09/08/2022
Happy Harpies အကြောင်း တစေ့တစောင်း
ဟက်ပီးဟာ့ပ်ပီးစ် ရဲ့ အဓိပ္ပာယ်ကတော့ ပျော်ရွှင်စရာ စောင်းတူရိယာတီးခတ်သူများအဖွဲ့လို့ အဓိပ္ပာယ်ရပါတယ်။ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်နေ့ကတည်းက Burmese Soul ကနေ ဖွင့်လှစ်ပေးခဲ့တဲ့ စောင်းတီးသင်တန်းနဲ့ ဗမာ့ဂီတစခန်းပါ၀င်တဲ့ Community Art Program တစ်ခုပဲ ဖြစ်ပါတယ်။
စောင်းတီးသင်တန်းကို စတင်ဖွင့်လှစ်ပေးခဲ့ပြီး သင်တန်းသား (၅)ဦး တက်ရောက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် တစ်နှစ်လောက် ရပ်ဆိုင်းပြီး ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ
လ (၂၃) ရက်နေ့မှာ Happy Harpies Burmese Music Camp ကို ထပ်မံဖွင့်လှစ်ပေးခဲ့ရာမှာ အဖွဲ့၀င် (၁၃)ဦး ပါ၀င်တက်ရောက်ခဲ့ကြပါတယ်။
လက်ရှိမှာတော့ စောင်းသင်တန်းကို ဆက်လက်ဖွင့်လှစ်ထားပြီး သင်တန်းသား (၂)ဦး တက်ရောက်လျက်ရှိပါတယ်။ အခြားသော ယဉ်ကျေးမှုနဲ့အနုပညာဆိုင်ရာ သင်တန်းများ (သို့) အိုင်ဒီယာများ၊ အတွေ့အကြုံများ မျှဝေပေးနိုင်သူဆရာများကိုလည်း စောင့်ကြိုဖိတ်ခေါ်လျက်ရှိပါတယ်။
Happy Harpies အမည်နဲ့ လိုဂိုကို Harpies
Illustrator & Designer ကိုအာထက်က ပေးလှူထားတာဖြစ်ပါတယ်။ Happy Harpies မှာ သင်ကြားပေးနေသူများကတော့ စောင်းကောက်က သင်တန်းနည်းပြများပဲ ဖြစ်ပါတယ်။
01/12/2021
Sweet December and Merry Christmas to you all ~ 🎄🎁☃️❄️❤️
စောင်းအတီးသင်ချင်တယ်လို့ ပြောထားတဲ့သူတွေအတွက်ကျွန်တော်တို့ Burmese Soul ရဲ့ Camp တွေ၊ Program တွေကို Financial Support ပေးနိုင်မဲ့ Saung Gauk - Burmese Harp Class မှာ တက်ရောက်နိုင်ပါပြီ။
• Burmese Soul မှာ သင်တန်းတွေဖွင့်လှစ်တော့မှာ မဟုတ်ပါခင်ဗျာ။
• Community project တွေ၊ Fundraising project တွေကိုပဲ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။
✓ လက်ရှိကျွန်တော်တို့မှာ Happy Harpies Burmese Music Camp - ဗမာ့ဂီတလေ့လာရေးစခန်း ဆက်လက်ဖွင့်လှစ်ထားပြီး အခု Camp 1 မှာ အဖွဲ့၀င် (၁၃) ဦးက ပါ၀င်လေ့လာလျက်ရှိပါတယ်။
✓ “ အလွမ်းတေးည ” program ကိုတော့ လတ်တလော ရပ်နားထားပြီး အရည်အသွေးတစ်ခုရရှိတဲ့အခါမှာ ပြန်လည်ထုတ်လွှင့်ပါမယ်။
✓ ဒီနေ့ခေတ်ရဲ့ လူမှုအဖွဲ့အစည်းနဲ့ ယဉ်ကျေးမှုထဲမှာ ဂီတနဲ့ အတူ ပါ၀င်စီးမြောနိုင်ဖို့ ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ကြိုးစားမှာဖြစ်ပြီး ပတ်၀န်းကျင်က လူငယ်တွေရဲ့ အကြံကောင်းတွေ၊ အကြံပြုချက်တွေနဲ့ အကူအညီတွေကို ရယူလိုတာကြောင့် ကျွန်တော်တို့ရဲ့ Email address - [email protected] သို့ ပေးပို့နိုင်ပါကြောင်း လေးစားစွာဖြင့် အသိပေးအပ်ပါတယ်။
Burmese Soul
17/11/2021
ဆောင်းရာသီ Playlist ❄️
🎶 ဆောင်းရာသီနဲ့ပတ်သက်ပြီး
ဗမာသံသီချင်းတွေထဲမှာ ချစ်စရာကောင်းတဲ့သီချင်းတွေ အများကြီး ရှိပါတယ်။
🌬️ အဲ့သီချင်းတွေထဲမှာ ဒီနေ့ထိ လူကြိုက်များ၊ ရေပန်းစားနေဆဲသီချင်းတွေ ရှိသလို ကျွန်တော်တို့ ခေတ်လူငယ်တွေနဲ့ နည်းနည်းအလှမ်းဝေးနေတဲ့ မဟာဂီတလို့ ခေါ်တဲ့ နန်းတွင်းသီချင်းတွေထဲမှာလည်း ဆောင်းရာသီအကြောင်းကို လှလှပပဖွဲ့ဆိုထားခဲ့တဲ့ သီချင်းကြီးတွေ ရှိပါတယ်။
🧘 အဲ့ဒါတွေကော၊ အခုလို စိတ်မအေးချမ်းရတဲ့ကာလမှာ ကိုယ့်စိတ်ကိုယ်ကို အနားယူနိုင်ဖို့၊ ဖြေလျော့နိုင်ဖို့အတွက် ကျွန်တော်တို့က “ဆောင်းရာသီ သီချင်း” တွေကို စုဆောင်းပြီး Playlist လေးတစ်ခု လုပ်ပေးလိုက်ပါတယ်။ ဒီလက တန်ဆောင်မုန်းလဆိုတော့ တန်ဆောင်မုန်းနဲ့ပတ်သက်တဲ့ သီချင်းလေးတွေလည်း ပါတာပေါ့ ...
❄️ ဒီ playlist ထဲမှာ တီးလုံးသီးသန့်၊ မဟာဂီတ၊ ခေတ်ဟောင်း၊ ကာလပေါ်နဲ့ ဒီနေ့ခေတ်အနုပညာရှင်က ပြန်ဆိုထားတဲ့ သီချင်းဟောင်းလေးတွေစသဖြင့် version အမျိုးမျိုးနဲ့ ခံစားနိုင်ပါတယ်။
☃️ ခေတ်လူငယ်လေးတွေလည်း ဗမာသီချင်းတွေကို အနားယူတဲ့အချိန်မှာ အချိန်လေးတစ်ခုပေးပြီး
စမ်းနားထောင်ကြည့်ဖို့ အကြံပြုပါတယ်၊ ဒီ Playlist လေးကနေမှ ဗမာသံသီချင်းလေးတွေကို ကြိုက်နှစ်သက်သွားတယ်ဆိုရင် ကိုယ်ကြိုက်တဲ့ သီချင်းခေါင်းစဉ်ကို Page CB ကနေ ကျွန်တော်တို့ကို လာပြောပြလို့ ရပါတယ်။ ကျွန်တော်တို့လည်း အနားယူတဲ့အချိန်မှာ ဗမာသံသီချင်းလေးတွေအကြောင်း စကားစမြည် ပြောကြရအောင်ဗျာ။
❄️ အခု ကျွန်တော်တို့ စုပေးထားတဲ့ သီချင်း link လေးတွေက မူရင်းဖန်တီးသူတွေရဲ့ အနုပညာလက်ရာ၊ မူပိုင်ဖြစ်ပါတယ်၊ တချို့သော သီချင်းလေးတွေက သီချင်းစုဆောင်းသူတွေရဲ့ ပြန်လည်စုဆောင်း တင်ဆက်မှုဖြစ်တာကြောင့် မူရင်း link တွေ မဟုတ်နေတာကိုလည်း ကြိုပြီး အသိပေးပါရစေခင်ဗျာ။
❄️ ဆောင်းအမီ (ဒုံမင်းဆန်းတင့်)
https://youtu.be/wDl02PYj4oA
❄️ ဆောင်းအမီ (ခင်ညွန့်ရည်)
https://youtu.be/cxaURvqDL0o
❄️ ထွေတလာလာ (တင်တင်မြ)
https://youtu.be/hLEOJ_i3dLg
❄️ ဆောင်းကြာချည် (နီနီ၀င်းရွှေ)
https://youtube.com/watch?v=_2YQ8_BKc00&feature=share
❄️ ဆောင်းရယ်နှင်းရယ်ကိုယ့်ချစ်သူရယ်
(စန္ဒယားတင်ကိုကို)
https://youtu.be/frKcasYYH9g
❄️ ယက္ကန်းသံ (ရဲမြတ်သူ)
https://youtu.be/lhDeaxv32YQ
❄️ တဆောင်းသစ်ပြန်ပြီ (ခင်ညွန့်ရည်)
https://youtube.com/watch?v=rKi0kBWcato&feature=share
❄️ မလေးလက်ခတ်သံ (သန်းသန်းဆင့်)
https://youtu.be/39j6hNvF85o
❄️ မြိုင်မြိုင်ဆိုင်ဆိုင် လတန်ဆောင်တိုင်
https://youtu.be/B2QYaytSIQg
❄️ ဆောင်းရတုပွဲ (ခင်သန်းမြင့်)
https://youtu.be/uwEhPPVhoHw
❄️ ဆောင်းရတုပွဲ လေးချိုး (မူမူခင်)
https://open.spotify.com/track/6uqOj3j3sMoMCw4eWzb9SO?si=YJgxKV06TlWvhtZeTMgt6w
❄️ နှင်းယွန်းခါဟေမာန် (ရီရီသင်း)
https://youtu.be/wtT2R-byOdI
❄️ ကျေးစေတမန် (မေရှင်)
https://youtu.be/X5v2bjJZBLc
❄️ ရွှေလည်တိုင် (တင်တင်မူ)
https://youtu.be/0uoUp53nJUo
❄️ ချစ်နှင်းမှုန်မှုန် (မောင်မောင်ညွန့်)
https://youtu.be/TK2v5WTMjTk
❄️ စောင့်ကြိုနေမယ် (ညွန့်ညွန့်စိန်)
https://youtu.be/LRX0h0J6P78
❄️ သည်ဆောင်းဟေမာန် (ရီရီသန့်)
https://youtu.be/gngsKeqPUEY
❄️ သည်ဆောင်းဟေမာန် (မောင်မောင်ညွန့်)
https://youtu.be/xRXixeObxfM
❄️ ဆယ့်နှစ်လရာသီ (မေမေ၀င်း)
https://youtu.be/UL0JZ-goIaQ
❄️ ဘုံပျံနေနန်း (ရီရီသန့်)
https://youtu.be/bgfNiILcOzc
❄️ ပန်းမြတ်ရွှေသဇင် (ခတ္တရာတမာချို)
https://youtu.be/TfG9CvmYYAU
❄️ ပန်းမြတ်ရွှေသဇင် (ခင်ဖြူကြည်)
https://youtu.be/MW0GCNi1q_4
❄️ ခြုံလွှာလက်ဆောင် (တွံတေးသိန်းတန်)
https://youtu.be/uz2RG-Us7qk
❄️ တောင်လှေကားမြို့ကိုလာမယ်
(အောင်မြင့်မြတ်)
https://youtu.be/yT78UeiaLV8
❄️ ဆောင်းကတ္တီပါ (ဘိလပ်ပြန်သန်း)
https://youtu.be/dSWZFyEAinY
Burmese Soul
11/11/2021
ဒီနှစ် ရိုးရာစောင်းတွေရဲ့ Marathon မှာ မြန်မာစောင်းတွေအပါအ၀င် ကမ္ဘာပေါ်က တခြားစိတ်၀င်စားစရာ စောင်းတွေရဲ့ သမိုင်းကြောင်းနဲ့ ဖျော်ဖြေတီးခတ်မှုတွေကို မြန်မာစံတော်ချိန် ည ၈ နာရီ ခွဲမှာ အောက်ပါ Link ကနေတဆင့် ကြည့်ရှုနိုင်ပါတယ်။
#စိတ်ပင်ပန်းမှုတွေကိုစောင်းသံတွေနားထောင်ပြီးဖြေဖျောက်ကြရအောင်
World Harp Day 2021 - A journey through traditional and historical harps
Welcome everyone to the World Harp Day 2021 marathon!Join us on this harpistic journey 🎶🎵(After the marathon, we will post the list of participants and tim...
16/10/2021
ငွေစန္ဒာ လရထား ထက်ဖျား၀လ္လာတခို့ သာလို့နေဟေး၊ ငါတို့တတွေ မန်ကျည်းပင်ရင်းမှာ ခြေဆင်းကာပ အပျင်းပြေ အပျင်းပြေ ... 🎶
ကျွန်တော်တို့ ဒီသီချင်းလေးကြားရင် ကလေးတုန်းက ဆော့ခဲ့တာတွေ အမှတ်မရကြဘူးလား၊
မဆော့ခဲ့ဖူးလို့ အမှတ်မရလည်း ဒီနေ့တော့
မြန်မာ့ရိုးရာကလေးကစားနည်းတွေကို အမှတ်တရအနေနဲ့ ပြန်လည်ပြောကြရအောင် ခင်ဗျာ။
မြန်မာ့ရိုးရာ ကလေးကစားနည်းလို့ ပြောပေမဲ့ အထက်အညာအရပ်က ဗမာတိုင်းရင်းသားကလေးတွေပဲ ဆော့ကြတာလား၊ မွန်တိုင်းရင်းသား၊ ကရင်တိုင်းရင်းသား အခြားတိုင်းရင်းသားတွေကော ဘယ်လို ကစားနည်းတွေ ဆော့ကြလဲဆိုတာကို ကောမန့်မှာ မျှဝေပေးဖို့ တောင်းဆိုပါတယ်။ အားလုံးသိရအောင် မျှဝေပေးပါနော်။
ကလေးကစားနည်းတွေကတော့ အများကြီးပဲပေါ့
- ရွှေစွန်ညို
- ထုပ်စည်းတိုး
- ညောင်ပင်တစ္ဆေ
- မစာဥ
- ပုစွန်ဆိတ်
- ရွှေတံခါးကြီး
- ညောင်ရေအိုးစင်
- စိန်ပြေးတမ်း
- ကြက်ဖခွပ်တမ်း
- ဖန်ခုန်တမ်း စသဖြင့် အများကြီး ထပ်ရှိပါသေးတယ်။ ဒီကစားနည်းတွေ အကုန်လုံးဟာဆိုရင် အဖွဲ့လိုက် စုပေါင်းပြီး ကစားရတာတွေ ဖြစ်တာကြောင့် ကလေးတွေကို လျှင်မြန်မှု၊ ကြံ့ခိုင်မှုတွေ ပေးစွမ်းပြီး စည်းလုံးမှ၊ ညီညွတ်မှရမဲ့ ကစားနည်းတွေလည်း ဖြစ်ကြပါတယ်။ ဒါမျိုး ကစားနည်းတွေကို သာယာတဲ့တနေ့မှာ ကလေးတွေကို ပြန်ကစားစေပြီး ဒီကစားနည်းတွေ ကစားပြီးနဲ့ မကစားခင် သူတို့ရဲ့ အခြေအနေတွေကို လေ့လာစောင့်ကြည့်တာမျိုးတွေလည်း လုပ်သင့်ပါတယ်။
သီတင်းကျွတ် လက်ဆောင်အနေနဲ့ ကျွန်တော်တို့ “ဘားမိစ်ဆိုး” က ‘ဖန်ခုန်တမ်းကစားနည်း’ အကြောင်းကို အသေးစိတ် ပြောပြပါ့မယ်ခင်ဗျာ။
- ဖန်ခုန်တမ်းကစားနည်းကို ယောက်ျားလေးတွေထက် မိန်းကလေးတွေက ပိုပြီးကစားကြပါတယ်။
- ဒီကစားနည်းမှာ မိန်းကလေးနှစ်ယောက်က မြေကြီးပေါ်မှာ မျက်နှာချင်းဆိုင်ထိုင်၊ ခြေထောက်ကိုဆင်းပြီး ခြေဖဝါးချင်းထိထိုင်ထားရပါတယ်။
- ပြီးရင် ခြေထောက်တစ်ဖက်ရဲ့ ခြေချောင်းတွေပေါ်မှာ အခြားခြေထောက်ရဲ့ ဖနောင့်ကို တင်ပါ။ အခြားတစ်ယောက်ကလည်း သူ့ရဲ့ ခြေဖနောင့်ကို ပထမ ကစားသူရဲ့ ခြေဖျားပေါ်မှာ ထပ်ပြီး နောက်ခြေဖနောင့်တစ်ဖက်ကိုလည်း အဲ့ပေါ်မှာ ထပ်ပြီးတင်ရပါမယ်။
- အဲ့လို ခြေဖဝါးလေးခု တစ်ခုပေါ်တစ်ခု တင်ထားတဲ့အပေါ်ကို ကစားတဲ့ သူတစ်ယောက်က လွတ်အောင်ခုန်ရပါတယ်။
- ခုန်လိုက်တဲ့အခါ လွတ်တယ်ဆိုရင် မျက်နှာချင်းဆိုင်ထိုင်နေတဲ့ ကစားသူနှစ်ဦးထဲကတစ်ဦးက လက်တစ်ဖဝါးစာထွာပြီး သူတို့
ခြေထောက်ပေါ်ကို ထင်တင်ရပါမယ်။
- ပြီးတော့ ခုန်တဲ့သူကထပ်ခုန်၊ လွတ်သေးတယ်ဆိုရင် နောက်ထပ်လက်တစ်ဖက်ကို အပေါ်ကနေ ထပ်ထွာရပါမယ်။
- ဒါကိုလည်း ခုန်လို့လွတ်ရင် နောက်ထပ်ထိုင်နေတဲ့တစ်ယောက်ရဲ့ လက်ဖဝါးကို စောစောကလို ထပ်ပြီး တဖြည်းဖြည်း မြင့်သွားအောင် လုပ်ရမှာ ဖြစ်ပါတယ်။
- တဖြည်းဖြည်းမြင့်သွားစေတဲ့အခါ အခြား
ဘေးက ကစားသူများကလည်း ၀င်ပြီး လက်ဖဝါး၊ ခြေဖဝါးတွေကို ၀င်ပြီး ကူလို့ရပါတယ်။
- နောက်ဆုံး ခုန်တဲ့သူက လွတ်အောင် မခုန်နိုင်တော့ရင် ခွေးရူးဖြစ်သွားပြီး ထိုင်နေတဲ့သူတွေက ၀င်ခုန်ရပါတယ်။ အဲ့လို ဆော့ရင်းဆော့ရင်းနဲ့ နားလိုက်၊ အိမ်ကလုပ်တဲ့ ကောက်ညှင်းထုပ်တွေ၊ မုန့်ဆီကြော်တွေ စားလိုက်၊ သူများအိမ်က လာပို့ထားတဲ့ ရွှေကြည်တို့၊ ဆနွင်းမကင်းတို့ တွယ်လိုက်၊ လူကြီးတွေရဲ့ လက်ဖက်ရည်ဝိုင်းထဲ၀င်ပြီး လက်ဖက်သုပ်တွေစားလိုက်၊ ရေနွေးကြမ်းသောက်လိုက်နဲ့ နောက်ဆုံးမောသွားရင်တော့ ခြေလက်ဆေးပြီး အိပ်ယာ၀င်ကြတယ်ပေါ့လေ။ ခြေလက်မဆေးဘဲ အိပ်ယာ၀င်တဲ့သူလည်း ရှိမှာပါ။ 😬
ဒါဆိုရင်တော့ အခုထိ ဖတ်ရှုပေးခဲ့တဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ ဒါလေးနဲ့ ပတ်သက်ပြီး တောင်းဆိုချင်တာလေးတွေ ရှိပါတယ်။
✓ အဲ့ဒါကတော့ ဒီအခု ကျွန်တော်တို့ ပြောသွားတဲ့အထဲက ကစားနည်း တချို့အကြောင်း ကောမန့်မှာ လိုတိုရှင်း ပြောပြပေးချင်လည်း ရပါတယ်။
✓ နောက်တစ်ခုက ဖန်ခုန်တမ်းကစားနည်းရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးအပေါ် ထင်မြင်ချက်ကို ပြောပြပေးပါ။
✓ ပြီးတော့ အရပ်ဒေသကို လိုက်ပြီး ကစားနည်းတွေက ပုံစံနည်းနည်းကွဲတာလေးတွေ ရှိတာကြောင့် ကိုယ်ဆော့ခဲ့ဖူးတဲ့ ဖန်ခုန်တမ်းကစားနည်း ပုံစံကွဲကိုလည်း မျှဝေပေးခဲ့လို့ ရပါတယ်။
✓ နောက်တော့ ဒီပို့စ်နဲ့ ပတ်သက်ပြီး ထောက်ပြချင်တာနဲ့ အခြားဝေဖန်သုံးသပ်ချင်တာမျိုးရှိရင်လည်း လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ပါတယ်ခင်ဗျာ။
အဲ့လိုရေးသားတာ ကောင်းမွန်တဲ့သူတွေထဲက
ရီအက်ခ် အများဆုံးသူ (၂) ဦးကို စည်းဝါး တူရိယာတစ်စုံစီ သီတင်းကျွတ်လက်ဆောင်ပေးမှာ ဖြစ်ပါတယ်။
အေးချမ်းသာယာပါစေခင်ဗျာ ...
Burmese Soul
09/10/2021
Burmese Music Camp ကို နောက်ထပ် (၅) ဦးပဲ ပါဝင်လို့ရပါတော့မယ်ခင်ဗျာ။ 🏕️
စာရင်းသွင်းထားတဲ့သူတွေက squid game ထဲကလို တစ်ခါမှ မရောက်ဖူးတဲ့ နေရာအသစ်ကို ရောက်ပြီလို့သာ မှတ်လိုက်ပါ။ 😂
✓ Musical Character Illustration by AhHtet CoonMon
✓ Squid Game Movie Character Illustration by https://www.citypng.com/photo/18010/squid-game-soldier-circle-cartoon-chibi-character
07/10/2021
လူငယ်တွေ ဗမာ့ဂီတကို ထိတွေ့နိုင်မဲ့
Happy Harpies Burmese Music Camp 🏕️
🎧 ဗမာ့ဂီတကို ကြိုက်တယ်၊ စိတ်၀င်စားတယ်၊ ခံစားချင်တယ်၊ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် နားထောင်နေရတာကို အားမရဘူး၊ ဘယ်လိုလဲဆိုတာ စူးစမ်းချင်တယ်၊ လေ့လာချင်တဲ့ လူငယ်တွေအတွက် Burmese Soul ရဲ့ Happy Harpies Burmese Music Camp ကို ၀င်လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ် ...
🎧 ဗမာ့ဂီတက ဘယ်လိုမျိုးနည်းစနစ်တွေ၊ ဘာတွေရှိတယ်ဆိုတာကို လုံး၀မသိသေးတဲ့ လူငယ်တွေနဲ့ အခြေခံတီးမိခေါက်မိရုံလောက် သိထားတဲ့လူငယ်တွေကို ပါ၀င်နိုင်ဖို့ စီစဉ်ထားတဲ့ Fundraising Project 💹 တစ်ခုဖြစ်ပါတယ် ...
🎧 ဒီ Camp မှာ အရင်ဆုံး လေ့လာမယ်၊ ပြီးရင် စူးစမ်းမယ်၊ ဆွေးနွေးမယ်၊ ငြင်းခုန်ကြမယ်၊ ပျော်ရွှင်ကြမယ်၊ မျှဝေကြမယ်ခင်ဗျာ ...
🎧 အဓိကအားဖြင့် လူငယ်အချင်းချင်းကနေပဲ အတူလေ့လာမျှဝေကြမှာ ဖြစ်လို့ အကုန်လုံးဟာ တန်းတူပါပဲ၊ အကုန်လုံးက မျှဝေပေးတဲ့သူအဖြစ်လည်း ပါ၀င်နိုင်မှာဖြစ်သလို နားထောင်ဆွေးနွေးရုံသပ်သပ်လည်း ပါ၀င်နိုင်ပါတယ်။ အရမ်းကျယ်ပြန့်လွန်းတဲ့အရာကို လေ့လာကြတာဖြစ်လို့ သဘောထားမတူညီမှု၊ အမြင်မတူညီမှု၊ နားလည်သိရှိပုံ ကွဲပြားမှုတွေကို တန်ဖိုးထားလေးစားပေးကြရမှာပါခင်ဗျာ ...
🎧 Camp မှာပါ၀င်ချင်တယ်ဆိုရင် Fund ထည့်ဖို့ ဘယ်လောက်ထည့်ရမလဲကနေ အရင်မတွေးပါနဲ့၊
ပါ၀င်ဖို့ လိုအပ်တဲ့အချက်အလက်တွေကိုသာ သေချာဖတ်ပြီး စာရင်းသွင်းပါ၊ Fund က ရာဂဏန်းကစထည့်လည်း အဆင်ပြေတာမိုလို့ စိတ်မပူပါနဲ့ဗျ။
🎧 ဒါဆိုရင်တော့ အပေါ်မှာပြောထားခဲ့တဲ့အတိုင်း နားထောင်တတ်တယ်၊ ခံစားတတ်တယ်၊ ကြိုက်နှစ်သက်တယ်၊ ပိုပြီး သိချင်တယ်၊ စိတ်၀င်စားတယ်ဆိုရင် chat box ကနေတဆင့် စုံစမ်းပါ၊ ကြိုက်နှစ်သက်ရင် ပါ၀င်ဖို့ စာရင်းပေးသွင်းပါခင်ဗျာ ...
🎧 ထပ်လောင်းအနေနဲ့ စောင်းတူရိယာတီးခတ်ချင်သူတွေအတွက်တော့ Plus ပါ ➕
27/09/2021
World Harp Day is COMING.
So we encourage the traditional harp players from Myanmar to participate in.
We have started to organise the next edition of World Harp Day and now we need you!
We remind you that this year it will be held on 11-11 and we have decided to focus on the historical harps of each region or country.
To be included in the marathon, please make sure that your video has the following requirements:
🔹 The video cannot exceed 4-5 minutes.
🔹 You must perform a traditional piece or a piece composed by someone from your country or region.
🔹 The harp played must be a traditional harp from your country or region.
🔹 It must be recorded horizontally, with good audio and video quality. If possible, preferably audio and image separately.
🔹 The video must be recorded specifically for World Harp Day and must not have been previously published.
🔹 You can sing or play in an ensemble, but the harp must be the protagonist.
🔹 Send it before 25 October to 221b Baker St… I mean… to [email protected], specifying your name, country or region, and the name your harp is known by (e.g. kora, clarsach, konghou...).
If you have a special historical harp for some reason, we want to know its history. Please, tell us about it by sending an email to [email protected].
For those of you who want to participate but don't have a historic harp, you can post your videos celebrating World Harp Day on your instagram, under the hashtag , and we will share them in our stories as we did last year.
We're looking for you!