09/08/2022
Happy Harpies အကြောင်း တစေ့တစောင်း
ဟက်ပီးဟာ့ပ်ပီးစ် ရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်စရာ စောင်းတူရိယာတီးခတ်သူများအဖွဲ့လို့ အဓိပ္ပာယ်ရပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက Burmese Soul ကနေ ဖွင့်လှစ်ပေးခဲ့တဲ့ စောင်းတီးသင်တန်းနဲ့ ဗမာ့ဂီတစခန်းပါ၀င်တဲ့ Community Art Program တစ်ခုပဲ ဖြစ်ပါတယ်။
စောင်းတီးသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား (၅)ဦး တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်လောက် ရပ်ဆိုင်းပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ
လ (၂၃) ရက်နေ့မှာ Happy Harpies Burmese Music Camp ကို ထပ်မံဖွင့်လှစ်ပေးခဲ့ရာမှာ အဖွဲ့၀င် (၁၃)ဦး ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ စောင်းသင်တန်းကို ဆက်လက်ဖွင့်လှစ်ထားပြီး သင်တန်းသား (၂)ဦး တက်ရောက်လျက်ရှိပါတယ်။ အခြားသော ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ သင်တန်းများ (သို့) အိုင်ဒီယာများ၊ အတွေ့အကြုံများ မျှဝေပေးနိုင်သူဆရာများကိုလည်း စောင့်ကြိုဖိတ်ခေါ်လျက်ရှိပါတယ်။
Happy Harpies အမည်နဲ့ လိုဂိုကို Harpies
Illustrator & Designer ကိုအာထက်က ပေးလှူထားတာဖြစ်ပါတယ်။ Happy Harpies မှာ သင်ကြားပေးနေသူများကတော့ စောင်းကောက်က သင်တန်းနည်းပြများပဲ ဖြစ်ပါတယ်။