဒ္ဓဟူး နေ့မှာ ပညာအလှူ ပြုလုပ်ပေးပါတယ်။

မည်သူမဆို လွတ်လပ်စွာ ဖတ်ရှူပြီး ပညာများ တိုးတက်နိုင်ကြပါစေ။

အခကြေးငွေယူပြီး စာအုပ်ထုတ် ရောင်းချ ခြင်းမှအပ
လွတ်လပ်စွာ သုံးစွဲနိုင်ပါတယ်။

ချစ်သူ ခင်သူ မြန်မာနိုင်ငံသား အားလုံး ဖတ်ရှူ နိုင်စေဖို့ Share ပေး သွားကြပါဦးခင်ဗျာ။

Dr. Myo Min Hein
Myanmar Machine Learning Learner Group

https://mbookshelf.naingdroidapps.com/book/40575-neural-network-and-deep-learning

Basic Applied Neural Network and Deep Learning Presented By Dr Myo Min Hein.pdf

Photos from Myanmar Machine Learning Learner Group's post 03/04/2022

Object Detection using Deep Learning Approach

One-stage Object Detector and Two-Stage Object Detector
Non-Maximum Supression NMS
Anchor Box

ဆက်ရန်ရှိပါသေးတယ်။

စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိကြပါစေ။

Dr. Myo Min Hein
Myanmar Machine Learning Learner Group
03-04-2022

Photos from Myanmar Machine Learning Learner Group's post 03/10/2021

Human Vision ကို တုပလိုက်တဲ့ Computer Vision

Deep Learning တိုးတက်တဲ့ အခါမှာ တော့ Computer Vision နည်းပညာသည် လူတို့၏ အမြင်ကို တုပ ယှဉ်ပြိုင် နိုင်လောက်သည်အထိ တိုးတက်လာခဲ့ပါတယ်။ အခု တင်ပြနေတဲ့ Computer Vision in Deep Learning အပိုင်းတွင် ဖတ်ရှု့ လေ့လာနိုင်ပါတယ်။ အခန်း လိုက် ဆက်လက် တင်ပြ ပေးပါဦး မယ်။

စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိကြပါစေ။
Dr. Myo Min Hein
Myanmar Machine Learning Learner Group
3.10.2021

29/09/2021

Fuzzy Logic

Fuzzy Logic သည် အမှန် နှင် အမှား ပြိုင်တူ ဖြစ်နေခြင်းကို လက်ခံသောဝါဒ ဖြစ်သည်။ (ref: dr.Khin Maung Win - Math)
မည်သည့် အရာကမျှ ရာခိုင်နှုန်း ပြည့် မှန်သည် မှားသည် ဟူ၍ မရှိချေ။ အမှား နှင့် အမှန် တို့သည် အခြေအနေ အခြေခံ အကြောင်းအရင်း ပေါ်မူတည်၍ ရာခိုင်နှုန်း အလိုက် ပါဝင်နေကြပါတယ်။
အရာဝထ္တု တစ်ခုသည် အဖြူ မဟုတ်လျှင် ဘာအရောင် ဖြစ်မည်နည်း။
မည်သည့်အရောင်ကို အဖြူ အဖြစ် သတ်မှတ် သနည်း။
ဉပမာ
Pixel တစ်ခုတွင် RGB တန်ဖိုးတို့ရှိလေရာ
(255,255,255) သည် အဖြူဖြစ်သတ်မှတ်သော်
(240,240,240) သည် မည်သည့် အရောင်ဖြစ်မည်နည်း။
ကျောင်းစာသင်ခန်းရှေ့ white board သည် အဖြူရောင် ဟု ဆို သော်
A4 စာရွက်နှင့် ယှဉ်ကြည့်လိုက်သောအခါ မည်သည့် အရောင်က အဖြူရောင်နည်း။
White board ရော A4 ရော အဖြူရောင်ပါ။ သို့သော် အဖြူပါဝင်နှုန်းတော့ ကွာခြား သွားပေမည်။
မဖြူရင်မဲ ၊ မမဲရင်ဖြူ ဆိုသည့် classical set ပုံစံ စဉ်းစားတွေးခေါ် ခြင်းထက်
အဖြူ ရာနှုန်း အမဲ ရာနှုန်း တို့ကို တွက်ချက်ဖော်ပြသည့်
အဖြူနှင့် အမဲ အတူယှဉ်တွဲကာ ဖော်ပြ ဆောင်ရွက်နိုင်သည့်
Fuzzy Logic ကို တော့ ပိုမိုနှစ်သက် မိပါတယ်။
Classical မှ Fuzzy logic ဆီသို့ .................

တစ်နေ့ ရေးပါဦးမယ်။

Myo Min Hein
Myanmar Machine Learning Learner Group

Photos from Myanmar Machine Learning Learner Group's post 26/09/2021

AI ကို Intelligence Level အရ ၃ မျိုး ခွဲခြားနိုင်ပါတယ်။

ANI : Artificial Narrow Intelligence
AGI : Artificial General Intelligence
ASI: Artificial Super Intelligence

ကျန်းမာကြပါစေ
Dr. Myo Min Hein
Myanmar Machine Learning Learner Group
26.9.2021

19/09/2021

Project သို့မဟုတ် Thesis တစ်ခု လုပ်တော့မယ် ဆိုရင်

1. What is the current problem to be solved
Bank တွေမှာ ချေးငွေ ကို policy ချချင်တာလား
ထုတ်ကုန်တွေမှာ ကုန်ကျ စရိတ် လျှော့ချင်တာလား
ဝင်ငွေတိုးချင်တာလား

2. Objective ကို တိတိကျကျ သိရမယ်
ဘယ်လို အချက်တွေ ကိုယ့်မှာ ရှိလို့ ရနိုင်လို့ ဘယ်လို နည်းလမ်းသုံးပြီး ဘယ်ပြဿနာကို ဖြေရှင်းမှာ

3. Methodology
Problem ရော Objective သိပြီ ဆိုတော့ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့ ချမှတ်ထားတဲ့ Objective တွေ ပြီးမြောက်ရန် ဘယ်လို နည်းလမ်းတွေကို အသုံးပြုပြီး ဖြေရှင်းမယ်။ ဖြေရှင်းတဲ့နေရာမှာ ဘယ် Method တွေကို အသုံးပြုမယ်။ Thesis လုပ်တဲ့အခါမှာတော့ problem ကို ဖြေရှင်း ယုံမျှမက ကိုအသုံပြုမယ့် Method တွေဟာ ယုတ္တိဗေဒ ဆန်ရမယ်။ အထောက်အထား ပြည့်စုံ ရမယ်။ ( တခါတရံ ပြဿနာကို ဖြေရှင်း နိုင်သော်လည်း ယုတ္တိဗေဒ မဆန်ပေ)

4. Expected Result
ကိုလုပ်လိုက်တဲ့ အရာ (Project or Thesis) ရဲ့ ဖြစ်လာနိုင်တဲ့ Result ကိုတော့ ခန့်မှန်းထားရမယ်။ (ဖြစ်တာ မဖြစ်တာက Research လုပ်ရင်းနဲ့ တွေ့ရှိလာလိမ့်မယ်)

Myo Min Hein
Myanmar Machine Learning Learner Group

27/08/2021

Initial Steps to learn AI

Get friends to learn about AI
- Course
- Reading Group
Start brainstroming project
- No project is too small

AI စလေ့လာမယ်ဆိုလျှင် အတူတကွလေ့လာဖော်ရှာပါ။ သင်တန်းတက်တာ(online free course အပါ)၊ အဖွဲ့လိုက်လေ့လာတာ (for knowledge sharing) စတာတွေ လုပ်ပါ။ အဲ့နောက် ကိုနိုင်တဲ့ project လေးတွေ စလုပ်ပါ။ project အကြီးကြီးတွေ စတည်ပြီးတော့ မနိုင် မနင်းဖြစ်ကာ အဆုံး မသတ်နိုင်ပဲ စိတ်ဓါတ်ကျတက်ပါတယ်။

Ref: Andrew Ng, AI for everyone course

Myo Min Hein
Myanmar Machine Learning Learner Group
27 8 2021

Photos from Myanmar Machine Learning Learner Group's post 26/08/2021

Object Detection using Machine Learning approaches

အချို့ကို့ ဆက်လက် လေ့လာချင်သူများ လေ့လာလို့ရအောင် အနည်းငယ် တင်ပြပေးထားပါတယ်။ DL approaches ကိုတော့ အသေးစိတ် တင်ပြ ပေးပါ ဉီးမယ်။

ကျန်းမာကြပါစေ
Myo Min Hein
Myanmar Machine Learning Learner Group

Want your school to be the top-listed School/college in Maymyo?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Maymyo