15/05/2026
Congratulations to other high achievers in FCE😍😍
An education centre for young learners implementing a quality education with affordable tution fees
15/05/2026
Congratulations to other high achievers in FCE😍😍
15/05/2026
Massive Congratulations Thar Thar Precious 🥳🎉
We all proud of your high score achievement and reward🥰
Also, wishing your future endeavor brighter and higher ahead💎💵
A Well-Deserved 600,000 MMK Reward for Outstanding FCE Result!🌟
We are proud to announce that one of our brilliant students, Lin Thuriya Pho Hlaing, has achieved an exceptionally high score on the Cambridge FCE exam! 🏆
Mastering English at the FCE level takes serious focus and effort, and we couldn't be prouder of the dedication he has shown in our Kidiscite classes. To honor this amazing academic achievement, we are thrilled to award him a 600,000 MMK prize! 💵🎉
Keep shining and setting the standard for all our learners, Lin Thuriya Pho Hlaing!
13/05/2026
May Intake 2026
Starters/ Movers/ Flyers/ KET level အသီးသီးလိုက်
Cambridge International Assessment
General English Four Skills ဖြေဆိုမှုပုံရိပ်များ🤩🤩
အားလုံးပဲ ပင်ပန်းသွားခဲ့ကြပြီ ကလေးငယ်တို့ရေ…
အကောင်းဆုံးကြိုးစားဖြေဆိုခဲ့ကြတာမို့
ရလဒ်ကောင်းတွေလည်း မုချရရှိမှာ အသေချာပင်🥳
နောက်level အသစ်များအတွက် အနားယူခွန်အားဖြည့်ရင်း
သင်တန်းဖွင့်ရက်မှာ ပြန်လည်ဆုံတွေ့ကြမယ်နော်…
လိုက်ပါပို့ဆောင်၊ စောင့်ရှောက်ကူညီကြတဲ့ ဆရာ၊ဆရာမတို့နှင့်တကွ မိဘများအားလုံးလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်🥰
အားလုံးပဲ ဘဝအမောတွေပြေကြတဲ့နေ့ရက်ကောင်းတစ်ရက်ဖြစ်ကြပါစေရှင်😍
တစ်နှစ်တာပတ်လုံး ကျောင်းချိန်/ သင်တန်းချိန်အပြည့်နဲ့ အလုပ်ရှုပ်ခဲ့ကြတဲ့ ကလေးတွေက
ယခုလိုတစ်ရက်တာ ပေါ့ပါးလွတ်လပ်စွာ ကကြခုန်ကြ
ပျော်ရွှင်နေကြတာကို မြင်ရတဲ့ ပီတိက မိဘအားလုံးထပ်တူအပြုံးပီတိ ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင့်
အားလုံးပဲ ပျော်ရွှင်စရာ နှစ်သစ်အခါသမယဖြစ်ကြပါစေ….
ယနေ့ကျရောက်တဲ့ သင်္ကြန်အကြိုနေ့မှသည်
ကလေးငယ်တို့ အားလုံး ဘေးဘယာတွေကင်းဝေးပြီး
ချစ်ရတဲ့မိသားစုနှင့်အတူ မြန်မာ့အတာသင်္ကြန်
အခါသမယကို အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ပါစေဟု ဆုမွန်ကောင်းတောင်းပေးအပ်ပါသည်။
မင်္ဂလာရှိသော သင်္ကြန်အခါသမယဖြစ်ကြပါစေ🙏
10/04/2026
Happy Pre-Thingyan to you all, kids! 💦💦
I hope you all had a fun and memorable time together on this special day 🩵
Wishing you all a wonderful Myanmar New Year filled with happiness, joy, and beautiful moments with your loved ones 🩵
May your days be as fresh & cool as Thingyan water, and welcome the New Year with big smiles and happy hearts! 🥳🥳
16/02/2026
Vacancy Announcement-
မင်္ဂလာပါ ဆရာ၊ဆရာမတို့ရှင့်
ကျွန်မတို့ KIDISCITE Pyin Oo Lwin Branch မှ
ရေရှည်လက်တွဲသင်ကြားပေးနိုင်မည့်
ပြင်ဦးလွင်နယ်ခံ အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်ကျွမ်းကျင် ဆရာ၊ဆရာမတို့အား အလိုရှိနေပါတယ်ရှင့်။
Duration အားဖြင့် လာမည့်နွေရာသီ 2026 March လမှ 2027 February အထိ (တစ်နှစ်-ပဏာမ) လက်တွဲလုပ်ကိုင်လိုပါတယ်။
စိတ်ဝင်စားသော ဆရာ၊ဆရာမတို့အနေဖြင့် လျှောက်ထားလိုပါက CV Form & Cover Letter များကို သက်ဆိုင်ရာ position အလိုက် subject title တပ်၍ [email protected] သို့ mail ပို့၍လည်းကောင်း ၊ လူကိုယ်တိုင်လာရောက်လျှောက်ထားလိုပါကလည်း 09976118449 သို့ကြိုတင်ဆက်သွယ်၍လည်းကောင်း သင်တန်းသို့လာရောက်လျှောက်ထားနိုင်ပါသည်။
☑️Class Teacher Position- Young Learners English
☑️Class Teacher Position- Cambridge Mathematics (Primary Level)
☑️Assistant Teacher Position- Young Learners English
☑️Assistant Teacher Position- Cambridge Mathematics (Primary Level)
အခုမှ သိသည့် ဆရာ၊ဆရာမတို့ အနေဖြင့်လည်း ကျွန်မတို့ KIDISCITE Education Centre Pyin Oo Lwin Branch၏ ဖွံဖြိုးတိုးတက်လာမှု အဆင်ဆင့်ကို ဤ page တွင် ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။
12/02/2026
နွေရာသီ Olympiad Maths Class များအကြောင်း
________________________________
င်္သချာစွမ်းရည်ပါရမီပါကြတဲ့ ကလေးငယ်တို့အတွက် KIDISCITE Pyin Oo Lwin Branch မှာ အိုလံပစ်သင်္ချာအတန်းများကို သီးသန့်ဖွင့်လှစ်ထားရှိပေးနေပါပြီ။
💡ဘယ်လိုကလေးတွေ တက်ရောက်လို့ရမလဲ???
🔖လူကြီးမိဘတို့၏ ကလေးငယ်က သင်္ချာစွမ်းရည်မှာ အတွက်အချက် ပိုင်နိုင်သူ၊ ကိန်းဂဏန်းများဖြေရှင်းနေရရင်ကို စိတ်ဝင်စားနေသူ ဖြစ်လျှင် ပထမခြေလှမ်းအနေဖြင့် ယခုကဲ့သို့ Training Class များတက်ရောက်၍ ပြိုင်ပွဲရာသီချိန်များတွင် ဝင်ရောက်ယှဉ်နိုင်ပါသည်။
🔖ဤနေရာတွင် တစ်ချက်ကြိုတင်ရှင်းပြပေးလိုတာက
Olympiad Maths Class များသည် training ပုံစံမျိုးဖြစ်သောကြောင့် ကလေးများအနေဖြင့် ပုံမှန် academic maths classများထက်ပို၍ အားစိုက်ထုတ်ရမည် ဖြစ်သည်။
💡ဒါဆို Tr. / Olympiad Maths က Academic Maths နဲ့ဘာကွာသလဲ?
ဟုတ်ကဲ့။ ။ အများကြီးကွာပါတယ်ရှင့်။
Academic Maths လို့ဆိုရလျှင် Myanmar National Curriculum ကိုပဲသွားသွား၊ Cambridge/ Oxford/ Singapore Maths အစရှိသည့် International Maths တို့ကိုပဲရွေးချယ်သင်ယူနေနေ၊
Olympiad Maths ၏ မတူညီသည့် အခန်းကဏ္ဍတစ်ရပ်ဆိုလျှင် ကိုယ့်ကလေးငယ်၏ သင်္ချာစွမ်းရည်ဘယ်လောက်ရှိလဲ ခန့်မှန်းစစ်ဆေးနိုင်တဲ့ သင်္ချာပြိုင်ပွဲများဟု ယေဘူယျ သုံးသပ်နိုင်ပါသည်။
💡ဒါဆို Trတို့ KIDISCITE မှာ ဘယ်လိုတွေ လေ့ကျင့်သင်ကြားပေးမလဲ?
💡Level တွေ ဘယ်လို ခွဲခြားသတ်မှတ်ထားသလဲ?
💡Rules & Regulations တွေဘယ်လိုရှိလဲ?
💡Olympiad Competition တွေကရော နှစ်စဉ် ဘယ်အချိန်တွေမှာ ဝင်ရောက်ယှဉ်ပြိုင်လို့ရတာလဲ?
⏳အစရှိသည့် အသေးစိတ်စုံစမ်းမှုများအတွက်
09976118449 သို့ဆက်သွယ်၍လည်းကာင်း၊ Page messengerသို့ဆက်သွယ်၍လည်းကောင်း၊ တက်ရောက်လိုသည့်ကလေးအမည်၊ အသက်၊အတန်း၊ ဖုန်းနံပါတ်တို့ပေးပို့ပြီး အသေးစိတ်ထပ်မံမေးမြန်း ဆွေးနွေးနိုင်ပါတယ်။
သင့်ကလေးငယ်၏ အနာဂတ်၊ခေတ်မှီပညာရေးများကိုလက်လှမ်းမှီနိုင်ဖို့ရန် ကျွန်တော်၊ကျွန်မတို့ KIDISCITE မှ စောင့်ကြိုလျက်ပါ🌻
Olympiad Maths Class များအားလုံးစတင်မည့်ရက်-
5.3.2026
အောက်ပါပုံရိပ်များကတော့ ပြီးခဲ့သည့် 2025 Mathemania ပြိုင်ပွဲများတွင် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဆုရရှိကြသော ကျောင်းသား/သူများဖြစ်ပါတယ်။
07/02/2026
(နွေရာသီ) ကျောင်းသားသစ် သီးသန့်လက်ခံခြင်း အစီအစဉ်
မင်္ဂလာပါ လူကြီးမိဘတို့ရှင့်
KIDISCITE မှာတက်ရောက်ဖို့ စောင့်ဆိုင်းနေကြတဲ့
New Students သားသားမီးမီးလေးတို့အတွက် သင်တန်းအသစ်များ ဖွင့်လှစ်ပေးထားပါပြီရှင့်😍
ထုံးစံအတိုင်း ဆရာ၊ဆရာမတို့က အတန်းတစ်တန်းကို လူနည်းစု (၁၂)ယောက်အထိသာ လက်ခံသင်ကြားပေးတာမို့ အမြန်ဆုံးတော့ စာရင်းပေးသွင်းဖို့လိုမယ်နော်
စာရင်းပိတ်မည့်ရက်။ ။ 27.2.2026
Long Term- Regular တက်ရောက်နိုင်သောအတန်းများနှင့် နွေရာသီ ကာလတိုအတန်း များဟူ၍ (၂) ပိုင်းခွဲထားပါသည်။
*️⃣Long Term- Regular တက်ရောက်နိုင်သောအတန်းများ
✔️General English Four Skills Class
✔️Cambridge Mathematics Class
✔️Cambridge Science Class
*️⃣နွေရာသီ-ကာလတိုတက်ရောက်နိုင်သောအတန်းများ
✔️Grammar & Creative Writing Class
✔️Speaking Class
✔️Olympiad Mathematics Class
🔖အထက်ပါအတန်းအားလုံးအတွက် Level Test ဖြေဆိုရန်လိုအပ်ပါသည်။
🔖Level Test ဖြေဆိုပြီးမှသာလျှင် တက်ရောက်ရမည့် အတန်းချိန် သိနိုင်မည်။
🔖သင်တန်းကြေး- သက်ဆိုင်ရာ ဘာသာရပ်၊အတန်းအလိုက် (၄၀၀၀၀)ကျပ် မှ (၆၀၀၀၀)ကျပ်အထိ
စာရင်းပေးသွင်းရန်။ ။ 09976118449 သို့ဆက်သွယ်၍လည်းကာင်း၊ Page messengerသို့ဆက်သွယ်၍လည်းကောင်း၊ တက်ရောက်လိုသည့်ကလေးအမည်၊ အသက်၊အတန်း၊ ဖုန်းနံပါတ်တို့ပေးပို့ပြီး
အသေးစိတ် စုံစမ်းမေးမြန်း ဆွေးနွေးနိုင်ပါတယ်။
သင့်ကလေးငယ်၏ အနာဂတ်၊ခေတ်မှီပညာရေးများကိုလက်လှမ်းမှီနိုင်ဖို့ရန် ကျွန်တော်၊ကျွန်မတို့ KIDISCITE မှ စောင့်ကြိုလျက်ပါ🌻